Friday, June 6, 2008

လွဲမှားခြင်း


အခုတလော လူတိုင်းကိုယ်စီ ရင်ထဲမှာ စိတ်ရှုပ် စိတ်ညစ်စရာတွေနဲ့ ပြည့်နေကြမယ် ဆိုတာ ဘလော့ဂ်တွေကို လိုက်လည်ကြည့်လိုက်ရင် တွေ့ နိုင်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့  သောကြာနေ့ ဆိုတော့ အရင်နေ့ တွေကထက်စာရင် အားလုံး အနည်းငယ်တော့ အသက်ရှုချောင်ပြီး နေသာထိုင်သာ ရှိနေကြမယ်လို့ မျှော်လင့်ပြီး ပြုံးစရာလေးတစ်ခု မျှဝေပေးလိုက်ပါတယ်။
ချမ်းမြေ့ ပျော်ရွှင်ကြပါစေ။

* * * * * * * * *

အများသုံးအိမ်သာတစ်ခုထဲဝင်ပြီး ကမုတ်ပေါ် ထိုင်ရုံသာ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"နေကောင်းတယ် မဟုတ်လား..."

ဤနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ အတော်ပင် စိတ်မသက်မသာ ရှိလှသည်။ ဒါပေမယ့်လဲ မကောင်းတတ်တော့ “နေကောင်းပါတယ်” ဟုသာပြန်ပြောလိုက်သည်။ ဘာဘဲဖြစ်ဖြစ်လေ…

ထို့ နောက် ကိုယ့်ကိစ္စ ကိုယ်ရှင်းမည်ကြံကာရှိသေး… ထပ်မေးလာပြန်သည်။

“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေသလဲဗျ…”

ဘယ်လိုလဲဟ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွကျကျ မေးခွန်းမျိုးကို ဘယ်လိုဖြေရပါ့မလဲ…။
မတတ်နိုင်ပြီ…

“ခင်ဗျား လိုဘဲပေါ့ဗျာ…”

ဘာဘဲဖြစ်ဖြစ် မြန်မြန်လက်စသပ်ပြီး မြန်မြန်ပြန်ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော် လာခဲ့မယ်… ရမလား…”

ဘာတွေလာမေးနေတာပါလိမ့် ဟု စိတ်ထဲ အံ့သြ စိတ်ညစ်သွားသည်။
ဒါပေမယ့် အလိုက်သင့်ဘဲ ပြန်ပြောမိသည်။

“မလုပ်နဲ့ လေဗျာ… ကျွန်တော်လဲ ဒီမှာ အလုပ်ရှုပ်နေတာ…”

ဟိုဖက်က ပြန်ပြောသည်။

“ဒါဘဲနော်... နောက်မှဘဲ ပြန်ဆက်လိုက်တော့မယ်။ ဟိုဖက်အခန်းထဲက ငပြောင်က ရူးသလို ပေါသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့ …”


* * * * * * *

(နေရာတိုင်းတွင် Mobile ဖုန်းတစ်လုံးဖြင့် မရပ်မနားတမ်း စကားပြောတတ်သူများအား ရည်ရွယ်ပါသည်။)

7 comments:

  1. ပြုံးမိတယ်အစ်မရေ..
    အမောပြေပဲ..
    အခုတင်ပဲ အလုပ်ပြီးကာစ ကွန်ပျူတာရှေ့ထိုင်ရုံရှိသေး..
    ကျေးဇူးပါအစ်မရေ..
    မုတ်သုန်အတွက်တော့ သောကြာဟာ အလုပ်ရှုပ်ဆုံးပဲ..
    တစ်ချို့ရက်တွေဆို မိုးတောင်လင်းပါရဲ့..
    စနေကျတော့ အိပ်ချင်မူးတူးနဲ့ ငူငူ ငိုင်ငိုင်..
    တနင်္ဂနွေကျပြန်တော့ ဟိုအလုပ် ဒီအလုပ်..
    မြင်နေသမျှကလည်း ကိုယ့်အလုပ်နဲ့ ဆက်စပ်နေပြန်ရော..
    တစ်ခါလောက် လေးငါးဆယ်ရက်လောက် အလုပ်တွေပစ်ထားပြီး..
    တစ်နေရာကို သွားနေချင်တယ် ဘာမှ မကြားမသိရတဲ့နေရာလေ..
    ပြီးခဲ့တဲ့တနင်္ဂနွေတုန်းကတော့..
    မော်ကျွန်းဖက်က ရွာတွေဆီ သုံးရက်လောက်သွားလိုက်တာ..
    ဟိုမှာ ပင်ပန်းခဲ့ပေမယ့် ရန်ကုန်ရောက်တော့..
    စိတ်တောင်တော်တော်လန်းသွားတယ်...
    သောကြာလည်းပြန်ရောက်ရော ပုံမှန် ပြနဖြစ်သွားပါလေရော..
    အော် ဘ၀ ဘ၀ ဘကုန်းနဲ့ဝလုံး နှစ်လုံးသာရှိပေလို့သာ......

    ReplyDelete
  2. :-)
    ဘာများလဲလို့ လန့်သွားတာ ..
    ဖုန်းပြောနေတာကိုး . .
    အဲလိုကြီး နောက်တာတော့ မကောင်းပါဘူး ..

    ReplyDelete
  3. :D
    i have read teh english version of this joke!
    thanks for translation..
    thanks too for wishes..

    i hope all teh frustrations and unhappiness will go away..for everyone..

    ReplyDelete
  4.ီဟီးဟီး...အဲလိုအလုပ်နှစ်ခု ပြိုင်တူလုပ်တတ်တဲ့ အကျင့် တို့မှာလဲရှိတယ်...ဗမာလိုပြောတော့ ဟိုဘက်က ထမထူးတာတော်သေးရဲ့...ရယ်လိုက်တော့ခေါင်းနဲနဲပေါ့သွားတယ်...ကျေးဇူးပါသက်ဝေရေ

    ReplyDelete
  5. သက်ဝေရေ.. ထမင်းစားရင်း ဖတ်တာ သီးတောင် သီးတယ်။ တော်သေးတယ်.. တို့တွေက အဲဒီလို ဖုန်းကို မရပ်မနားမပြောတတ်လို့..:P

    ReplyDelete
  6. သက်ဝေရေ
    ရီရတာ အရမ်းပဲ။
    သူ့ဖာသာသူ ဖုန်းပြောနေတာကို ဒီဖက်ကလဲ သူ့ကိုပြောတယ်ထင်နေတာ။ ဒါမျိုးကလဲ ဖြစ်တတ်သေးတယ်နော်။ သဘောကျသွားပြီ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...