Tuesday, September 13, 2011

Cheese Cake

ကြံစည်နေတာတော့ ကြာပါပြီ...။ ပြီးခဲ့တဲ့ သောကြာနေ့ညကတော့ အကြံအစည် အောင်မြင်သွားပါတယ်...။ အဲဒါကတော့ အလွန်နှစ်သက်တဲ့ အစားအစာတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Cheese Cake တလုံး ပြုလုပ်ရေးပါ။ ဒီ Cheese Cake ဖြစ်ပေါ်လာရေးအတွက် အဓိက မှီငြမ်း ကိုးကားခဲ့ရတာကတော့ Evy Foodlover ဆီမှာ ပါ...။ ဒီအတွက် ညီမ Evy ကို ကျေးဇူးအများကြီး တင်ပါတယ်...။

Cheese Cake တခုအတွက် ပါဝင်သော ပစ္စည်းများ... (အတိအကျကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်...) Cream Cheese, Sour Cream, Butter, Eggs, Whipped Cream, Digestive Biscui & Sugar


ခုနက ပစ္စည်းတွေ ဓါတ်ပုံရိုက်တုံးက Lemon Juice မေ့ကျန်နေခဲ့လို့...


175 gm of Digestive Biscuits


Cheese Cake အတွက် ဗန်း (Pan with Removable Base)


Digestive Biscuit ကို အိပ်တလုံးထဲထည့်... Rolling Pin နဲ့ ချေ...)


ထောပတ်ကို အပူပေး အရည်ပျော်အောင်လုပ်ပြီး ခုနက ချေထားတဲ့ ဘီစကစ်တွေနဲ့ ရောပြီး သမအောင် မွှေ... ပြီးတော့ ဗန်းထဲထည့်...


ဗန်းရဲ့အောက်ခြေမှာ ခင်းပြီး သေသေချာချာဖိ... ရေခဲသေတ္တာထဲမှာ နာရီဝက် အအေးခံ...


သကြားနဲ့ Cream Cheese ကို အရင်မွှေ... ပြီးတော့ ကြက်ဥ ထည့်မွှေ... နောက်တော့ Sour Cream ရယ် Lemon Juice တဇွန်းရယ်နဲ့ Whipping Cream နဲ့ ရောမွှေ... (အမှန်ကတော့ တခုပြီး တခု ထည့်ပြီး အားလုံး ရော သ မ မွှေ တာပါပဲ...)


မွှေပြီးရင် ခုနက ဘီစကစ် အခင်းပေါ်ကို လောင်းထည့်... မုန့်ဖုတ်ရန် အသင့်... Preheat Oven ထဲမှာ 180 Deg C နဲ့ မိနစ် ၇၀ ကြာအောင်ထားလိုက်...


အခုလို Cheese Cake ရလာတယ်... အချိန်စေ့ခါနီးအထိ အရောင်က ဖြူနေသေးတာမို့ မီးထပ်တင်လိုက်တာ အပေါ်ယံ အရောင်ရင့်သွားတယ်...


လုပ်ချင်တာသာသိပြီး အိုးနဲ့ မုန့်နဲ့ အချိုးအစားကို ထည့်မတွက်လိုက်မိလို့ အိုးက ကြီး၊ မုန့်က နည်း ဖြစ်သွားတယ်... ဒီတော့ ပိန်ပိန်ပါးပါး Model Cheese Cake လေး ရလာတယ်... (ခေတ်နဲ့ အညီပေါ့...)


ဘာပဲပြောပြော ကြိုးစားရ ကျိုးနပ်တယ် ဆိုရမယ်...။ Oven ထဲက ထုတ်ပြီးခါစကတော့ ကြည့်ရတာ ပျော့နေသလိုမို့ တခုခုတော့ မှားနေပြီလို့ ထင်နေတာ... ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ၄ နာရီလောက် အအေးခံလိုက်ပြီးမှ ပြန်ကြည့်လိုက်တော့ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်...။ ဒီတော့မှ သက်ပြင်းချနိုင်တယ်... အရသာကတော့ ပြောစရာမလို... Starbucks က New York Cheese Cake နဲ့ တကယ့်ကို နင်လား ငါလားပါပဲ...။

အမှန်ကတော့ ဓါတ်ပုံတွေရော စာတွေရောကို Facebook မှာ တင်ပြီးသားပါ...။ ဒါပေမယ့် ဘလော့ဂ်မှာ စာအသစ်မရေးဖြစ်လို့ ဆားချက်တဲ့ အနေနဲ့ ဒီမှာ ပြန်တင်လိုက်ပါတယ်...။




17 comments:

Mon Petit Avatar said...

စားချင်လိုက်တာ မမရေ။ အခု ချက်ချင်း လုပ်စား အဲ ဝယ်စားချင်လာပြီ။

သဒ္ဓါလှိုင်း said...

မမသက်ဝေရဲ့လက်ရာလေးစားကြည့်ချင်ပါရဲ့။ ခုလည်းဗိုက်ဆာနေတယ်...။
ချစ်တဲ့
ညီမသဒ္ဓါ

ဆုမြတ်မိုး said...

စာချင်စရာကြီးတီသက်ရယ်.... ဘယ်တော့လောက်အိမ်ခေါ်ကျွေးမှာလဲဟင် ... :P

T T Sweet said...

တို့လဲချိစ်ကိတ်သိပ်ကြိုက်။ ကိတ်ထဲမှာ အကြိုက်ဆုံး။ ဟိုတစ်လောက လုပ်စားတာ အစမ်းပဲဆို သေးသေးလေးလုပ်ကြည့်တာ ဖြစ်တော့ဖြစ်တယ်။ သေးလွန်းတော့ အာတောင် မစွတ်ဘူးဂျာ။
အန်တီသက်ဝေလက်ရာက ရှယ်ပဲ။ အဲဒါပဲ ယူစားလိုက်တော့မယ်။ ရှလွတ်း)

မိုးငွေ့...... said...

ဆားချက်တဲ့ပို့စ်မို့ထင်တယ် ချိစ်ကိတ်လေးနည်းနည်းငံနေတယ်...း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလည်း ကိတ်မုန့်တစ်ခါမှာ မဖုတ်ဖူးသေးဘူး
စမ်းချင်နေတာ
မမသက်ဝေကိတ်လေးမြင်တော့ စမ်းဖို့ ပိုပြီးစိတ်ပါလာတယ်
ပိန်ပိန်ပါးပါးပေမဲ့ စားကောင်းမဲ့ပုံလေးပါ..
လှလည်းလှတယ်

Hmoo said...

Diet plans?.... :)

Thandar Lwin said...

အိမ် က မောင်မောင် ကလဲ Cheese Cake အရမ်းကြိုက် ။ မလုပ်တတ်တော့လဲ ၀ယ်ဘဲ ကျွေးနေရတာ မမရယ် ။
မမသက်ဝေတို့ ကတော့ စွယ်စုံ ဘက်စုံ။

မောင်ဘကြိုင် said...

အမ်မလေး ဖတ်ရင်းပုံကြည့်ရင်း ဂလုဂလုဖြစ်မိတယ်ဗျာ

အစားသောက်ဆို မီးလိုတောက်တဲ့
မောင်ဘကြိုင်

Kay said...

လဲစားတာ..ကောင်းလိုက်တာ..း)

Evy said...

ထပ်ပြီး အားပေးသွားပါတယ် အစ်မသက်ဝေရေ။

Nyi Linn Thit said...

Slim body ချိစ်ကိတ်လေးဆိုတော့ မြင်ရသူတိုင်းက ဘော်ဒီဝိတ်အကြောင်း မတွေးမိတော့ဘဲ တထိုင်တည်း ကောက်စားကြမှာ သေချာတယ်..၊ “ခေတ်အမှီဆုံး ပြားချပ်ချပ်...” ဆိုတာ ဒီလိုကိတ်မျိုးကို ပြောတာဖြစ်မယ်၊ မော်နီတာကို ကောက်ဝါးလိုက်ချင် စိတ်ကို မျိုသိပ်ပြီး Starbucks ကိုပဲ ပြေးတော့မယ်ဗျာ၊ အဲဒီက New York cheese cake နဲ့ နင်လားငါလားလို့ ပြောထားတာကိုး..။း)

mae said...

model cheese cake စားချင်တယ်.. ကျွေးပါ မမသက်ဝေ (သီတင်းကျွတ် လာကန်တော့ရမလား..ဟတ်)

မြသွေးနီ said...

မော်ဒယ် Cheese Cakeလေးက စားချင်စရာ...။ ညနေ Season က သွားဝယ်စားမယ်..။ ကိုယ်တိုင်တော့ လုပ်စားရမှာ ပျင်းတယ် အစ်မသက်ဝေ ။

jasmine(တောင်ကြီး) said...

မလုပ်တတ်လို့လွယ်လွယ်ကူကူဒီမှာပဲစားလိုက်ပါတယ်
အားတဲ့အခါတေည့ ကြိုးစားပြီးလုပ်ကြည့်မှာပါ
ခင်မင်တဲ့ jasmine

8Yar said...

ချိစ်ကိတ်ဆိုပဲ ကြုံတုန်းစားသွားပြီ အစ်မသက်ဝေရေ။ လုပ်နည်းကို အခုမှပဲသိတော့တယ်။ နောက်လုပ်စားဖြစ်ရင် ထပ်လာကြည့်အုံးမယ်နော်။

အိမ့်ချမ်းမြေ့ said...

နတ်သုဒ္ဒါအလား..
ထင်မှတ်မှားသို့...

တံတွေးမြိုချပြီး ပြန်သွားပါပြီး))