Sunday, March 22, 2009

အဖြေ

ဥာဏ်စမ်းလေးကို လာဖြေသွားကြတဲ့သူများ အားလုံးကျေးဇူးပါ။
အဖြေကို စဉ်းစားရင်း မူးသွားသောသူများ၊ စိတ်ထဲကနေ တိတ်တိတ်လေး အဖြေစဉ်းစားထားသူများ၊ ဆံပင်ဖြူမှာစိုးလို့ ငြိမ်ငြိမ်လေးနေသူများ အားလုံးအတွက် အဖြေပေးလိုက်ပါပြီ။

ကိုဇနိရဲ့ အဖြေအတွက်လဲ ကျေးဇူးပါ...။
တော်တယ်နော်.. ဒါဆိုရင် မောင်လေး မှန်ပါတယ်ကွယ် ၁ မှတ်ပေါ့...။
(မဇနိကတော့ အမှတ်တွေ အများကြီး ပေးထားပြီးသား ဖြစ်မှာပါလေ)

မိတ်ဆွေကြီး Strike ကတော့ ၂ ကြိမ် တိတိ ကြိုးစားပမ်းစားဖြေဆိုသွားတဲ့ အတွက် မမတို့ ဘလော့ဂ်အသံကနေ ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်လေ.. နော်။

ဟောဒီမှာ မနေ့က တင်ခဲ့တဲ့ ဥာဏ်စမ်းလေး နှစ်ပုဒ်ရဲ့ အဖြေတွေပါ။
ပထမ ပုစ္ဆာရဲ့ အဖြေက အဲဒီပုံထဲမှာ စုစုပေါင်း စတုရန်းအကွက် ၃၀ ပါဝင်ပါတယ်။
ရေတွက်ထားပုံကို ပုံ ၃ ပုံ ခွဲပြီး ပြထားပါတယ်။

ပုံ (၁)


ပုံ (၂)


ပုံ (၃)

* * * * *


ဒါကတော့ ဒုတိယ ဥာဏ်စမ်းလေးရဲ့ အဖြေပါ။
ဒီပုံလေးမှာက မျဉ်းဖြောင့် ၄ ကြောင်းကို တဆက်တည်းဆွဲပြီး အ၀ိုင်းလေး ၉ ၀ိုင်းကို ဖြတ်ပြထားတာပါ။
ဒီဥာဏ်စမ်းလေးရဲ့ အဓိက ပြောပြချင်တဲ့ အချက်ကတော့ အရာရာမှာ ကိုယ့်အနား၊ ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးမှာပဲ ကျင်လည်မနေပဲ နဲနဲဝေးဝေးကို လှမ်းကြည့်နိုင်မှ အစစ အရာရာမှာ နှံ့စပ်နိုင်မယ်၊ တိုးတက်နိုင်မယ်လို့ ဆိုချင်တာပါ။ အမြင်ကျယ်ကြဖို့ လိုအပ်ကြောင်း ပြောချင်တယ်လို့ ယူဆမိပါတယ်။


မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အ၀ိုင်းလေး ၉ ခုကို ထိတွေ့ဖို့ အတွက် အဖြေကို အခု ဒီအောက်က ပုံထဲမှာ တွေ့နိုင်ပါတယ်။ လိုင်း ထူထူ တစ်ကြောင်းဆွဲပြီး အ၀ိုင်းလေး ၉ ခု ကို ထိထားတာ တွေ့နိုင်ပါတယ်။ အားလုံးကို Cover ဖြစ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ Knowledge ကလဲ တော်တော်ကို ထူထပ်သိပ်သည်းဖို့ လိုအပ်တယ်လို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။



ပျော်ရွှင် ချမ်းမြေ့ကြပါစေ။


8 comments:

  1. ထင်တယ် ပြောရမှာ အားနာလို့

    ReplyDelete
  2. အဖြေမှားပါတယ်..တိန်။

    ReplyDelete
  3. စိတ်ထဲက ကျိတ်ဖြေထားတာနဲ့ ကွတ်တိပဲ ကြည့်စမ်း၊ ကလူသစ်တော်လိုက်တာ :)

    ReplyDelete
  4. အဖြေကို အရောင်တွေခွဲပြီး ပြထားတာတောင် အတော် ဆက်စပ်ယူရတယ်... အမရေ ဝေးဝေးကြည့်ရတာ မူးလာလို့ ရောက်ရာမှ ထိုင်ချလိုက်ချင်နေပြီ

    ReplyDelete
  5. မူးသွားသောသူများဆိုလို့ ကျွန်တော့်ကိုပြောတာများလားလို့ပါ..။

    ReplyDelete
  6. ထင်တော့ ထင်သားပဲ စိတ်ထဲက ထင်တဲ့အတိုင်းပဲ ကလူသစ်လိုပေါ့ ကိုယ်လဲ မညံ့ပါဘူး...း)

    ReplyDelete
  7. အမရေ.. အဖြေကို ပေးထားတာတောင် မျည်းကြောင်းတွေကို မနည်းလိုက်ပြီး ကြည့်ယူရတယ်.. အဲဒီလောက် တော်တာ.. အဟီး.. :P

    ReplyDelete
  8. အင်း... စိတ်ဝင်စားစရာ ပါလားဗျို့

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...