အမှန်က စိတ်တွေနောက်ကျိ ရှုပ်ထွေး မွန်းကျပ်နေတဲ့ အချိန်တွေမှာ
ကျွန်တော် သူ့ကို ဟိုး.. ခပ်ဝေးဝေးမှာ ပစ်ထားချင်တာပါ...
ပြီးတော့ လေသံခပ်မာမာနဲ့ ပြောချင်တာတွေက...
ဒီမှာ.. ဒီမှာ... မင်းက ဘာလဲကွ...
ခဏ ခဏ လူကို လာတွယ်ငြိနေတာ...
ပြောလိုက်ရင် အေးတိအေးစက် သွေးပျက်နေသလိုနဲ့
တကယ်တော့ မင်းက ငါ့အတွေးတွေကို အပိုင်စီးနေတာ...
တွေ့လိုက်ရင် မထုံတက်တေး တွေတွေငေးငေးနဲ့...
တကယ်တော့ မင်းက ငါ့အချိန်တွေကို စိုးမိုးနေတာ...
ကြည့်လိုက်ရင် မျက်လုံးတွေ အဝိုင်းသားနဲ့ ...
တကယ်တော့ မင်းက ငါ့ကို အနိုင်ယူနေတာ...
ဟိတ်ကောင်... မင်းက ဘာလဲကွ...
မင်းရဲ့ ရှေ့ကို မရောက် အရောက်လာချင်အောင်
လူကို မင်းဘာတွေနဲ့ ပြုစားနေတာလဲ...
မင်းကို တရက်မတွေ့ရ မနေနိုင်အောင်
လူကို မင်းဘာတွေနဲ့ လှည့်ဖျားနေတာလဲ...
မင်းကို လှည့်မကြည့်ပဲ မနေနိုင်အောင်
လူကို မင်းဘာတွေနဲ့ သွေးဆောင်နေတာလဲ...
မင်းကွာ... တော်တော်ဆိုးတဲ့ကောင်ပဲ...။
ဟေ့.. ဒီမှာ..
မင်းသိထားဖို့က အခုချိန်မှာ အတွယ်အတာတွေ သံယောဇဉ်တွေ...
ချစ်တာတွေ မုန်းတာတွေ... လွမ်းတာတွေ ဆွေးတာတွေ...
နီးတာတွေ ဝေးတာတွေ... ဘာညာ.. ဘာညာ တွေ...
ဘာဆို ဘာမှ ငါ့ကို လာမပြောနဲ့ ဝေးဝေးမှာ သွားပို့ထားလိုက်...
လောလောဆယ် ငါ စိတ်တွေ သိပ်ရှုပ်နေတယ်...
ငါ့ရင်ထဲမှာ မင်းအတွက် စကားလုံးတွေ တလုံးမှမပါရှိ... ဗလာနတ္ထိ...။
ဒီတော့ စိတ်တွေကို ဆေးကုလို့ နေကောင်းသွားတဲ့ တနေ့မှာ မင်းဆီကို ပြန်လာခဲ့မယ်...
အဲဒီအချိန်မှာ ငါနဲ့အတူတူ...
အပြုံးနုဝေတဲ့ စကားလုံးစုတွေ ပါလာမယ်...
ချိုသာမှုတွေနဲ့ ကဗျာစုတွေ ပါလာမယ်...
နွေးထွေးတဲ့ အတွေးတွေ ပါလာမယ်...
ကြည်လင်တဲ့ အမြင်တွေ ပါလာမယ်...
ပြတ်သားတဲ့ အမှန်တရားတွေ ပါလာမယ်...
အဲဒီ့နေ့ကျမှ ငါတို့ ပြန်တွေ့ကြတာပေါ့...
သေသေချာချာ မှတ်ထားနော် မမေ့နဲ့... ဟုတ်ပြီလား...။

အမြန်ပြန်လာခဲ့ပါ။
ReplyDeleteအမရေ အနားယူလိုက်ပါဦး
ReplyDeleteဘလော့ဂ်နာကျတာနေမယ်
အနားယူပြီးတော့ ပြန်လာခဲ့နော်
မျှော်နေမယ်
စိတ်တွေကို ဆေးကုလို့ နေမကောင်းသေးလဲပြန်လာခဲ့လို့ရပါတယ်။
ReplyDeleteဘလော့ဂ်နဲ့ ဖြစ်တာပဲကွယ် ဖြစ်ပေါ့...း)
ReplyDeleteဘလော်ဂါတွေနဲက မဖြစ်ရင်ပြီးတာပဲ...း)
ATN
ဒီတယောက်လဲ ဘလော့ဂ်နဲ့ စိတ်ကောက်သွားပြန်ပြီ
ReplyDeleteမျက်စိသူငယ် နားသူငယ်ဖြင့်
ReplyDeleteလာဖတ်သွားသည်။။
ပေါက်
ဘလော့ကိုအလည်လာတဲ့သူတွေနဲ့တော့ ရန်မဖြစ်ဘူး မဟုတ်လားဟင်..
ReplyDeleteရန်ဖြစ်တဲ့ထဲ နာတို့ ပါဘူးနော်...
ReplyDeleteအဆင်ပြေပါစေ သက်ဝေ.
ReplyDeleteTakecare...
ReplyDeleteB4..I don't know about U R under medication.
Oppp!!!
I B pray 4 U :)
စာတွေပြန်ဖတ်ဖို့ စောင့်နေပါ့မယ်
ReplyDeleteသက်ဝေ..မျှော်နေမယ်နော်..ပြန်ခေါ်တဲ့တနေ့.. ဘလော့ဂ်နဲ့..:)
ReplyDeleteတည့်အောင်နေပါကွယ်... ။
ReplyDeleteဘယ်လိုဖြစ်တာလဲကွယ်.. အေးရာအေးကြောင်းလုပ်ပါ.. အားတဲ့ အခါ တွေ့ကြမပေါ့လို့ တွေးပါဗျာ..။ နှုတ်ဆက်သူတွေများလို့ စိတ်ညစ်ရတဲ့ ကြားထဲ...
ReplyDeleteသူ့ကို ကျွန်တော် နှုတ်ဆက်တာ မဟုတ်ပါဘူး...
ReplyDeleteသူ ကျွန်တော့်ကို လွှမ်းမိုးနိုင်လွန်းလို့ ခဏလောက် စိတ်ကောက်ကြည့်တာပါလေ...
တကယ်တော့ သူ့ကို ကျွန်တော် တရက်မှ မခွဲနိုင်ပါဘူး...
(စာမရေးနိုင်တဲ့နေ့တွေများလာလို့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုရင်း သူ့ကို စိတ်တိုရင်း ရေးမိတာပါ... သူနဲ့ ဝေးနေလို့ ဘယ်ဖြစ်ပါ့မလဲ...)
အားပေးကြသူများ မှတ်ချက်များအာလုံးအတွက် ဝမ်းသာစွာ ကျေးဇူးတင်နေပါသည်...။
ချိုသင်းလဲ စိတ်ကောက်ပစ်လိုက်ချင်တယ်။ ခဏလောက်ပဲ ဖြစ်ဖြစ်။ နည်းနည်းတော့ နေသာထိုင်သာ ရှိသွားမှာပဲ။
ReplyDeleteMCT အနေနဲ့စိတ်ကောက်သင့်ပါတယ်၊ဂျင်မှာလေ့ကျင့်ခန်း
ReplyDeleteလုပ်ချိန်များများရစေချင်လို့ပါ
သက်ဝေရေ… ခံစားချက်ခြင်းနဲနဲတူနေတယ်… တို့ ကတော့ စိတ်ကောက်တာ မဟုတ်ပါဘူး… ဘယ်လိုပြောရမလဲ… စိတ်မပါတာ… စိတ်တွေမပျော်တော့ သူ့ အနားမသွားချင်ဘူး… ရှုးးးးးးးးး…. သူမသိပါစေနဲ့ ကွယ်…
ReplyDeleteမမသက်ဝေ.. စိတ်ကောက်ပြေတော့လေ.. :D
ReplyDelete