Wednesday, May 21, 2008

စိတ်ဖြေ


အသက်ရှုမ၀တာတွေ၊ မွန်းကြပ်တာတွေ၊ စိတ်သောကတွေနဲ့  ရက်ပေါင်းများစွာ…
အခုအချိန်မှာတော့ အခြေအနေပေးသလောက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးပြီမို့  စိတ်ထဲမှာ
အနည်းအကျဉ်း သက်သာသလိုလိုရှိ…
(တကယ်ကြီး သက်သာလှတယ်တော့ မဟုတ်… ကိုယ့်ကိုကိုယ် လှည့်ဖျားခြင်း တစ်ခုမျှသာ…)

ဒါပေမယ့်လဲ မကြားချင်ဘဲ ကြားနေရတဲ့ သတင်းတွေအတွက်ကတော့ စိတ်ဆင်းရဲခြင်း သက်သက်… ဒီအချိန်မှာ ကိုယ်ကြိုးစားပမ်းစား လုပ်နိုင်တာ၊ လုပ်ဖြစ်နေတာ တစ်ခုကတော့ မေတ္တာပို့ ဆုတောင်းခြင်း… ။

ဒီနေ့ တော့ သူငယ်ချင်းတစ်ယောက်ဆီက ရလာတဲ့ E Mail တစ်ခုထဲက ချစ်စဖွယ် ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ အနည်းဆုံး တစ်ချက်ကလေးလောက် ပြုံးမိလိုက်တယ် ဆိုရင်ပဲ မျက်နှာပေါ်က အကြောလေးတွေ လျော့.. အသက်လေးလဲ တစ်ရက်လောက်တော့ ပိုရှည်မှာပေါ့နော်…။

ကြည့်ပါအုံးလေ…
အခုလို အချိန်မျိုးမှာတော့ ငြိမ်းချမ်းပြီး အပြစ်ကင်းလှတဲ့ သူတို့ လေးတွေရဲ့ ဘ၀မျိုးကို
အားတောင်ကျနေ မိသေးရဲ့ …။





အားလုံးဘဲ ငြိမ်းချမ်းကြပါစေ…။

Friday, May 9, 2008

မွန်းကြပ်ခြင်း


ရင်ထဲက…
သောကအပူ ဆူဆူဝေေ၀
အိပ်လို့ လဲမပျော် စားလို့ လဲမ၀င်
မုန်တိုင်းထန်ထန်ကြားမှာ
ပြားပြားဝပ်ခဲ့ ထိုထိုသော ဘ၀တွေကို
စာနာသနား ဂရုဏာစိတ်
တဖိတ်ဖိတ် လျံဝေ
တွေးလေ တွေးလေ ဆွေးစိတ်ရယ် ဘယ်မပြေ။

ကြည့်မြင်နေကျ တီဗွီ အင်တာနက်
ဒီအချိန်မှာတော့ ကိုယ်နဲ့ ရန်ဖက်..
သို့ သော်လည်း မကြည့်ဘဲ မနေနိုင်
ကြည့်ပြီးပြန်လဲ ရင်ထဲစွဲ
အပြိုပြို အလဲလဲ ဘ၀အမွဲတွေ…။

သွားစမ်း.. သွားစမ်း.. သွားကြစမ်း..
တက်မလာကြစမ်းနဲ့  ဒီကိန်းဂဏန်းတွေ…
သွားစမ်း.. သွားစမ်း... သွားကြစမ်း…
ထုတ်မလာကြစမ်းနဲ့  ဒီရုပ်ပုံလွှာတွေ…
ငြင်းငြင်းဆန်ဆန် နှင်ထုတ်ပြန်လဲ
ဝေးဝေးမခွာ ထိုအရာများ
ကိုယ့်အတွေးထဲ တရစ်ဝဲ၀ဲ…။

ပြီးခဲ့သမျှကို လက်မခံချင်လဲ
မရ အရ လက်ခံခဲ့ရပြီ
မယုံကြည်ချင်လဲ ယုံကြည်ခဲ့ရပြီ
ရင်ထဲမှာ ၀မ်းနည်း ထိခိုက်စွာနဲ့ ကြေကွဲ
မွန်းကြပ်လွန်းတဲ့ ထိုဘ၀တွေ
ဘယ်လိုကူညီရပါ့မလဲ…။

ဒီအချိန်မှာတော့
တန်ခိုးရှင်တစ်ယောက် ကိုယ်သာဖြစ်လိုက်ချင်
အာလာဒင်လို မီးခွက်ကလေး အသာပွတ်လို့ 
နတ်တို့ ဖန်ဆင်း ရေကန်တွင်းသို့ 
ဆင်းသက်သလို တမဟုတ်ချင်း
ကိုယ်ဖန်ဆင်း…။

ထိုမုန်တိုင်း...
မေ ၃ ရက်ရဲ့  နေ့ လည်ခင်းမှာ
မသဲတော့ဘဲ စဲခဲ့သော်လည်း
ကိုယ့်ရဲ့ ရင်ထဲမှာတော့
အချိန်တိုင်း အချိန်တိုင်း
စဲကိုမစဲနိုင် သဲသဲမဲမဲ
အပြိုင်အဆိုင် တိုက်ခတ်နေဆဲ…
အို… ဘယ်တော့များမှ စဲမလဲကွယ်။

Wednesday, May 7, 2008

လက်ရှိအခြေအနေ

အခုအချိန်မှာ မုန်တိုင်းဒါဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့သူတွေ၊ အိုးပျက် အိမ်ပျက်နဲ့  ဒုက္ခဆင်းရဲရောက်နေကြရတဲ့ တိုင်းသူပြည်သားတွေ၊ မိုးမှောင်မှောင် မီးမှာင်မှောင်နဲ့  သောက်စရာ သောက်ရေတောင်မှ အနိုင်နိုင်၊ စားဖွယ်သောက်ရာတွေက ရှားရှားပါးပါး နဲ့ ရှင်သန် ရပ်တည်နေကြရတဲ့ မိသားစုတွေ…။ မိဝေး ဖဝေး ရေခြားမြေခြားကနေ ကိုယ့်မိသားစုတွေကို သောကတွေ တဝေေ၀နဲ့  စိုးရိမ်ပူပန်နေကြရတဲ့သူတွေ...။ ဆက်သွယ်စရာ ဖုန်းလိုင်းတွေကလဲ ဘယ်လိုမှ ရှာမရ.... ကူရာကယ်ရာမဲ့...။

တစ်နေ့ ထက်တစ်နေ့ ကြားရတဲ့သတင်းတွေကလဲ တစက်ကလေးမှ စိတ်သက်သာဖွယ်ရာမရှိ...။ အသက်ဆုံးရှုံးသူတွေရဲ့ စာရင်းကလဲ... ကြည့်တောင်မကြည့်ရဲလောက်အောင် တရိပ်ရိပ်...။ အင်တာနက် ဓါတ်ပုံထဲက ရန်ကုန်မြို့ ကြီးဟာ မှတ်တောင် မမှတ်မိနိုင်စရာ...။


တချို့ ကြားရတဲ့ တစ်ပိုင်းတစ်စ သတင်းတွေ....
အမှောင်ထုအတွက် မီးစက်တွေ အရောင်းသွက်နေတယ် လို့ ဆိုကြပေမယ့် ၀ယ်နိုင်တဲ့သူက လက်ချိုးရေကြည့် ဘယ်နှစ်ယောက်ရှိမှာလဲ…။ ၀ယ်ပြီးတော့ရော ဓါတ်ဆီ နဲ့ ဒီဇယ်က အလျင်မှီအောင် ရကြမှာလား…။

နိုင်ငံကူးလက်မှတ်တွေ လက်ထဲမှာ အဆင်သင့်ရှိနေကြသူတွေအချို့ က ဒီလိုဒုက္ခတွေကနေ လွတ်မြောက်ရာ လမ်းကြောင်းတွေကို ငွေနဲ့ လမ်းခင်းလို့  လွယ်လင့်တကူ ရှာဖွေတွေ့  ရှိနိုင်ကြပေမယ့် သာမန်လူလတ်တန်းစား လက်လုပ်လက်စား လူများစု အတွက်မှာကတော့ ဖြစ်လာသမျှ အခြေအနေကို မျက်စေ့ စုံမှိတ်လို့ ကြိတ်မှိတ် ခံစားကြရုံမှ တပါး…။

ဒီလိုအခြေအနေမျိုးနဲ့  ဘယ်နှစ်ရက် ဘယ်နှစ်လ အထိအောင် ဆင်းရဲ ဒုက္ခတွေကြားမှာ ဆက်လက် ရှင်သန် နေထိုင်ကြရအုံးမယ် မသိ…။ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ရာ ဆွေမျိုး မိတ်ဆွေတွေ အားလုံး ဘာမှ ဆိုးဆိုးရွားရွား ပျက်စီး ဆုံးရှုံးခြင်းမရှိကြပေမယ်လို့ လဲ… ရန်ကုန်မြို့ အပါအ၀င် မုန်တိုင်းဒါဏ် တိုက်စားခံခဲ့ကြရတဲ့ နေရာဒေသ ပေါင်းများစွာက ကိုယ့် လူမျိုးတွေအတွက် စိတ်ထိခိုက်ခြင်း… စိတ်မကောင်းခြင်း… ၀မ်းနည်းခြင်းများစွာနဲ့ အိပ်မရ ညပေါင်းများစွာကို ဖြတ်သန်း…။

ပြန်လည်ထူထောင်ရေးအတွက်ရော ဘယ်လို အခြေအနေ ဘယ်လို အားအင်မျိုးတွေ လိုအပ်ပါသလဲ…။ ငွေကြေးလှုဒါန်းမှုတွေအတွက် နိုင်ငံအတော်များများမှာ လှုပ်ရှားမှုတွေ ပြုနေကြတာတော့ တွေ့ မြင်ရတာ အားရစရာ…။ တိုင်းပြည်ရဲ့ ပြင်ပမှာရောက်နေကြတဲ့ မြန်မာတွေအနေနဲ့  ငွေကြေးကူညီမှုတွေ အပြင် ဘယ်လို ထိရောက်တဲ့ အကူအညီမျိုးတွေ ပေးကြရရင်ကောင်းမှာလဲ… စတဲ့ စတဲ့ လဲပေါင်းများစွာပါဝင်တဲ့ အတွေးယဉ်ကြောမှာ တစ်နေ့ တစ်နေ့  မအိပ်နိုင် မစားနိုင် စီးမျောမိနေရင်းက ခေါင်းထဲမှာလဲ ဗလာသက်သက်…။ ဘာစာမှလဲ ရေးချင်စိတ်မရှိ… ရေးလို့  တွေးလို့ လဲ မရ…။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ ပိုစ့် အသစ်မတွေ့ လို့  ပြန်လှည့်သွားကြတဲ့ သူငယ်ချင်းတွေ၊ C Box မှာ လာနှုတ်ဆက်သွားကြတဲ့ သူငယ်ချင်းတွေ အားလုံး အားလုံးကို ဒီ ပိုစ့်လေးနဲ့  ပြန်ပြီး နှုတ်ဆက်လိုက်ပါတယ်။
ချမ်းမြေ့ကြပါစေ…။

Tuesday, May 6, 2008

မုန်တိုင်း ကယ်ဆယ်ရေး အလှု

မြန်မာပြည်မှာ မေလ ၂ ရက်နေ့  ည မှ မေလ ၃ ရက်နေ့  နံနက်ပိုင်းအထိ ပြင်းထန်စွာ တိုက်ခတ်ခဲ့သော Nargis အမည်ရှိ ဆိုင်ကလုံး မုန်တိုင်းဒါဏ်ကြောင့် ယခု အချိန်အထိ လူပေါင်း ၁၅ ၀၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ရပြီး မိသားစုဝင်ပေါင်း ၁၀၀ ၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ထိုမုန်တိုင်းဒါဏ်ကြောင့် ဘေးဒုက္ခရောက်ခဲ့ရသော ပြည်သူပြည်သားအပေါင်းတို့ အား မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။ စင်္ကာပူ မှ မြန်မာ မိသားစု၊ မြန်မာ အင်အားစုများ အောက်ဖေါ်ပြပါ တို့ ထံတွင် ယနေ့ မှ စတင် ဆက်သွယ် လှုဒါန်းနိုင်ပါတယ်။


လင်းလက် - ဒုတိယထပ် ပင်နီဆူလာ ပလာဇာ
စင်းမြန်မာ - တတိယထပ် ပင်နီဆူလာ ပလာဇာ
လမ်းပြကြယ် စာကြည့်တိုက် - ပင်နီဆူလာ ပလာဇာ
ဒေါ်သန်းသန်းနု (သပြေနု) - ပင်နီဆူလာ ပလာဇာ



အခြားသောနိုင်ငံများ အတွက် အလှုငွေ ထည့်ဝင်လှုဒါန်းနိုင်သော နေရာများကို
တန်ခူး (လေနုအေး) ရဲ့  သင့်နှလုံးသားဖြင့် အသက်ကယ်ပါ ဆိုတဲ့ ပိုစ့်လေးမှာ တစုတစည်းထဲ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ အခုလို ရှာဖွေစုဆောင်းပေးထားတဲ့ တန်ခူး ကိုလဲ အထူးကျေးဇူးတင်ကြောင်း ဒီနေရာက တဆင့်ပြောကြားလိုပါတယ်။


* * * * * * * * * * * * * * * * * * * * * *

Monday, May 5, 2008

မုန်တိုင်း ကယ်ဆယ်ရေး

မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများအတွက်
လူတိုင်း လူတိုင်း
မိမိတို့ အစွမ်းရှိသ၍
ပူးပေါင်း ပါဝင် ကူညီကြပါရန်

Thursday, May 1, 2008

သင် သိစေရန်

သင်… သင် ယုံကြည်ရာတစ်ခုကို လွတ်လွတ်လပ်လပ် ရွေးချယ်လုပ်ကိုင်ပါ။ မည်သူ ကမှ သင့်ကို အကြောင်းမဲ့ တားဆီးလိမ့်မည် မဟုတ်ပါ။ သို့ သော်… အခြားသော လူတိုင်း လူတိုင်းတွင်လည်း သူတို့ ၏ ကိုယ်ပိုင် အယူအဆနှင့် ကိုယ်ပိုင် ယုံကြည်ချက်များ ရှိကြလိမ့်မည် ဆိုသည်ကို သင် မမေ့ပါနှင့်…။

ထို့ အတူ သူတို့ ၏ ကိုယ်ပိုင် အယူအဆနှင့် ကိုယ်ပိုင် ယုံကြည်ချက်များ အရ ရပ်တည် ရှင်သန် နေထိုင် နေကြသော သူများကို သင့်အနေဖြင့် တိုက်တွန်း၍လဲမရ၊ ရပ်တန့်  တားဆီး၍လည်း ရလိမ့်မည် မဟုတ် ဆိုသည်ကို သင် မမေ့ပါနှင့်…။


သင် သတိပြုရန်မှာ လူတိုင်း လူတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့် အပြည့်အ၀ရှိကြသည်။

သင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အရာတစ်ခုကို သင် ဆောင်ရွက်ပြီးစီးသကဲ့သို့  အခြား အခြားသောသူများ မဆောင်ရွက်ရသေးပါက (သို့ ) မဆောင်ရွက်ပါက သင့် အနေဖြင့် မည်သည့် အကြောင်းကြောင်းမျှ ၀င်ရောက် စွက်ဖက် ဝေဖန် ရန်မသင့်။ ဤသို့ ဝေဖန်ခြင်းသည် ထိုသူ၏ ကိုယ်ရေးကိုယ်တာကို ၀င်ရောက် စွက်ဖက်ခြင်းနှင့် အလားတူပင်ဖြစ်သည်။ ထိုအကြောင်းအခြင်းအရာသည် သင်နှင့် ဘာမှ မဆိုင်၊ သင့်အလုပ် လားလားမှ မဟုတ်သည်ကို သင် မမေ့ပါနှင့်…။

သူတစ်ပါးအား ကြောက်တတ်သူ၊ သူရဲဘောကြောင်သူ ဟု စွတ်စွဲလိုပါက သတ္တိရှိလျှင်၊ သင့်ဖက်က အလုံးစုံ မှန်ကန်သည်ဟု ထင်မြင်ယူဆလျှင် မျက်နှာချင်းဆိုင်၍ ရဲရဲတင်းတင်း ဝေဖန် ပြောဆိုသင့်သည်။ သို့ သော် သင့်မှာ စွတ်စွဲချက် အကြောင်းပြချက် ခိုင်လုံပါစေ…။ ကွယ်ရာမှနေ၍ တိတ်တဆိတ် သော်လည်းကောင်း၊ မသိမသာ မထိတထိ အပြောမျိုး ဖြင့် သော်လည်းကောင်း၊ စောင်းပါးရိပ်ခြေ ဖြင့် သော်လည်းကောင်း လက်ညှိုးညွှန် စွတ်စွဲနေသူမှာ ပို၍ ပို၍ သူရဲဘောကြောင်သူသာ ဖြစ်ကြောင်း သင် ဘယ်သောအခါမျှ မမေ့ပါနှင့်…။

သင့် အနေဖြင့် ဆက်လက်၍ စဉ်းစားသင့်သည်မှာ သူတစ်ပါးအား ရှုံ့ ချ စွတ်စွဲနေသူ သင်… သင် ကိုယ်တိုင်မှာရော လက်ရှိ ရပ်တည်နေသော အနေအထား တစ်ခုမှာ အရာရာတိုင်းတွင် အလိမ်အညာ၊ အကွေ့ အကောက်၊ အလှည့်အပတ် တို့ နှင့် ရှင်းလင်း ကင်းဝေးပါရဲ့ လား ဟူ၍ ဖြစ်သည်။ လူတိုင်း လူတိုင်းသည် ကိုယ့် လိပ်ပြာတော့ ကိုယ်လုံသင့်သည် မဟုတ်ပါလော…။



စာကြွင်း ။ ။ ပညာရှိ တစ်စုံတစ်ယောက်၏ အဆိုအမိန့် များ မဟုတ်ပါ။
အနီးပါတ်ဝန်းကျင်မှ လူသား တစ်ယောက်ကို မကျေမနပ် စိတ်တို ဒေါသဖြစ်ရာမှ ပေါက်ကွဲ ပွင့်ထွက်လာသော ကိုယ်တိုင်ရေး စာသား သက်သက်မျှသာ ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။ စိတ်မထင်လျှင် မထင်သလို ဆက်လက် ရေးသားသွားမည်ဖြစ်ကြောင်း ကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။