Thursday, April 7, 2011

Daily Dislikes

နေ့စဉ်ဘဝထဲမှာ ကြိုက်တာတွေ ပြောပြီးတော့ မကြိုက်တာတွေလည်း ပြောအုံးမှ တရားမျှတပေလိမ့်မယ်လို့ အတွေးရတာနဲ့ Daily Dislike - မကြိုက်တာတွေကိုပါ အခုလို ချရေးဖြစ်ပါတယ်…။

• ပိုက်ဆံစုရတာ မကြိုက်ဘူး…

• ပိုးဟပ်နဲ့ ပုရွက်ဆိတ်ကို မကြိုက်ဘူး…

• ဆူဆူညံညံ အသံတွေကို မကြိုက်ဘူး…

• မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို မကြိုက်ဘူး…

• ထမင်းစားရတာ မကြိုက်ဘူး… (လုံးဝ မကြိုက်ဘူး…)

• မီးပူတိုက်ရတာနဲ့ ပန်းကန်ဆေးရတာကို မကြိုက်ဘူး…

• စီးရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဖိနပ်ပါးပါးတွေကို မကြိုက်ဘူး…

• ပျင်းရင် အတူတူဆော့စရာ ခွေးလေးတကောင်မရှိတာ မကြိုက်ဘူး…

• အဆိုမပါတဲ့ တီးလုံးသံ တင်းတောင် တင်းတောင်တွေကို မကြိုက်ဘူး…

• အသက် ၂၀ ကျော်ပြီးတဲ့နောက်ပိုင်း အရပ် ဆက်မရှည်တော့တာကို မကြိုက်ဘူး…

• ချောကလက်နဲ့ အာလူးကြော်တွေကို အဆက်မပြတ် စားနေချင်တဲ့စိတ်ကို မကြိုက်ဘူး…

• အငွေ့ထွက်တဲ့ အစားတခုခု စားပြီးရင် ဆံပင်မှာ၊ အင်္ကျီမှာ အနံ့တွေစွဲလာတာ မကြိုက်ဘူး…

• မိုးတွေသည်းကြီး မည်းကြီး ရွာနေတုန်းမှာ ဥသြ ဥသြ နဲ့ သံကုန်ဟစ်နေတဲ့ ကိုရွှေဥသြကို မကြိုက်ဘူး…

• တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဘူး…

• တယောက်တည်းကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ သရုပ်ဆောင်တတ်တဲ့သူတွေကို မကြိုက်ဘူး…

• ရုံးပတီသီး ခရမ်းသီး ဝက်သားအဆီ စတဲ့ ပျော့စိစိ ခပ်ချွဲချွဲ စားစရာတွေကို မကြိုက်ဘူး…

• စိတ်ထဲက မပါပဲ အပေါ်ယံ ဟန်ဆောင်တာ၊ ဝ မရှိပဲ ဝိ လုပ်တာတွေကို မကြိုက်ဘူး…

• ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတဲ့ မေးခွန်းကို မကြိုက်ဘူး…

• အလကားနေရင်း ခေါင်းခဏ ခဏ ကိုက်တတ်တာကို မကြိုက်ဘူး…

• ခုထက်ထိ ပုဂံကို တခါမှ မရောက်ဖူးသေးတာကို မကြိုက်ဘူး…

• မကြိုက်တကာ့ မကြိုက်ဆုံးကတော့ မျက်စိထဲ အမြင်မတော်တာတွေ၊ နည်းလမ်းမကျတာတွေကို မကြိုက်ကြောင်း ဗြောင်ကျကျ ဖွင့်ပြောပစ်လိုက်ချင်စိတ်နဲ့ ပြောချင်တဲ့စကားလုံးတွေကို အားနာပါးနာ (သို့မဟုတ်) ယဉ်ကျေးသမှုနဲ့ မျိုချပစ်လိုက်ရတဲ့ ကိုယ့်လည်ပင်းကို ကိုယ် မကြိုက်ဘူး… (ရည်ရည်လည်လည်ကို မကြိုက်ဘူး…)

ဒီပိုစ့်လေးကို ဘလော့ဂ်နဲ့ မျက်နှာစာအုပ်ပေါ်က စာရေးဖေါ် စာရေးဖက် အပေါင်းအသင်း ရောင်းရင်းများ အားလုံး (အားလုံး) ကို ချစ်ခင်စွာ တက်ဂ်ပါတယ်…။ Daily Likes ရေးပြီးသူများလည်း Daily Dislikes လေးလည်း ဆက်ရေးကြည့်ကြပါအုံး။ ပျော်စရာကောင်းပါတယ်… အနည်းဆုံးတော့ ကိုယ်မကြိုက်တာတွေကို အခုလို ချရေးလိုက်ရတာ စိတ်သက်သာသွားတာပေါ့…။




28 comments:

သရဲ said...

မကြိုက်တဲ့အကြောင်းတွေ လူတွေ သိသွားမှာကို
မကြိုက်ဘူး ... ဟဲဟဲ ... ဘူးထွားထွား ... ဟားဟားဟား

သက်ဝေ said...

ဘုရားရေ... သရဲလာခြောက်နေဘီ....
ပြေးမှပဲ... ... ...

Anonymous said...

ဘလော့ဂ်မှာ ဖေ့စ်ဘွတ်လို like like like လုပ်လို့ မရတာ မကြိုက်ဘူး.. :D

SWEZIN

Mon Petit Avatar said...

"တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဖူး… " Same as me, Ma Ma!!

Mon Petit Avatar said...

I don't like to answer any calls while watching the program I love, or reading the blogs, hehe!!!

Ree Noe Mann said...

မကြိုက်ဘူးဆိုတာကို ပြောရတာလည်း မကြိုက်ဘူး။

မောင်လေး said...

ဟုတ်ပါ့...အစ်မရာ...၊မိုးရွာလည်း အဲ့ ကိုရွေဥသြက တဥသြ
ထဲ ဥသြနေတော့တာပဲ....:)၊မိုးနဲ့ ဥသြ ဘယ်လိုမှကို မလိုက်ဖက်လိုက်တာ...။

rose of sharon said...

အမသက်ဝေရဲ့ dislike တွေကို like တယ်... ထမင်းစားရတာမကြိုက်ဘူးဆိုတော့ ဟင်းစားရတာဘဲကြိုက်တယ်ပေါ့နော်.. :P

rose said...

ပီားးပိာ... ဒီအချက်တွေ တူတယ် မမသက်ဝေ... "တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဖူး…"
ပာုတ်ပ ပာုတ်ပ။ အားရပါးရကို ထောက်ခံတယ်။ ရို့စ်ကို အဲ့လို လာပြောရင် အရွဲ့တိုက်ပြီး ပို မလုပ်ဘူး။ ခိခိး)
"ချောကလက်နဲ့ အာလူးကြော်တွေကို အဆက်မပြတ် စားနေချင်တဲ့စိတ်ကို မကြိုက်ဖူး" ပာုတ်တယ် ပာုတ်တယ်။ ၀တယ်။ စိတ်ထဲမှာ ချောကလက် တစ်ခါ ၀ယ်ဖို့ အကြိမ်ကြိမ် ဒွိပာ ဖြစ်ပြီး စဉ်းစားရတာလည်း အမော။ အင်း... ငါတော့ ၀တော့မယ် စားလို့ မဖြစ်ပါဘူ။ အို.. တီဗွီလေး ကြည့်၊ ဒါမှမပာုတ် ဘလော့ဂ်လေးတွေ ဖတ်ရင်း ချောကလက်လေး စားလို့ သိပ်ကောင်းတာပေါ့။ အင်း.. မဖြစ်ပါဘူး။ နောက်ဆုံးတော့လည်း သိတယ် မပာုတ်လား။ ဘယ် အတွေးက အနိုင်ရသွားလဲ ဆိုတာ ခစ်ခစ်း)

ပန်းခရမ်းပြာ said...

ထမင်း လုံးဝ မကြိုက်ဘူး ဆိုတာကို ... ကြိုက်တယ် ..

ပန်ဒိုရာ said...

ပုဂံကိုရောက်တာ ၃ ခါရှိပြီ။ ၄ခါမဖြစ်သေးတာကို မကြိုက်ဘူး။ ရှေ့ ၂ ခါတုန်းက ဒစ်ဂျစ်တယ် ကင်မရာမပေါ်သေးတာကိုလည်း မကြိုက်ဘူး။.... လို့ စနောက်ချင်ပါသော်လည်း မကြိုက်မှာစိုးလို့ မပြောတော့ပါဘူးလေ.. :P

Nd S said...

သူများတွေ ဒီလို ရေးတတ်ပြီး.ကိုယ် ကိုယ်တိုင် မရေးတတ်တာ မကြိုက်ဘူး...။

Nyi Linn Thit said...

ပုဂံကို အကြိမ်ကြိမ် ရောက်ဖူးပြီး နောက်ထပ်လည်း ဆက်သွားချင်နေပေမယ့် ရောက်ဖို့ ခဲ့ယဉ်းလာတာကို မကြိုက်ဘူး၊ မီးပူတိုက်တာနဲ့ ပန်းကန်ဆေးတာကို ကြိုက်တယ်၊ ဒါပေမယ့် မကြိုက်တဲ့သူရှေ့မှာ မပြောတော့ဘဲ တိတ်တိတ်လေး ပြန်ထွက်သွားတော့ မယ်လို့ တွေးလိုက်မိတဲ့ အတွေးကို မကြိုက်ဘူး..။းD

Anonymous said...

၁) စုရတာ မကြိုက်သော ပိုက်ဆံကို သုံးပေးပါမည်။
၂) ခြင်နဲ့ ယင်ကောင် အိတ်စ်ပို့လုပ်ပေးမည်။
၃) နားမှာဆို့ဖို့ ဂွမ်းတပိသာဝယ်ပါ၊ နဖာချေး မကော်ဘဲနေပါ။
၎) လိုအပ်တဲ့ ကန့်သတ်ချက်တွေ လုပ်ပေးမယ်။
၅) ခေါက်ဆွဲ (သို့) ပေါင်မုန့်စားပါ။
၆) မကျေသော အင်းကျီဝတ်ပြီး တခါသုံး ပန်းကန်ဖြင့်စားပါ။
၇) အုတ်နီခဲကို သဲကြိုးတပ်ပြီး ဖိနပ်လုပ်စီးပါ။
၈) ရွာက ၀ဲကျော်တို့ အောင်နက်တို့ကို ပို့ပေးလိုက်မည်။
၉) အတီးမပါသော ပတ်ခြောက် သီချင်းများ နားထောင်ပါ။
၁၀) အရပ်ပုတဲ့သူနှင့်သာ တွဲပါ။ မိမိကိုယ်ကိုယ် ရှည်တယ် ထင်ရလိမ့်မည်။ (အရပ်)
၁၁) ပီကေနှင့် ပဲကြီးလှော် ဆောင်ထားပါ။
၁၂) အငွေ့ထွက်သည့် အစားစားမည်ဆိုလျှင် အနံ့မစွဲအောင် အင်းကျီချွတ်ပြီးမှစားပါ။
၁၃) အော်နေသည့် ဥသြကို လေးခွဖြင့် ပစ်ပါ။
၁၄) နောက်က ပွတ်ရှ်လုပ်တာ မကြိုက်ရင် ရှေ့က ပွတ်ရှ်လုပ်ခိုင်းပါ။
၁၅) ကြက်ရိုး ဆိတ်ရိုး ၀က်ရိုးကဲ့သို့ ခပ်မာမာ အရိုးများသာ စားပါ။
၁၆) စိတ်ထဲက မပါဘဲ ဟန်ဆောင်တာ မကြိုက်လျှင် စိတ်ပါလက်ပါ ဟန်ဆောင်တာကို ကြိုက်သည်လား။ ၀မရှိဘဲ ၀ိမလုပ်စေချင်လျှင် ထဆင်ထူးကို ထောင်လိုက်ပါ။
၁၇) ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုမုန်းသလဲ ဟုမေးခိုင်းပါ။
၁၈) ပိုက်ဆံပေးပြီး ခေါင်းခဏခဏ ကိုက်တာကို ကြိုက်သည်လား။
၁၉) ကိုယ့်လည်ပင်းကိုယ် မကြိုက်လျှင် သူများလည်ပင်းကို ငှားထားပါ။

ကလူသစ် said...

အသက် ၂၀ကျော်ပြီး အရပ်သာ ဆက်ရှည်နေသေးရင် ခုလောက်ဆို ပေ၂၀ လောက် မြင့်နေပြီ :P

Anonymous said...

အပေါ်က anonymous ကွန်မန့်က မသက်ဝေကို ချစ်လို့ စ-ပါသည်။ စိတ်ဆိုးလျှင် မကြိုက်ပါ။ (လုံးဝ လုံးဝ မကြိုက်ပါ)

ပုံ
အမည်မဖော်လိုသူ

မိုးယံ said...

ထမင်းစားရတာ မကြိုက်ဘူး..လုံးဝ မကြိုက်ဘူး..အလုပ်တွေမပြီးခင် သေမှာစိုးလို့ သာ စားနေရတာ စိတ်ကိုမရှည်ဘူး... ဘယ်နှယ့်တော်..မနက် မိုးလင်းတာနဲ့စား.(ဟာနေလို့).. နေ့လည်တစ်ခေါက်စား..(ပန်းလာလို့) ညအိပ်ခါနီးလဲစားရ (အိပ်မပျော်လို့)
နောက်တစ်နေ့လဲ ဒီအတိုင်း...တွေးကြည့်ရင် စိတ်ပျက်စရာ.. မသေမချင်းစားနေရမှာ.. အဲဒီထမင်းပါ။

နေ၀ဿန် said...

အယ်.. ထမင်းစားရတာ မကြိုက်ဘူးတဲ့.. ထူးဆန်းတယ်.. ဘာစားရတာကြိုက်လဲ..း)))...

ခင်မင်လျက်
နေ၀ဿန်

Hmoo said...

• ပိုက်ဆံစုရတာ မကြိုက်ဘူး…
• ပိုးဟပ်နဲ့ ပုရွက်ဆိတ်ကို မကြိုက်ဘူး…
• ဆူဆူညံညံ အသံတွေကို မကြိုက်ဘူး…
• အငွေ့ထွက်တဲ့ အစားတခုခု စားပြီးရင် ဆံပင်မှာ၊ အင်္ကျီမှာ အနံ့တွေစွဲလာတာ မကြိုက်ဘူး
• တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဘူး…
ကလွဲရင်၊မကြိုက်တာတွေအားလုံးကိုဝကကြိုက်ပါသည်
:)))))))

မောင်မျိုး said...

ခဏခဏ ဗိုက်ဆာတာကိုမကြိုက်ဘူးး))

မိုးငွေ့...... said...

တစ်နေ့တစ်နေ့ ဖဘထဲဝင်ဖို့ ဘလော့ဂင်းဖို့ လိုင်းကျကျနေတာကို မကြိုက်ဘူး...

sonata-cantata said...

မကြိုက်တာတွေကို ကြိုက်နေရပြီး
ကြိုက်တာတွေကို မကြိုက်ရလို့
မကြိုက်ဘူး
:)

Anonymous said...

မကြိုက်တာတွေများလာတာမကြိုက်ဘူး။
အိုင်အိုရာ

ပန်းချီ said...

ဟုတ်တယ်..ပုဂံကိုတစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ကိုကိုယ် လုံးဝမကြိုက်ဘူး..မ.. :)

ူလူဖြစ်နေရတာကိုမကြိုက်ဘူးးးး (နတ်ဖြစ်ချင်တာ..ဟိ)

ချစ်တဲ့

အင်ကြင်းသန့် said...

-တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဘူး…

-စိတ်ထဲက မပါပဲ အပေါ်ယံ ဟန်ဆောင်တာ၊ ဝ မရှိပဲ ဝိ လုပ်တာတွေကို မကြိုက်ဘူး…

-အလကားနေရင်း ခေါင်းခဏ ခဏ ကိုက်တတ်တာကို မကြိုက်ဘူး… :)))

ပုံရိပ် said...

မသက်ဝေရေ ပိုးဟပ်နဲ့ ပုရွက်ဆိတ်ကို ပုံရိပ်လည်း မကြိုက်ဘူး။ ဆားချက်တဲ့ အနေနဲ့ ပုံရိပ်လည်း ရေးမှ ထင်တယ်။

ZZZ said...

မသက်ဝေ ပိုက်ဆံစုရတာမကြိုက်လို. စလုံးက လစာရဲ့ ၂၀% ကိုအတင်းစုခိုင်းတာဖြစ်ရမယ် ၊

စီပီအက်ဖ် အစ မမသက်ဝေက ... ခွိခွိ

ဇွန်မိုးစက် said...

မရေ...အတူတူပဲ “ခုထက်ထိ ပုဂံကို တစ်ခါမှမရောက်ဖူးသေးတာကို မကြိုက်ဘူး” ဆိုတား(
နောက်တစ်ခေါက်ပြန်ဖြစ်ရင် သွားဖြစ်အောင် ကြိုးစားကြည့်ဦးမယ်။