Friday, May 9, 2008

မွန်းကြပ်ခြင်း


ရင်ထဲက…
သောကအပူ ဆူဆူဝေေ၀
အိပ်လို့ လဲမပျော် စားလို့ လဲမ၀င်
မုန်တိုင်းထန်ထန်ကြားမှာ
ပြားပြားဝပ်ခဲ့ ထိုထိုသော ဘ၀တွေကို
စာနာသနား ဂရုဏာစိတ်
တဖိတ်ဖိတ် လျံဝေ
တွေးလေ တွေးလေ ဆွေးစိတ်ရယ် ဘယ်မပြေ။

ကြည့်မြင်နေကျ တီဗွီ အင်တာနက်
ဒီအချိန်မှာတော့ ကိုယ်နဲ့ ရန်ဖက်..
သို့ သော်လည်း မကြည့်ဘဲ မနေနိုင်
ကြည့်ပြီးပြန်လဲ ရင်ထဲစွဲ
အပြိုပြို အလဲလဲ ဘ၀အမွဲတွေ…။

သွားစမ်း.. သွားစမ်း.. သွားကြစမ်း..
တက်မလာကြစမ်းနဲ့  ဒီကိန်းဂဏန်းတွေ…
သွားစမ်း.. သွားစမ်း... သွားကြစမ်း…
ထုတ်မလာကြစမ်းနဲ့  ဒီရုပ်ပုံလွှာတွေ…
ငြင်းငြင်းဆန်ဆန် နှင်ထုတ်ပြန်လဲ
ဝေးဝေးမခွာ ထိုအရာများ
ကိုယ့်အတွေးထဲ တရစ်ဝဲ၀ဲ…။

ပြီးခဲ့သမျှကို လက်မခံချင်လဲ
မရ အရ လက်ခံခဲ့ရပြီ
မယုံကြည်ချင်လဲ ယုံကြည်ခဲ့ရပြီ
ရင်ထဲမှာ ၀မ်းနည်း ထိခိုက်စွာနဲ့ ကြေကွဲ
မွန်းကြပ်လွန်းတဲ့ ထိုဘ၀တွေ
ဘယ်လိုကူညီရပါ့မလဲ…။

ဒီအချိန်မှာတော့
တန်ခိုးရှင်တစ်ယောက် ကိုယ်သာဖြစ်လိုက်ချင်
အာလာဒင်လို မီးခွက်ကလေး အသာပွတ်လို့ 
နတ်တို့ ဖန်ဆင်း ရေကန်တွင်းသို့ 
ဆင်းသက်သလို တမဟုတ်ချင်း
ကိုယ်ဖန်ဆင်း…။

ထိုမုန်တိုင်း...
မေ ၃ ရက်ရဲ့  နေ့ လည်ခင်းမှာ
မသဲတော့ဘဲ စဲခဲ့သော်လည်း
ကိုယ့်ရဲ့ ရင်ထဲမှာတော့
အချိန်တိုင်း အချိန်တိုင်း
စဲကိုမစဲနိုင် သဲသဲမဲမဲ
အပြိုင်အဆိုင် တိုက်ခတ်နေဆဲ…
အို… ဘယ်တော့များမှ စဲမလဲကွယ်။

4 comments:

  1. သက်ဝေရေ… ကဗျာလေးနဲ့ ထပ်တူ မွန်းကြပ်လှောင်ပိတ် …

    ReplyDelete
  2. အင်း..ဟုတ်တယ်နော်.. အားလုံးလိုချင်ရာဖြစ်စေလို့ ဖန်ဆင်းလို့ရရင် ကောင်းမယ် သက်ဝေရယ်။

    ReplyDelete
  3. ကဗျာလေး ကောင်းတယ်ဗျာ သက်ဝေ။

    ReplyDelete
  4. မုန်တိုင်းစဲပါစေ။ ၀န်းကျင်သာယာပါစေ အစ်မရေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...