Thursday, May 1, 2008

သင် သိစေရန်

သင်… သင် ယုံကြည်ရာတစ်ခုကို လွတ်လွတ်လပ်လပ် ရွေးချယ်လုပ်ကိုင်ပါ။ မည်သူ ကမှ သင့်ကို အကြောင်းမဲ့ တားဆီးလိမ့်မည် မဟုတ်ပါ။ သို့ သော်… အခြားသော လူတိုင်း လူတိုင်းတွင်လည်း သူတို့ ၏ ကိုယ်ပိုင် အယူအဆနှင့် ကိုယ်ပိုင် ယုံကြည်ချက်များ ရှိကြလိမ့်မည် ဆိုသည်ကို သင် မမေ့ပါနှင့်…။

ထို့ အတူ သူတို့ ၏ ကိုယ်ပိုင် အယူအဆနှင့် ကိုယ်ပိုင် ယုံကြည်ချက်များ အရ ရပ်တည် ရှင်သန် နေထိုင် နေကြသော သူများကို သင့်အနေဖြင့် တိုက်တွန်း၍လဲမရ၊ ရပ်တန့်  တားဆီး၍လည်း ရလိမ့်မည် မဟုတ် ဆိုသည်ကို သင် မမေ့ပါနှင့်…။


သင် သတိပြုရန်မှာ လူတိုင်း လူတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့် အပြည့်အ၀ရှိကြသည်။

သင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အရာတစ်ခုကို သင် ဆောင်ရွက်ပြီးစီးသကဲ့သို့  အခြား အခြားသောသူများ မဆောင်ရွက်ရသေးပါက (သို့ ) မဆောင်ရွက်ပါက သင့် အနေဖြင့် မည်သည့် အကြောင်းကြောင်းမျှ ၀င်ရောက် စွက်ဖက် ဝေဖန် ရန်မသင့်။ ဤသို့ ဝေဖန်ခြင်းသည် ထိုသူ၏ ကိုယ်ရေးကိုယ်တာကို ၀င်ရောက် စွက်ဖက်ခြင်းနှင့် အလားတူပင်ဖြစ်သည်။ ထိုအကြောင်းအခြင်းအရာသည် သင်နှင့် ဘာမှ မဆိုင်၊ သင့်အလုပ် လားလားမှ မဟုတ်သည်ကို သင် မမေ့ပါနှင့်…။

သူတစ်ပါးအား ကြောက်တတ်သူ၊ သူရဲဘောကြောင်သူ ဟု စွတ်စွဲလိုပါက သတ္တိရှိလျှင်၊ သင့်ဖက်က အလုံးစုံ မှန်ကန်သည်ဟု ထင်မြင်ယူဆလျှင် မျက်နှာချင်းဆိုင်၍ ရဲရဲတင်းတင်း ဝေဖန် ပြောဆိုသင့်သည်။ သို့ သော် သင့်မှာ စွတ်စွဲချက် အကြောင်းပြချက် ခိုင်လုံပါစေ…။ ကွယ်ရာမှနေ၍ တိတ်တဆိတ် သော်လည်းကောင်း၊ မသိမသာ မထိတထိ အပြောမျိုး ဖြင့် သော်လည်းကောင်း၊ စောင်းပါးရိပ်ခြေ ဖြင့် သော်လည်းကောင်း လက်ညှိုးညွှန် စွတ်စွဲနေသူမှာ ပို၍ ပို၍ သူရဲဘောကြောင်သူသာ ဖြစ်ကြောင်း သင် ဘယ်သောအခါမျှ မမေ့ပါနှင့်…။

သင့် အနေဖြင့် ဆက်လက်၍ စဉ်းစားသင့်သည်မှာ သူတစ်ပါးအား ရှုံ့ ချ စွတ်စွဲနေသူ သင်… သင် ကိုယ်တိုင်မှာရော လက်ရှိ ရပ်တည်နေသော အနေအထား တစ်ခုမှာ အရာရာတိုင်းတွင် အလိမ်အညာ၊ အကွေ့ အကောက်၊ အလှည့်အပတ် တို့ နှင့် ရှင်းလင်း ကင်းဝေးပါရဲ့ လား ဟူ၍ ဖြစ်သည်။ လူတိုင်း လူတိုင်းသည် ကိုယ့် လိပ်ပြာတော့ ကိုယ်လုံသင့်သည် မဟုတ်ပါလော…။



စာကြွင်း ။ ။ ပညာရှိ တစ်စုံတစ်ယောက်၏ အဆိုအမိန့် များ မဟုတ်ပါ။
အနီးပါတ်ဝန်းကျင်မှ လူသား တစ်ယောက်ကို မကျေမနပ် စိတ်တို ဒေါသဖြစ်ရာမှ ပေါက်ကွဲ ပွင့်ထွက်လာသော ကိုယ်တိုင်ရေး စာသား သက်သက်မျှသာ ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။ စိတ်မထင်လျှင် မထင်သလို ဆက်လက် ရေးသားသွားမည်ဖြစ်ကြောင်း ကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။

3 comments:

  1. မှန်ကန်ပါကြောင်း ထောက်ခံအပ်ပါသည်။

    ReplyDelete
  2. သက်ဝေရေ...နေကောင်းသွားပြီလား...ဘာတွေစိတ်မကျေနပ်ဖြစ်...စိတ်လျော့ပါဦး...relax...

    ReplyDelete
  3. ဘာတွေစိတ်ညစ်နေလဲ ?? အဆင်ပြေပါစေ သက်ဝေ :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...