Wednesday, August 24, 2011

International Look Magazine

စာရေးသူ၊ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများကို လစဉ်ထုတ် မဂ္ဂဇင်းတအုပ်နဲ့ မိတ်ဆက်ပေးပါရစေ…။ မဂ္ဂဇင်းနာမည်က International Look လို့ ခေါ်ပါတယ်။ Fashion Beauty နဲ့ Shopping စတဲ့ အကြောင်းအရာတွေနဲ့အတူ သုတ၊ ရသ၊ အနုပညာရေးရာ ကဏ္ဍစုံ ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင် ထုတ်ဝေပါတယ်။ အခုဆိုရင် ဇွန်၊ ဇူလိုင် နဲ့ သြဂုတ် စုစုပေါင်း သုံးအုပ် ထွက်ပြီးပါပြီ…။ အယ်ဒီတာချုပ် ဆရာဥာဏ်လင်းတင့် ဦးစီးပြီး ဖူဂျီယာမ မီဒီယာက ဖြန့်ချီပါတယ်။


ဒီမဂ္ဂဇင်းထဲမှာ ယနေ့ ခေတ်နဲ့ လိုက်လျောညီထွေရှိလှတဲ့ နိုင်ငံတကာ ဖက်ရှင်၊ ပြည်တွင်း ပြည်ပအနုပညာရှင်များရဲ့ ခေတ်ပေါ် ဖက်ရှင်ဒီဇိုင်းဆန်းများ၊ အလှအပရေးရာ နဲ့ ဈေးဝယ် လမ်းညွှန်တွေအပြင် ဘဝနေထိုင်မှု ရေးရာများ၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ နဲ့ အတူ ကျန်းမာရေးပညာပေး အကြောင်းအရာ၊ ခရီးသွား အက်ဆေး… စတဲ့ကဏ္ဍတွေကို အရည်အသွေး လှပကောင်းမွန်တဲ့ သရုပ်ဖေါ်ဓါတ်ပုံများနဲ့ ဝေဝေဆာဆာ ဖေါ်ပြထားပါတယ်။ အဲဒါတွေသာမက ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ အက်ဆေး၊ ဘာသာပြန် ဝတ္ထု၊ ကာတွန်း၊ ဗေဒင် စတဲ့ မဂ္ဂဇင်းတအုပ်နဲ့ လျော်ညီတဲ့ ကဏ္ဍအစုံစုံကို နှစ်သက်ဖွယ် ဖတ်ရှုကြရမှာပါ။

တလနဲ့ တလ မတူ တမူထူးခြားအောင် လတိုင်းမှာ အထူးကဏ္ဍ (Special Feature) တွေကို ထည့်သွင်းထားပါတယ်။ ဒီလ သြဂုတ်လထုတ် မဂ္ဂဇင်းမှာကတော့ အထူးကဏ္ဍအနေနဲ့ တက်တူးအကြောင်းကို အသားပေးဖေါ်ပြထားပါတယ်။

နောက်ပြီး ဒီမဂ္ဂဇင်းမှာ ထူးခြားတဲ့ ကဏ္ဍတခုကတော့ Look Website ဆိုတဲ့ ကဏ္ဍပါ။ ပြည်ပ ကလောင်ရှင်များ (သို့မဟုတ်) ပြည်ပက ဘလော့ဂါတွေရဲ့ လက်ရာတွေကို သီးသန့် ဖေါ်ပြထားတာပါ။


အဲဒီကဏ္ဍလေးနဲ့ ပတ်သက်လို့ မဂ္ဂဇင်း အယ်ဒီတာချုပ်က “ပြည်ပက ဘလော့ဂါတွေကို စာပေလောကနဲ့ ပေါင်းကူးပေးထားတာပါ… စာရေးလည်း ကောင်းတယ်… စာပေစိတ်လည်း ရှိတယ်… ရေးလည်း ရေးနိုင်တယ်... လူလည်း လက်ခံနိုင်တဲ့ စာပေ အနုပညာရှင်လေးတွေကို တတ်နိုင်သမျှ ဖေါ်ထုတ်ပေးချင်တာပါ… အခုလို ပြည်ပကလောင်ရှင်များဆိုပြီး ကဏ္ဍခွဲလိုက်တော့ ပြည်တွင်းက စာရေးဆရာတွေကလည်း သတိထားမိလာကြတယ်… ဒါကြောင့်မို့ ပြည်ပက ကလောင်ရှင်တွေဆီက သူတို့တတ်ထားတဲ့ ပညာနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေအပေါ်မှာ မူတည်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် သိသင့် သိထိုက်တဲ့ အချက်အလက်၊ သတင်းစကားများနဲ့အတူ ထူးခြား ဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆ တင်ပြပုံလေးတွေကို မျှော်လင့်ပါတယ်…” လို့ ပြောပြပါတယ်။

ပြီးခဲ့တဲ့လ ဇူလိုင်လထုတ် မဂ္ဂဇင်း ပြည်ပ ကလောင်ရှင်များကဏ္ဍမှာ စာရေးဖေါ်တွေဖြစ်တဲ့ မိုးကုတ်သား၊ ကိုအောင်၊ မြစ်ကျိုးအင်း၊ နိုင်းနိုင်းစနေနဲ့ မြတ်မွန်တို့ရဲ့ လက်ရာတွေ ပါဝင်ခဲ့ပါတယ်။ အခုသြဂုတ်လထုတ် စာအုပ်မှာတော့ မေဓါဝီ၊ မြစ်ကျိုးအင်း၊ မြတ်မွန်၊ ကိုအောင်၊ နမ်းမဝ နဲ့ သက်ဝေ တို့ရဲ့ စာ ကဗျာ တွေ ပါပါတယ်။ နောက်လတွေတိုင်းမှာလည်း အယ်ဒီတာချုပ်ရဲ့ ရွေးချယ်မှုနဲု့အတူ ပြည်ပ ကလောင်ရှင် ဘလော့ဂါတွေရဲ့ စာ ကဗျာ အက်ဆေး ဆောင်းပါးတွေကို မပြတ် ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

ဘလော့ဂါတွေနဲ့ စာပေလောကကို ပေါင်းကူးပေးဖို့ အခုလို ကဏ္ဍမျိုး ထည့်သွင်းပေးဖို့ စိတ်ကူးရတဲ့ အယ်ဒီတာချုပ် ဆရာဥာဏ်လင်းတင့်နဲ့အတူ Look မဂ္ဂဇင်း ဝိုင်းတော်သားများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။

လောလောဆယ်တော့ စင်္ကာပူမှာ Look မဂ္ဂဇင်းကို ဘယ်နေရာမှာ ဝယ်လို့ရတယ်လို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် နောက်လတွေမှာ တနေရာရာမှာ ဝယ်ယူဖတ်ရှုလို့ ရနိုင်အောင် ကြိုးစားစီစဉ်နေပါတယ်။ အဆင်ပြေသွားရင် သတင်းပေးပါ့မယ်။

International Look မဂ္ဂဇင်းရဲ့ ပထမ ခြေလှမ်း သုံးလှမ်းမှသည် ခြေလှမ်းပေါင်း များစွာ များစွာအထိ အောင်မြင်ရှင်သန်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်…။




16 comments:

Anonymous said...

Me 1st:))Welcome that kind of bridge.I believe some bloggers are better than propaganda writers in writing.
Gyidaw

ချစ်ကြည်အေး said...

Congratulation my dear friend:)

CHEERS!!!!

မိုးငွေ့...... said...

ကွန်ဂရက်ကျူရေးရှင်းအမ... ညနေကျ စီးတီးမတ်မှာ သွားကြည့်ဦးမယ်...။

Anonymous said...

ဘိုင်သဝေး လွတ် မဂ္ဂဇင်း က ပြည်တွင်း ဘလော်ဂါတွေ ကဏ္ဍရော မထည့်ဘူးလားဗျာာာာာာာာာ
အယ်ချုပ်ကြီးကို မေးပေးပါအုံးးးးးး

Anonymous said...

“ချစ်ခြင်းနှင်းဆီ = မာနကြီးသောနှင်းဆီနီ”ကို နောက်တစ်ခေါက်ဖတ်ဖြစ်တယ်။
စာသားတွေက ထိရှတုန်းပဲ ဖတ်လို့ သိပ်ကောင်းတယ်...
Congrats, အစ်မသက်ဝေ

TOI

8Yar said...

မြန်မာ ဘလော့ကာတွေရဲ့ ဘဝကိုမြှင့်တင်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

ဖြူ said...

အတည်ပဲရေးရေး နောက်နောက်ပြောင်ပြောင်တွေပဲရေးရေး ပါစင်နယ်ပဲရေးရေး ရေးသမျှ စာစုတိုင်းကို လေးလေးစားစား အားထုတ်ပြီး စေတနာနဲ့ ရေးတတ်တဲ့ အကျိုးတွေပေါ့ သက်ဝေ
တကယ်ဝမ်းသာပါတယ်။ magazine စာအုပ် ၀ယ်လို့ရမယ့် နေရာသိရင်လည်း ပြန်ပြောပါအုံး

rose said...

LOOK မဂ္ဂဇင်းက ဖတ်ချင်စရာလေးနော် ကဏ္ဍတွေ အစုံ၊ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့။ အစ်ကို၊ အစ်မတွေရဲ့ ဘလော့ဂ်ပို့စ်လေးတွေပါ ပါလာတော့ ကောင်းတာပေါ့း)

အိမ့်ချမ်းမြေ့ said...

Congratulations!!!

ပြည်ပကလောင်ရှင်တွေ အားလုံးကိုယ်စား ပီတိဖြစ်မိပါတယ်။
ပြည်ပက စာရေးသူတွေကို တန်ဘိုးထားတဲ့ ပြည်တွင်းက စီစဉ်သူတွေ အားလုံးကိုလည်း ကျေးဇူးတင် လေးစားမိပါတယ်။

ချစ်ခင်လျှက်..
မလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
Look က စာမျက်နှာအချော မျက်နှာဖုံး လှလှတွေနဲ့ ဆိုတော့ ဖတ်ချင်စရာလေးရယ်
သဘောကျတယ်

မအိမ်သူ said...

Congratulation ပါမသက်ဝေ။ အောင်မြင်တဲ့ အက်ဆေးအရေးသမားကောင်းတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေနော်။

mstint said...

Congratulation ပါနော်။
မဂ္ဂဇင်းစာအုပ်ရဲ့ image က ဆွဲဆောင်မှုရှိတယ်။
ဘလော့ဂ်ဂါများရဲ့ စာမူတွေပါတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

Comment ပေးလို့ရတုန်း ၀င်ခဲ့တယ် အစ်မသက်ဝေရေ..။ ဘလော့မှာ ဖတ်ခဲ့ဘူးပေမယ့် စာမျက်နှာပေါ်က ဘလော့ဂါတွေ လက်ရာကို ပြန် ဖတ်ရတာ ပိုအရသာရှိနေတယ်..။ ဆက်လက်ရေးသားနိုင်ကြပါစေလို့..။

TZA said...

ကျေးဇူးပဲ အမသက်ဝေ

Evy said...

Magazine တွေနဲ့ အဆက်ပြတ်နေတာတောင်ကြာပြီ။ Congratulations ပါမသက်ဝေ

Anonymous said...

Very interesting points. Thanks!

My blog:
credit rachat credit rachat de credits