Friday, April 6, 2012

၂၀၁၂ ရွှေပြည်ဝေး သင်္ကြန်


၂၀၀၉ က စပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေပြည်ဝေးတို့ရဲ့ သင်္ကြန်အချိန်အခါကို ကျရောက်လာပြန်ပါပြီ…။ ဒီနှစ်အတွက်တော့ ရွှေပြည်ဝေးသင်္ကြန် မဏ္ဍပ်ကို (နောက်နှစ်တွေအတွက်ပါ ရည်ရွယ်ပြီး) နေရာ အတည်တကျနဲ့ ဒီမှာ ဖွင့်လိုက်ပါတယ်…။ ဒီအွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးမှာ သီချင်း သံချပ် စတဲ့ သင်္ကြန်ရာသီစာလေးတွေနဲ့အတူ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်စွက်ထားပါတယ်။

ပြီးတော့ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေကလိုပဲ ရွှေပြည်ဝေးမှာ ပျော်ပျော်ပါးပါး သံချပ်ထိုးကြဖို့ စီစဉ်ထားပါတယ်… ဒါကြောင့် ဝါသနာပါတဲ့ ညီအကို မောင်နှမတတွေ တတ်နိုင်သမျှ ရေးဖွဲ့ပြီး ဒီမဏ္ဍပ်လေးမှာ သံချပ်လာထိုးကြပါ… လို့ ဖိတ်ခေါ်ပါတယ်။

နောက်ပြီး သင်္ကြန်ရက်တွေမှာ အိမ်မှာ အထူးတလည် လုပ်စားဖြစ်တဲ့ သင်္ကြန်မုန့်တွေ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ ပန်းချီတွေ၊ ကဗျာစု စာစု... စတာတွေကိုလည်း shwepyiway@gmail.com ကို ပို့ပေးနိုင်ပါတယ်။ အဲဒါတွေကိုလည်း မဏ္ဍပ်မှာ နေ့တိုင်း အချိန်နဲ့ တပြေးညီ Update လုပ်ပေးပါ့မယ်။

ဒီသင်္ကြန်မဏ္ဍပ်လေးဖြစ်လာဖို့ စတင်အကြံပြုခဲ့တဲ့ Former မဏ္ဍပ်ပိုင်ရှင် - ကိုဘလူးစကိုင်း BlueSky Forest နဲ့တကွ စာစု ကဗျာ ကာတွန်း စတဲ့ ပိုစ့်တွေကို အသုံးပြုခွင့်ပေးတဲ့ ဘော်ဒါတွေကို ကျေးဇူးတင်ပါတယ်။ မတ်လဆန်းထဲကစပြီး အလုပ်များနေလို့ စိတ်ရော လူရော မအားတဲ့ကြားက ဒီမဏ္ဍပ်လေး အချိန်မီဖြစ်လာအောင် တော်တော်လေး အချိန်လုပြီး ကြိုးစားလိုက်ရပါတယ်။ ဒါကြောင့် ဒီမဏ္ဍပ်လေးနဲ့ ပတ်သက်လို့ လိုအပ်တာတွေရှိခဲ့ရင် ထောက်ပြ ပြောဆို ဝေဖန် အကြံပြုပေးသွားဖို့နဲ့ အတူ မဏ္ဍပ်လေးကို ပျော်ပျော်ပါးပါး အလည်လာဖို့ ၂၀၁၂ ခုနှစ် အတာသင်္ကြန်ကို ဆင်နွှဲဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်..။

See you there…




4 comments:

  1. မမသက်ဝေ တို့မိသားစု အတွက် ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ နှစ်သစ် သင်္ကြန် ဖြစ်ပါစေရှင် ။

    ReplyDelete
  2. အွန်လိုင်းသင်္ကြန်မဏ္ဍပ်လေးလေးကို အကြိုသွားရောက်လည်ပတ်ခဲ့ပါသည်။

    ReplyDelete
  3. ရန်ကုန်မှာသင်္ကြန်သံချပ်ကားတွေပေးမထွက်တော့တဲ့ အတွက်ကျနော်တို့ဒီမဏ္ဏတ်ကိုကြိုဆိုလိုက်ပါတယ်..

    ReplyDelete
  4. http://www.youtube.com/watch?v=gOenyfNGgh0&feature=fvsr

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...