Tuesday, May 6, 2008

မုန်တိုင်း ကယ်ဆယ်ရေး အလှု

မြန်မာပြည်မှာ မေလ ၂ ရက်နေ့  ည မှ မေလ ၃ ရက်နေ့  နံနက်ပိုင်းအထိ ပြင်းထန်စွာ တိုက်ခတ်ခဲ့သော Nargis အမည်ရှိ ဆိုင်ကလုံး မုန်တိုင်းဒါဏ်ကြောင့် ယခု အချိန်အထိ လူပေါင်း ၁၅ ၀၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ရပြီး မိသားစုဝင်ပေါင်း ၁၀၀ ၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ထိုမုန်တိုင်းဒါဏ်ကြောင့် ဘေးဒုက္ခရောက်ခဲ့ရသော ပြည်သူပြည်သားအပေါင်းတို့ အား မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။ စင်္ကာပူ မှ မြန်မာ မိသားစု၊ မြန်မာ အင်အားစုများ အောက်ဖေါ်ပြပါ တို့ ထံတွင် ယနေ့ မှ စတင် ဆက်သွယ် လှုဒါန်းနိုင်ပါတယ်။


လင်းလက် - ဒုတိယထပ် ပင်နီဆူလာ ပလာဇာ
စင်းမြန်မာ - တတိယထပ် ပင်နီဆူလာ ပလာဇာ
လမ်းပြကြယ် စာကြည့်တိုက် - ပင်နီဆူလာ ပလာဇာ
ဒေါ်သန်းသန်းနု (သပြေနု) - ပင်နီဆူလာ ပလာဇာ



အခြားသောနိုင်ငံများ အတွက် အလှုငွေ ထည့်ဝင်လှုဒါန်းနိုင်သော နေရာများကို
တန်ခူး (လေနုအေး) ရဲ့  သင့်နှလုံးသားဖြင့် အသက်ကယ်ပါ ဆိုတဲ့ ပိုစ့်လေးမှာ တစုတစည်းထဲ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ အခုလို ရှာဖွေစုဆောင်းပေးထားတဲ့ တန်ခူး ကိုလဲ အထူးကျေးဇူးတင်ကြောင်း ဒီနေရာက တဆင့်ပြောကြားလိုပါတယ်။


* * * * * * * * * * * * * * * * * * * * * *

1 comment:

  1. ခုလိုlinkပေးတာကျေးဇူးပါသက်ဝေရေ…လူတွေများများသိလေများများလှူနိုင်လေပေါ့နော်…

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...