Monday, March 31, 2014

သီရိလင်္ကာ ခရီးစဉ် (၁)

ပြီးခဲ့တဲ့လက မမျှော်လင့်ပဲ သီရိလင်္ကာနိုင်ငံကို ဘုရားဖူးခရီး သွားဖြစ်ခဲ့ပါတယ်။ အမှန်ပြောရရင် ဘုရားဖူး တော်တော်များများက အိန္ဒိယနိုင်ငံ ဗုဒ္ဗဂါယာကိုသာ သွားဖြစ်ကြတာ။ ဒါပေမဲ့ သီရိလင်္ကာမှာ မြတ်စွာဘုရားရဲ့ ဓါတ်တော် မွေတော်တွေနဲ့ ထူးခြား ထင်ရှားတဲ့ ကျောင်းကန် စေတီ ဘုရားပုထိုးတွေ အများကြီးရှိနေခဲ့တယ် ဆိုတာကို ဒီခရီးမှာ လက်တွေ့သိခဲ့ရပါတယ်။ ဘုရားဖူးပိုစ့်မို့ စာတွေ အများကြီး မရေးတော့ပဲ ကျွန်မရဲ့ ခရီးစဉ်အကျဉ်းရယ်၊ ကျွန်မ ဖူးမျှော်ခဲ့ရတဲ့ ဘုရားတွေရဲ့ ဓါတ်ပုံတွေနဲ့ သမိုင်းကြောင်းတချို့ရယ်ကို မှတ်သားထားမိသလောက် ရေးပြပါ့မယ်။
 
သီရိလင်္ကာနိုင်ငံဟာ မတူညီတဲ့ကိုးကွယ်မှုများ နဲ့ မတူညီတဲ့လူမျိုးပေါင်းများစွာ မှီတင်းနေထိုင်ကြသော်လည်း ထေရဝါဒ ဗုဒ္ဗဘာသာ ထွန်းကားရာ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ ဗုဒ္ဗယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးရှိတဲ့ လှပအေးချမ်းတဲ့ ကျွန်းနိုင်ငံကလေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မရဲ့ ခရီးစဉ်ကို သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘို ကနေ စလိုက်ရအောင်နော်…။

ဒါကတော့ ကိုလံဘိုမြို့ရဲ့ မြို့လည် တစ်နေရာပါ။
ခုချိန်အထိ သုံးဘီးကား ရောင်စုံလေးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတုန်းပါပဲ။
ဒီသုံးဘီးကားလေးမှာ I’m Buddhist လို့ ရေးထားတာ ချစ်စရာ…။
ကိုလံဘိုမြို့မှာ တစ်ညအိပ်ပြီး စေတီပုထိုး၊ ဘုရားကျောင်းကန်တွေ အများဆုံးရှိတဲ့ အနုရာဓပူရ (Anuradhapura) ဆိုတဲ့ မြို့လေးဆီကို အသွား လမ်းမ တစ်နေရာ။ အဲဒီမြို့လေးဟာ မြန်မာနိုင်ငံက အမရပူရမြို့နဲ့ ဆင်ဆင်တူတယ်လို့ လိုက်ပို့တဲ့ တိုးဂိုက်က ပြောပါတယ်။လမ်းဘေးတစ်ဖက်တစ်ချက်က ဆိုင်လေးတွေမှာ သူတို့အခေါ် King Coconut ဆိုတဲ့ အုန်းစိမ်းရည် သောက်လို့ရတယ်။ မွန်းမလွဲခင် (နေ့လည် ဆယ့်နှစ်နာရီ မတိုင်ခင်) သောက်ရင် ဆေးဖက်ဝင်တယ်လို့ သိရပါတယ်။ အဲဒီမှာ နေ့တိုင်း မပျက်မကွက် အုန်းရည်သောက်ခဲ့ရတာ အမှတ်တရပါ။ အနုရာဓပူရမြို့လေးက မြန်မာဘုန်းကြီးကျောင်း။
အနုရာဓပူရမြို့မှာ ရှိတဲ့ မဟိန္တလေတောင်ဟာ လင်္ကာသားတို့အတွက် အသာယာဆုံး၊ အမြင့်မြတ်ဆုံး၊ အထူးခြားဆုံးနဲ့ သာသနာစတင်ထွန်းကားရာ ဘူမိနက်သန် နေရာကြီး တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ အဲဒီတောင်ပေါ်မှာ တည်ထားတဲ့ အမ္ဗတ္ထလ စေတီပါ၊ ဒီဘုရားကို ဖူးဖို့အတွက် ကျောက်တောင်တွေကို ထွင်းထားတဲ့ မညီမညာ လှေခါးထစ်ပေါင်း ၁၈၄၀ ကို တက်ခဲ့ရပါတယ်။
အဲဒီ မဟိန္တလေတောင်ပေါ်ကနေ လှမ်းဖူးလို့ရတဲ့ ဘုရားတစ်ဆူ။
ဒါကတော့ မဟိန္တလေတောင်ကနေ လှမ်းမြင်နေရတဲ့ သုမနတောင်ပေါ်မှာ ရှိတဲ့ ဘုရားပါ။ အဲဒီတောင်ပေါ်ကို ဘေးနားမှာ ကပ်ဖေါက်ထားတဲ့ ကျောက်လှေခါးလေးကနေ တက်သွားလို့ရပါတယ်။ နေရာကျဉ်းတော့ တစ်ကြိမ်ကို လူ ဆယ်ယောက်လောက်ပဲ ထိုင်ဖူးလို့ရနိုင်ပါတယ်။ ကျွန်မတို့တော့ အဝေးကနေပဲ လှမ်းဖူးဖြစ်ခဲ့ပါတယ်။
မဟိန္တလေ ပတ်ဝန်းကျင်က ဘုရား မ တည်ဖြစ်ခဲ့တဲ့ အုတ်ပုံဟောင်းတစ်ခုပါ။
နေမဝင်သေးခင် ညနေအလှ...

ဘုရားဖူးပြီး တောင်ပေါ်က ပြန်ဆင်းတော့ နေဝင်တော့မယ်...
နောက်တစ်နေ့ သွားမဲ့ဘုရားတွေကိုလည်း အတူတူ လိုက်ဖူးပါအုံးနော်။



- ၂၀၁၅ ဇွန်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

9 comments:

  1. ဟုတ်ကဲ့ အစ်မသက်ဝေ ဘုရားတူတူလိုက်ဖူးဖို့ မျှော်နေပါတယ်ရှင်..

    ReplyDelete
  2. ကု သို လ်ေ ကာ င်း လို က် တာ
ေ ရာ က် ဖူး သ င့် တဲ့ေ ဒ သ တ စ် ခု ပါ ပဲ
    ဓါ တ် ပုံေ တွ ကြ ည့် ရ တာ သာ ယာ တဲ့ ရာ သီ ထ င် ပါ ရဲ့
ေ ကာ င်း လို က် တာ

    ReplyDelete
  3. ဓာတ်ပုံတွေ လှလိုက်တာ...
    အမေတို့လည်း သီရိလင်္ကာကို သွားပြီးပြန်လာကလည်းက ညီမကို သွားဖြစ်အောင်သွားဖို့ တိုက်တွန်းနေတာ.. ရှုခင်းတွေ တအားလှလို့တဲ့...
    လ္ဘက်ခင်းတွေ ရိုက်ခဲ့သေးလား အစ်မသက်ဝေ...

    ReplyDelete
  4. ထူးခြားခြား သီရလင်္ကာခရီးစဉ်ကို သွားခဲ့တဲ့ မသက်ရဲ့ ခရီးစဉ်တစ်လျှောက် စိတ်ဝင်စားစရာ ... အတွေ့အကြုံလေးတွေ မျှဝေပေးတာ ကျေးဇူးပါနော် ...
    အတူတူလိုက်ဖူးဖြစ်အောင် ဖူးပါ့မယ် ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  5. စိတ်ဝင်စားစရာပဲ... ဘယ်လိုသွားရလာရ စားရသောက်ရဆိုတာ ဒိထက် ပိုစုံစုံလင်လင်သိချင်ပါသေးတယ်... ဘုရားတွေဖူးချင်လိုက်တာ..

    ReplyDelete
  6. အစ်မရေ စလုံးကနေ ဘယ်လိုသွားရလဲ ဘယ်အေးဂျင့်နဲ့သွားရတာလဲ အသေးစိတ်လေး အဆင်ပြေလျှင်ရေးပါလားအစ်မ ကျေးဇူးတင်ပါတယ်နော်... :)

    ReplyDelete
  7. Blog ကျေးဇူးနဲ့ ကိုလံဘိုခရီးဖတ်ရင်း ရောက်ဖူးဦးမယ်။ သုံးဘီးကားလေးတွေက သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာ။
    ဗုဒ္ဓဘာသာဝင်တိုင်းပြည်မို့ ပိုစိတ်ဝင်စားမိပါတယ်။ နောက်အပိုင်းတွေ
    မျှော်နေပါ့မယ် အစ်မသက်ဝေ..။

    ReplyDelete
  8. မရောက်ဖူးတဲ့နေရာလေးတွေကို စာနဲ့ပုံနဲ့တကွ တင်ပေးတဲ့အတွက် ကျေးဇူးအထူးပါမမသက်ဝေ..း)

    ReplyDelete
  9. ကိုလံဘိုရဲ့ နေဝင်ဆည်းဆာလေးက ချစ်စရာလေး။။။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...