Sunday, November 21, 2010

ကျီးမနိုးပွဲ…

ဒီရက်တွေမှာ ဘလော့ဂ်ဂါတွေ အတော်များများ ကိုယ့်ဘလော့ဂ်တွေကို ပစ်ပြီး မျက်နှာစာအုပ်ပေါ် ရောက်နေကြတယ်…။ မျက်နှာစာအုပ်က သတင်းပလင်းစုံတယ်… တခုခုဆို ချက်ချင်းသိကြတယ်… ချက်ချင်း မျှဝေလို့ရတယ်... အစည်းအဝေးခန်းမလို နေရာ တနေရာထဲမှာ အတူတူလာစုပြီး စကားပြောနေကြရသလို နီးကပ်နွေးထွေးတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ ဘလော့ဂ်ရေးတဲ့ ညီမတယောက်က ပြောလာတယ်…။ ဒါကြောင့်မို့ ဖြစ်ပါလိမ့်မယ်… ဘလော့ဂ်ပေါ်မှာ လူတွေ ငြိမ်သက်နေပြီး မျက်နှာစာအုပ်မှာ အချိန်တိုင်း လူတွေ စည်ကားလို့နေတယ်…။


ဒီညက တန်ဆောင်မုန်း လပြည့်နေ့ည… ဟိုး ခပ်ဝေးဝေးမှာ လ က ဝိုင်းဝိုင်းစက်စက် သာ လို့...။ တန်ဆောင်မုန်း လပြည့်နေ့ညကို ဆေးပေါင်းခတဲ့ည လို့ သတ်မှတ်ခေါ်ဆိုကြတယ်… ချစ်စရာ ပျော်စရာ မြန်မာ့ရိုးရာ ဓလေ့အရ လူကြီးတွေက ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ်တွေစားကြချိန်မှာ လူငယ်တွေက ကျီးမနိုးပွဲကို တပျော်တပါး ဆင်နွှဲတတ်ကြတယ် မဟုတ်လား…။

အခုလဲ ဒီည ၁၁ နာရီ ၅၈ မိနစ်မှာ ဆေးပေါင်းခမယ်တဲ့...။ ဆေးပေါင်းခတဲ့ည အထိမ်းအမှတ်အဖြစ် လူကြီးတွေ မျက်နှာစာအုပ်မှာ မယ်ဇလီဖူးသုပ်တွေ စားရင်း မျက်မှောက်ရေးရာတွေကို ဆွေးနွေးပြောဆိုနေကြတုန်းမှာ အဲဒီ အခြေအနေကို အခွင့်ကောင်းယူပြီး သက်ဝေတယောက် အိမ်တွေလျှောက်လည်ရင်း အိမ်ရှင်တွေလစ်တုန်း သူတို့အိမ်တွေက အလွယ်တကူ ယူလို့ရတဲ့ ပစ္စည်းတွေကို တိတ်တိတ်လေး သွားပြီး အလစ်သုတ်လာပါတယ်…။ (လူကနေပေမယ့် ပညာက မနေတဲ့ သဘောပါ...)

ဘလော့ဂ်ပေါ်မှာဆိုတော့ စိတ်ထင်သလို အလစ်သုတ်လို့တော့ မရခဲ့ဘူးပေါ့… ဒါပေမယ့် ရသလောက်ကို စိတ်ရှည်လက်ရှည်နဲ့ သွားယူလာခဲ့တယ်…။ တချို့ဘလော့ဂ်တွေမှာ အလစ်သုတ်စရာ ဟိုဟို ဒီဒီ ကျီးကန်းတောင်းမှောက် လိုက်ရှာပေမယ့် ဘာပစ္စည်းမှ ရှာမရလို့ လှည့်ကြည့် လှည့်ကြည့်နဲ့ ပြန်လာခဲ့ရတာလဲ ရှိတယ်...။ ဘာပဲဖြစ်ဖြစ်လေ... တယောက်တည်း ကျီးမနိုးပွဲလုပ်ပြီး ရသလောက်တော့ ယူလာခဲ့တာပဲ...။ အဲဒီတော့ကာ ပိုင်ရှင်များ ကိုယ့်ပစ္စည်းကို ကိုယ်တိုင် လာရွေးယူကြစေချင်ပါတယ်။ ပြီးတော့ လာရောက် ရွေးယူသွားကြောင်းကိုလဲ မှတ်ချက်လေးများ ချန်ခဲ့စေချင်ပါတယ်…။ လာမရွေးယူတဲ့သူတွေကို သင်္ကြန်ကျရင် အိုးမည်းနဲ့ မဲတူးနေအောင် လိုက်သုတ်ပါ့မယ်…။

ကဲ… ဒီမှာ… ကျီးမနိုးပွဲအတွက် ပိုင်ရှင်မသိအောင် တိတ်တိတ်လေး သွားယူလာတဲ့ ပစ္စည်းတွေ... စုံလို့ စုံလို့ပါပဲ...။ ပြန်ရွေးရတာလွယ်အောင် နံပါတ်စဉ်ထိုးပြီး ပြထားတယ်နော်…။ ကြည့်ကြပါအုံး...


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)





(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)



(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)



(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)

ပိုင်ရှင်တွေအားလုံး ကိုယ့်ပစ္စည်း ကိုယ် လာရွေးယူရင်း ပျော်ရွှင်စရာ တန်ဆောင်မုန်းလ ကျီးမနိုးပွဲ ဖြစ်ကြပါစေ...။

47 comments:

  1. နံပါတ် ၁၇ ကို ဦးဆုံး လာရွေးပါတယ်ချင့်။
    ဟိဟိ .. စာမကျက်ဘဲ ဘလော့လည်တာ မိပြီ .. တိန် :P

    ReplyDelete
  2. ဟားဟား..မိုက်တယ်ကွာ..
    အကြံပိုင်ပါပေ့..

    သဘောကျတယ်..

    ကိုယ့်ဟာ လာရွေးရင်း..သူများဟာတွေပါ..ဆွဲသွားတယ်။
    ဖဘ ပေါ် မှာ လိုက်ေ၇ွး...း)

    ReplyDelete
  3. No 27 ကို ပြန်ရွေးပါရစေဗျို့... ပျော်စရာကြီး။း))

    ReplyDelete
  4. ချိုသင်း ကံ့ကော်ပန်းလေး ပြန်ပေးပါ မမ။
    ပန်းက နှစ်ပွင့်မို့ တပွင့် ယူချင် ယူပါလေ..
    (အော်..ငါ့နှယ်၊ အလစ်သုတ်တဲ့သူကို ပြန်ဝေစုခွဲနေသေးး)
    :)))

    ReplyDelete
  5. 21 ပါရှင့်
    :D .. happy idea..
    thanks for the night, dear sis!

    ReplyDelete
  6. 28 ရွေးချင်လို့ပါ မမသက်ဝေ..
    ပိုင်ရှင်လာမေးရင် ရွေးသွားပီပြောပေးပါ။
    နောက်ကလိုက်ခဲ့ပါလို့ .....

    ReplyDelete
  7. ဟမ်. ပါသွားပျံဘီ။

    ReplyDelete
  8. မမသက်ဝေက စိတ်ကူးကောင်းတယ်.. ပျော်စရာကြီး.. :D အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ကို ယူလာခဲ့တာပဲ..တကယ်တော်တဲ့ အမ... :))

    မီးမီးရဲ့ လိပ်ပြာလေးတွေ (နံပါတ် ၁၁) ကို မအိပ်ခင် အမြန် ပြန်လာရွေးပါတယ်.. :))

    ReplyDelete
  9. ပြန်ပေး..
    ပြန်ပေး..
    ပြန်ပေးပါ..

    ReplyDelete
  10. မမရေ
    လာရွေးတာမဟုတ်ဘူး...
    လာချောင်းတာ....

    ပျော်ပါစေ....

    နှင်းနဲ့မာယာ

    ReplyDelete
  11. ပုံ 10 နဲ့ 11 က လှလိုက်တာ ဘယ်သူ့ဟာလဲမသိ အစ်မ တော်တယ်ကော လှလှလေးတွေ ရွေးခိုးတတ်တယ်း)

    ReplyDelete
  12. -sob-
    မမသက်ဝေက မချစ်တော့ပါဘူး
    -sob-

    ReplyDelete
  13. ကြံကြံဖန်ဖန်တော် ... ဘလော့ရွာမှာပါ ကျီးမနိုးပွဲလုပ်ရတယ်လို့ ...ကြားကြားဖူးပေါင်တော် ...

    ကျုပ် နံပတ် ၁၂လေး ပြန်ပေးကြပါတော် ...
    (ပြောင်းဖူးဖက် ဆေးလိပ်ကြီး မီးခိုးတထောင်းထောင်းနဲ့ ဖွာနေတဲ့ အဒေါ်ကြီးပုံမြင်ယောင်ပါရန် ...)

    (တော်တော် အကြံပိုင်တဲ့ အန်တီသက်ဝေ ... အလေးပြုသွားပါသည်။)

    ReplyDelete
  14. တော်သေးတာပေါ့ဘာမှမရွေးရလို့..
    အလစ်သုတ်ခံရရင် အသက်ကြီးပြီးအအိပ်ပုတ်တယ်အပြောခံရအုန်းမယ်...

    ReplyDelete
  15. ပျော်စရာပဲ မသက်ဝေ ၊မြေလတ်မှာလည်း လုပ်ကြတယ်။
    အိမ်က ထမိန်လျှော်တဲ့ အင်တုံကြီး မသွားလို့ စိတ်ပျက်တာဆိုတာလေ ပြောချင်ပါဘူး။

    ပြီးတော့ အဲ့ဒီအင်တုံကို နတ်အင်မတန်ယုံတဲ့ အန်တီဆရာမ အ်မ်ခေါင်းရင်း သွားချထားတာ အဲ့ဒီ အန်တီက စိတ်ဆိုးတာ ပြောပါနဲ့တော့ ။

    မအယ်

    ReplyDelete
  16. ပျော်စရာကြီး မမ ... မယ့်ပုံလေးလည်း ပါတယ် :D
    23 ဘက်ခမ်းရဲ့ နံပါတ်လေး :P

    ReplyDelete
  17. ဟဲဟဲ.. နံပါတ် ၅.. တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဗျ.. ၅ ဆိုတာ ကိုယ်ပိုင်နံပါတ်ဗျ.. သိလား..။
    ဒါပေမဲ့ ကိတ်ချ မရှိပါဘူး။
    ပြန်မရွေးဘဲ ပေးလိုက်ဆိုလည်း ပေးပါတယ်ဗျာ.. ကိုယ့်ညီမလေးပဲဟာ..။ :)

    ReplyDelete
  18. နောက်ဆုံးမှ အခိုးခံရသူပါ။း)
    ငယ်ငယ်က တန်ဆောင်မုန်းလပြည့်နေ့မှာ သူများခြံထဲဝင်ပြီး သင်္ဘောသီးတွေခိုးခဲ့လို့ အခု ၀တ်ပြန်လည်တာဖြစ်လိမ့်မယ်။ အဲဒီညက သူငယ်ချင်းတသိုက် ခိုးရာပါပစ္စည်းတွေနဲ့ ထမင်းချက်စားကြတာ ပျော်စရာကြီး။ ဒို့ခိုးခဲ့တဲ့ သင်္ဘောသီးတွေကို သုတ်စားပစ်ကြတယ်။ ခိုးစားရတဲ့ အရသာ ကောင်းမှကောင်း။ သက်ဝေ နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ခိုးနိုင်ပါစေဗျား။ ကျန်းမာပါစေ။

    ReplyDelete
  19. ၂၈က တခါလေး ငါးဖယ်ထောင်းပါတယ် နံမည်ကျော်သွားတာပဲ.. :P

    နံပါတ်၂၉ အလုံးကြီးထဲမှာ ပန်းကန်ဇောက်ထိုးနဲ့ပုံကတော့ လာရွေးမှာမဟုတ်တော့ဘူး အခုအချိန်မှာ ယူချင်တာသာယူ ဘာမှအရေးမကြီးတော့ပါဘူးတဲ့

    ReplyDelete
  20. မမသက်ဝေ အိုင်ဒီယာလေးကောင်းလိုက်တာ ပျော်စရာကြီး.... :D :D
    ငယ်ငယ်ကတော့ သူများတွေ ဒီလိုကြီးမနိုးပွဲလုပ်တာကို ထိုင်ရီဖူးတယ်... ကိုယ်ခြံထဲက ပန်းအိုးတွေတော့ သေချာ ထုံးနဲ့ မှတ်ထားရသေးတယ်.. ကျီးမနိုးပွဲနဲ့ ရောချသွားမှာဆိုးလို့လေ... တနှစ်ခံရဖူးတယ်... အိမ်က သန်လျက်ဂမုန်းအိုးကြီးပါသွားတယ်... :)

    ReplyDelete
  21. ရွေးစရာ မပါလို့ ထိုင်ရီပြီးပြန်သွားပြီနော် အိုင်ဒီယာ လေး ကကောင်းလိုက်တာ ပျော်စရာကြီး

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  22. ကျမကတော့ မရွှေစင်ရဲ့ မဲဇလီဖူးနဲ့ ပုရစ်ကြော် အလစ်သုတ်သွားပြီးပီ

    ReplyDelete
  23. ;) နှင်းဆီပန်းလေးကို ခနအပ်ထားမယ်နော်။
    နှင်းတွေကျနေလို့ အခုနေပြန်ယူရင် သေသွားမှာစိုးလို့။
    ဟိဟိ

    ReplyDelete
  24. ဟယ် ပျော်စရာပွဲလေးနော် မမသက်ဝေ အိုင်ဒီယာကောင်းလိုက် ဘာပစ္စည်းမှမရှိဘဲ လှည့်ကြည့်လှည့်ကြည့်နဲ့ ပြန်သွားရတဲ့ အိမ်ထဲမှာ ညီမလေးအိမ်ပါမယ်ထင်တယ်...း)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  25. အဲဒီပုံက ကျနော်လည်း အင်တာနက်က သူများပစ္စည်းကို (ကျီးမနိုးပွဲ မဟုတ်ဘဲ)အလစ်သုတ်ထားတာ။း-)

    ReplyDelete
  26. ဟင်....ငြိမ်နေပါတယ်မှတ်တာ သူက အလုပ်သစ် အလစ်သုတ်နေတာကိုး၊ ဟားဟား သက်ဝေ လူဇိုး....
    ဒါထက် ၁၀ ဂဏန်းက ဘူကျတယ်၊ မကြိုက်ဘူး ပြန်လဲပေး...၊ အဲ ဘူကြီးကစားရင်တော့ တပွဲလုံး သိမ်းပြီပဲ ငှဲငှဲ....:)

    ReplyDelete
  27. ဟယ်တော့ ... တိုက်ဆိုင်ပုံများ.. တူးတူးကိုတောင် သတိရသွားဘီ... ခစ်ခစ်ခစ်...
    အစ်မသက်ဝေကို....
    မိဆိုး... အဆိုးလေးမို့ကွယ်... ပိုချစ်တယ်.....
း-)

    ReplyDelete
  28. အင်း.....နာ့ကျဘယ်သူမှ၊မျက်စေ့မလည်ဘူး

    ReplyDelete
  29. သူများက နောက်အကျဆုံးဖြစ်နေပါလားး :)))


    Plz return back. Hee hee...


    this post is nice one.


    Myatnoe

    ReplyDelete
  30. ၂၆ လေး လာပြန်ရွေးတာပါ .. ဟိဟိ
    သူများနေမကောင်းလို့ အိပ်နေဒါကို .. လစ်သွားဒယ်

    ReplyDelete
  31. တားတားဟာက နှချပ်ကိုးပါ၊ ထုပြန်ပေး.. ထုပြန်ပေး..

    ReplyDelete
  32. အိုင်ဒီယာလေး ကောင်းလိုက်တာ မသက်ဝေ၊
    ပြုံးရတယ်။

    ReplyDelete
  33. သူခိုးလက်က သူဝှက်ပြန်လုသွားတယ်။ အကျင့်ပါနေလို့ :)

    ReplyDelete
  34. ( အခုလည်း ကျီးမနိုးပွဲကို ဘလောဂ့်တွေထဲမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲ ဆိုပြီး တွေးကြည့် နေမိသေးတယ်။ ရပ်ကွက်ထဲမှာ ဆိုင်းဘုတ်တွေ ပြောင်းချိတ်ကြသလို ဘန်နာတွေ ပြောင်းချိတ်လို့ရရင် ရယ်ရမယ်။ တံခါးဝမှာ ကန့်လန့်ခံ ထားသလို ဆီပုံးတွေကို သွားဆို့လိုက်ရမလား။ အချစ်ကဗျာ နုနုရွရွရေးတဲ့ ဘလောဂ့်မှာ တရားစာရေးတဲ့ ဘလော့ဂ်က သံဝေဂပို့စ်ကို ဖြုတ်ခိုးပြီး သွားတင်လိုက်တာတို့ ဘာတို့။ ဒီလို လိုက်မွှေလို့ရရင် ဘယ်လိုနေမလဲပေါ့။ ကျီစားသန်က ရန်များ၏ တော့ မဖြစ်အောင် သတိထားရမယ်။ http://pandora-and-pandora.blogspot.com/2008/11/blog-post_13.html )

    ၂၀၀၈ ခုနှစ်က အဲလိုဆန်ဆန် စိတ်ကူးကြည့်ခဲ့သေးတယ်။ အခုတော့ ဒေါ်သက်ဝေက အကောင်အထည်ဖော်သွားပြီကိုး။ ညက အစောကြီးအိပ်ပျော်သွားခဲ့တယ်။ အိပ်မွေ့ချထားတာဖြစ်မယ်။ ~@~

    ဘန်နာ ၈ ကို ပြန်လာယူသွားပါပြီ။း)

    ReplyDelete
  35. အိန္ဒြာ နောက်ဆုံးဖြစ်နေပါပေါ့လား...

    တော်သေးတယ်...

    face book အ၀င်ဦးလို့
    ဘန်နာပျောက်တိုင်တော့မလို့
    ဘန်နာတော်စောင့်လေးဘာလေး ထားဖို့တောင် စိတ်ကူးနေတာ.....း))

    ဘာ နဲ့ ရွေး ရ မှာ လဲ ဟမ်....

    ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သားမှာ
    ကျီးမနိုးပွဲက ပစ္စည်းတွေကို ဒုလ္လဘ၀တ်ဖို့ သင်္ကန်းတွေနဲ့ ရွေးရတာ...

    အိန္ဒြာလည်း ကုသိုလ်ရအောင် မယ်သီလရှင်ဝတ်ရုံ တစ်စုံနဲ့ ရွေးသွားပါတယ်နော်..
    မမသက်ဝေ..ပါရမီဖြည့်နိုင်မယ်ထင်ပါရဲ့
    ( သဘောတူသူများ လက်ခုပ်တီးကြပါ..အဲ..သာဓုခေါ်ကြပါ )

    ReplyDelete
  36. နံပါတ်ပြောဖို့မေ့သွားလို့.....:D

    Lucky 9

    ReplyDelete
  37. ပျော်စရာ ကျီးမနိုးပွဲကို အတူတူပါဝင်ခဲ့ကြတဲ့ သူငယ်ချင်း မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်... လာရွေးယူရင်း ချန်ခဲ့တဲ့ မှတ်ချက်တွေကလဲ တကယ် ပျော်စရာပါ...။ အခုလို ရယ်ကြရ ပျော်ကြရတယ် ဆိုလို့ သိပ်ဝမ်းသာပါတယ်...။
    တကယ်တော့ အလစ်သုတ်ရတာ သိပ်မလွယ်လှဘူး။ စနေနေ့ညကဆို တညလုံး မအိပ်မနေ တအိမ်ဝင် တအိမ်ထွက် လိုက်အလစ်သုတ်နေရတာ... ဒါတောင် တချို့အိမ်တွေ ကျန်ခဲ့သေးတယ်... ဘာပဲဖြစ်ဖြစ် အခုလို ပျော်စရာဖြစ်သွားတော့ အိပ်ရေးပျက်ခံရကျိုး နပ်သွားတာပေါ့... ကျန်ခဲ့တဲ့ အိမ်တွေ နောက်နှစ်မှ လာတော့မယ်...။

    ချစ်ခင်စွာဖြင့်

    သက်ဝေ

    ReplyDelete
  38. အဲဒါ ကြိတ်ကြံနေတော့ ငြိမ်နေတာပဲ ... တံခါးလာခေါက်တာကို အသံမပြုတာ တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်သား ...

    ခဏခဏ လာလာကြည့်နေတာ ... ပစ္စည်းတွေ လာရွေးကုန်ကြပြီလားလို့ ...

    ReplyDelete
  39. အမ..... Idea လေး သိတ်ကောင်းတယ်....

    ReplyDelete
  40. မယ်လည်း ဘယ်သူတွေ ရွေးပြီးပြီလဲလို့ ခဏခဏလာလာကြည့်တယ် မမး)

    ReplyDelete
  41. ဘုရားတွေ နံပါတ် ၁၈ က ကိုယ့်ပိုင်ဆိုင်သမျှ အကုန်ပဲကိုး။ ဘယ်အချိန်ပါသွားမှန်းတောင် မသိဘူး။ မယ်ဇလီဖူးသုပ်နဲ့ တိုင်းရေးပြည်ရာဆွေးနွေးနေတုန်း အလစ်သုတ်ခံရတာကိုးကွယ်... ရှိစေတော့ မရွေးတော့ဘူးနော်...:P အသစ်ပဲ ပြန်ဝယ်ထားလိုက်တော့မယ် စိတ်ကူးတယ်...။( ဟဲဟဲ ဘယ်ရမတုန်းးး သာခိုးး စိတ်ညစ်သွားပြီး အိမ်တိုင်ယာရောက် ပြန်ပို့ချင်သွားပြီ။)
    အမည်မဖော်လိုသူ
    မမတယောက်

    ReplyDelete
  42. အမ ကိုယ့်ဘလော့တောင် မရောက်ဖြစ်လို့ ယူသွားတာ မသိလိုက်ဘူး.. ဟိဟိ...

    ပေး ပေး ပေး ဘန်နာလေးပြန်ပေး... :P

    ReplyDelete
  43. နံပါတ်၁၅က လာရွေးပါ့မလား။ အခု..
    ဘန်နာ.. အသစ်ကလေးဖြစ်နေပြီ။

    ReplyDelete
  44. အစ်မသက်ဝေ စိတ်ကူးကောင်းပုံကတော့...။
    အားလုံးပျော်ရသလို ကွန်မန့်တွေ ဖတ်ပြီး အစ်မသက်ဝေကိုယ်တိုင်လည်း ပျော်ရွှင်နေခဲ့မှာ မြင်ယောင်မိတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...