ဒီဇင်ဘာရဲ့အိပ်မက်ဟောင်းတွေဟာ မနေ့ တနေ့ကလို နွေးထွေး လတ်ဆတ်ဆဲ အဲဒီ အိပ်မက်ဟောင်းတွေကို ပွေ့ပိုက် သယ်ဆောင်ရင်း ပြာမှိုင်းမှိုင်းညနေတခုမှာ တယောက်တည်း လမ်းလျှောက်လာခဲ့တယ် အောချတ် လမ်းမကြီးပေါ်မှာ ဒီဇင်ဘာညနေခင်းတွေရဲ့ သင်္ကေတ အရောင်စုံ မီးပွင့် မီးခိုင်တွေက မျက်စိကျိန်းစရာ ပျိုးပျိုးပြက်ပြက် လင်းလက်လို့ ပြုပြင်မှုလွန်ကဲပြီး သဘာဝရဲ့ အနှစ်သာရ ကွယ်ပျောက်နေတဲ့ ထင်းရှုးပင်အတုတွေကလည်း နေရာတကာမှာ စူးစူးရှရှ ထိုးထိုးထောင်ထောင်နဲ့ ဖြူပွပွ ဆပ်ပြာမြှုပ်တွေဟာ အတုအယောင် နှင်းမှုန်တွေအဖြစ် ဟန်ဆောင်ပန်ဆောင် အပြုံးတုတွေ ဝေလို့ လမ်းဘေးပလက်ဖေါင်း တဖက်တချက်မှာ နိုင်ငံတကာက လူမျိုးခြားတွေရဲ့ ဘာသာစကားပေါင်းစုံကို ကာရန် မညီမညွတ်နဲ့ အတိုင်းသား ကြားနိုင်တယ် အဲဒီ ပလက်ဖေါင်းပေါ်မှာပဲ ကဗျာလွတ် ကပြ အသုံးတော်ခံနေတဲ့သူ အပြည်ပြည်ဆိုင်ရာ တေးဂီတသံစဉ်တွေ သီဆို ဖြေဖျော်နေတဲ့သူ ကြိမ်ပုတီးလုံးတွေကို ခါးမှာပတ် တပတ်ပြီး တပတ် လှည့်ပြနေတဲ့သူ သူတို့တွေနဲ့အတူ ရေခဲမုန့်လှည်းတွေကလည်း ကြိုးကြား ကြိုးကြား ရှိနေတယ် ကြော်ငြာဆိုင်းဘုတ်တွေ အလှဆင် မီးရောင်တွေနဲ့ ကုန်တိုက်ကြီးတွေပေါ်မှာ သူ့ထက်ငါ တိုးဝှေ့ ပြေးလွှား အမျိုးအမည် စုံလင်လှတဲ့ ပစ္စည်းတွေ လျှော့ဈေးချတဲ့ အချိန် နေရာတိုင်းမှာ တန်းစီ ယဉ်ကျေးမှု ထွန်းကားတယ် အရာရာမှာ သုတ်သီးသုတ်ပြာနဲ့ အလိုလိုနေရင်း အရေးတွေကြီးနေတတ်တဲ့ ခွင့်ပြုပါ ငါ့ကို ခွင့်ပြုပါ လို့ တစာစာ ရွတ်ရင်း အပြေးတပိုင်းနဲ့ တွန်းတွန်းတိုက်တိုက် သွားလာနေတတ်တဲ့ ကျွန်းသူ ကျွန်းသားတွေရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်းကို ဒီနေရာမှာ အထင်းသား တွေ့နိုင်တယ် အများသူငါလို တိုးဝှေ့ တမေ့တမော တန်းစီပြီး မစောင့်ဆိုင်းနိုင်တဲ့သူတယောက်အတွက် နေရာက အလွဲ အချိန်က အလွဲ အရာရာဟာ လွဲချော် မှားယွင်းနေတော့တာ လူရေစီးကြောင်းကြီးနဲ့ ဆေးလိပ်မီးခိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း လူဦးရေ ထူထပ်မှု နည်းမယ်လို့ ထင်ရတဲ့နေရာကို လျှောက်လာခဲ့တယ် တကယ်တော့ ဒါဟာ အပြန်လမ်းပဲလို့ ရုတ်တရက် သိလိုက်တယ် မပြောင်းလဲနိုင်တဲ့ သတိရခြင်းတွေကတော့ ကိုယ်နဲ့အတူတူ ထပ်ချပ်မကွာ တပါတည်း လိုက်ပါ လျှောက်လှမ်းလို့ အမှတ်တရ မှာဖြစ်လိုက်တဲ့ မိုခါးတခွက်ဟာ သတိရခြင်းတွေကို နှစ်ဆမက တိုးပွားစေခဲ့တယ် အဲဒီသတိရခြင်းတွေကို အရည်ပျော်လို ပျော်ငြား မိုခါးပူပူထဲ စိမ်လိုက်တယ် အဲဒီနောက် စားပွဲပေါ် မေးထောက်လို့ လမ်းတလျှောက်ကို အေးအေးသက်သာပဲ ငေးကြည့်နေလိုက်တော့တယ် လှမ်းမြင်နေရတဲ့ စိန့်မာတင်လမ်းကြားမှာ သစ်ရွက်ဟောင်းတချို့ မိုးရေတွေ စိုစိုစွတ်စွတ်နဲ့ ချမ်းချမ်းစီးစီး လှဲလျောင်းနေကြတယ် သူတို့ကို ကြည့်နေမိတဲ့ အကြည့်တွေမှာလည်း မိုးရေတွေ စိုစွတ်လာသလို ခံစားရတယ် ခေါင်းလောင်းတီးပြီး အလှူခံနေတဲ့သူတွေကို တွေ့တော့ ဆူနာမီ နှစ်ပတ်လည်ကို ရောက်တော့မယ်ဆိုတာ သတိရသွားတယ် မကြာခင်မှာ ခရစ်စမတ်ကို ရောက်တော့မယ် နှစ်သစ် တနှစ် ကူးတော့မယ် ပြီးတော့ အသက်တနှစ် ပိုကြီးလာတော့မယ် ကြည့်ပါအုံး… တဖြည်းဖြည်းနဲ့ ညက မှောင်လာတယ် လမ်းပေါ်မှာ မီးရောင်တွေ ပိုလင်းလာတယ် ကားတွေ အသွားအလာ ကျဲပါးစ ပြုလာပြီ ခုနက ကြိတ်ကြိတ်တိုးနေတဲ့ လမ်းသွားလမ်းလာတွေ စဲ စ ပြုလာပြီ ထိုင်နေတဲ့ ကော်ဖီဆိုင် မှောင်မှောင်လေးမှာလည်း လူရှင်း စ ပြုလာပြီ စားပွဲပေါ်က မိုခါးတခွက် တဝက်တပျက်နဲ့ အေးစက်ခဲ့ပေမယ့် အတွေးထဲက သတိရခြင်းတွေကတော့ နွေးထွေးဆဲ ဘယ်အချိန်ရောက်ရောက် ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဖယ်ခွာ မေ့ဖျောက် ချန်လှပ်ထားလို့ မရနိုင်တဲ့ သတိရခြင်းတွေကို နှုတ်တိုက် ရေရွတ်ပြနေစရာ မလိုပဲ နေရာမှန်ကို ရောက်သွားစေဖို့ မမေ့မလျော့ လှမ်းပို့လိုက်ပါတယ် တကယ်တော့ ဒါဟာ တနှစ်စာ…
ဒီဇင်ဘာဆိုတာ ကျနော့်အတွက်တော့ အမှတ်တရများစွာ..
ReplyDeleteတနှစ်စာအမှတ်တရတွေ နဲ့ ကာရန်မဲ့ညနေလေးကိုဖတ်ပြီး ဘာကိုမှန်းမသိ ရင်ထဲမှာလွမ်းပြီးကျန်ခဲ့တယ်....
ReplyDeleteမနက်ခင်းလေးမှာနိုးလာခဲ့...အရင်ဆုံးမင်းကိုလွမ်းပါတယ်... Like..
ReplyDeleteကာရံမဲ့ ညနေ ဒီဇင်ဘာညနေ...ပုံဖော်ထားတာလေးလှတယ်...။ ဖတ်ရင်းခံစားမှုကုးဆက်ခံရသလို အသက်ရှူကြပ်လာတယ်....။ သတိရခြင်းတွေ လွမ်းမောခြင်းတွေ....
ReplyDeleteနောက်နှစ်သစ် တစ်ရက်နေ့ကိုမကြုံချင်ဖူး
ReplyDeleteအမှတ်တရလေးတွေရှိနေလို့
မေ့ထားချင်ထှာာာာ
ခုတော့ ချမ်းစိမ့်နေပြီ
မောင်ဘကြိုင်
မိုက်တယ်...အရေးအသားကို ခိုက်တယ်....
ReplyDeleteအို့ ဒီဇင်ဘာ ကိုယ့် ဒီဇင်ဘာ
ReplyDeleteဆောင်မရှီလို့ ပုဆိုးလေး ခြုံကွေးခဲ့ရတာ
သိပ့်သတိရ...
..(ဒုတိယ)
Nice & lovely modern essay... Fantastic..!!
ReplyDeleteဒီလိုနဲ့ အချိန်နာရီအေးစက်စက်နဲ့ နှစ်ပတ်လည်ပြန်ပြီနော်မမ.... ဘဝရဲ့ လွမ်းမောမှုတွေ..များစွာ...များစွာ..ဖြင့်..တစ်နှစ်ကုန်ဆုံးခြင်း..တိုင်ပြန်ပြီမမ..ရေ။
ReplyDeleteDecember လ ရောက်လာရင် လူက ဝမ်းနည်းရမှာလိုလို ဝမ်းသာရမှာလိုလို ဘယ်လိုကြီးမှန်းမသိဘူး ခံစားရတယ်။
ReplyDeleteနှစ်တစ်နှစ်ကုန်တော့မှာမို့ နှမြောတာလို၊ နှစ်သစ်ရောက်တော့မှာမို့ပျော်မိသလို ဘယ်လိုခံစားချက်မှန်း မသိဘူး
ဒါပေမဲ့ ဒီဇင်ဘာရဲ့ အေးချမ်းမှုကို ပြည့်ပြည့်ဝဝ ခံစားရတဲ့ နေရာမှာရှိနေတဲ့အတွက်တော့ ဝမ်းသာမိတယ်။ နှင်းအတုတွေ အေးချမ်းမှု အတုတွေနဲ့တော့ ဒီဇင်ဘာကို မကြိုဆိုချင်ဘူး။
ဒီဇင်ဘာက အမှတ်တရတွေ အပြည့်နဲ့လ...။ ညနေခင်းလေး ပုံဖော်ထားတာ မျက်လုံးထဲမှာ မြင်ယောင်လာ...
ReplyDeleteနှင်းပွင့်ဝေတဲ့ ဆောင်းတစ်ရက်ကို ပြန်လို့တောင် လွမ်းလာမိတယ်..။
ဒီဇင်ဘာဆိုရင်တော်တော်များများသက်ဝင်လှုပ်ရှားနေတယ်
ReplyDeleteဒီဇင်ဘာရဲ့အလှဟာလဲ ပတ်ဝန်းကျင်ကိုလန်းဆန်းစေတယ်နော်
တနှစ်စာအတွက်အမှတ်တရလေးကိုလဲခံစားရတယ်
ဒီညနေမှာ ပုဒ်မမှမချခဲ့တာပဲ....
ReplyDeleteအရင်အတိုင်းပဲ အမရေ... ဖတ်ရတာ လွမ်းတာ
ReplyDeletecant read comment
ReplyDeleteနှင်းမဝေတဲ့ ဒီဇင်ဘာညနေခင်း တစ်ခုမှာ ကာရန်မညီတဲ့ မြို့ပြညနေ မြင်ကွင်းလေးတွေကို လွမ်းသလိုဆွေးသလိုနဲ့ ဖတ်သွားတယ်... နှစ်တနှစ်က နှုတ်ဆက်နေပြန်ပြီနော်...
ReplyDeleteကာရန်မဲ့ညနေအက်ဆေးကို မိုးအေးအေးမှာ ပျော်ဝင်ခံစားလာဖတ်သွားပါတယ်။
ReplyDeleteဒီနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာက ဇွန့်အတွက် အတော့်ကို အကုန်အကျများပြီး စိတ်ရှုပ်ရတဲ့လတွေ ဖြစ်ခဲ့တယ် မမရေ။း(
မသက်ဝေကြီးတစ်ယောက် မိုးရွာတဲ့ ရက်တစ်ရက်မှာ သံရုံးမှာ (စိန့်မာတင်လမ်းကြား) အခွန်သွားဆောင်ပြီး အပြန်မှာ သံရုံးအနီး အော်ချတ်က စတားဘပ် မှာ ကော်ဖီသောက်ရင်း အော်ချက်မှာ ခရစ်စမတ်၊ နှစ်သစ်ကူးအတွက် အပြင်အဆင်တွေကို သတိထားမိပါလိမ်မယ်၊ စင်ကာပူမှာ ပြေးလွှားနေရတဲ့ ဘ၀တွေကို စိတ်ညစ်၊ ငြီးထွားကာ သွယ်ဝိုက်ရေးထားတဲ့ ပို.စ်တစ်ခုလို. ခံစားမိပါတယ်၊
ReplyDelete