သူမ
သူမသည် တစ်ယောက်တည်း တိတ်ဆိတ်စွာ နေတတ်ခြင်းကို နှစ်သက် မြတ်နိုးတတ်သော သူတစ်ယောက် ဖြစ်သည်။ စကားနည်းခြင်း၊ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းခြင်းတို့ ကြောင့် သူငယ်ချင်း အနည်းအကျဉ်းသာ ရှိသော သူမအတွက်တော့ အားလပ်ချိန် တော်တော်များများမှာ အပြင်မထွက်ဖြစ်ဘဲ သူမ၏ အခန်းငယ် ကလေးထဲတွင်သာ တစ်ယောက်တည်း တိတ်တဆိတ် နေဖြစ်သည်က များပါသည်။
အခန်း
အခန်း ဟုဆိုရသော်လည်း သိပ်ကြီးကြီးကျယ်ကျယ် တော့မဟုတ်ပါ။ မြင်သာအောင် ပြောရမည်ဆိုပါက တံခါးတစ်ချပ်နှင့် လေးပေါက်တွဲ ပြူတင်းပေါက် ခပ်ရှည်ရှည် တစ်ပေါက် ပါရှိသော၊ ၁၂ ပေ ပတ်လည်ခန့် သာ ကျယ်ဝန်းသော အခန်းငယ် တစ်ခုပင်…။ စာအုပ်စင်ပါတွဲလျက် ပါရှိသော စန္ဒယားပုံ စာကြည့်စားပွဲ တစ်လုံး၊ တစ်ယောက်အိပ် ကုတင် တစ်လုံး၊ အ၀တ်ထည့်ရန် ဘီဒိုတစ်လုံး၊ မှန်တင်ခုံ ခပ်ရွယ်ရွယ် တစ်လုံး နှင့် အခန်းထောင့် တစ်နေရာမှာ ပန်းအိုးလေး တစ်လုံး နှင့် ကက်ဆက် တင်သည့် လေးထောင့်စပ်စပ် ခပ်နိမ့်နိမ့် စားပွဲ တစ်လုံး…။ ဒါ အကုန်ပါဘဲ..။
ထိုအခန်း
ထိုအခန်းသည် သေးငယ်သော်လည်း သူမအတွက် နွေးထွေးစွာဖြင့် လုံခြုံမှု ကို ပေးစွမ်း၏။ တခါတခါ တစ်ယောက်တည်း အထီးကျန်နေတတ်သော သူမအတွက် ထိုအခန်းသည် ခိုဝင်နားနေစရာ ရင်ခွင်တစ်ခုပင်။ ထိုအခန်းထဲတွင် ကျောင်းသင်ခန်းစာများကို အပတ်တကုတ် ကြိုးစားပမ်းစား ကျက်မှတ်နိုင်သည်။ စိတ်များ နောက်ကျိ ရှုပ်ထွေးနေချိန်များတွင် ခင်မောင်တိုး (သို့ မဟုတ်) မီမီဝင်းဖေ ၏ အလွမ်းသီချင်းများကို ခပ်တိုးတိုးဖွင့်ကာ သီချင်းနဲ့ အတူ မျောစီး လွင့်ပါနိုင်သည်။ ဒါမှမဟုတ် တခုခုကို စိတ်နှင့်မတွေ့ သော၊ စိတ်တိုင်းမကျသော အချိန်များတွင် စိတ်ထဲ မတွေ့ သည်များကို LinKin Park ၏ ဆူဆူညံညံ တေးသွားများနှင့်အတူ လွတ်လပ်စွာ ပေါက်ကွဲနိုင်သည်။ အချိန်မတော်မှာ ခဏခဏ ဆာလောင်တတ်သော သူမအဖို့  ထိုအခန်းထဲတွင် ကော်ဖီကျကျ ခါးခါး နှင့် ဘီစကစ်တို့ လဲ အမြဲတမ်းရနိုင်သည်။ တရေးနိုးပြီး ပြန်အိပ်မရသော အချိန်မျိုးတွင် မီးချောင်းကို ထိန်လင်းစွာဖွင့်ပြီး ၀တ္ထု (သို့ မဟုတ်) မဂ္ဂဇင်းများကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဖတ်ကာ မိုးလင်းစေနိုင်သည်။ မိုးရာသီများကို နှစ်သက်တတ်သော သူမအဖို့  မိုးသည်းချိန်များတွင် ဖွင့်ထားသော ပြူတင်းပေါက်မှတဆင့် မိုးစက်မိုးမှုန်များကို ထိတွေ့ ခံစား နိုင်သေးသည်။ တစ်ခါတရံတွင် အစာရှာထွက်ရင်းမှ မျက်စေ့လည် လမ်းမှားကာ ပျံသန်း ၀င်ရောက်လာသော စာကလေးများ၊ ဆက်ရက်ကလေးများနှင့်ပင် မျက်လုံးချင်းဆုံနိုင်သေးသည်။ လပြည့်ညများတွင် ထိန်ထိန်သာနေသော လရောင်ကို စိန်ပြေနပြေ ကြည့်ရှုခံစားခွင့်လည်း ရနိုင်သေးသည်။
ဤမျှ နွေးထွေး ချစ်ခင်ဖွယ်ကောင်းလှသော၊ လွတ်လပ်ခြင်းတို့ ပြည့်နှက်နေသော အခန်းလေးသည် သူမ၏ ကမ္ဘာငယ်တစ်ခု…။
ကိုကို
ကိုကိုနှင့် မမျှော်လင့်ဘဲ ဆုံဆည်းခဲ့ရသည်။ ကိုကိုက သူမကို ကလေးငယ် တစ်ယောက်သဖွယ် ယုယစွာ ကြင်နာမြတ်နိုး ချစ်ခင်ခဲ့သည်။ သူမကလဲ ကိုကို့ ကို အားကိုးစွာ တွယ်တာ ချစ်ခင်ခဲ့သည်။ ထို့ နောက် နှစ်ဖက်မိဘများ၏ သဘောတူ ခွင့်ပြုချက်အရ မိုးလေကင်းစင်သော တစ်နေ့ မှာ သူမနှင့် ကိုကို လက်ထပ်ကြသည်။ ပြီးတော့ ယောင်နောက် ဆံထုံးပါ ဟူသော ဆိုရိုးစကားနှင့်အညီ ကိုကို့ နောက်ကို သူမ လိုက်ခဲ့ရသည်။ အစစ အရာရာ ပြည့်စုံ လှပ ခန်းနားသော ဘ၀လေး တစ်ခုကို ကိုကို နှင့် အတူတူ ကြည်နူး ပျော်ရွှင်စွာ တည်ဆောက်ခွင့်ရခဲ့သည်။ အချို့ သော သူငယ်ချင်းများက လှပသော သူမဘ၀ကို အလွန်အားကျသည်ဟု ပြောကြသည်။ ဟုတ်ပါတယ်လေ…။ ဒါကို သူမ လက်ခံပါတယ်...။
ဒါပေမယ့်
ဒါပေမယ့် သူမရဲ့ သေးကွေးသော်လည်း မတူညီသော နွေးထွေးမှု၊ ကွာခြားလှသော လွတ်လပ်မှုကို ပေးစွမ်းနိုင်သော သူမ၏ ထိုအခန်းငယ်ကလေး ကို သူမ နေ့ စဉ်နေ့ တိုင်း တမ်းတမ်းတတ လွမ်းဆွတ်နေပါသည် ဟုဆိုပါက သူမ မှားသည်ဟု ပြောကြမည်လော…။

* * * * * * * * * * * *
ကိုကို ကဘေးမှာရှိနေတာပဲဟာ။
ReplyDeleteတခါတခါပဲ သတိရပေါ့ အမရဲ့..။ ဟီး
အပြစ်ပြောချင်တယ်၊ အနားမှာ ချစ်စရာ ကိုကိုတစ်ယောက်လုံးရှိတာကို ။ လင်းသာဆိုရင်တော့ မလွမ်းဘူး
ReplyDeleteတခါတလေတော့ လွမ်းချင်သေးတာပေါ့။
ReplyDeleteအပြစ်မပြောပါဘူးသက်ဝေရယ်… အဲဒီအခန်းလေးထဲက လွတ်လပ်ခြင်းတွေကို လွတ်လပ်စွာလွမ်းမိခြင်းက အပြစ်မှမဟုတ်တာနော်…
ReplyDeleteညီမငေး သက်ဝေ အစွဲအလန်းတွေ သိပ်မကြီးနဲ့ အခန်းထောင့်က တောက်တဲ့ကြီး ဖြစ်တတ်တယ်။ ကိုကို့ ဘက်သာ ဖိနင်းလိုက်
ReplyDeleteသက်ဝေရေ.. အခန်းလေးထဲက လွတ်လပ်မှုကို ပိုလွမ်းမိနေမယ်ထင်တယ်.. တို့လည်း တခါတလေ အဲဒီလို ခံစားရမိလို့ပါ။ :)
ReplyDeleteအစ်မရေ သံယောဇဉ်ကြီးတဲ့သူတွေက ဒီလိုပဲ လွမ်းမိတတ်တယ်နော်။ အခန်းလေးကို လွမ်းရတာလည်း အရသာတမျိုးနေမယ်။
ReplyDeleteat times,its good to feel such way..
ReplyDeletebut dun forget that ur koko is always there for u naw.. :P
မသက်ကလည်း.. ကိုကိုက မသက်အခန်းလေးထက်ပိုနွေးမှာပေါ့လို့ ...
ReplyDeleteမြတ်နိုး လင်း နဲ့  Dilo...
ReplyDeleteဟုတ်တော့ဟုတ်ပါတယ်...။
ဒါပေမယ့်လဲ... တစ်ခါတစ်ခါကျတော့ အခန်းလေးကို တော်တော် သတိရနေတတ်တယ်...။ ဟင်းနော်... ရှင်တို့  အလှည့်ကျမှ သိကြလိမ့်မယ်နော်...။
ချိုသင်း တန်ခူး မသီတာ နဲ့  နုစံ...
ဒီလူတွေကတော့ ကိုယ်နဲ့  ဘ၀တူတွေမို့  သိပ်မဆူကြဘူး...။ ဟီး.. မသီတာရေ... တောက်တဲ့ကြီး ဖြစ်မှာကြောက်လွန်းလို့  နဲနဲလျှော့လွမ်းပါ့မယ်နော်...။
ကိုဇနိ မဇနိ... လွမ်းကြည့်လေ...။
ဟင်း... လေးမနော်... နွေးတဲ့အကြောင်းဘဲ စဉ်းစားနေတာလား...။
မှတ်ချက်ရေးသွားကြတဲ့ သူငယ်ချင်းအားလုံး ကျေးဇူးပါနော်...။
How did U feel..when U saw the down & sun rising up? :)
ReplyDelete