Thursday, December 1, 2011

F-R-A-U-D

Credit Card သုံးကြသူတွေအတွက် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အကြောင်းလေး ဝေမျှလိုက်ပါတယ်…။

မကြာသေးတဲ့ ရက်ပိုင်းအတွင်းက ကိုယ့် DBS Credit Card Bill ထဲမှာ စကာင်္ပူဒေါ်လာ ၃၀၀ ကျော် အပိုပါနေတာ တွေ့လိုက်တယ်။ သုံးထားတဲ့နေရာက Orchid Country Club မှာပါ။ အဲဒီနေရာဟာ ကိုယ်နဲ့ရော ကိုယ့်မိသားစုနဲ့ပါ ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ နေရာတခုဖြစ်ပြီး သုံးထားတဲ့ အချိန်ကလည်း စနေနေ့ နေ့လည် ၁၂ နာရီကျော်မှာပါ…။ အဲဒီနေ့ အဲဒီအချိန်မှာ ကိုယ်က မိသားစုနဲ့ အပြင်မှာ ထမင်းစားနေတဲ့ အချိန် ပြီးတော့ အဲဒီ Credit Card ကလည်း ကိုယ်နဲ့ မကွာ ရှိနေတယ်။ အဲဒီကိစ္စကို တနင်္လာနေ့ညမှာ သိပြီး သိသိချင်း ဘဏ်ကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြပြီး ကဒ်ကို ပိတ်ခိုင်းလိုက်ပါတယ်။ ဘဏ်က အဲဒီ Orchid Country Club ကို ဆက်သွယ်ပြီး ဘယ်လို ဖြစ်သလဲ အရင်စုံစမ်းပါလို့ ပြောတယ်။

ဒါနဲ့ နောက်တနေ့ မနက်မှာ အဲဒီ Orchid Country Club ကို ဆက်သွယ်ပါတယ်။ Orchid Country Club ရဲ့ Reception ကနေ တဆင့် Account Dept. ကို လွှဲပေးတယ်။ Account Dept. က ဒီစုံစမ်းမှုကို Official ဖြစ်စေဖို့ Email ပို့ ခိုင်းပါတယ်။ နှစ်ရက်အကြာမှာ သူတို့ဆီက စာပြန်လာပါတယ်။ သူတို့ဆီက ပြန်လာတဲ့ မှတ်တမ်း မှတ်ရာတွေအရ J နဲ့စတဲ့ နာမည်၊ စကာင်္ပူ နေရပ်လိပ်စာ အပြည့်အစုံနဲ့ အမျိုးသမီးတယောက် အဲဒီ Orchid Country Club မှာ တညတာ လာရောက် တည်းခိုအပြီးမှာ ကျသင့်ငွေကို ပေးသွားတာပါ။ Hotel တွေရဲ့ ထုံးစံအတိုင်း Check-in လုပ်တဲ့ အချိန်မှာ အဲဒီအမျိုးသမီးရဲ့ ကဒ်ကို Online Transaction နဲ့ Verify လုပ်ထားပါတယ်။ ပြီးတော့ သူ Check-out လုပ်တဲ့ အချိန်မှာမှ ကိုယ့်ကဒ်နံပါတ်နဲ့ ကျသင့်တဲ့ ပိုက်ဆံ ဒေါ်လာ ၃၀၀ ကျော်ကို ယူထားတာပါ။

ဂဏန်း ၁၆ လုံးစီပါတဲ့ Credit Card မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ ကဒ်နံပါတ်နဲ့ ကိုယ့်နံပါတ်နဲ့က နောက်ဆုံး ဂဏန်း သုံးလုံးပဲ ကွာပါတယ်။ ပြဿနာက ဘာလဲဆိုတော့ အဲဒီ ပိုက်ဆံယူတဲ့နေရာက Credit Card ကို Offline Transactions နဲ့ ကဒ်နံပါတ် ၁၆ လုံးကို တလုံးချင်းစီ နှိပ်ပြီး ပိုက်ဆံယူလိုက်တဲ့ ကိစ္စပါပဲ။ အဲဒီလို နံပါတ်တွေ နှိပ်တဲ့အချိန်မှာ နောက်ဆုံးနံပါတ် သုံးလုံး မှားနှိပ်မိတာ လို့ Orchid Country Club ရဲ့ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းပြပါတယ်။

ကိုယ့်အတွက်တော့ Credit Card ကို Offline ကနေ နံပါတ်နှိပ်ပြီး ပိုက်ဆံယူတဲ့အဖြစ်ကို ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ဟိုအမျိုးသမီးကတော့ သူ့ရှေ့ Bill လာချရင် လက်မှတ်ထိုးလိုက်မှာပဲ၊ ကိုယ်တိုင်လည်း ဈေးဝယ်ပြီးရင် ကိုယ့်ရှေ့ကို Bill ရောက်လာရင် နံပါတ်တွေ ဘာတွေ ဘယ်ကြည့်ဖြစ်မှာလဲ၊ ဒီလိုပဲ လက်မှတ်ထိုးပေးလိုက်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ကဒ်နံပါတ်နဲ့ သူများလက်မှတ်ကြီးနဲ့ ဖြစ်နေတဲ့ ဒီကိစ္စမှာ Cashier က Payment ကို Offline Transactions နဲ့ ယူတာ ဘာကြောင့်လဲ… ဒါ ရိုးရိုးသားသား ဟုတ်ရဲ့လား လို့ တွေးစရာရှိတယ်။ အဲဒီအချိန်မှာ တာဝန်ကျ Cashier ဘယ်သူလဲ လို့ မေးတော့ အဲဒီပုဂ္ဂိုလ်က နာမည် မပြောပြပါဘူး ပြီးတော့ အဲဒီလို Offline က ယူတာ ထုံးစံပါပဲလို့ ပြောတယ်…။ သူ အဲဒီလို ပြောပေမယ့် စိတ်ထဲမှာ သူတို့ဝန်ထမ်းတွေဖက်က ကာကွယ်ပြီး ပြောတယ်လို့ပဲ ထင်နေမိတယ်။ (Hotel လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့သူများ Check-Out လုပ်ရင် ဒီလို Offline နဲ့ ပိုက်ဆံယူကြတယ်များ ကြားဖူးပါသလား… သိရင် ပြောပြပေးစေချင်ပါတယ်)

ဒီကိစ္စဟာ Fraud Transaction မို့ ရဲတိုင်ပြီး အမှုဖွင့်ချင် ဖွင့်ပါ လို့ Bank က ပြောတယ်။ ရဲတိုင်မယ်ဆို Orchid Country Club က တာဝန်ရှိတဲ့သူတွေ၊ အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ Cashier... ပြီးတော့ အဲဒီ J နဲ့ စတဲ့ အမျိုးသမီး... Hotel Reception က CCTV... စာရွက်စာတမ်း အထောက်အထားတွေ… စတာတွေနဲ့အတူ တိုင်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လည်း ဒီအမှုမှာ တချိန်လုံး ကန့်လန့် ကန့်လန့် နဲ့ ပါနေမှာလေ။ Orchid Country Club က သူတို့ အမှားမို့ ဒီ ပိုက်ဆံကို ပြန်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် Banking တို့ရဲ့ ထုံးစံအတိုင်း ဒီ Bill ကိုတော့ ဆောင်လိုက်ရမယ် သူတို့ ပြန်ပေးမယ့် ပိုက်ဆံကတော့ ရက်ပေါင်း ၆၀ ကျော် ကြာမှ ဝင်မယ်။ ဒီတော့ ကိုယ်တိုင်က ရုံးရောက် ဂါတ်ရောက်နဲ့ အလုပ်ရှုပ် မခံနိုင်တော့တဲ့အတွက် ရဲတိုင်ဖို့ကိစ္စကို လက်လျှော့လိုက်ပါတယ်…။

ဒီနေရာမှာ ပြောချင်တဲ့ အရေးအကြီးဆုံး အချက်ကတော့ Credit Card တခုရဲ့ လုံခြုံမှုပါ။ Credit Card တွေကို ထပ်မပွားနိုင်အောင် Chip တွေ ထည့်လိုက်တာလည်း အားလုံး အသိပဲ။ Credit Card ကို သုံးပြီး Online မှာ တခုခု ဝယ်တော့မယ် ဆိုရင် (၅ ဒေါ်လာ ၁၀ ဒေါ်လာ ကစလို့) ကဒ်နံပါတ် ရိုက်ထည့်ပြီးရင် CCV ဆိုတဲ့ နံပါတ် ၃ လုံးကို ထည့်ကြရတယ်။ ဒီကမှတခါ ပိုပြီး လုံခြုံအောင် Hand Phone ထဲကိုလာတဲ့ OTP (One Time Password) ဒါမှမဟုတ် Bank တွေက ပေးထားတဲ့ IB Message Token လေးတွေကို နှိပ်… ဒီလို အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ အသုံးပြုလို့ ရတယ် မဟုတ်လား။ အခုအတိုင်းဆို အဲဒါတွေအားလုံး Rubbish ပဲပေါ့…။

Credit Card တခုကို နံပါတ် ၁၆ လုံး သိရုံနဲ့ ဘယ်နေရာကမဆို Offline ကနေ သုံးလို့ရသလို ဖြစ်မနေပေဘူးလား။ ပြီးတော့ နံပါတ် ၁၆ လုံးကို ရိုက်ချင်သလို (Random) ရိုက်ပြီး ကျရာ နံပါတ်မှာ Offline နဲ့ အလွယ်တကူ ပိုက်ဆံသုံးလိုက်လို့ ရသလို ဖြစ်မနေပေဘူးလား။ တခါ Credit Card နံပါတ် ၁၆ လုံးမှာ ရှေ့ဆုံး ၄ လုံးက Bank Code မို့ ဆင်တူတယ်ထား… ကျန်တဲ့ နံပါတ် ၁၂ လုံးမှာ ၉ လုံး တူပြီး နောက်ဆုံး ၃ လုံးပဲ လွဲတယ်ဆိုတာရော ဖြစ်သင့်သလား...။ မေးခွန်းတွေ အများကြီးပါ။

အခု အဖြစ်အပျက်မှာ သုံးထားတဲ့ ပိုက်ဆံက စင်္ကာပူဒေါ်လာ ၃၀၀ ကျော်ဆိုတော့ သိပ်မနည်းပေမယ့် သိပ်များလှတယ်လို့လည်း မဆိုနိုင်ဘူး။ မပေးမဖြစ် ပေးရတော့မယ်ဆို ပေးနိုင်တဲ့ အခြေအနေမှာ ရှိသေးတယ်…။ ဒါပေမယ့် ဒီ့ထက်များတဲ့ Amount ဆို ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ အခု သုံးတဲ့နေရာက ဒီစင်္ကာပူမှာ… ချက်ချင်း ဖုန်းဆက်လို့ ရတဲ့နေရာ၊ မတတ်သာလို့ လူကိုယ်တိုင် သွားရစေဦးတော့ နာရီဝက်အတွင်း အရောက် သွားနိုင်တဲ့ နေရာ…။ တကယ်လို့များ တခြား တနိုင်ငံ ကိုယ်လက်လှမ်းမမှီတဲ့ နေရာကနေ တကြိမ်ထဲနဲ့ Credit Limit ကုန်အောင် သုံးသွားရင် ဘယ်လိုရှင်းရပါ့မလဲ…။

ပြီးတော့ ဒီပုံအတိုင်းဆိုရင် ကိုယ့် Credit Card က နံပါတ်တွေကို လူမမြင်အောင် သေသေချာချာ သိမ်းထားရတော့မလို ဖြစ်နေပြီပေါ့။ စားသောက်ဆိုင်တွေမှာ ထိုင်ရာက မထပဲ စားပွဲထိုးကို Credit Card လေး လှမ်းပေးပြီး ပိုက်ဆံရှင်းတဲ့ အချိန်တွေမှာရော စိတ်ချရပါတော့မလား။ ဒီခေတ်ကြီးမှာ ဖုန်းတွေတိုင်းမှာ ကင်မရာတွေ ပါနေကြတာ… ကိုယ့် ကဒ်ကို ယူသွားတုန်းမှာ ရှေ့ရော နောက်ပါ ဓါတ်ပုံရိုက်လိုက်ရင် အင်ဖေါ်မေးရှင်း အကုန်ပါသွားပြီ… တပျော်တပါး သုံးပါလေ့ပဲ…။

ပြီးတော့ Bank တွေနဲ့ ပတ်သက်လို့ ပြဿနာတခုခု ဖြစ်ပြီးရင် ပိုက်ဆံ ပြန်ရဖို့က ဟိုးနောက်ဆုံး အဆင့်မှာ… လောလောဆယ်မှာတော့ ဘာညာ မပြောနဲ့ Bill ထဲ ပါလာသမျှ အကုန်ရှင်းပေတော့ပဲ…သူတို့ ဖက်က လုံးဝ လျှော့ပေးတာ မဟုတ်ဘူး…။ (မရှင်းပြန်ရင် အတိုးက တက်လာအုံးမှာ…)

ပြီးခဲ့တဲ့ တပတ်ကတော့ ကိုယ့်အမျိုးသားက အဲဒီ DBS Bank က တာဝန်ရှိသူတယောက်ကို သူတို့ရဲ့ Credit Card လုံခြုံမှုစနစ်အကြောင်း Complaint လုပ်တဲ့ E mail တစောင် ရေးလိုက်တယ်။ ဒီကိစ္စအတွက် ကျိုးကြောင်း ညီညွတ်ပြီး ဆီလျော်တဲ့ ရှင်းလင်းချက်ပေးပါ… မင်း မရှင်းနိုင်ရင် ဒီစာကို ရှင်းပေးနိုင်တဲ့ အထက် လူကြီး (သို့) CEO အထိ တင်ပေးပါလို့ ပြောထားတယ်။ ခုထိတော့ Bill ကလွဲလို့ ဘာမှ ပြန်မလာသေးဘူး။

လောလောဆယ်မှာ ကိုယ့်မှာ ရှိနေတဲ့ အဲဒီ DBS Bank က Credit Card လေးခုကို ပြီးခဲ့တဲ့အပတ်က စလို့ တခုချင်း ဖျက်ပစ်နေပါပြီ။ ဘာလို့ဖျက်တာလဲ ဆိုတဲ့ အမေးကို လုံခြုံရေး စိတ်မချရလို့ လို့ ဖြေလိုက်ပါတယ်။ အားရလောက်စရာ ပါပဲ… သူတို့ဆီက ဘာမှ ရေရာတဲ့ တုန့်ပြန်မှု မရပါဘူး။ စင်္ကာပူနိုင်ငံရဲ့ အထင်ကရ ဘဏ်ကြီးတခုဖြစ်တဲ့ အဲဒီ DBS Bank ဟာ တဆိတ်တော့ တာဝန်မဲ့လွန်းတယ် လို့ ထင်မိတယ်။ ဘယ်မှာလဲ သူတို့ ပြောပြောနေတဲ့ လုံခြုံရေး… ဘာဆို ဘာတခုမှ မလုံခြုံဘူး…။

ကိုယ် ပေါ့ဆလို့၊ ကိုယ့်ကဒ်ပျောက်သွားလို့ မဟုတ်ပဲ အခုလို အသားလွတ်ကြီး ခံလိုက်ရတဲ့ ပြဿနာအတွက် အတော် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်…။ ဘာ Credit Card မှ ကိုင်ချင်စိတ် မရှိတော့အောင်ပါပဲ…။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း Credit Card နဲ့ ပတ်သက်ရင် သတိထားကြဖို့ အသိပေးချင်လို့ ဒီစာကို ရေးပါတယ်…။




34 comments:

မိုးခါး said...

ဟင်းး .. ဒုက္ခပါလားနော် .. တာဝန်လည်း မယူကြဘူး ..

အဖြူရောင်နတ်သမီး said...

အဲဒီလို နံပတ်မှားနှိပ်မိလို့ပါရမယ်ဆိုရင် မလွယ်ဘူးနော်..
နတ်သမီးတို့ဆီမှာကတော့ system ပြောင်းထားတယ်..
ကိုယ့်ရဲ့ကဒ် သူများလက်ထဲရောက်သွားလည်း ကြောက်စရာမလိုတော့ဘူး..
pass word ၄လုံးသိမှ အဲဒီကဒ်ထဲက ငွေကိုထုတ်ယူလို့ရမှာ။
အဲဒီလျှို့ဝှက်နံပါတ်၎ လုံးမသိလို့ကတော့ ဘာမှလုပ်လို့မရဘူး။
ပိုပြီးလုံခြုံတာပေါ့။

မေသိမ့်သိမ့်ကျော် said...

ဖြစ်ဖူးတယ်မမ။ ချက်ချင်း ဖုန်းဆက်ပြီး ဖျက်ပစ်လိုက်ရတယ်။ Amount က နည်းနည်းလေးပဲမို့ ဘာမှတော့လုပ်မနေတော့ဘဲ ဘဏ်ကို ဖုန်းဆက်ပြီး ကဒ်ကိုဖျက်သိမ်းခိုင်းလိုက်တယ်။ အသစ်ပြန်လဲပေးတယ်။ နံပါတ်အသစ်နဲ့ပေါ့။ Offline နဲ့ သုံးတာမျိုးလည်း ဖြစ်နိုင်တယ်မမ။ အရင်တုန်းက တစ်ခါ Offline နဲ့ သုံးဖူးတယ်။ ကိုယ့်ကတ်နဲ့ကိုယ်ပါပဲ။ အဲ့ဒီတုန်းက ပြဿနာတော့ မတက်ဖူးဘူး။

Aye Aye Sann said...

‎(စားသောက်ဆိုင်တွေမှာ ထိုင်ရာက မထပဲ စားပွဲထိုးကို Credit Card လေး လှမ်းပေးပြီး ပိုက်ဆံရှင်းတဲ့ အချိန်တွေမှာရော စိတ်ချရပါတော့မလား။ ဒီခေတ်ကြီးမှာ ဖုန်းတွေတိုင်းမှာ ကင်မရာတွေ ပါနေကြတာ… ကိုယ့် ကဒ်ကို ယူသွားတုန်းမှာ ရှေ့ရော နောက်ပါ ဓါတ်ပုံရိုက်လိုက်ရင် အင်ဖေါ်မေးရှင်း အကုန်ပါသွားပြီ… တပျော်တပါး သုံးပါလေ့ပဲ…။)

သမီးက ခဏ ခဏ သွားစားတော့ အဲဒီကို တစ်ခါတစ်လေ တွေးမိတယ်... သတိပေးတာ ကျေးဇူး အထူးတင်ပါတယ် ချစ်မမ... ကဒ်တွေ တစ်ချို့ ပြန်အပ်လိုက်တော့မယ်..း)

Moon Lay said...

အဲ့ဒါကိုဟိုရက်ကတောင် စဉ်းစားမိသေးတယ်.. ခရက်ဒစ်ကဒ်ငှားပြီး စာမေးပွဲကြေးသွင်းတဲ့ကိစ္စ ဘာမှမလိုဘူး နံပါတ်၇ိုက်ထည့်ရုံပဲ.. ပြီး၇င် ဘီလ်ပဲပိုင်ရှင်ဆီကိုရောက်လာတာ.. ကိုယ်ငှားလိုက်တဲ့သူကမဟုတ်ပဲ သူကနေတဆင့် နံပါတ်ကိုမှတ်ထားပြီး တခြားသူတွေအဲလိုမျိုးများ သုံးလိုက်လို့ ကိုယ့်ဆီ ဘီလ်ပြန်ရောက်လာရင် ဘယ်လိုလိုက်မလဲလို့ စဉ်းစားနေမိတာ..

ချစ်ကြည်အေး said...

စိတ်ရှုပ်စရာကြီးပါလားးးး ဘာမှ မလုံခြုံတဲ့ လောကကြီးထဲမှာ....။ တစ်ခုခုတော့ သေချာပေါက်လွဲနေပြီ။ နောက်ဆုံး ၃လုံး လုံး တူနိုင်ဖို့ ဆိုတာ....ဟူးးးးး

Mee Mee Sandar said...

မမ.. Citi bank က service မဆိုးဘူး ... ဘာပဲပြောပြော လုပ်ပေးတယ်.. ခုချိန်ထိပေါ့။ UOB ကတော့ ကြီးကျယ်လွန်းတယ်။

rose of sharon said...

အဲလိုကြီးကတော့ cashier ပေါ့ဆတာလည်းပါတာပေါ့... တကယ်တော့ အခုနောက်ပိုင်း ဟိုတယ်bill ရှင်းကြရင် pin code ကို ကိုယ့်ဟာကိုယ်ရိုက်ထည့်ပြီး မှန်မှ access ဖြစ်တာပါ... အဲဒီနေရာမှာသုံးတဲ့credit card system က out of date ဖြစ်နေပါလိမ့်မယ်... ပြန်ရမယ်ဆိုပေမဲ့ အလုပ်ရှုပ်သွားတဲ့အပြင် စိတ်လဲရှုတ်သွားရတာပေါ့း(

မဒမ်ကိုး said...

မမသက်ဝေရေ ရင်တုန်စရာကြီးပါလားနော်
ဘာပဲပြောပြော ဗဟုသုတတော့ရသွားတယ်

ခင်တဲ့

မဒိုးကန်

Nyi Linn Thit said...

ဒီလို အဖြစ်မျိုး တခါမှ မကြားဖူးဘူး..၊ ဒီအတိုင်းဆို မသက်ဝေ ပြောသလို မကောင်းသူထိပ်၊ ကောင်းသူထိပ် တွေ့ကရာ ဂဏန်း ၁၆ လုံး ရိုက်ထည့်ပြီး သုံးချင်သလို သုံးလို့ ရနေပြီပေါ့၊ ပြီးတော့ ပုံမှန်ဆို လက်နဲ့ မနှိပ်ဘဲ Card reader ထဲမှာ ဘားကုဒ်ကို ဆွဲဖြတ်ကြတာ မဟုတ်ဘူးလား၊ ဒီ အတွေ့အကြုံကို ဝေမျှပြီး သတိပေးတာ တကယ်ပဲ အဖိုးတန်ပါတယ်၊ ကဒ်သုံးတိုင်း သတိထားရတော့မယ်။

Phyo Maw said...

I've been thinking abt that lately too since last time I could could buy tickets without sign or pin at Cathay or gv using master card.

အလွမ်းပြေ said...

ဖြစ်ရလေ အစ်မရေ..ကျွန်မတို့ ဆီမှာလည်း ကတ်များပျောက်လို့ကတော့ ဘဏ်ထဲ ရှိသမျှ ပြောင်ပဲ..အချိန်မီရင်သာ သက်သာမယ်..
ps. လင့်လေး ချိတ်ပေးထားတာလည်း ကျေးဇူးပါနော် အစ်မ။

အလွမ်းပြေ said...

ဖြစ်ရလေ အစ်မရေ..ကျွန်မတို့ ဆီမှာလည်း ကတ်များပျောက်လို့ကတော့ ဘဏ်ထဲ ရှိသမျှ ပြောင်ပဲ..အချိန်မီရင်သာ သက်သာမယ်..
ps. လင့်လေး ချိတ်ပေးထားတာလည်း ကျေးဇူးပါနော် အစ်မ။

kiki said...

အဲ... နေရင်းထိုင်ရင်း အပိုဆုပေါက်တာပဲ မသက်ဝေ။ ကဒ်တွေများလေ.. မလုံခြုံ လေ ပါပဲ ..။
ဗမာပြည်မှာ လို ..၊ ရော့ နဂါး၊ ရော့ပတ္တမြား....
ငွေ ထုတ် ပုံ ပြီးရှင်းကြတာ ပဲ ကောင်းတယ် .... ( မှိုတက်နေတဲ့ ပိုက်ဆံ အနံ့ တွေ အောင့်သက်သက်ရှုပြီးတော့ ပေါ့ ..).

ဘေဘီ said...

ကြုံဖူးတယ်အမရေ
ကျမရဲ့ ဘဏ်ကဒ်နဲ့ တခြား ပြည်နယ်တခုက
ဓါတ်ဆီဆိုင်ကနေ $ ၃၆၀ ထုတ်သွားတယ်
ဘဏ်ကို ဖုန်းဆက်တော့ ဘဏ်က သူတို့ရဲ့
ပေါ့ဆမှုကြောင့်ဆိုပြီး ပြန်လျှော်ပေးတယ်
အဆင်ပြေပါစေ

Vista said...

Citi ပဲကောင်းတယ် တကျပ်က
စလို့ တနေရာရာကနေ သုံးလိုက်၊ ဖြတ်လိုက်တာနဲ့  ကိုယ့်ဖုန်းကို SMS လာတယ် ဒါမင်းသုံးတာမဟုတ်ရင် ခုချက်ချင်းဒီနံပါတ်ကိုဆက်ပါဆိုပီးတော့ပါတယ်။ DBS cards တွေကတော့ ဖျက်ပလိုက်တာကြာပေါ့။ဟိ။

Anonymous said...

အမရေ... ဘားကုတ်ကိုဖြတ်တယ်လို့ထင်ပါတယ်...။
တခုခုများလွဲသလား??????????

TZA said...

ဟုတ်တယ်၊ ဗစ်စတာလိုပဲ စီးတီးကိုအားပေးတယ်။

Evy said...

စိတ်ပျက်စရာပါလား အစ်မသက်ဝေရေ။ အဲလိုတော့ မကြုံဖူးသေးဘူး။ ဒါပေမယ့် တော်တော် သတိထားရတော့မယ်။ အတွေ့အကြုံကိုမျှပေးတာ ကျေးဇူးပါနော်။

David Aye Myat said...

It seems like there is another keyboard pattern on this blog. Can't help with Zawgyi.

Both the club and the bank that permitted the transaction to occur are quite irresponsible. There maybe another reason that we are Myanmar national with history and whenever something happened, we are the person who screwed.

I do understand that we don't have time to deal with the lawsuit on this case but I am sorry that that particular club will take advantage and continue these kind of illegal transactions to other credit cards.

This story is fu*king amazing and terribly depicts the accountability that the DBS bank is taking f*cking seriously for its Myanmar customer.

It deems disrespect to customer for not replying serious enquiry and complaints as such.

I would like to suggest the author that not just an article is enough. It should be taken further with powerful media and if possible take this case to the court for the sake of your friends who came from the same country.

I thank you so much for sharing it.

နှင်းနဲ့မာယာ said...

မမ
မမတို့ဆီက delivery system ကလဲ တော်တော်ဆိုးတယ်နော်...
သူငယ်ချင်းတစ်ယောက် ကဒ်အသစ်လျှောက်တာကို ဘဏ်က စာတိုက်ကနေ ပို့ပေးတယ်... ကာယကံရှင်မရှိတဲ့ အချိန်ကဒ်က ရောက်လာတော့ အခန်းဖော်က ယူပြီး သူ့ဟာသူ activate လုပ်ပြီး ခပ်တည်တည်နဲ့ သုံးပစ်လိုက်တယ်... စာတိုက်က နောက်ထပ်ရောက်လာတဲ့ Bills တွေကိုလဲ ဖျောက်ပစ်သေးတယ်.. တော်တော်ကြာမှ သိပြီး အမှုဖြစ်ကြတာ ကြားဘူးတယ်......
credit ကဒ်တွေအတွက် security တော်တော် လိုနေပီနော်...

ညီမ
နှင်း

...အလင်းစက်များ said...

ကျနော်ကတော့ ဒီမှာ Banking System တွေနဲ့  သိပ် သုံးစွဲတာ မဟုတ်တော့ သိပ် မသိလှဘူး အစ်မ သက်ဝေ။ အဲ ဒါပေသည့် တခါတရံ ဆိုင်တွေမှာ သွားစားလို့  ငွေထုတ်မထားမိရင်တော့ ကဒ်ကိုပေးပြီး အလွယ်တကူ ရှင်းလိုက်မိတာပါပဲ။ သူငယ်ချင်း တစ်ယောက်ကတော့ ပြောဖူးတယ်။ ကဒ်နောက်က နံပါတ် လေးလုံးကို လူတကာ အမြင် မခံစေနဲ့  ဆိုလို့  အဲ့လို လုပ်တဲ့ အကျင့်ကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ မောလ်တွေမှာ ၀ယ်တဲ့ ခါကျရင်တော့ ကဒ်ရှာမှာ ကိုယ်တိုင်ရှေ့ ဖြတ်တာမို့  စိတ်ချရမယ် ထင်လို့  ကဒ်နဲ့ ပဲ သုံးဖြစ်ပါတယ်။ Phone Linkage ယူထားလို့  စိတ်ချရမယ်လို့ လဲ ထင်နေမိပါတယ်။

ခုလို ဆိုတော့လည်း သတိ ပို ထားရမှာပေါ့ဗျာ။

(အဟီး အကောင့်မှာလည်း ငွေ အများကြီး မရှိလှပါဘူးရယ်)

အင်ကြင်းသန့် said...

ဟင်....DBS က အဲလိုကြီးလား.... :(

Anonymous said...

ကိုယ်လည်းဖြစ်ဘူးတယ်။ ကိုယ့်တုန်းက ကိုယ်မသိခင် ဘဏ်ကသံသယဖြစ်ပြီး လှမ်းမေးတယ်။ ဒါနဲ့ ဘဏ်ကိုကိုယ်တိုင်သွားလိုက်တယ်။ ဘဏ်ကတောင်းပန်စာလည်းပို့ တယ်။ ကဒ်သစ်လည်း ဖွင့်ပေးပြီး အဟောင်းကို ဖျက်ပစ်တယ်။ ငွေလည်းပြန်ထဲ့ပေးတယ်။ သိပ်တော့မများဘူး။ ၂၀၀ မပြည့်တပြည့်ဘဲ။ ကိုယ်ကတော့ အေတီအမ် ကနေ ထုတ်ခံရတာ။ ID theft တွေကြောက်လို့ သတိအမြဲထားပေမဲ့ ဘယ်လိုခိုးခံရတယ်ဆိုတာ မသိဘူး။ သူခိုးတွေ အေတီအမ်စက်မှာကင်မရာတပ်ထားပြီး ခိုးတာကို တီဗီမှာ ပြလို့ ကြည့်လိုက်ဘူးတယ်။ သတိထားရက်နဲ့ ပါသွားတာ။ ပြန်ရတော့တော်သေး
တာပေါ့။
အိုင်အိုရာ

Kay said...

ဒီ သူငယ်ချင်း ၂ ယောက်...
တယောက်က.. ဂျက်စတား နဲ့ ရန်ဖြစ်
တယောက်က.. ဒီဘီအက်စ် နဲ့ အပြိုင်ကျဲ

ခေသူများ မဟုတ်ပေ..

း)))

မြသွေးနီ said...

ဗဟုသုတတွေရသွားတယ်...
မလွယ်ပါလား အစ်မရေ...
ဒီမှာတော့ ဒါမျိုးဖြစ်ရန်အကြောင်းမရှိ..။ ခါးပိုက်နှိုက်က လွဲလို့ပေါ့...။

Anonymous said...

Use cash.

အိမ့်ချမ်းမြေ့ said...

မလေးလည်းဖြစ်ဖူးတယ်..

credit bill ထဲမှာ နာမယ်ကြီးအရယ်ဆိုင်တစ်ခုမှာ ဒေါ်လာ၄၀၀ကျော်ဖိုးအရက် ၀ယ်ထားတဲ့ bill.
မျက်လုံးလည်း တော်တော်ပြူးသွားတယ်။
ငါဘယ်တုန်းက သောက်တတ်သွားတာလဲ ဆိုပြီး ကိုယ့်ဟာကိုယ် ရယ်ဖြစ်လိုက်သေးတယ်။

အပေါ်က မအေးအေးစန်းပြောတာ ဟုတ်တယ်၊ ဓာတ်ပုံရိုက်ယူထားပြီး သုံးပါလေ့ဆို ဘယ်လိုလုပ်မလဲနော်...

ZZZ said...

မသက်ဝေရေ ခရစ်ဒစ်ကဒ် သုံးတာ risk တော့ ရှိတာပေါ့ဗျာ၊ ဒါပေမဲ့လည်း ခရီးထွက်ခါနီး အွန်လိုင်းဟိုတယ်ဘွတ်ကင်လုပ်ရရင်တော့ ခရစ်ဒစ်ကဒ်က သုံးတာအသုံးဝင်ပါတယ်၊ walk in ထက်စာရင် အွန်လိုင်းဘွတ်ကင်က ပိုဈေးသက်သာပါတယ်၊ တစ်ခါတစ်လေ အရေးကြီးလို. မနက်ဖန်မနက်စောစော သွားမဲ့ လေယာဉ်လက်မှတ်ဝယ်တဲ့ အခါမျိုးတွေမှာဆိုရင်အသုံးဝင်ပါတယ်၊ နိုင်ငံခြားကို အလည်အပတ်သွားရင် (မြန်မာပြည်ကလွဲ၍) ပိုက်ဆံအများကြီးထဲစရာ မလိုတာလဲ ခရစ်ဒက်ကဒ်က အသုံးဝင်လှ ပါတယ်၊ နေရာတိုင်းမှာတော့ အကောင်းနဲ.အဆိုး ဒွန်တွဲနေပါတယ်၊ လောလောဆယ်ပိုက်ဆံပေးစရာမလိုပဲ လက်မှတ်ထိုးလိုက်ရုံလေးဆိုတော့ တစ်ခါတစ်လေ အသုံးအစွဲများပြီး bill လာမှတော့မှ မျက်လုံးပြူးရတဲ့အခါမျိုးတော့ရှိခဲ့ပါတယ်၊ ကျွန်တော်ကတော့ ခရစ်ဒစ်ကဒ် fraud ထက် ကိုယ့်ဖာသာအသုံးအစွဲများမှာတစ်ခုပဲ စိုးရိမ်မိတယ်၊ တကယ်လို. fraud ကိုတစ်ဦး (သို.မဟုတ်)အဖွဲ.အစည်းတစ်ခုကလုပ်ခဲ့ရင် လည်း ပြန်ရနိုင်ပါတယ်၊ ကြားထဲမှာ စိတ်အနှောက်အယှက်ဖြစ်တာလေးတော့ရှိပါမယ်၊ လမ်းမှာ အမှိုက်တောင် လက်လွတ်စပယ်ပစ်ရင် အရေးယူတတ်တဲ့ ဥပေဒပြင်းထန်သော နိုင်ငံမှာနေ နေတာပဲ၊ သိပ်တော့လည်း အစိုးရိမ်မလွန်ပါနဲ.ဗျာ၊ ဒါပေမဲ့ ဆက်ပြီး အသုံးပြုမယ်၊ အသုံးမပြုဖူးဆိုတာတော့ လူတစ်ဦးချင်းရဲ့ အခွင့်အရေးပါပဲ၊

စိတ်ချမ်းသာပါစေ

ခင်တဲ့

မောင်ဇီ

Anonymous said...

တရားခံက Bank မဟုတ်ပါ။ Merchant ဖြစ်တဲ့ OCC ပါ။ Credit card  ကို Online သုံးတဲ့အခါ Card ရဲ့ နောက်မှာ ရှိတဲ့ ဂဏန်းသုံးလုံးက Card နံပါတ်မလွဲရအောင်စစ်ပေးပါတယ်။ Credit card ကို offline သုံးတဲ့အခါ Card ပေါ်က လက်မှတ်နဲ့ Bill ပေါ်မှာ ထိုးတဲ့လက်မှတ် တူမတူ စစ်ဖို့က Merchant ရဲ့တာဝန်ပါ။ Card နံပါတ် မှားထည့်တယ်ဆိုတာကတော့ လုံးဝ ခွင့်လွှတ်နိုင်စရာ ဆင်ခြေမဟုတ်ပါ။ Card တွေရဲ့ နောက်ဆုံး နံပါတ်ရှစ်လုံးက အစဉ်လိုက်ဖြစ်ပြီး အရှည်က ရှစ်လုံးက Bank အလိုက်ပေးထားတဲ့ နံပါတ်ပါ။ တိုက်ဆိုင်တာ မဟုတ်ပါ။ ကျနော်သာဆို OCC ကို တောင်းပန်တဲ့ အထိ Complain လုပ်မှာပါ။ Bank Security နဲ့ ဘာမှ မဆိုင်ပါ။

မီယာ said...

ဘာမှ မလုံခြုံပါ အမရေ တခါတလေ ဖုန်းကနေတောင် ကဒ်နံပါတ် ပြောရသေးတာပဲ

Angelhlaing(May everybody be happy and healthy! said...

သတိထားစ၇ာလေးပဲ မမရေ..ကျေးဇူးပါရှင်လို့..

Мишаня said...

I have a blog too at http://www.sknyatino.blogspot.com about news in Russia

Mike said...

I have a blog too at http://www.sknyatino.blogspot.com about news in Russia