Friday, June 12, 2009

နူးညံ့တဲ့ အမိန့်တော်

ဘာရယ်မဟုတ် အခုတလော ခဏ ခဏ နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ။
သီချင်းလေးရဲ့ နာမည်၊ ဆိုထားတဲ့ အဆိုရှင် နှစ်ယောက်စလုံး (တကယ်က အငဲကို ပိုကြိုက်ပါတယ်)၊ သီချင်း စာသားတွေ၊ ပြီးတော့ ဒီသီချင်းရဲ့ မူရင်း အဆိုရှင် Bryan Adam ၊ မူရင်း သီချင်း Cloud no. 9… ။ အဲဒါတွေ အားလုံးကို နှစ်သက်တာကြောင့် အမှတ်တရ တင်လိုက်တာပါ။ (YouTube ကို တခါမှ ဒီလိုမတင်ဖူးသေးတာမို့ စမ်းကြည့်ချင်တာလဲ ပါ ပါတယ်။)



ကိုယ်က တိမ်တွေကို ချစ်တဲ့သူ၊ ဖြေးဖြေးလေး ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို မော့ကြည့်ရတာကို နှစ်သက်တတ်သူတယောက် ဆိုတော့ သီချင်းစာသားတွေ ထဲက

“တိမ်လို လွင့်မျောလိုက်… တိမ်လို ပြိုလဲလိုက်…
စေညွှန်ရာလွင့်ခဲ့… အချစ်ရဲ့ လေညှင်းထဲ…
မင်းနဲ့ တို့နှစ်ယောက် ခရီးထွက်ခဲ့… နူးညံ့တဲ့ အမိန့်တော်အတိုင်း…

တိမ်လို နိမ့်ဆင်းလိုက်… တိမ်လို မြင့်သွားလိုက်…
နာကျင်မယ့် ငရဲလား… ကောင်းကင်ဘုံလေးလား…
အမြဲတို့နှစ်ယောက် အတူတူ ရွက်လွှင့်ခဲ့… နူးညံ့တဲ့ အမိန့်တော်အတိုင်း…”


ဆိုတဲ့ နေရာလေး၊ စကားလုံးလေးတွေ ကိုလဲ တကယ်ပဲ နှစ်သက်မိပါတယ်။












ဒီသီချင်းနဲ့အတူ လှပတဲ့ တိမ်တိုက်တွေရဲ့ ဓါတ်ပုံလေးပါ တင်ပေးလိုက်ပါတယ်။
(တိမ်တွေကို ချစ်တယ်ဆိုလို့ လှပတဲ့ တိမ်တွေကို မှတ်မှတ်ရရ ဓါတ်ပုံရိုက်ပြီး ပို့ပေးတဲ့ ချစ်သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်)

အားလုံးအတွက် ကောင်းသော သောကြာနေ့ ဖြစ်ပါစေ…။


Bonus :

ချစ်ရတဲ့ မမခင်ဦးမေ အတွက် လက်ဆောင်အဖြစ် ဒီဇင်ဘာ သီချင်းလေး ထပ်တင်လိုက်ပါတယ်...။



သီချင်းနားထောင်ရင်း ပျော်ရွှင်ကြပါစေ။


21 comments:

  1. ကိုမြင့်မိုးအောင်ရေးတာ ထင်တယ်နော်...ဒါမှမဟုတ်.. ကေအေတီလားး
    ခုနောက်ပိုင်း သူ့သီချင်းတွေထဲမှာ လေးဖြူက ဒီသီချင်းတော်တော်ကြိုက်ဆိုပဲ...

    ReplyDelete
  2. ဒီ banner ကို အယင် banner ထက်ပိုကြိုက်တယ် သက်ဝေ...
    တိမ်လို လွင့်မျောလိုက်… တိမ်လို ပြိုလဲလိုက်…
    သီချင်းလေး ညီးသွားတယ်

    ReplyDelete
  3. အဲဒီတစ်ခွေလုံးကြိုက်ပါတယ်။ အခုတစ်လော ထပ်တလဲလဲနားထောင်ဖြစ်နေတဲ့သီချင်းကတော့ ဒီဇင်ဘာပါ။


    http://www.youtube.com/watch?v=iw1n3eOe1_Y

    အိုင်စီရှိုးသွားကြည့်/ရအောင်သက်ဝေ။...
    (စိတ်ကူးထဲမှာတောိ့စ်တ်ချမ်းသာစရာ ကောင်းနေတာဘဲ)
    (

    ReplyDelete
  4. မေငြိမ်းက `1 ရသွားတာကိုး နာလိုဘူး. တို့အိပ်ပျော်သွားလို့ မဟုတ်ရင်တို့ ရမှာ။
    ဟေ့ကလေးမ ရုံးမတက်ဘူးလား။
    တို့လဲ ပြေးတယ်။ ရုံး

    ReplyDelete
  5. အစ်ကိုအောင်သာငယ်ကလဲ ကျနော်ကြိုက်တဲ့သီချင်း အမသက်ဝေကလည်း ကျနော်ကြိုက်တဲ့ သီချင်း အိမ်ပြန်ရောက်ရင်တော့ နားထောင်ပြီ တစ်ပုဒ်ပြီးတစ်ပုဒ်

    အမျိုးအရင်းကြီးတွေက သစ္စာဖောက်တယ်တဲ့ ကိုလေးပြောသွားတာ

    ReplyDelete
  6. ချစ်တယ်ဆိုလို့ဝမ်းသာတယ်။ အခုတလောအားငယ်တယ်။

    ReplyDelete
  7. အဲသလိုလုပ်လိုက်လိမ့်မယ်. (ယူကျုကယူပြိးထပ်တင်လိုက်လိမ့်မယ်လို့ မမြှော်လင့်မိဘူး။)

    အထီးကျန်တဲ့ကတမ္ဘာမှာ........အသက်ရှုနေနိုင်တာ. မမြင်ရတဲ့အချစ်တွေကြောင့်ပါဘဲ။

    ကျေးဇူးပါ သက်ဝေ။

    ပြန်ဖြုတ်လိုက်ရင်လဲရတယ်။ ဘလော့လေးမှာစိုးရိမ်မိတယ်။ သက်ဝေ. ချစ်တာ အစ်မ သိပြီဘဲ။ ဒီလောက်ဆိုရပြါီ့ပီ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ ကိုယ်တိုင်ကိုက အကုန်ပြန်ပြန်ဖြုတ်ပစ်တတ်တဲ့ အကျင့်ရှိလို့ပါ။

    နိုငှ်ု့ငံခြားမှာ နေရတာဖောင်စီးရင် ရေငတ်နေရသလိုဘဲ။ အားလုံးပြည့်စုံပါရဲ့နဲ့ဟာနေတယ်။

    ReplyDelete
  8. တို့လဲ တိမ်တွေ ကို မော့ကြည့်ပြီးရိုက်ထားသေးတယ်။

    ReplyDelete
  9. လေယဉ်ပေါ်ကနေလဲခိုးပြိး ရိုက်လာတယ် အများကြိးဘဲ။

    ReplyDelete
  10. သိပ်ကြိုက်တဲ့ သီချင်းပေါ့ အစ်မ...
    စာသားတွေက ဒီတိုင်း ရွတ်ရင်ကို နူးညံ့လှပလို့...။

    ReplyDelete
  11. Thanks 4 ur kindness..
    I'll B seriously remember.. u every time when I get in the clouds..

    ReplyDelete
  12. အဲဒီသီချင်းလေးကို သီချင်းနာမည်လေးကအစ စာသားလေးတွေ တလုံးချင်းရော ဆိုတဲ့သူရဲ့ soulပါအကုန်ကြိုက်ပါတယ်… တို့ အမျိုးသားလဲကြိုက်တာမို့  ကားပေါ်မှာ ခဏခဏဖွင့်ဖြစ်တဲ့ သီချင်းလေးပါ… မမခင်ဦးမေက IC show ကြည့်ဖို့  အဖော်စပ်နေတာ ကြားလိုက်တယ်… ဒီတခါလာရင် တို့ လဲလိုက်မယ်… ခေါ်နော်…

    ReplyDelete
  13. ကြိုက်ပါတယ်...
    အိုင်စီရှိုးလိုက်ကြည့်ချင်ပါတယ်..

    ReplyDelete
  14. အငဲရဲ့ သီချင်းတွေထဲက အရမ်းကြိုက်တဲ့ သီချင်းတပုဒ်ပဲ မမသက်ဝေရေ.. :)

    ReplyDelete
  15. မူရင်း cloud number 9 ကိုပိုကြိုက်တယ်။
    နူးညံ့တဲ့အမိန့်တော်ကို ယုံစားမိလို့
    အခုတော့ .... (အလဲ့..ဇာတ်နာသွားအောင်..ဒီတိုင်းထားလိုက်မယ်..ထင်ချင်သလို ထင်ပါလေ)
    mm

    ReplyDelete
  16. Lets go.... :)
    I like it ..thx a bunch

    ReplyDelete
  17. ချိုသင်းလဲ နူးညံ့တဲ့ အမိန့်တော်အတိုင်း လိုက်နာခဲ့ဖူးပါတယ် မမသက်ဝေ။ ပြေးထွက်မရတဲ့ ဆွဲအားတခုပါပဲလေ။ :)

    သီချင်းလေးကို နှစ်ခါ ပြန်နားထောင်သွားတယ်။ အမြဲနားထောင်နေကျ သီချင်းလေးတပုဒ်ပါ။ မမတို့ IC Show ကြည့်ဖို့ အဖော်စပ်နေကြတာ ပျော်စရာကြီး..

    မမ KOM ဘာများ အားငယ်နေပါလိမ့်။

    ReplyDelete
  18. နူးညံ့တဲ့ ကဗျာတပုဒ်ပါပဲ...
    အားလုံးလည်း အမိန့်တော်အတိုင်း စေညွှန်ရာ သွားနေကြတာပဲ မဟုတ်လား...

    ReplyDelete
  19. ဇာတ်လမ်းလေးနဲ့ သီချင်းတစ်ပုဒ်မို့ ပုံရိပ်လည်း ကြိုက်တယ်။

    ReplyDelete
  20. သိလားသက်ဝေ...သူကလေ "အထီးကျန်တဲ့ကတမ္ဘာမှာ........အသက်ရှုနေနိုင်တာ. မမြင်ရတဲ့အချစ်တွေကြောင့်ပါဘဲ။ " တဲ့လေ အဲဒီအပြောလေးတွေနဲ့ တို့များတွေဆီက အချစ်တွေကို ချူ ချူ ပြီးယူနေတာကြာပေါ့....

    နားထောင်သွားပါတယ်..သိပ်ကြိုက်တဲ့ သီချင်းလေးတွေပါပဲ..

    ReplyDelete
  21. အဲဒီသီချင်းပေါ့။ ကိုယ့်အိမ်ကလူ ကားပေါ်မှာ ခဏခဏဖွင့်တာ။ ကြိုက်ပါသည်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...