Thursday, October 27, 2011

ပခုက္ကူ ရေဘေး အလှူ နောက်ဆက်တွဲ သတင်း

ပခုက္ကူ ရေဘေး အလှူအတွက် နောက်ဆက်တွဲ သတင်းပါ။
မနေ့က မချစ်ကြည်အေးက ဧရာဝတီ စာပေဟောပြောပွဲလာတဲ့ ဆရာ အော်ပီကျယ်နဲ့ စကားပြောဖြစ်ပါတယ်။ ဆရာက ပြောပြပါတယ်… လှူဖို့လိုနေတဲ့ နေရာက ပခုက္ကူ တနေရာထဲမဟုတ်… သူ့ထက်အခြေအနေပိုဆိုးတဲ့ ဆင်ဖြူကျွန်းတို့ ဆိပ်ဖြူတို့ အဲဒီနေရာတွေအတွက်လည်း အလှူရှင်တွေ လိုအပ်နေပါသေးတယ် တဲ့…။ အခု ကျွန်မတို့ လက်ခံရရှိတဲ့ အလှူငွေတွေကို ဆရာအော်ပီကျယ့်ဆီ လွှဲမှာဖြစ်ပြီး ဆရာကနေမှတဆင့် သင့်တော်တဲ့ အဖွဲ့အစည်းတခုကို ဆက်သွယ်ပြီး လိုအပ်တဲ့နေရာကို ရောက်အောင် ပို့ဆောင် လှူဒါန်းပေးမှာ ဖြစ်ပါတယ်။

ဆရာက အခုလောလောဆယ် စင်္ကာပူမှာ ရှိနေပါတယ်…။ ဒီလ ၃၀ ရက်နေ့မှာ မြန်မာပြည်ကို ပြန်မှာပါ… ဆရာ ပြန်ရောက်ပြီးမှ ဒီကနေ ငွေလွှဲရမှာဖြစ်တာကြောင့် ကျွန်မတို့ အလှူငွေလက်ခံတဲ့ နောက်ဆုံးပိတ်ရက်ကို အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) နေ့လည် ၁၂ နာရီအထိ လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်…။ စုစုပေါင်းကောက်ခံရရှိငွေများကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဆရာ့ဆီကို ပို့မှာဖြစ်ပါတယ်…။

ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၁၁ နာရီအထိ လက်ခံရရှိသော အလှူငွေ စုစုပေါင်းမှာ စကာင်္ပူဒေါ်လာ ၂၀၄၀ တိတိ ဖြစ်ပါတယ်…။

Overseas က အလှူရှင်တွေအတွက် နည်းနည်းတော့ ခက်ခဲနေပါသေးတယ်…။ Western Union က တဆင့်ပို့တဲ့သူတွေ ကိုယ်ပို့ထားတဲ့ Receipt လက်ခံလေးကို ဓါတ်ပုံရိုက်လို့ဖြစ်စေ၊ Scan ဖတ်ပြီး ဖြစ်စေ ကျွန်မတို့ရဲ့ မျက်နှာစာအုပ်က Message Box ထဲ (သို့) အီးမေးလ်ထဲကို ပို့ပေးစေချင်ပါတယ်…။

နောက်ထပ် ပြောချင်တာတခုက အလှူငွေကောက်တဲ့ကိစ္စကို အရင်က ပထမအသုတ် နဲ့ ဒုတိယအသုတ် နှစ်သုတ်ခွဲဖို့ စဉ်းစားထားခဲ့ပါတယ်... ဒါပေမယ့် အခုတော့ အလှူငွေကောက်ခံတဲ့ရက်ကို နောက်ထပ် ၃ ရက် ထပ်တိုးလိုက်တဲ့အတွက် နောက်တသုတ် မရှိနိုင်တော့ပါဘူး။ ဒီတသုတ်ထဲမှာ ကောက်ခံလို့ရသ၍ အကုန် တခါတည်း လှူလိုက်မှာ ဖြစ်ပါတယ်။

အခုလို လိုအပ်တဲ့အချိန်မှာ လိုအပ်နေသူတွေကို အကောင်းဆုံး ပံ့ပိုးကူညီနိုင်ဖို့အတွက် စေတနာ သဒ္ဗါတရား ပြည့်ဝစွာနဲ့ အလှူပါဝင်ကြတဲ့ ဘလော့ဂါ အုပ်စုနဲ့ ကျန်တဲ့ ညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်…။



9 comments:

မိုးငွေ့...... said...

ဒီအလှူဖြစ်မြောက်ရေးအတွက် တတက်တအားပါဝင်လုပ်ဆောင်ရင် အောင်မြင်သွားတဲ့အတွက် ၀မ်းသာပါတယ်အမ....။ အလှူရှင်တွေလက်ထဲကို မကြာမီရောက်တော့မယ့် အလှူတွေအတွက် ပီတိဖြစ်မိပါတယ်..။

Nyi Linn Thit said...

ဝမ်းသာစရာပါပဲ မသက်ဝေရေ..၊ Western Union နဲ့ မဟုတ်ဘဲ တခြားနည်းနဲ့ ငွေလွှဲလို့ရမယ့် နည်းလမ်းများ ရှိရင်တော့ သိချင်ပါတယ်၊

Hmoo said...

ပြည်ပမှာဘဝထူထောင်ရင်းကိုယ့် ပြည်သူတွေကိုလည်း ကူညီကယ်ဆယ်ကြတဲ့မိတ်ဆွေတွေအတွက
်ဂုဏ် ယူလျှက်...

Unknown said...

Hi sis,

I just transferred 110 SGD to Ma Chit Kyi Aye's account for donation.

Thanks.
Pink Lover

သက်ဝေ said...

ကော်မန့်တွေအတွက် ကျေးဇူးပါ... တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်...။

ကိုညီလင်း - ဘယ်လိုလွှဲချင်တာလဲ... Bank To Bank လွှဲချင်တာလား... thetwai.blog@gmail.com ကို ဆက်သွယ်ပေးပါ... ကျေးဇူး...

Pink Lover... ကျေးဇူးတင်ပါတယ်... မချစ်ကြည်အေး စစ်ပြီးရင် ညီမရဲ့ Pink Lover ဆိုတဲ့ နာမည်နဲ့ update လုပ်ပေးပါ့မယ်...

အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီ အထိ လက်ခံရရှိထားသော အလှူငွေ စုစုပေါင်းမှာ စင်္ကာပူ ဒေါ်လာ ၃၁၄၀.၂၁ ဖြစ်ပါတယ်...း)

သက်ဝေ said...

@Pink Lover... ညီမအလှူငွေ ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း...း))

Anonymous said...

Hi Sis;

I just transferred SGD-50 to Ma Chit Kyi Aye's account for donation.

Thanks & Regards,
TDW

မေသိမ့်သိမ့် ကျော် said...

မသက်ဝေရေ သာဓုပါရှင်။ ဘယ်သူ့ဆီဆက်သွယ်ရမလဲရှင့်။ အချိန်က အရမ်းကပ်နေပြီ။

ခင်တဲ့
မေသိမ့်

မြသွေးနီ said...

ဆောင်ရွက်မှုအ၀အ၀အတွက် ၀မ်းမြောက်စွာ သာဓုခေါ်ခဲ့ပါတယ်ရှင်..။