Saturday, August 21, 2010
လက်ကောက်
ချစ်ရတဲ့ ပေါက် ရဲ့ တက်ဂ်ပါ… သူရေးထားတဲ့ လက်ကောက် အကြောင်းကို သွားဖတ်ရင်း ကိုယ်လဲ လက်ကောက်တွေ ကြိုက်တယ်လို့ ပြောမိရာက တက်ဂ်လာတဲ့ ပိုစ့်လေးပေါ့…။
ငယ်ငယ်က လက်ကောက်ဆိုရင် မျက်စေ့ထဲ ပြေးမြင်တာက လူကြီးတွေဝတ်တဲ့ ရွှေလက်ကောက် ထူထူမာမာကြီးတွေပဲ… အဲလိုဟာတွေတော့ လုံးဝ မကြိုက်ခဲ့ဘူး…။ ဒါကြောင့် လက်ကောက်ဆိုတဲ့ အခေါ်အဝေါ်ထက် လက်မှာဝတ်ရတဲ့ Accessories လို့ပဲ ခေါ်ချင်တယ်… (ဇွတ်…)
လက်ကောက် မကြိုက်၊ လက်စွပ် မကြိုက်၊ ဆွဲကြိုး မကြိုက်၊ နားပေါက် မရှိ နဲ့ နဲနဲမှ မိန်းမ မဆန်တဲ့ ကိုယ်နဲ့ တက်ခဲ့ရတဲ့ ကျောင်းနဲ့ကတော့ တကယ့်ကို အံကိုက်ပါပဲ…။ ကျောင်းသူသက်တမ်းတလျောက် ဘာလက်ဝတ်လက်စားမှ မဝတ်ပဲ ရှပ်အင်္ကျီနဲ့ ကျောပိုးအိပ်၊ T Square နဲ့ ပုံဆွဲစက္ကူလိပ်တွေ ထိုးထိုးထောင်ထောင်နဲ့ ကိုယ်ဟာ သူများတွေ အမြင်မှာ ကန့်လန့်ဖြစ်နေနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ်တော့ အတော်လေး အဆင်ပြေတယ်လို့ မှတ်ယူခဲ့ဖူးပါတယ်။ (အဟဲ... အတင်းကြီးပါလားနော်...)
အဲဒီအချိန်မှာ လက်ကောက်အမာတွေ အစား Hand Chain လို့ ခေါ်တဲ့ ကြိုးအပျော့လေးတွေ ခေတ်စားလာတယ်။ ဒီတော့ ကိုယ့်ကို မိန်းကလေးဆန်စေချင်တဲ့ မေမေက Hand Chain အပျော့လေးတွေ ဝယ်ပေးပါတယ်…။ တခါမှ မဝတ်ဖူးတော့ ဝတ်လိုက်ရင် သိပ်သိသာ ထင်ရှားနေမှာစိုးပြီး အစပိုင်းမှာတော့ အဲဒီ Chain အပျော့လေးတွေကို နာရီနဲ့ တဖက်တည်း ရောဝတ်ပါတယ်။ နောက်ပိုင်းမှ ညာဖက်လက်မှာ သူ့ချည်း ဝတ်ဖြစ်တာ...။ အဲဒီလို ဝတ်ရင်းနဲ့ Chain လေးတွေကို မထင်မှတ်ပဲ နှစ်သက်လာပါတယ်…။ အဲဒီလို နှစ်သက် သဘောကျလာရာကနေ စွဲစွဲမြဲမြဲ ဆက်ဝတ်ဖြစ်သွားတာ အခုချိန်အထိပဲ ဆိုပါစို့…။
အခုတော့ ရတနာ အစစ်နဲ့ လုပ်ထားတဲ့ဟာတွေကို ပွဲလမ်းတခုခုသွားတဲ့အချိန်နဲ့ ရုံးတက်ရက် Formal ဝတ်ရတဲ့ ရက်တွေမှာသာ ဝတ်ဖြစ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ Fancy တွေကို ဝတ်ဖြစ်ပါတယ်။ ကိုယ်ကြိုက်တာလေးတွေကို တွေ့တဲ့ နေရာတိုင်းမှာ ဈေးအသင့်အတင့်ဆိုရင် ဝယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ Accessorize ဆိုတဲ့ ဆိုင်က ပစ္စည်းလေးတွေနဲ့ Evita Peroni က ပစ္စည်းလေးတွေကို ကြိုက်ပါတယ်...။ သိပ်ကြီးပြီး အဆင် အသွေး အရောင်ဆန်းဆန်းတွေ၊ ကိုယ့်လက်မှာ ထင်ထင်ရှားရှားဖြစ်နေမယ့်ဟာတွေနဲ့ သိပ်ဈေးကြီးတာတွေကိုတော့ မဝယ်ပါဘူး…။
နေ့စဉ်နဲ့အမျှ မတူအောင်၊ ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်အောင် လဲလှယ်ဝတ်ဖြစ်တဲ့ ကိုယ့်ရဲ့ တခုတည်းသော Accessory ဟာ လက်ကောက်ပါပဲ…။ ဒီပိုစ့်အတွက် ကိုယ်ကြိုက်တဲ့ ကိုယ့်အတွက် အမှတ်တရ ဖြစ်စေတဲ့ တချို့လက်ကောက်လေးတွေနဲ့ Hand Chain လေးတွေကို ရွေးပြီး ဓါတ်ပုံရိုက်ထားတယ်… ကြည့်ပါအုံး…။
ဒါလေးတွေက ကြိုက်လို့ မကြာခဏဝတ်ဖြစ်တဲ့ ဟာလေးတွေ...
ဒါလေးတွေက လက်ဆောင်ရထားတာလေးတွေ… ပေးတဲ့သူတွေကို ရေးမပြတော့ဘူးနော်… တော်ကြာ အချင်းချင်း ရန်တိုက်ပေးသလို ဖြစ်နေမှာစိုးလို့… (ဟမ်…)
နားပေါက်မရှိလို့ နားကပ်လဲ မရှိ… တခြား လက်ဝတ်လက်စားဆိုလဲ ဘယ်ဟာကိုမှ မက်မက်မောမော မရှိလေတော့ ဝတ်နေကျဟာ တခု နှစ်ခုအပြင် ပိုပြစရာမရှိပါ… လက်ကောက်ဆိုလို့သာ အခုလိုလေး ဖွယ်ဖွယ်ရာရာ ပြစရာရှိနေတာ… ပေါက် ကျေနပ်မယ် ထင်ပါတယ်…။
33 comments:
  1. လက်ဆောင်ပေးတဲ့သူလဲ များသားနော်
    ReplyDelete
  2. လက်ကောက်ဆိုလို့ မူးတောင်ရှုစရာမရှိ .
    လှလိုက်တာလေးတွေပါလား မမသက်ဝေ ..
    ReplyDelete
  3. Very nice collection of hand chains...
    Lovely...
    ReplyDelete
  4. လက်ကောက် လေးတွေက ချစ်စရာလေးတွေ တစ်ယောက်ယောက်ကိုတောင် ၀ယ်ပေးချင်စိတ်ဖြစ်သွားတယ်း) သို့သော် ၀ယ်ပေးစရာ လူကမရှိ ။
    ReplyDelete
  5. ချစ်စရာလေးတွေ.. အမမှာဆီမှာက fancy လက်ကောက်လေးတွေ ရှိသေးတယ်.. ကျနော့်ဆီမှာတော့ ဘာလက်ကောက်မှ မရှိ.. သနားစရာလေးနော်.. အပေါ်က မောင်လေး မောင်မျိုး ၀ယ်ပေးချင်တယ်ဆိုရင် ကိုယ့်အမကို ၀ယ်ပေးလို့ရတယ်နော်... ၀ယ်ပေးစရာ လူမရှိလို့ဆိုပြီး စိတ်မကောင်းဖြစ်နေမစိုးလို့ပါ.. :D
    ReplyDelete
  6. လှလိုက်တာ၊ အဲဒီလိုဟာလေးတွေ ကြိုက်တယ်၊
    ReplyDelete
  7. လှလိုက်တဲ့လက်ဝတ်တန်ဆာလေးတွေ၊ လက်ဆောင်ပေးတဲ့သူတွေလည်း တော်လိုက်တာ၊ :P
    ReplyDelete
  8. အပျော့လက်ကောက်တွေများလိုက်တာ..။
    ကျနော့်မှာလည်း လွန်ခဲ့တဲ့ ၄..၅နှစ်လောက်က သူငယ်ချင်းလက်ဆောင်ပေးထားတာ ရှိပါသေးတယ်..
    မပစ်ရက်လို့ ဒီတိုင်း ထားထားတယ်..။
    အဖိုးတန်ကတော့ တကယ်မရှိတာပါ..။
    ကုလားမလက်ကောက်တွေလည်း ကြိုက်ပါတယ်..။
    မာမာလေးနဲ့ အသံစုံစုံလင်လင်လေးတွေ..။
    ဟီးးဟီး..
    ရေးပေးတဲ့အတွက် ကျေူးဇူး..။
    မမခင်ဦးမေကိုလည်း သတိပေလိုက်ပါအုန်း.။
    ဟားဟား..။
    မောင်မျိုး ကျနော်တို့ကို ဝယ်ပြီး လက်ဆောင်ပေးလို့ရတယ်နော်..
    အားမနာနဲ့...
    စတီးလ်ရောင်..အဖြူရောင် နဲ့ အနက်ရောင်ဆိုရပြီ။
    အခုကတည်းက ကျေးဇူးတင်ထားလိုက်မယ်။
    ပေါက်
    ReplyDelete
  9. ဟန်းချိန်းတော့ ကြိုက်တယ်၊
    ဒါပေမယ့် မ၀ယ်ဘူး၊
    လက်ဆောင်ပေးတဲ့သူလည်း ရှိပါဘူး၊
    (ဘာလို့ မ၀ယ်ပေးတာလည်းလို့ ရန်တွေ့လိုက်ရ မလိုပဲ)
    :)
    ReplyDelete
  10. ကိုကြီးအစားသက်ပြင်းချသွားသည်.အဲဒါတွေ စုပြီးရွေဝယ်ပလိုက်ရ.
    လှတာတော့သိတ်လှတာဘဲ ဟင်း.
    ReplyDelete
  11. အနော်ကျ ပြောင်းပြန်.. လက်မှာ ဘာမှ မဝတ်ဘူး.. စက်နဲ့ညိပြီး ပြသနာတက်မှာစိုးလို့
    မမသက်ဝေ လက်ကောက်လေးတွေ လှတာ
    ReplyDelete
  12. ၁) ထက်ထက်မြက်မြက် ပုံစံနဲ့civil engineerမမ၊
    ၂) ကိုရွာသား၊ မကလျာတို့နဲ့ ၁ရပ်ကွက်တည်း၊
    ၃) မိန်းမသိပ်ဆန်ဆန် မဝတ်တတ်ဘူး
    ၄) ဒီလိုလက်ကောက်တွေကို မှတ်မိနေပြီဆို...
    အပြင်မှာတွေ့ရင် လှမ်းခေါ်မယ်နော် အစ်မသက်ဝေ...
    ReplyDelete
  13. အနောနိမတ်စ်... အနောနိမတ်စ် လို့ပဲ ပြောလိုက်မယ်နော်... ကောင်းကောင်းနေပါ...း))
    ဗစ် နဲ့ နုစံရေ... ကိုယ်လဲ ရှားရှားပါးပါး ဒီတမျိုးထဲ ချမ်းသာတာပါလေ...
    ဖြူ၊ ဖြိုးဖြိုး နဲ့ မေလေး... ကျေးဇူး...း))
    မောင်မျိုး... စိတ်ကို တင်းမထားရပါ... အမတွေ အများကြီး ရှိနေတာပဲ... အောက်မှ မနုစံ နဲ့ မပေါက် ပြောနေတာ တွေ့ဘူးလား...
    ပန်ပန်... လက်ဆောင်ပေးတဲ့သူတွေက သိပ်တော်တာ တကယ် တကယ်... နောက်လဲ ဒီ့ထက် ပိုတော်စေကြောင်း ဆုတောင်းသည်...း))
    ပေါက်ရေ... မမကို ထပ်သတိပေးလိုက်မယ်...း))
    အပြုံးပန်း... အနီးဆုံးလူကို အရင် ရန်တွေ့လိုက်... (ချွန်ပေးလိုက်သည်...)
    မမနော်... အနေနိမတ်စ်ဆိုပေမယ့် ဒါ မမပဲ ဆိုတာ သေသေချာချာ သိနေတယ်... ကိုကြီးကို ဖတ်ပြလိုက်တာ ဟုတ်တယ် ဟုတ်တယ်နဲ့ ထောက်ခံပြီး အော်ရယ်နေတယ်...
    ကိုအိုင်ဒီယာ...
    ၁) Civil မဟုတ် Mechanical ပါ...
    ၂) ကိုရွာသား၊ မကလျာတို့နဲ့ တရပ်ကွက်တည်း မဟုတ်ပါ...
    ၃) အပြင်မှာတွေ့ရင် ဘယ်သူက ဘယ်သူ့ကို အရင်မှတ်မိမယ် ထင်သလဲ စဉ်းစားပါ...း))
    လက်ကောက်လေးတွေ လာကြည့်ကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်...
    ReplyDelete
  14. ဟယ်... မသက်ဝေ... အများကြီးပဲ..
    သစ်သား ပုတီးစေ့ အညိုလေး ကြိုက်တယ်..။း)
    ReplyDelete
  15. Sister, noted!
    ဒါဆိုရင် လမ်းမှာတွေ့ရင် ခေါ်ပါ..:)
    ReplyDelete
  16. ညီမသက်ဝေအကြိုက် သိသွားပြီ...
    မကြာမီလာမည်မျှော်.........
    အမခင်မင်းဇော်
    ReplyDelete
  17. အဲ... ဇွန်က ဘာဆိုဘာမှ မရှိပါလား။ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်...။
    Accessorize ဆိုင်တော့ ခဏခဏ၀င်ကြည့်ဖူးတယ်။ ကိုယ်တိုင် fancy ၀တ်တာ ၀ါသနာမပါပေမယ့် သူများအတွက် ကြည့်ပေးရတာ သဘောကျတယ်။
    ဟာ..ဟ.. သိပြီ။ နောက်ဆို အစ်မကို ဘာလက်ဆောင်ပေးရမလဲဆိုတာ။ ;)
    ReplyDelete
  18. အစ်မ အဲလိုမျိုးလေးတွေ ကြိုက်တာ မသိဘူး။ လှတယ်အစ်မ.. ။ အစ်မ...တောထွက်မယ်လို့ စိတ်ကူးရတဲ့ တစ်နေ့ကျရင် အဲဒါတွေ အမွေပေးခဲ့ပါနော်။braceletsလှလှလေးတွေ မြင်ရင် သတိရနေမယ်..။ သတိရရုံပဲ။ :D ;D ;D ;D
    mm
    ReplyDelete
  19. ဖန်စီတွေကို အရမ်းသဘောကျတယ်..
    စုလဲစုဖြစ်တယ်..
    အသက်ကြီးလာရင် ဘယ်လိုဝတ်ရပါ့နော်...
    မ၀တ်နိုင်ရင် နှမြောစရာ.. သူများပေးဖို့လဲ နှမြော ကိုယ်လဲ မ၀တ်နိုင်...
    လက်ကောက်ထက် ဆွဲကြိုးလေးတွေ၊ ရင်ထိုးလေးတွေ ပိုစုဖြစ်တယ်..
    ReplyDelete
  20. မသက်ဝေ လက်ကောက်တွေ လာကြည့်သွားပါတယ်..
    ညီမကတော့ accessories တွေဆို သိပ်မဝတ်ဖြစ်ဘူး.. တခါတလေမှ.. ဝတ်ပြီး နဲနဲကြာလာရင် စိတ်ထဲရှုပ်လာလို့ သိမ်းထားတဲ့ဆီပဲ ပြန်ရောက်ကုန်တယ်။
    ReplyDelete
  21. အမ... လက်ကောက်လေးတွေ လှလိုက်တာရယ်....
း-)
    ReplyDelete
  22. အေးတာပါပဲ.. မကြိုက်တော့ အလုပ်မရှုပ်တော့ဘူး... :D
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  23. ဓါတ်ရှင်ထဲက စတီးလက်ကောက်ကြီးတွေကြ ဘယ်သူမှမရှိကြပါလား.........တိန်...
    ReplyDelete
  24. လက်ကောက်ဆိုတော့ ကျွန်တော်က ငွေရောင် လက်ထိပ်ကြီးကိုပဲ ပြေးမြင်မိတော့တယ်
    ခင်တဲ့
    Z
    ReplyDelete
  25. ညီမလဲ ဖန်စီဟန်းချိန်းလေးတွေ အရမ်းကြိုက်တယ်.. အလာဂျီဖြစ်တတ်လို့ လက်မှာဘာမှပတ်လို့မရဘူး.. မမကို အားကျလိုက်တာ.. ပုံထဲက ဟန်းချိန်းလေးတွေ အကုန်ကြိုက်စ်စ်.. :)
    ReplyDelete
  26. အယ် ... အဲလိုလက်ကောက်တွေ ၀တ်တတ်တယ် ... တဂယ် ... မထင်ရဘူးတော့ ... လှတယ် လက်ကောက်လေးတွေ ...
    များဆီမှာလဲ ဆွဲကြိုး ဖန်စီတွေ ရှိတယ် ... အများကြီးပဲ ...နောက်မှ ပို့စ်တင်ပြီး ကြွားဦးမယ် ...
    ReplyDelete
  27. လက်ကောက်လေးတွေကိုအားလုံးကြိုက်တယ်...ငွေပြားလေးပါတဲ့ ကြိုးသေးသေးမျှင်တွေအများကြီးပါတဲ့တစ်ခုကြိုက်တယ်..
    ညီမက ဖန်စီတွေသိပ်ကြိုက်တော့ ၀ယ်ဝတ်ဖြစ်တယ်...
    မမသက်ဝေနဲ့ နားပေါက်မရှိတာခြင်းတူတယ်...
    တစ်ခုလောက်လက်ဆောင်ပေး.....
    ခင်တဲ့
    မိုးငွေ့
    ReplyDelete
  28. များ တို့တော့ ပလက်တီနမ် ဟမ်းချိန်း လေး တခုပဲ ပိုင်တယ်၊ ထပ်လဲ ဝယ်နိုင်ပါဘူးတော်...:)
    ReplyDelete
  29. အဲလိုဖန်စီလေးတွေအရမ်းကြိုက်တာပဲ..
    လက်ဆောင်ပေးမဲ့သူကလည်းမရှိဆိုတော့....
    အခုလည်း ငေးပြီးပဲပြန်သွားခဲ့ရတယ်..ဟင့်..
    ခင်မင်စွာ
    သဒ္ဓါ
    ReplyDelete
  30. ဘာမှ မပြောချင်ဘူး သက်ဝေအိမ်လာလည်ပြီး ကြိုက်တာလေး အေးဆေးရွေးယူရုံပဲ...:P
    ReplyDelete
  31. သိင်္ဂီနွယ် (FaceBook)August 26, 2010 at 11:29 AM
    "ချစ်စရာလေးတွေ.... တို့လည်းအရင်ကတော့ အဲလို အပျော့လေးတွေ ဖန်စီလေးတွေသဘောကျတယ်..ခုတော့ ကိုယ်ဝတ်ရတယ်ကို မရှိဘူး.. အမွေဆက်ခံမယ့်သူ ရောက်လာပြီလေ... :)
    တို့လည်း နားပေါက်မရှိလို့ နားကပ်တွေ မရှိဘူးရယ်...
    ဟိုမှာ မန့်မရလို့ ဒီမှာ လာရေးသွားတယ် သူငယ်ချင်းရေ..."
    ReplyDelete
  32. ကိုယ်တိုင်ကိုယ်ကျ ဒီလက်ကောက်လှလှလေးတွေ ဆင်ပြီး ဒါ့ပုံရိုက်တင်စေချင်တယ် ။
    ပုံ
    မြင်ဖူးချင်သူတစ်ဦး :-D
    ReplyDelete
  33. ကြိုက်လိုက်တာ မမရာ..
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...