Wednesday, June 3, 2009

သူ ဖန်ဆင်းသော ပန်းတခင်း

လင်းလက်တောက်ပ နေရောင်ခြည်တွေနဲ့
နေ့သစ်တွေတိုင်းမှာ
ကိုယ့်ရဲ့ စိတ်ကူးတွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

နိုးတဝက် အိပ်တဝက် ညတွေတိုင်းမှာ
ကိုယ့်ရဲ့ အတွေးတွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

အိပ်မောကျသွားတဲ့ ညတွေတိုင်းမှာ
ကိုယ့်ရဲ့ အိပ်မက်တွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

ဒီလိုနဲ့ ကိုယ့်စိတ်ကို နေ့စဉ်ရက်ဆက် စိုးမိုးနေတဲ့
စိတ်ကူးတွေ၊ အတွေးတွေ နဲ့ အိပ်မက်တွေ အကြောင်း
သူ့ကို ပြောပြမိတော့ သူက ကိုယ့်အတွက်
အဖြူရောင် ပန်းလှလှတွေ ဝေနေတဲ့ ပန်းခင်းလေးတခုကို
ဖြူစင်သော ချစ်ခြင်းတွေနဲ့ အတူဖန်ဆင်းပေးခဲ့လေတယ်…



အဲဒီပန်းခင်းထဲက ပန်းပွင့်တွေအများကြီးကို
တပွင့်ချင်းစီ ရေတွက်လို့မရသလို
ကိုယ့်ရင်ထဲက သူ့အတွက် အချစ်တွေနဲ့အလွမ်းတွေကလဲ
မရေမတွက်နိုင်တဲ့ ပန်းပွင့်လေးတွေနဲ့အပြိုင်…

12 comments:

  1. ပန်းခင်းပိုင်ရှင်ရေ ပန်းတွေနဲ့ ဝေနေတဲ့ အလွမ်းတွေကို ဖြေသိမ့်ပါလှည့်

    ReplyDelete
  2. ပန်းတွေက အလွမ်းတွေဖြစ်သွားတယ်လား...

    ပုံထဲက ပန်းဖြူဖြူ တွေမြင်ရတာ စိတ်ချမ်းသာလိုက်တာ.. အလွမ်းပန်းလေးတွေကနေ လန်းဆန်းတဲ့ ပန်ခင်းလေးဖြစ်ပါစေ...

    ReplyDelete
  3. အမနော်... ဘယ်သူ့ကိုလွမ်းတာလဲတဲ့... ဟိုမှာ မေးနေပြီတော့....

    ReplyDelete
  4. ချစ်သူခင်းကျင်းပေးတဲ့ အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
    ပန်းခင်းတခုအပေါ်မှာ မှေးစက်လိုက်ပါ သက်ဝေရယ်… ချစ်သူရဲ့နားလည်မှုတွေကို ထွေးလို့ ခြုံလိုက်ပါ… အဲဒီအခါ အလွမ်းတွေက ပန်းတွေပြန်ဖြစ်လို့  ချစ်မ၀ပေါ့… (အားကျလိုက်တာ… ကိုယ်တို့ များ ပန်းတခင်းမပြောနဲ့  ပန်းတပွင့်တောင် မရဖူးဘူး… 8-( )

    ReplyDelete
  5. ချစ်သူဖန်ဆင်းတဲ့ ပန်းခင်းမှာ ချစ်ခြင်းနဲ့သာ မွေ့ပါစေဗျာ

    ReplyDelete
  6. အတွေးလေးက ချစ်စရာကောင်းလိုက်တာ...
    "အဲဒီပန်းခင်းထဲက ပန်းပွင့်တွေအများကြီးကို
    တပွင့်ချင်းစီ ရေတွက်လို့မရသလို
    ကိုယ့်ရင်ထဲက သူ့အတွက် အချစ်တွေနဲ့အလွမ်းတွေကလဲ
    မရေမတွက်နိုင်တဲ့ ပန်းပွင့်လေးတွေနဲ့အပြိုင်…"

    ReplyDelete
  7. အလွမ်းဖြင့်ဖြင့် ပန်းဖြင့်ဖြင့်
    ဖတ်ရတာ ကြည့်ရတာ
    လှပြီး
    စိတ်ချမ်းသာလို့ပါ။

    ReplyDelete
  8. ဘယ်သူ ဖန်ဆင်းပေးတာလဲငှင်

    ReplyDelete
  9. အော်.. အလိုက်သိလိုက်တဲ့ ချစ်သူပါလား။
    ကြည်နူးသွားတယ် မမသက်ဝေ

    ReplyDelete
  10. အလွမ်းပန်းတခင်းအကြောင်း ဖတ်သွားပါတယ်...

    ReplyDelete
  11. White love...!!

    Thanks for share white flowers...
    I also bring some for you :)

    ReplyDelete
  12. ချစ်သူပေးတဲ့ ပန်းတခင်းနဲ့ ကံကောင်းလိုက်တာ မသက်ဝေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...