Wednesday, May 21, 2008

စိတ်ဖြေ


အသက်ရှုမ၀တာတွေ၊ မွန်းကြပ်တာတွေ၊ စိတ်သောကတွေနဲ့  ရက်ပေါင်းများစွာ…
အခုအချိန်မှာတော့ အခြေအနေပေးသလောက် အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပြီးပြီမို့  စိတ်ထဲမှာ
အနည်းအကျဉ်း သက်သာသလိုလိုရှိ…
(တကယ်ကြီး သက်သာလှတယ်တော့ မဟုတ်… ကိုယ့်ကိုကိုယ် လှည့်ဖျားခြင်း တစ်ခုမျှသာ…)

ဒါပေမယ့်လဲ မကြားချင်ဘဲ ကြားနေရတဲ့ သတင်းတွေအတွက်ကတော့ စိတ်ဆင်းရဲခြင်း သက်သက်… ဒီအချိန်မှာ ကိုယ်ကြိုးစားပမ်းစား လုပ်နိုင်တာ၊ လုပ်ဖြစ်နေတာ တစ်ခုကတော့ မေတ္တာပို့ ဆုတောင်းခြင်း… ။

ဒီနေ့ တော့ သူငယ်ချင်းတစ်ယောက်ဆီက ရလာတဲ့ E Mail တစ်ခုထဲက ချစ်စဖွယ် ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ အနည်းဆုံး တစ်ချက်ကလေးလောက် ပြုံးမိလိုက်တယ် ဆိုရင်ပဲ မျက်နှာပေါ်က အကြောလေးတွေ လျော့.. အသက်လေးလဲ တစ်ရက်လောက်တော့ ပိုရှည်မှာပေါ့နော်…။

ကြည့်ပါအုံးလေ…
အခုလို အချိန်မျိုးမှာတော့ ငြိမ်းချမ်းပြီး အပြစ်ကင်းလှတဲ့ သူတို့ လေးတွေရဲ့ ဘ၀မျိုးကို
အားတောင်ကျနေ မိသေးရဲ့ …။





အားလုံးဘဲ ငြိမ်းချမ်းကြပါစေ…။

6 comments:

  1. Good photos !
    very lovely and peaceful !
    Cheers !
    sh

    ReplyDelete
  2. ချစ်စဖွယ်ပုံလေးတွေ နဲ့  ပြုံးပျော်သွားပါတယ်.. မသက်ရေ..။

    ReplyDelete
  3. ကျေးဇူးပါ မသက်ဝေ ရေ။ ပြုံးသွားပါတယ်။ =)

    ReplyDelete
  4. သက်ဝေရေ.. ဓာတ်ပုံလေးတွေ မျှဝေပေးတာ ကျေးဇူးနော်။ ကြောင်ပုံလေးကိုချစ်တယ်။

    မွန်းကြပ်တာတော့ မပြောပါနဲ့တော့ စိတ်ရှုတ်ပြီး ဒေါသတွေပဲ များများလာတယ်။ စိတ်ငြိမ်အောင် တရားခွေဖွင့်ထားလည်း သတင်းကြည့်ပြီးရင် အကုသိုလ်ဖြစ်ရတယ်။ ဒေါသထွက်ရတယ် မကောင်းပါဘူး။ အခုတလော စိတ်ရှုတ် အလုပ်ရှုတ်ပြီးသူငယ်ချင်းတွေဆီကို မလည်နိုင်ဘူး။ ဘလော့ခ်လည်း ရေးချင်စိတ်မရှိလို့ ပစ်ထားတာ ကြာလှပေါ့။ သက်ဝေသတင်းလာမေးတာ ကျေးဇူး :)

    ReplyDelete
  5. ကျေှးဇူးပါသက်ဝေရေ… ဓာတ်ပုံလေးတွေကနေ breakလေးရသွားတယ်

    ReplyDelete
  6. ခဏလေးပြုံးသွားတယ် ခဏလေးပဲ နော် ကြာကြာမပြုံးနိုင်ဘူး ;)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...