Friday, September 11, 2009

ပျော်ရွှင်စရာ ထိုသောကြာ

ဟိုးအရင်တပတ်က သောကြာနေ့ ညနေဖက် G Talk မှာ ဘလော့ဂ်ထဲက သူငယ်ချင်းတချို့ နဲ့ Chatting လုပ်ရင်း ဘာတွေပြောကြတယ်ဆိုတာ ပြောပြချင်ပါတယ်။ ဘယ်သူတွေနဲ့လဲ လို့ တော့ မမေးပါနဲ့…။ ပြောဝူး…။

အစုတ်ပလုပ်လေး တယောက်က စတဲ့ ဇာတ်လမ်းပါ…
ဇာတ်လမ်းက သူ့ရဲ့ G Talk Status မှာ တင်ထားတဲ့ စာကြောင်းတွေက စပါတယ်…။
သူရေးထားတာက ဒီလို…။

“မပြောချင်ဘူး မပြောချင်ဘူး ပြောကို မပြောချင်ဘူး မောင်တင်စိုးရေ… ဟောဒီမှာ မန္တလေးက မြင့်မြင့်စိုးတို့ သားအမိ ရောက်နေတယ် ဟေ့… မပြောချင်ဘူး မပြောချင်ဘူး ပြောကို မပြောချင်တော့ဘူး” တဲ့…

အဲဒီစာကြောင်းကိုတွေ့တော့ ကိုယ် ဖတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောမိပါတယ်…။ သူ့ကိုလဲ “ဘာတွေ လျှောက်ရေးထားတာလဲကွာ” လို့ မေးတော့ “ပြန်မမေးပါနဲ့ အဲဒါ ဘယ်ရုပ်ရှင်ကားထဲကလဲ… ဖြေပါ…” တဲ့…။
ဘာရမလဲ ကိုယ်လဲ ဒီလောက်တော့ ပိုင်ပါတယ်.. ။
ဖြေလိုက်တာပေါ့ “ဒေါ်မြလေး… နှစ်မွှာအသည်း” လို့…။

ဒါနဲ့ ကိုယ်လဲ အဲဒီစာကြောင်းကို Online မှာ ရှိနေတဲ့ နောက်ထပ် သူငယ်ချင်း နှစ်ယောက်ဆီကို ကူးပြီး မေးလိုက်တယ်…။ အမယ်.. သူတို့ကလဲ သိကြတယ်…။ တန်းဖြေတာပဲ…။ တော်ချက်…။ အိုကေ… ဒီ့နောက်မှာ ကစားပွဲကို စိတ်ပါလာတဲ့ သူငယ်ချင်း နောက်တယောက်က နောက်စာတကြောင်း ထပ်ရေးပြလာပါတယ်။

“ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ” တဲ့…။

အဲဒါ ဘယ်ကားထဲကလဲ ဖြေပါတဲ့…။ ကိုယ်ခဏတော့ စဉ်းစားလိုက်ရပါတယ်…။
စဉ်းစားနေတုန်းမှာပဲ သူက ဆက်ရေးပြလာတယ်…
အဲဒီရဲ့ အရှေ့က စကားက “ဒီနေရာက စိန်ကောင်း ကျောက်ကောင်းရောင်းတဲ့ နေရာတော့ မဟုတ်ဖူးနော် “ တဲ့…။ အိုး… ဒီတော့ ကိုယ်သိသွားပြီ…
“နေအောင် နဲ့ ခင်သန်းနု … သင်္ကြန်မိုး” လို့ ပျော်ပျော်ပါးပါး ဖြေလိုက်တာပေါ့။

ဒီလိုနဲ့ အဲဒီညနေက တယောက်နဲ့တယောက် Chat Box ကနေပြီး စကားပြောကြရင်းက ရုပ်ရှင်ဖွက်တမ်း ကစားတဲ့ ဆီကို သိသိသာသာကြီး ရောက်လာပါတော့တယ်…။ လေးယောက်ထဲနဲ့ ပွဲကို စည်လို့…။ ဟိုဖက်ကူးပြီး မေးလိုက်.. ဒီဖက်မှာ ပြန်ဖြေလိုက်နဲ့…။ ငယ်ငယ်တုန်းက လူစုံစုံမှာ စာရွက်တွေ ခဲတံတွေနဲ့ ရေးပြီး ကစားခဲ့ကြတဲ့ ကစားနည်းမျိုးကို အခုတော့ အခြေအနေက မပေးလို့ လူချင်းဆုံပြီး မကစားနိုင်ကြပဲ Online ကနေပြီး ကစားနေကြရတဲ့ အဖြစ်…။

ခဏနေတော့ နောက်တယောက်က ပြောလာတာက “ဂွတ်မောနင်း.. မကေသီ” တဲ့… ။
ဒါကို တယောက်ကတော့ “အမ်… အမြီးမပါ ခေါင်းမပါ ဘယ်လို ဖြေရမလဲ..” တဲ့…။ အဲဒါနဲ့ မေးတဲ့သူက နဲနဲ အစဖေါ်ပေးတယ်။ ကိုယ့်ရဲ့ အကြိုက်ဆုံး စာရေးဆရာမ တယောက်ရဲ့ ဝတ္ထုကို ရိုက်ထားတာလေ တဲ့…။ ဒီတော့ နဲနဲတော့ စဉ်းစားလို့ ရလာသလိုလိုပဲ…။

ကိုမိုးဝေ … ပုဂံ… ကျောက်စာ… အရှုံး … ဟားဟား… သိပြီကွ ပေါ့…။
မြစ်တို့၏ မာယာ လေ…။ ရဲအောင်…။

နောက်တခု…
“အို… ဒီရေညှိတွေက ဘာလုပ်ရမှာလဲ…” ။

စိမ်းပြာရေညှိ... B P I ... ခင်မိုးမြင့်… မရှိမဖြစ် မိုး.. စိုးမြတ်သူဇာ…။

ပြီးတော့ နောက်တခု…
“ပန်း... ပြုံးလိုက်လေ…” တဲ့…။ အင်း… ဒဏ္ဍာရီ… ဇင်ဝိုင်း…။ ပိုင်တယ်ကွာ…

နောက်တခု…
“သား… လူလေး ဘယ်များနာသွားသေးလဲ ကွယ်” တဲ့… ။

စကားပြောသော အသည်းနှလုံး…။

နောက်တခု…
မင်းသမီးက မင်းသားကို “ကိုကို လို့ ၅၂ ခါ ခေါ်တဲ့ကား” တဲ့...။

ဘုရားရေ… ဒါမျိုးဆို အမှတ်သညာတွေက တယ်ကောင်း…။
နှလုံးသားမြို့တော်… မို့မို့မြင့်အောင်…။
ဒါကို တယောက်က “ကိုကိုဘာလို့ မုန်းတာလဲ…” ဆိုလို့ ရယ်ကြရသေး…။ တလွဲ…

နောက်တော့ နောက်တမျိုး ဖြစ်လာပြန်တယ်…။
သီချင်းစာသားတွေနဲ့ သီချင်းပဟေဠိ ဖြစ်လာပြီ…။


“စာနာပါတယ် ဒဿဘီလူးရဲ့ နှလုံးသား ၀ိဥာဉ်အား....”
ဟေ့.. သိတယ်။ အချစ်ရှုံးသမား ဒဿဂီရိ… လွှမ်းမိုး…။ ဒါလေးများ…

နောက်မေးခွန်းတခုက သီချင်းလေးရဲ့ သဘောလေးကို ပြောပြမယ်… သီဆိုသူက လွှမ်းမိုး…။ သီချင်းလေး လွမ်းစရာ ကြေကွဲစရာလေး တဲ့…။ ကဗျာလွတ်ကြီး မေးလာတဲ့သူကို သီချင်းထဲမှာ စာသားထဲမှာ ဘယ်လိုစာလုံးမျိုးတွေ ပါလဲ ပြန်မေးရတာပေါ့..။

ဥပမာ.. မိုး.. ပန်း.. တိမ်… အစရှိသဖြင့်ပေါ့..။
ဒီတော့ မေးခွန်း မေးသူက “ရေ” လို့ ဖြေလာတယ်…။
စဉ်းစားလိုက်.. ဆိုကြည့်လိုက်… တော်တော် စဉ်းစားရတယ်…။
နောက်ဆုံးမှာ ရသွားလေရဲ့…။

“ရေပြာလှိုင်း ကမ်းခြေဆီ…. မြေနီလမ်းကလေးကိုယ် ဖြတ်လျှောက်ခဲ့သည်…
နေခြည်ရောင်ဝါ ခြုံလွှမ်းသည်… ပင်လယ်ဇင်ယော်တွေ ပျံဝဲလျှက်ရှိသည်…
အနောက်ဖက် မိုးတိမ်တွေလဲ မျောလွင့်ကြသည်…
အဝေးက ထုံးစေတီလေး ဖူးတွေ့မှန်းရည်…
ဆွဲလည်းခတ်သံတွေလဲ သဲ့သဲ့မျှ ကိုယ်ကြားသည်…”

လွှမ်းမိုး ပဲ…။ အခုတော့ ပါးစပ်ရာဇဝင်လေးတပုဒ် ဖြစ်ခဲ့ပြီ ဆိုတဲ့သီချင်း...။

မိုက်တယ်ကွာ…။

“ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ…
သူတို့ကို တလုံးချင်း ပြုံးရင်း ကြည့်နေပါ…”

ကြံကြံဖန်ဖန် အဲဒီသီချင်းမှာ “တလုံးချင်း ပြုံးရင်းကြည့်နေပါ…” က အမှန်လား…။
“ပြုံးရင်း တလုံးချင်း ကြည့်နေပါ…” ဆိုတာက အမှန်လား မေးတဲ့သူက မေး…။ ဟေ့... ဘယ်လိုပဲဖြစ်ဖြစ်... ကြယ်လေးတွေကို ပြုံးပြီး ကြည့်နေတာသာ လိုရင်း... မငြင်းနဲ့.. ဒါပဲ...။


မေးရင်း မေးရင်းနဲ့ ရေးထားတဲ့ ပိုစ့်တွေထဲက စာသားတချို့ နဲ့ Comment ထဲက စကားတချို့တောင် ရောပါလာသေး…။ ပိုစ့်ထဲက စာသားတွေကို မှတ်မိတဲ့သူ ရှိသလို ကိုယ်ပေးခဲ့တဲ့ Comment ကို ကိုယ်တိုင် ပြန်မမှတ်မိတော့တဲ့သူလဲ ရှိသပေါ့…။ :-P

ဒီလိုနဲ့ အဲဒီညနေက ခြောက်နာရီ ရုံးဆင်းခါနီးမှာ ကစားပွဲလေးကို မသိမ်းချင် သိမ်းချင်နဲ့ သိမ်းခဲ့ရပါတယ်…။ ဟင်.. ကိုယ်တို့တတွေ ရုံးမှာ အလုပ်မလုပ်ဖူးလား လို့ မေးချင်တာလား…။ လုပ်ပါတယ်… လုပ်ပါတယ်… အလုပ်လုပ်ပါတယ်… တကယ်ပါ…။ ဒါမျိုးက တခါတလေမှ ပါ…။ (ဟဲဟဲ… တကယ်ပြောတာပါ.. ယုံနော်…) နောက်ကို ကစားပွဲမှာ ပါချင်ရင်လဲ ကြိုတင် စာရင်းသွင်းထားနိုင်ပါတယ်... ပဟေဠိ ဖွက်စရာ ရုပ်ရှင်ကားတွေ၊ သီချင်းတွေအကြောင်းကို ကြိုတင် စဉ်းစားထားကြဖို့တော့ လိုမှာပေါ့နော်...



(ဒီနေ့ သောကြာနေ့ပင် ဖြစ်သော်ငြားလည်း ခေါင်းကမကြည် သည့်အပြင် စိတ်ကလဲ နောက်နေသောကြောင့် ဟိုတပါတ်က ပျော်စရာ သောကြာနေ့လေးအကြောင်းကို တွေးရင်း ဤပိုစ့်ကို ရေးမိပါသည်။)

23 comments:

  1. တို့လဲပါမယ။် နောက်တစ်ခါ

    ReplyDelete
  2. ဓူဝံကြယ် မြေမှာ ခကြွေ ကောင်းကင်မှာ နေလတွေ ကွယ်စေ..
    (ဖြေပါ အဲဒီ သီချင်း ခေါင်းစဉ်)

    ReplyDelete
  3. အဲ့ဒါ ယူ့ သားပဲ အိုင်ပီ..
    ဘာကားလဲ ပြော

    ReplyDelete
  4. သင်္ကြန်မိုးကားထဲမှာ ဦးနေအောင်နာမည်က ဦးငြိမ်းမောင်ပါ..ဒေါ်ခင်သန်းနုနာမည်က ဘယ်သူပါလဲလို့ သိချင်ပါတယ်..။(ပဟေဠိ ထပ်ဖွက်သွားပါတယ်..:P)

    ReplyDelete
  5. ပျော်စရာကြီး မမရေ။ ဘေးကနေ နားထောင်ချင်ပါတယ်။ ချိုသင်းကတော့ ဘာမှ သိပ်မမှတ်မိဘူးရယ်..

    ReplyDelete
  6. ရုပ်ရှင် သရဲတွေပေါ့လေ..

    ReplyDelete
  7. အို...အသင်လောက

    ReplyDelete
  8. ကျနော်က မလှထုံထက် ထုံပါတယ်..
    ဘေးကနေ ထိုင်ကြည့်ရယ်နေလိုက်တော့မယ်..
    များသောအားဖြင့်ကြည့်ဖူးပြီးသားပေမယ့်..
    မမှတ်မိဘူး..

    ReplyDelete
  9. ပျော်စရာကြီး မသက်ဝေ... လက်ညီကြလို့လည်း ဖြစ်မှာပါ။ လိုက်ဖြေကြည့်တာ ၂ခုလောက်ပဲ သိတယ် :(

    ReplyDelete
  10. တကယ်ပျော်စရာကြီး.. Rita နဲ့ လင်းဒီပ ပဟေဠိက ဘယ်သူ့ကို ဖြေခိုင်းတာလဲ အေ့...

    ReplyDelete
  11. မဆိုးဘူး ပုံရိပ်လည်း တော်တော်များများ ဖြေနိုင်သွားတယ်။ ဟဲဟဲ။

    ReplyDelete
  12. မီးချစ်ပြောတာ..တပြည်သူ မရွှေထား..ထင်တာပဲ
    mm

    ReplyDelete
  13. “မေငြိမ်း said...

    တကယ်ပျော်စရာကြီး.. Rita နဲ့ လင်းဒီပ ပဟေဠိက ဘယ်သူ့ကို ဖြေခိုင်းတာလဲ အေ့..."

    ဘယ်သူဖြေဖြေရပါတယ်ဗျ..ကျွန်တော်က အဖြေကို တကယ် သိချင်လို့ပါ...။

    ReplyDelete
  14. သင်္ကြန်မိုးကားထဲမှာ ဦးနေအောင်နာမည်က ဦးငြိမ်းမောင်ပါ..ဒေါ်ခင်သန်းနုနာမည်က ခင်ခင်ထားခေါ် ထား ပါ။ မုန့်ဝယ်ကျွေးတော့ လာထား :D

    ReplyDelete
  15. မမသက်ဝေ ရေးထားတာက ပျော်စရာလေးနော်.း)
    ၀ါ က ရုပ်ရှင်သိတ်မကြည့်တဲ့သူဆိုတော့ မမတို့ပြော
    တာလေးတွေ သိမနေဘူးရယ်လေ.. ညံ့ချက်. :P

    ReplyDelete
  16. မမသက်ဝေရေ

    ပျော်စရာသောကြာလေးကို လာဖတ်သွားပါတယ်

    ရုံးမှာတော့ ထိုင်ရတဲ့နေရာ မကောင်းတာနဲ့ Gtalk မဝင်ရလို့ ပျော်စရာ သောကြာလေးတွေ မကြုံဖူးပါ
    :)


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  17. ပျော်စရာကြီးပါလား

    ReplyDelete
  18. ပျော်စရာကြီးနော်... သန့်တော့ အဲဒီလောက်မမှတ်မိဘူး ။ Rita: အဲဒါ သက်ဝေ သီချင်း

    ReplyDelete
  19. မမသက်ဝေရေ.. ပျော်ဖို့ကောင်းလိုက်တာနော်.. သောကြာနေ့ဆို ရုံးမှာ အလုပ်လုပ်ရတာ တကယ်စိတ်မပါဘူး.. စနေနေ့အတွက် ကြိုနားချင်နေပြီလေ.. တချိန်လုံး ရုံးဆင်းချိန်ပဲမျှော်နေတာ.. အခုဖွက်တဲ့ရုပ်ရှင်ကားတွေက တီဗွီမှာ ခဏခဏ ပြတာဆိုတော့ အထဲက ဒိုင်ယာလော့တွေပါ အလွတ်ရနေတယ်.. မမပို့စ်လေး ဖတ်ပြီး အဲဒီရုပ်ရှင်တွေတောင် ပြန်ကြည့်ချင်တယ်.. :)

    ReplyDelete
  20. ဟိဟိ… ခု အိပ်တွေ ငိုက်နေတယ်… မနေ့ က အပ်ရမယ့် ပရောဂျက်က ဒီနေ့ လုပ်ကောင်းနေတုန်း… ရုပ်ရှင်ဖွက်ချင်လိုက်တာ… ငယ်ငယ်တုန်းက စာရွက်ပေါ်မှာ ဗျည်းလေးတွေပဲရေးပြီး တလုံးချင်းဖော်တာ သတိရတယ်… ဥပမာ… မိမော်မေမ ဆို မမမမ လို့ ရေးပြီးဖွက်တာလေ… အရင်က ကားတွေဆို မင်းသားက မင်းသမီးကို ဘယ်လိုလေးကြည့်လိုက်တာက အစ မှတ်မိတယ်… ခုနောက်ပိုင်း ရုပ်ရှင်လဲ မကြည့်ဖြစ်တော့ပါဘူး… ကြုံတုန်းတခုဖွက်လိုက်ဦးမယ်… “ထမင်းစားပွဲမှာ ခွေးဝင်သည် ပျိုပျိုမစားချင်သည်… သူ့ နားကပ်တော့ ၀ဲစော်ညှီ ပျိုပျိုရွံပါသည်… ထွီ”… ဘယ်ကားလဲပြောပါ… လွယ်လွယ်လေး…ဟိဟိ

    ReplyDelete
  21. သီချင်းကလဲ ပြောင်းပြန်ဖြစ်နေတယ်တန်ခူးရေ..
    ထမင်းစားပွဲကို ခွေးဝင်သည် ပျိုပျိုရွံပါသည်..
    သူ့နားကပ်ရင် ၀ဲစော်ညှီ ပျိုပျိုမစားချင်သည်.. အဲလိုလေ ဟဟ
    အဲဒီကားမှာ မေဆွိ အကျီ င်္ဘယ်နှစ်ထည်လဲ သလဲ
    မှန်မှန်ပြော ...

    ReplyDelete
  22. ရုပ်ရှင်တွေ အတော်မှတ်မိကြပါသလားကွယ်ရို့ ... တော်လဲတော်ကြပါပေတယ် ...

    မေဆွိ ကျော်သူ မုန်းရခက်ကြီး အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားပါ။ အင်းကျီ ဘယ်နှစ်ထည်လဲတော့ မှတ်မိတော့ဝူး။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...