Friday, March 20, 2009

လေးထောင့်များ နှင့် အ၀ိုင်းများ

ဒီနေ့ သောကြာနေ့...။
စိတ်ထဲမှာ ပိုစ့်တစ်ခုခုတော့ တင်ချင်နေတာ..
ရေးပြီးသားတွေကလဲ ဘာမှ စိတ်တိုင်းကျစရာ မရှိတာနဲ့ပဲ ဒီဥာဏ်စမ်းကလေး နှစ်ခုကို တင်လိုက်ပါတယ်...။
ဘာပဲဖြစ်ဖြစ် အပျင်းပြေလေးပေါ့...။ စိတ်ဝင်စားရင် ဖြေကြည့်ကြပါနော်။

ပထမ ဥာဏ်စမ်းလေးကတော့ အခုတွေ့နေရတဲ့ ပုံထဲက လေးထောင့် စတုရန်းလေးမှာ စုစုပေါင်း စတုရန်း ဘယ်နှစ်ခုပါ ပါသလဲ ဆိုတာ ရေတွက်ကြည့်ဖို့ပါ။

* * * * *


ဒုတိယ ဥာဏ်စမ်းလေးကတော့ အားလုံးတွေ့ကြတဲ့အတိုင်း ပုံထဲမှာ အ၀ိုင်းကလေး ၉ ခု ရှိနေပါတယ်...။



ပထမ မေးခွန်းက မျဉ်းဖြောင့် ၄ ကြောင်းကို အသုံးပြုပြီး အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင်၊ လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင် (သို့) ခဲတံကိုလဲ စာရွက်ပေါ်က မကြွစေရပဲ တဆက်တည်း ဆွဲပြပါ။
ဒုတိယ မေးခွန်းကတော့ မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင် ဆွဲပြပါ။


တကယ်တော့ ဒီဥာဏ်စမ်းလေးတွေက ရိုးရိုးလေးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ အဖြေတွေနောက်မှာ စိတ်ဝင်စားစရာ အတွေးပွားစရာလေးတွေ ရှိနေကြတယ်လေ။ သူငယ်ချင်းတွေထဲမှာ အဖြေကို သိပြီးသားသူတွေလဲ တော်တော်များများ ရှိနေနိုင်ပါတယ်...။
အဖြေကိုတော့ နောက်တနေ့မှာ တင်ပေးမယ်နော်..။

ပျော်ရွှင်ကြပါစေ။

18 comments:

  1. သဘောထားကွဲလွဲနိုင်တဲ့ အဖြေတွေမို့
    သီးသန့်မဖြေတော့ပါဘူး
    အဖြေမှန်ပေးတဲ့နဲ့မှပဲ တိုက်ကြည့်တော့မယ်။

    ReplyDelete
  2. i thinks 30 squares

    ReplyDelete
  3. လောလောဆယ်တော့မူးနေပြီ.. ဆက်ကြိုးစားကြည့်လိုက်ဦမယ်ဗျာ..။

    ReplyDelete
  4. စတုရန်းက ၂၄ခုပါ..။ စက်ဝိုင်းတော့ရဘူး..။.

    ReplyDelete
  5. မဖြေတော့ဘူး မှားရင် အပြောခံရဦးမယ်...း)
    စတုရန်းကတော့ ၃၀ လားလို့ ...း)

    ReplyDelete
  6. ဥာဏ်စမ်းဆို မှားတတ်လွန်းလို့ … တိတ်တိတ်လေးတော့ လုပ်ကြည့်ထားတယ်… မှားမှာသေချာလို့  သက်ဝေအဖြေလာမှ အဖြေမှန်နဲ့  ဘယ်လောက်များကွာလဲ ကြည့်လိုက်မယ်နော်…

    ReplyDelete
  7. မမသက်ဝေရေ
    ပထမ မေးခွန်းက ကျွန်တော်တို့ ကွန်ပြူတာ တက္ကသိုလ် Entrance မှာ ဖြေဖူးတယ်။ အဲတုန်းက ၈ ကွက်ပေးထားလေ။ ၆၄ ကွက်လို့ ဖြေခဲ့တာ အပြင်ရောက်မှ မှားမှန်းသိတာ..
    ခုဟာကတော့ နောက်မှ ဖြေတော့မယ်
    :P

    ReplyDelete
  8. စတုရန်းက၃၅၊စက်ဝိုင်းက၄၂

    ReplyDelete
  9. အမရေ ဒုတိယပုစ္ဆာကိုဖြေသွားလိုက်မယ်
    ပုံနဲ့တကွပေါ့
    http://lh6.ggpht.com/_JAaGYPpoEsE/ScQpInkfNwI/AAAAAAAAATM/54L4lyMZZmc/ans-to_matw.jpg

    ReplyDelete
  10. နောက်ပုစ္ဆာက မျဉ်တကြောင်းတည်းနဲ့ ကိုးပွိုင့်လုံးကို ဖြတ်အောင်ဆွဲဆိုတာကို နောက်မှ မြင်လို့ ပြန်စဉ်းစားနေတာ..
    ဒီလိုများဖြစ်လေမလား..
    ပွိင့်၃ခုတိုင် ၃ တိုင်ကို တတန်းတည်းဖြစ်သွားအောင် စက္ကူကိုခေါက်လိုက်... ဒါတို မျဉ်းတကြောင်းနဲ့ဖြတ်လို့ရသွားမယ်။
    တခြားနည်းတော့ မသိဘူး နောက်မှ အဖြေလာကြည့်ဦးမယ်

    ReplyDelete
  11. စတုရန်းက ၂၄ခု။ မှန်ရင် မုန့်ဝယ်ကျွေးမှာလားဟင်

    ReplyDelete
  12. စက်ဝိုင်းက၈၆၇၊စတုရန်းက၇၈၆

    ReplyDelete
  13. အမရေ နောက်မှ အဖြေလာကြည့်မယ်... အဲ့ဒါမျိုးတွေ လုပ်ခိုင်းရင် ခေါင်းမူးတယ်... လေးထောင့်များနှင့် အ၀ိုင်းများ ဆိုတော့ အမ မျက်မှန်အကြောင်း ထင်လို့ :)

    ReplyDelete
  14. အဖြေ သိပြီးသားပါ။ အဖြေမှန်ပေးတော့မှာ တိုက်ကြည့်မလို့ အသာလေးစောင့်နေတာ :)

    ReplyDelete
  15. မမသက်ဝေရေ.. အဖြေကို နောက်မှ လာကြည့်တော့မယ်နော်.. :D

    ReplyDelete
  16. တို့လဲ စတုရန်းကို ကြိုးစားပြီး ရေနေပါတယ်။ ရေလို့ရတာက ၂၄ခု၊ ကွန်မန့်တွေ လိုက်ကြည့်တော့ ၃၀ ဆိုတာက တယောက်၊ ၃၅ ဆိုတာက တယောက်။ ဒါနဲ့ ခေါင်းပြန်ကုတ်ပြီး ပြန်ရေတယ်။ ၁၊ ၂၊ ၃၊ ၄ ...
    စတုရန်းနဲ့တင် ပတ်ချာလည်နေတာ စက်ဝိုင်းတော့ တော်ပါပြီ မမ.. :D

    ReplyDelete
  17. ဆံပင်တွေ ပိုဖြူကုန်မစိုးလို့ အသာလေးငြိမ်နေတယ်

    ReplyDelete
  18. Yours son should B bright...

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...