Monday, July 6, 2009

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့

ဘုရားအလောင်းတော်မြတ်သည် မာရ်နတ်မင်း၏ ရန်ကိုအောင်တော်မူပြီး၍ ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ သဗ္ဗညု ဗုဒ္ဗ အဖြစ်သို့ မရောက်သမျှ ဤနေရာမှ မထ ဟု ကြီးစွာသော လုံ့လတော်ဖြင့် ဆင်ခြင်သုံးသပ်တော်မူသောအခါ သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်ကပြည့် ဗုဒ္ဗဟူးနေ့ နံနက် အာရုံတက်ချိန်တွင် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ ဗုဒ္ဗ အဖြစ်သို့ ရောက်တော်မူလေသည်။

ဘုရားအလောင်း ဖွားမြင်စ၌ ရုပ်လက္ခဏာ ကြည့်ရှုရသော ပုဏ္ဏားရှစ်ယောက်တို့တွင် ငါးယောက်သော ပုဏ္ဏားတို့သည် မုချ ဘုရားဖြစ်လိမ့်မည်ဟု ယုံကြည်ကြသောကြောင့် ရသေ့ ရဟန်း ပြုနှင့်ကြ၍ ဘုရားအလောင်း တောထွက်သောအခါ ရေပူ ရေချမ်း ကမ်းလှမ်းပြုစုနေကြလေသည်။ ထို့နောက် ဆွမ်း အဟာရ ဘုန်းပေးသည်ကို မြင်၍ ဘုရားဖြစ်တော့မည် မထင်သောကြောင့် ဘုရားအလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။


ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ငါးဦး၏ ရင့်သန်သော ဉာဏ်ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တောသို့ ကြွတော်မူပြီးလျှင် ဝါဆိုလပြည့်နေ့ နေမဝင်မီအချိန်တွင် ထိုပဉ္စဝဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန် တည်လေသည်။


(ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အတွက် ရည်မှန်း ပူဇော်ပါသည်)

Ref : The Illustrated History of Buddhism



10 comments:

ရွာသားလေးဝိုင်တီယူ said...

သာဓု သာဓု သာဓု

khin oo may said...

ချမ်းမြေ့ပါစေ

Nge Naing said...

သာဓုခေါ်သွားပါတယ်။

Moe Cho Thinn said...

ချမ်းမြေ့ ကုသိုလ် အမျှလာယူပါတယ်။
သာဓု သာဓု သာဓု ပါ မမသက်ဝေ။

Hmoo said...

Tha Du ..Tha Du..Tha Du..
Appreciate Thet Wai..

မေဇင် said...

ကုသိုလ် အမျှလာယူပြီး..ကြည်ညို သဒ္ဒါ ပွား သွားပါတယ် ရှင်။

myo said...

ဝါဆိုလပြည့်နေ့ပို့စ်လေး လာဖတ်ပြီး သာဓုခေါ်သွားပါတယ်..။

subuueain said...

သာဓုပါရှင်

sonata-cantata said...

သူတော်ကောင်း သူမြတ်လောင်းတို့ ပို့သသော မေတ္တာနှင့် သက်ဝေ ပြုသမျှ ကုသိုလ် အ၀၀အတွက် အမျှပေးဝေပါ...၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု သုံးကြိမ် ခေါ်ပါတယ်

KZကေ said...

လာဖတ်သွားပါတယ် ကျေးဇူးပါ

Post a Comment

အမှတ်တရ ရေးခဲ့ပါလား...