အသက်ရှုမ၀တာတွေ၊ မွန်းကြပ်တာတွေ၊ စိတ်သောကတွေနဲ့  ရက်ပေါင်းများစွာ…
အခုအချိန်မှာတော့ အခြေအနေပေးသလောက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးပြီမို့  စိတ်ထဲမှာ

အနည်းအကျဉ်း သက်သာသလိုလိုရှိ…
(တကယ်ကြီး သက်သာလှတယ်တော့ မဟုတ်… ကိုယ့်ကိုကိုယ် လှည့်ဖျားခြင်း တစ်ခုမျှသာ…)
ဒါပေမယ့်လဲ မကြားချင်ဘဲ ကြားနေရတဲ့ သတင်းတွေအတွက်ကတော့ စိတ်ဆင်းရဲခြင်း သက်သက်… ဒီအချိန်မှာ ကိုယ်ကြိုးစားပမ်းစား လုပ်နိုင်တာ၊ လုပ်ဖြစ်နေတာ တစ်ခုကတော့ မေတ္တာပို့ ဆုတောင်းခြင်း… ။
ဒီနေ့ တော့ သူငယ်ချင်းတစ်ယောက်ဆီက ရလာတဲ့ E Mail တစ်ခုထဲက ချစ်စဖွယ် ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ အနည်းဆုံး တစ်ချက်ကလေးလောက် ပြုံးမိလိုက်တယ် ဆိုရင်ပဲ မျက်နှာပေါ်က အကြောလေးတွေ လျော့.. အသက်လေးလဲ တစ်ရက်လောက်တော့ ပိုရှည်မှာပေါ့နော်…။
ကြည့်ပါအုံးလေ…
အခုလို အချိန်မျိုးမှာတော့ ငြိမ်းချမ်းပြီး အပြစ်ကင်းလှတဲ့ သူတို့ လေးတွေရဲ့ ဘ၀မျိုးကို

အားတောင်ကျနေ မိသေးရဲ့ …။

အားလုံးဘဲ ငြိမ်းချမ်းကြပါစေ…။