Thursday, August 12, 2010

ရစ်ခြင်း၏ အနုပညာ

(Photo from Google)


ရစ်တယ် ဆိုတာ လွယ် မှတ်လို့….
ဘယ်လိုပဲ ရစ် ရစ်… ရစ်ပြီဆိုရင် ချက်ကျ လက်ကျ ရစ်တတ်ဖို့ လိုတယ်…။

ပြီးတော့ ရစ်တယ်ဆိုတဲ့ နေရာမှာ ချစ်လို့ရစ်တာလား… အမြင်ကပ်လို့ ရစ်တာလားဆိုတာလဲ ရှိသေးတယ်… ချစ်လို့ရစ်နေတာဆိုရင်တော့ အရစ်ခံရတဲ့သူကလဲ သိတယ်… အင်း.. သူ တော့ ငါ့ကို ရစ်နေပြီ… ဆိုပြီး တဟဲဟဲနဲ့ ပျော်ပျော်ပါးပါး အရစ်ခံလိုက်တာပါပဲ…။ အဲ… အမြင်ကပ်ပြီး မဆိုင်တာတွေ တွေ့ကရာ လျှောက်လာရစ်နေပြီဆိုရင်တော့ ရစ်အုံးဟာ… ရစ်အုံးဟာ… ဆိုပြီး အနားမှာရှိတဲ့ ပစ္စည်း တခုခုနဲ့ အသေသာ ထုသတ်ပစ်ချင်တာပါပဲ။

ဒီလိုတွေပြောလို့ ကိုယ်က မရစ်တတ်ဖူးလား လို့ မထင်ပါနဲ့… ရစ်ခြင်း ဆိုတဲ့ ပညာကို တဖက်ကမ်းခတ် တတ်ကျွမ်းပါတယ်။ ဘယ်လောက်တောင် ရစ်တတ်သလဲဆိုရင် ရစ်စရာမရှိရင် ကိုယ့်ဆံပင်ကိုယ် လက်မှာ ပြန်ရစ်နေတယ် လို့ အပြောခံရတဲ့ အထိ ရစ်တတ်တဲ့ အမျိုးအစားပါ…။

ရစ်စရာမရှိ ရှိတာရှာ ရစ်လွန်းအားကြီးလို့ နာမည်တောင် ရနေတယ်… ဂျင်ကြိုးတဲ့… နာမည်ပေး သိပ်တော်တဲ့သူတယောက်က ပေးထားတာပါ...။ Ms. Gyin Gyoe ဆိုပါတော့…။ လှတယ်နော်… ကြားခါစက ကိုရီးယား နာမည်လေးလိုလို ဘာလိုလိုနဲ့ပေါ့… နောက်မှ သေချာ တွေးမိတယ်… ဂျင်ကြိုးဆိုတာ ဂျင်မှာ ကြိုးကို ရစ်လိုက်… ပေါက်လိုက်… ပြီး ပြေသွားရင် ပြန်ရစ်လိုက်… ပြန်ပေါက်လိုက်နဲ့ မဆုံးနိုင်ဘူး မဟုတ်လား… ။ အဲဒါကို ဆိုလိုတာပါ… (ဟုတ်နေတာပဲနော်…)

ဒါကတော့ အမည်ပေး ကင်မွန်းတပ်နဲ့ အတူ အမှတ်တရ ပါလာတဲ့ ကဗျာလေးပါ…။

ဂျင်ကြိုးရေ
မြှောက်ခနဲ အားနဲ့ပေါက်ဖို့
ခပ်ကျစ်ကျစ် ရစ်ရမယ်တဲ့လား…

များများရစ်မှ
အပတ်ရေများသလို
တအားတွေ လည်စေမတဲ့လား

အပေါ်က သံမှို ကျွတ်ထွက်မတတ်
စွတ်စက်လည်အောင်
ရစ်သည်ထက်ရစ် ကျစ်သည်ထက်ကျစ်
ဂျင်ကြိုးရေ
မင်း ရစ် နိုင် လွန်း . . . . .

(ခက်ဆစ် သံမှို = ဦးနှောက်)

အဟဲ… ရစ်ဖို့သာဆို အကြီး တလုံး၊ အသေး တလုံးတွေ ကမ္ဘာကြီး မူးအောင် သောက်နေစရာ မလိုပါဘူး… ဒီတိုင်းကို မမူးပဲ ရစ်တတ်ပါတယ်…။ ကော်ဖီသောက်ရင်းလဲ ရစ်တတ်ပါတယ်။ ဂရင်းတီး သောက်ရင်းနဲ့လဲ ရစ်တတ်ပါတယ်။ ကဗျာလွတ် ရစ်တတ်တဲ့ ပညာရှိတယ် ခေါ်ရမှာပေါ့…

ပြောရရင် ကိုယ်တိုင်က ဘလော့ဂ်ကြီး တခုတိတိ လက်ဝယ် ပိုင်ဆိုင်ထားတဲ့သူ ဆိုတော့ကာ တခါတခါမှာ အရစ်ကြီး ရစ်ရုံနဲ့ အားမရ... သူ့ကို ခြိမ်းလဲ ခြိမ်းခြောက်လို့ ရပါသေးတယ်။ တခုခုဆို ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့နော်... စာထဲ ထည့်ရေးလိုက်ရမလား တို့... မုန့်ဖိုး ပေးမလား မပေးဘူးလား... မပေးရင် မပေးတဲ့အကြောင်း ပိုစ့်တခု တင်လိုက်မှာနော် တို့ ဘာတို့ ပေါ့...။ ဒါလဲ ရစ်နည်း တမျိုးပဲလေ... ဟုတ်ဖူးလား...။

တခါတခါမှာ ရစ်ချင်တိုင်း ရစ်ပြီး နဲနဲလွန်သွားရင် အနိုင်နဲ့ ပိုင်းတတ်တဲ့ စကားတခွန်း ရှိသေးတယ်… အဲဒါက ဘာလဲ ဆိုတော့ ချစ်လို့ ရစ်တယ် မှတ်ပါ တဲ့…. အဲလိုပြောလိုက်ရင် အရစ်ခံရတဲ့သူခမျာ ဘာပြန်ပြောရမှန်းမသိ… အော်… သူ ငါ့ကို ရစ်နေတာ ချစ်လို့ပဲလေ ဆိုပြီး ကိုယ် ရစ်သမျှ ခံနေရတော့တာပါပဲ…။

ဟိုရက်တွေက နေမကောင်းလို့ ပတ်ပတ်လည်က ရှိသမျှ လူတွေ အားလုံးကို ရစ်မျိုးစုံလင် ရစ်လိုက်ချင် ဆိုတဲ့ အတိုင်း ရစ်ပြီးပြီ…။ စားချင်တာတွေက မတည့်… တည့်တာတွေကျ မကြိုက်၊ အဲဒီ မကြိုက်တာတွေကျ အတင်း ကျွေးကြနဲ့ တပတ်လုံး တော်တော်လေး ခံစားလိုက်ရတယ်။ နောက်ဆုံး အစားမစားနိုင်လို့ ထမင်းစားပွဲမှာ ရှိသမျှ လူတွေကို ရစ်လိုက်တာ အားလုံး ထသွားကြပြီး ကိုယ်တယောက်တည်း ကျန်ခဲ့တော့ ထိုင်နေရင်း အလကားနေ အလကားပဲ ဆိုပြီး ဘေးနားက တူ နှစ်ချောင်းကို လက်သုတ်ပုဝါနဲ့ ပတ် ရစ်လိုက်သေးတယ်…။ ကဲ… မှတ်ကရော…

ဟိုတနေ့က West Coast ရောက်တော့ စွန်လွှတ်နေတဲ့သူတွေ တွေ့ပြီး စိတ်ထဲ စွန်လွှတ်ချင်သလိုလို ဖြစ်လာတယ်။ သူတို့လွှတ်နေတဲ့ စွန်တွေက အကြီးကြီးတွေ၊ ပြီးတော့ သိပ်လှတာ... ညဖက်ဆို မီးလုံးလေးတွေ တလက်လက်နဲ့...။ အဲဒါ အမျိုးသားကို ပြောပြတော့ ကောင်းသားပဲတဲ့... စွန်လွှတ်ရင် လက်က ရစ်လုံးကို ရစ်နေရတော့ တခြားနေရာမှာ အရစ်သက်သာမယ်လို့ သူ ယူဆပုံပေါ်တယ်...။ နေကောင်းရင် စွန်ပေးလွှတ်မယ် ပြောတာပဲ... စောင့်ကြည့်ရအုံးမယ်...

အခုလဲ ဘာကိုမှန်းမသိ ရစ်ချင်နေတယ်… ရစ်စရာ လူ လိုက်ရှာနေတယ်…။ အွန်လိုင်းမှာ မျက်နှာစာအုပ်မှာ အနီးအနားမှာ ဘယ်သူတွေ ရှိနေလဲ… ဘယ်သူ့ကို ရစ်ရရင်ကောင်းမလဲ စဉ်းစားနေတယ်… ရစ်စရာလူ လှည့်ပတ် ရှာနေတယ်…။ သတိတော့ ထားကြပေါ့လေ… မျက်စေ့ရှေ့ ရောက်လာလို့ကတော့ ရစ်ပြီးသားပဲ…

အမှန်က ဒီနေ့ ခွေးလေးအကြောင်း ရေးထားတဲ့ပိုစ့်ကို တင်မလို့… သို့သော်လည်း မြင်မြင်ကရာ ရစ်ချင်ချင်ဖြစ်နေတဲ့ စိတ်နဲ့ ဒီပိုစ့်ကို ဖြတ်တင်လိုက်တယ်… ဘာလို့လဲ လို့ လာမမေးကြနဲ့နော်… လာမေးရင် မေးတဲ့သူကို အရင်ဆုံး ရစ်ပစ်အုံးမှာ… ဟွန်း….

ပုံ/
ဂျင်ကြိုး




24 comments:

  1. ရစ်မှန်းသိပါတယ် ။
    ဟင်းတင်တာတောင် ဟိုဟင်းမစားချင်ဒီတင်းတက်ခ်ဆိုရစ်သေးတာလေ။
    ချစ်လို့ ရစ်တယ်မှတ်ပါတယ်။
    ဟိဟိ။ ကြောက်ဝူးကွ ။

    ReplyDelete
  2. ချစ်ခြင်း၏ အနုပညာလို့ဖတ်ပြီး လာဖတ်တာ....

    လန့်ထှာ.... မဟာဗန်ဓုလ(သတ်ပုံသည်းခံပါ) နဲ့ ဘာတော်သလဲ...ငှင်

    ReplyDelete
  3. ဟား ဟား ဟား... သက်ဝေရယ်...
    ရီစရာ ကောင်းအောင် ရေးတတ်တယ်

    သိပ်မရီရဲဘူး တော်ကြာ လာရစ်နေမှဖြင့်...

    ReplyDelete
  4. ဒီကလဲ အရစ်ခံချင်လို့လားမသိ ... ပို့စ်ရေးတာတောင် အောက်နားမှာ သွားစထားသေးတယ်။ အမြန်ပြန်ဖျက်မှပဲ ...

    ဒီကလဲ မျက်လုံးက နဲနဲဝါးနေတော့ ချစ်ခြင်း၏ အနုပညာ လို့ဖတ်ပြီး တို့သယ်ရင်းတွေကတော့ အချစ်သမားတွေပါလားကွဆို ဒီက အစားသမားကတွေးနေတာ။ ဟိုနေ့ကပဲ တန်ခူးတင်ထားတာ အချစ်အကြောင်းလေ။

    ReplyDelete
  5. ဟားဟား......တူနှစ်ချောင်းကိုတောင် ရစ်လို့ရအောင်ရစ်လိုက်သေးတယ်.....နဲတဲ့အရည်အချင်းမဟုတ်ပါလား...... :D

    ReplyDelete
  6. အမသက်ဝေ ဗိုင်းငင်ပါလား။ ဗိုင်းငင်ရင် ချည်ခင်တွေ ရစ်ရတယ် မဟုတ်လား။
    ရာကိုချစ်လို့ ရစ်ကိုခြာ၊ မာမလောင်လို့ မောင်မလာ ဆိုတာ ငယ်ငယ်က ဖတ်ဖူးတယ်။
    ဂျင်ကြိုးက အရစ်တိုတယ်။ ချည်ခင်တွေဆို အများကြီး ရစ်ရတာ။ မဆုံးမချင်း အမုန်းသာရစ်ပေတော့လေ။ :P

    ReplyDelete
  7. မူလီတော့ အတူတူပဲ။ ဘယ်ဖက်ရစ်တာနဲ့ ညာဖက်ရစ်တာပဲ ကွာတယ် ဆိုတဲ့ စကား သွားသတိရတယ်။ :P

    ReplyDelete
  8. ဟားဟား....ဒီပို့စ်ကို မောင်ရစ်တို့ မိုးမခကို ပို့သင့်တယ်။

    ရစ်တာတော့ ကျနော်နဲ့ တော်တော်တူတယ်။ ဒါကြောင့် မဒမ်ပေါက ဘလော့ဂ်ရေးခြင်းကို အထူးအားပေးတာ။ ဝါသနာကို မြေတောင်မြှောက်တယ်မထင်ပါနဲ့။ ဘလော့ဂ်မရေးဘဲ အားနေရင် အနားမှာရှိတဲ့ သူ့ကိုပဲ ပတ်ပြီး ရစ်နေတတ်လို့။း-)

    ReplyDelete
  9. ဗစ်... ချစ်၍ ရစ်သည် တဲ့...

    စင်စင်... ရစ်ချင်နေတာနော်... စာလုံးပေါင်းကို ရစ်လိုက်ရမလား... ငှင်...

    ညီမလေး နဲ့ သန့်... တတ်သည့်ပညာ မနေသာပေါ့... ဟဲဟဲ

    ဖြူ... တိုးတိုးရယ်ပါ... ရစ်မှာနော်...း))

    ဆွိ... အချစ်အကြောင်း မတွေး... အရစ်အကြောင်းသာ ရေးသည် တဲ့...

    မေ... ဗိုင်းနဲ့ ချည်ခင်တွေ ဝယ်ပေးပါလို့ ရစ်လိုက်ရမှာလား... ပြောပါ...း))

    ကိုဇက်တီ... ဟိုနေ့က တွေ့လိုက်တယ်နော်... (ဟမ်)

    ကိုပေါ... တိုးတိုးလုပ်ပါ... မောင်ရစ်ကြားရင် ခက်ကုန်လိမ့်မယ်... အိမ်မှာလဲ အတူတူပဲ... နားအေးရင် ပြီးရော... မရစ်ရင် ပြီးရော... ရေးချင်ရာရေးခွင့် ပေးထားတာ...း))

    ရစ်ခြင်း၏ အနုပညာကို အားပေးသွားကြသူများ ကျေးဇူးပါဗျို့...

    ReplyDelete
  10. ဒီကလည်း ရစ်ချင်နေတာနဲ့၊
    ပြိုင်ရစ်ရင်ကောင်းမလား၊

    ReplyDelete
  11. တခွန်းထဲပဲ ပြောလိုက်စမ်းဘာ.... ဘာဖြစ်ချင်တာလဲ....ဟင်း ပြန်ရစ်လိုက်လို့ .... နာလန်ထမို့ အလျှော့ပေးလိုက်တယ် မှတ်ပါ....ဒါဗြဲ....

    ပုံ / မယ်ရစ်ကြည်

    ReplyDelete
  12. အပြုံးပန်းရေ... မရစ်ကြစို့နဲ့...
    ဟိုမှာ ကိုယ်တို့ထက်ဆိုးမယ့် မယ်ရစ်ကြည် လာနေပြီ... သူက မနေ့ တနေ့ကပဲ ဘာဖြစ်ချင်တာလဲ လို့ ပေါ်တင် မေးထားတာ...

    မမ ရစ်ကြည်ရေ... တကယ် ကြောက်ပါတယ်... အမိုက်အမဲလေးမို့ ဗွေမယူပါနဲ့နော်... အဟိ...

    ReplyDelete
  13. မမသက်ဝေက ကြောက်စရာကြီးပါလား အရစ်ကြီးပေါ့

    ရေးတဲ့ အိုင်ဒီယာကိုတော့ ကြိုက်တယ်ဗျို.

    ReplyDelete
  14. အော် ကံဆိုးသူမောင်ရှင်။ ရစ်သမျှခံပေါ့။

    ReplyDelete
  15. "ရစ်တတ်လွန်းသူ နေမကောင်းဖြစ်၊
    တိုးလို့တိုးလို့ရစ်၊
    ပတ်ဝန်းကျင်စိတ်ညစ်။
    အားလုံးဝိုင်းလို့ ဆုခြွေတောင်း
    မြန်မြန်နေကောင်းပါစေကြောင်း
    အမြဲတမ်းနေကောင်းပါစေကြောင်း"

    ခွေးအကြောင်းလေး ဖတ်ချင်လှပြီဆို...

    ReplyDelete
  16. လစ်မှ လစ်မှ တော်ကြာ ရစ်နေဦးမယ် :P

    ReplyDelete
  17. အမသက်ဝေ ဆိုးဆိုးစိန် ရစ်ရစ်စိန်

    ReplyDelete
  18. ဒါဆို အစ်မက အဖြူသည်ကြီးရစ်တာပေါ့း)

    ReplyDelete
  19. ရစ်ဆိုရင်၊ရစ် လဲကြိုက်ပုရစ်လဲကြိုက်၊
    ငါးရစ်လဲဖမ်း၊ဂျာရစ်လဲငန်း..အဲလေမှားလို့သူရာယစ်လဲငန်း...
    ကျန်ရစ်တို့သွားရာလမ်းတော့လိုက်မရှာမိစေနဲ့နော် ....
    ပုံ
    Kyan Yit :)

    ReplyDelete
  20. သြော်... ဗနုလမယ် စိန်ရစ်ရစ် ဆိုတာ ဘယ်သူလဲ မှတ်တယ်... ရဲရဲကြီး ရစ်ရဲတာ နည်းတာမှတ်လို့... အဟိ ထပ်ဆင့်ရစ်သွားသည်....

    ReplyDelete
  21. သက်ဝေ... မြန်မြန်နေကောင်း၍ များများရစ်နိုင်စေကြောင်း ဆုတောင်းသည်...

    ReplyDelete
  22. ဂျင်ပေါက်တတ်တယ်..။
    ကြိုးလည်း ရစ်တတ်တယ်..။
    ခခ သင်ပေးလို့ ။
    အရစ်လည်း ခံဖူးတယ် ။



    အမျိုး

    ReplyDelete
  23. ဇွန်က ခုတလော ဖဘနဲ့ဘလော့ထဲ သိပ်မ၀င်ဖြစ်လို့ အရစ်မခံလိုက်ရတာထင်တယ်နော်... ဟိ။

    ညကပဲ အတူနေသူငယ်ချင်းကို ရစ်ထားတယ်။ :D

    ReplyDelete
  24. အင်း..ကျောက်ကျောက်လန့်လန့် ဖတ်သွားကျောင်းပါ...(ရစ်မှာကျောက်လို့ ရရစ်ရှောင်ရေးသွားပါသည်...ကျည့်ကျက်ဖတ်ရှုပါရန်..) :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...