Thursday, March 5, 2009

စွမ်းစွမ်းရဲ့ကမ္ဘာ

အရင်ပိုစ့်မှာ စွမ်းစွမ်းအကြောင်းရေးလိုက်တာ လောလော လောလောနဲ့ သူ့ဓါတ်ပုံလေး တင်ဖို့ သတိကိုမရခဲ့ဘူး။ စွမ်းစွမ်းကို စိတ်ဝင်စားပြီး လာဖတ်၊ မှတ်ချက်ရေးသွားကြသူများကို ကျေးဇူးတင်ပါတယ်။ ရေးထားတဲ့မှတ်ချက်တွေထဲမှာ ညီမလေး နုစံ (Sakura-Myanmar) က နောက်တစ်ခါကျရင် စွမ်းစွမ်းပုံလေးပါ တွဲတင်ပေါ့လို့ ပြောလာတော့မှ အော်… ဟုတ်သားပဲ ဆိုပြီး စွမ်းစွမ်းပုံလေးတွေကို တင်ပေးလိုက်ပါတယ်။


ဒါကတော့ ကိုယ့်ရဲ့ မင်းသားလေး စွမ်းစွမ်းပါ။ ဘောလုံးကန်ချင်နေတဲ့ ပုံပေါ့။ အနောက်က ဆုတွေက ဘောလုံးကစားတာ တော်လို့ ရထားက တစ်ခု၊ ကြိုးခုန်တာတော်လို့ ရထားတာက တစ်ခု၊ အင်္ကျီဆိုင်က သူတို့ဆိုင်မှာ ၀ယ်တာ ၅၀၀ ဘိုးကျော်လို့ ပေးထားတာက တစ်ခု၊ နောက်ကျန်တဲ့ နှစ်ခုကလဲ ကစားလို့ ရထားတာတွေပါပဲ။

ပုံထဲမှာတွေ့ရတဲ့ အပြာရောင် အတန်းရှည်လေးက သန့်ရှင်းမှုကို ပြတာပါ။ အခုအတိုင်းဆို စွမ်းစွမ်းက နဲနဲညစ်ပတ်နေတဲ့ သဘောပေါ့။ အစိမ်းရောင် အတန်းရှည်လေးကတော့ ပျော်ရွှင်မှု ကိုပြတာပါ။ ဒီပုံအရဆိုရင် စွမ်းစွမ်းလေးက ပျော်နေတယ်ပေါ့။ ခုနကဆို ခုန်နေတာ။ ဒါပေမယ့် ဓါတ်ပုံထဲမှာ တော့ မတွေ့ရဘူးပေါ့။ အနီရောင် အတန်းရှည်လေးကတော့ စွမ်းစွမ်းရဲ့ ကျန်းမာရေး အခြေအနေကို ပြတာပါ။ ဒီအတိုင်းဆိုရင် သူ ကျန်းခန်သာလို့ မာနေပါ၏ ပေါ့လေ…။

ပြီးတော့ သူ့အိမ်ကလေးက တံခါးပေါက်နဲ့ ပြူတင်းပေါက်တွေက ဒီ.အိုင်.၀ိုင် ဆိုင်က ၀ယ်ပြီး တပ်ထားတာပါ။ ကြမ်းခင်းကလဲ သူ့နဂိုဟာက ပြောင် အရောင်ခပ်ရင့်ရင့်လေး… ဒီတော့ အိမ်ကလေး လင်းသွားအောင် အရောင်နုနုဝယ်ပြီး ခင်းထားပေးတာပေါ့။


ဒီပုံလေးကတော့ စွမ်းစွမ်းက သူငယ်ချင်း ကွီကွီရဲ့အိမ်ကို သွားလည်နေတာလေ…။ ဒီတစ်ခါတော့ ကြီကြီေလးက အက်ႌ ဘောင်းဘီ အသစ်တွေနဲ့.. လှလို့ ပလို့။ စွမ်းစွမ်းက ကွီကွီ့အိမ်ကိုရောက်တော့ ကွီကွီလေးက အိပ်နေတုန်းမို့ နှိုးရသေးတယ်လေ။


ဒီပုံလေးကတော့ သူတို့ရဲ့ လောကလေးထဲက ရယ်စရာ ဟာသတချို့ကို စွမ်းစွမ်းက ဖေါက်သည်ချလိုက်လို့ သူက မျက်စေ့လေးတွေ ပိတ်သွားအောင် တခွိခွိရယ်နေတဲ့ပုံပေါ့။ (ဒီပုံရအောင် မနဲရိုက်ထားရတာနော… ၀ါရင့်ဓါတ်ပုံဆရာတွေတောင် ဒီလိုရိုက်တတ်ဖို့ လွယ်မှတ်လို့…)


ဒီပုံလေးကတော့ သူတို့ရဲ့ ရပ်ကွက်လေးပေါ့။ စားစရာတွေ ရောင်းတဲ့ဆိုင်၊ အ၀တ်ဆိုင်၊ အသုံးအဆောင်တွေ ရောင်းတဲ့ဆိုင်၊ အလှပြင်ဆိုင်တွေလေ… တွေ့တယ်ဟုတ်…။


ဒီပုံလေးကတော့ စွမ်းစွမ်းသွားနေကျ အားကစား စင်တာပေါ့…။ သူငယ်ချင်းတွေနဲ့ အပြေးပြိုင်ကြရင်း ငှက်ပျောသီးအခွံ တက်နင်းမိပြီး ချော်လဲတာ အဲဒီမှာပေါ့…။

ဟဲ… စွမ်းစွမ်းအကြောင်း ပြောရရင်တော့ ပြောမကုန်ပါလေ။ အခုတော့ ဒီလောက်ပါပဲနော်။ နောက်ကြုံတဲ့အခါကျမှ စွမ်းစွမ်းအကြောင်းတွေကို Update လုပ်ပါအုံးမယ်…။

11 comments:

  1. တစ်ကောင်မွေးထားတယ်။ maiလို့နာမည်ပေးထားတယ်။ Miaပေးချင်တာ မမီယာကို အားနာလို့ ဟိဟိ။

    ReplyDelete
  2. မကြီး
    ခေါင်းကိုက်တယ်
    ရုံးမှာ အလုပ်မအားဘူးဆိုတာ
    စွမ်းစွမ်းလေးနဲ့ ကစားနေတာကိုး
    ခုမှ ဖမ်းမိတယ်။

    ပျော်ရွှင်ပါစေ

    ReplyDelete
  3. ကလေးတယောက်ကို ပြုစုနေရသလိုပါပဲလား။

    ReplyDelete
  4. စွမ်းစွမ်းလေးက ချစ်စရာလေးကိုး။ အမေတူသားလေး ထင်ပါ့။ သူက ရီစရာလဲ ပြောတတ်တယ်လား။ ဒါဆို ပေါင်းလို့ရပြီ :)

    ReplyDelete
  5. မသက်ဝေ အပြောကောင်းတာနဲ့ တကောင်လောက် လိုချင်လာပြီ... ဆရာတင်မယ်နော်.. မွန့်ဆီမှာ သွားချောင်းဦးမယ်။ လှရဲ့လားလို့ :P

    ReplyDelete
  6. မွေဖို့ကြိုးစားနေတယ်။

    ReplyDelete
  7. မမရဲ့ စွမ်းစွမ်းက ဒီလိုကိုး.. အခုတော့ သိသွားပြီ.. :D
    ပျော်စရာကြီးနော် အမ.. စိတ်ဝင်စားလာပြီ.. ဒါပေမယ့် Facebook ကို မသုံးဖြစ်သေးဘူး.. နောင်သုံးဖြစ်ရင် ဆော့လို့ရအောင် မှတ်ထားလိုက်ပြီ.. :)

    ReplyDelete
  8. သက်ဝေရေ… စိတ်ထဲမှန်းထားတာ စွမ်းစွမ်းကို အဲဒီအရောင်လေးလို့  မထင်မိဘူး…
    ချစ်စရာလေးနော်… ဘာကောင်လေးဖြစ်မလဲဟင်…
    သူတို့ ရပ်ကွက်လေးကလဲ ချစ်စရာလေး…
    ဘယ်လိုလုပ်ရတာလဲဆိုတာ တွေ့ ရင်ပြောပြဦးနော်…
    သားကို အစစ်မမွေးပေးနိုင်တော့ အတုမွေးပေးချင်လို့ …
    ဒါနဲ့ ဘာလို့  စွမ်းစွမ်းလို့  နာမည်ပေးတာလဲ…ချစ်စရာနာမည်လေး…

    ReplyDelete
  9. ဒီဇတ်လမ်းကို ကိုယ်မစပရစေနဲ့။ ဘလော့နဲ့တင်းမူးနေပြီ။

    ReplyDelete
  10. http://www.petsocietychatter.com/

    စွိမ်း၂ အတွက်လက်ဆောင်ပါ...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...