Sunday, October 9, 2011

အသွင်ပြောင်း ပုံရိပ်

ပြီးခဲ့တဲ့ တပတ်က ရွှေဒေါင်းတောင် အွန်လိုင်း ဂျာနယ်အတွက် ရေးဖြစ်ခဲ့တဲ့ ပိုစ့် အသစ်တပုဒ်ပါ။ ကိုယ်တိုင်ဖန်တီးလိုက်တဲ့ အရာတခု (သို့) ကိုယ်တိုင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုကို ကိုယ်တိုင် ကျေနပ် နှစ်သက်စွာ လက်ခံတတ်ဖို့ လိုအပ်တယ်လို့ အသေအချာ နားလည် ခံစားလိုက်ရတဲ့ အခိုက်အတံ့လေးမှာ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်…။

အသွင်ပြောင်း ပုံရိပ်


မြင်ကွင်းထဲမှာ ဝေဝါးနေသေးသော အရာများကို ကြည်လင်ပြတ်သားလာစေရန် မှန်ပြောင်းငယ်ကို တဖြည်းဖြည်းချင်း လှည့်ကာ ချိန်ယူလိုက်မိသည်။ လိုအပ်သော ကြည်လင်ပြတ်သားမှုကို ရသွားသောအချိန်မှာ ခလုပ်ကို နှိပ်ချလိုက်သည်။ စူးရှသော မီးပွင့်တချက်လင်းလက်သွားပြီး ပုံရိပ်တခုကို အမိအရ ဖမ်းဆုပ်လိုက်နိုင်သည့်အတွက် ကျေနပ်သွားသော အပြုံးကို ပြုံးလိုက်သည်။ ကိုယ်တိုင် ရိုက်ကူးလိုက်သော ပုံကို ကင်မရာမှာပါသော ပြန်ကြည့်လို့ရသည့် မှန်ကွက်လေးမှတဆင့် ပြန်ကြည့်ရင်း သဘောတကျ ကျေနပ်နေဆဲ…

ထိုအခိုက်အတံ့လေးမှာပဲ ကိုယ့်ရဲ့ မြင်ကွင်းထဲကို လူတယောက် တည့်တည့်မတ်မတ် ဝင်ရောက်လာခဲ့တာ…။

“ကျေးဇူးပြုပြီး ကျွန်တော့ကို ဓါတ်ပုံ တပုံလောက် ရိုက်ပေးနိုင်မလား…”

-----
----------
---------------
--------------------


အပြည့်အစုံကို ဒီနေရာ မှာ ဖတ်ပေးပါနော်...။ ကျေးဇူး အကြီးကြီး တင်ပါတယ်…။



17 comments:

  1. ဓါတ်ပုံရိုက်ပေးလိုက်သလားဟင် ။ အဆုံးသတ်လေးကို သဘောကြမိတယ်မမရေ။ အခုလို share တဲ့ မမကိုကျေးဇူးပြန်တင်ရမှာပါ။

    ReplyDelete
  2. ရိုးရိုးလေးနဲ့ ဖတ်လို့ ကောင်းလိုက်တာ..၊ ဓါတ်ပုံ ရိုက် တာကို ဝါသနာ ပါတာလေး တခုနဲ့ပဲ ယောင်္ကျားလေးတွေနဲ့ တရုန်းရုန်းဆိုပြီး လမ်းခွဲတာကတော့ အတော်ကြောင်တဲ့ အတွေးအခေါ် ပဲဗျ၊ ကင်မရာတွေကိုပဲ ဆက်ပြီး ဖက်တွယ်ထားတာ အဲဒီ မိန်းကလေး မှန်တာပေါ့၊ စကားမစပ် သူက manual focus ပဲ သုံးပုံ ရတယ်နော်...။း)

    ReplyDelete
  3. ဖတ်ပီးသွားပြီ အမသက်ဝေ ..
    မိန်းကလေးရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို သဘောကျတယ်။
    ကိုညီလင်းသစ်ပြောသလိုပဲ ဓာတ်ပုံရိုက်လို့ လမ်းခွဲတာကြီးကတော့ မမိုက်ပါဘူး။ ခေတ်နောက်ကျလွန်းတယ်။

    ReplyDelete
  4. သွားဖတ်ပြီးပြီအမ... အမရဲ့ အရေးအသား အဖွဲ့အနွဲ့တွေကို အရမ်းကိုနှစ်သက်တယ်...

    ReplyDelete
  5. တွေဝေနေမဲ့အစား ပြတ်သားခဲ့တဲ့စိတ်ကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်။
    ရိုးရိုးရှင်းရှင်းလေးနဲ့ဖွဲ့တည်ထားတဲ့ ဇာတ်အိမ်လေး ဖတ်လို့ကောင်းတယ် မသက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကြိုက်မှ ကြိုက်

    ဟုတ်တယ်
    မှန်တယ်
    အကျိုးရှိတယ်

    ကိုယ့်ရင်ထဲက ပေါ်လာတဲ့ စကားလုံးတွေနဲ့ မိန်းကလေးကို ထောက်ခံသွားတာပါ...း)

    ReplyDelete
  7. ကင်မရာချစ်သူ ဒါ့ပုံချစ်သူအချင်းချင်း အားပေးသွားသည်။
    ဟိုလူကြီးကို အဲလိုထားခဲ့တာ မိုက်ဒယ် ဟိဟိ။

    ReplyDelete
  8. ကောင်းလိုက်တဲ့ ဝတ္ထုတိုလေး။ တကယ်ကို ရင်ကို ထိရှစေတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  9. ဒီဝတ္ထုလေးဖတ်ပြီးတော့...
    အတ္တကိုရှေ့တန်းတင်ရင်ကိုယ့်ချစ်သူနဲ့ကွေကွင်းရသလို
    မာနကိုရှေ့တန်းတင်ပြန်ရင်လည်း
    "အပျိုကြီး"လုပ်ရမယ်ဆိုတာ
    သိသွားသလိုလိုပါပဲရှင် :P
    "အဓိက"ကတော့"နားလည်မှု"ပေါ့နော်အစ်မး)

    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  10. ဝတ္ထုတိုလေးက လှတယ် သက်ဝေ
    ဒီရက်တွေမှာ စာရေးကျဲနေသလားလို့
    နေမကောင်းဘူးလား လို့ စိတ်ပူနေတယ်

    ReplyDelete
  11. လူတွေကတယောက်နဲ့ တယောက်ဓတ်ပုံရိုက်ရုံ၊
    နားလည်နိုင်သလောက်အခြင်းခြင်းနားလည်ရုံဆို
    သိပ်ကောင်းမှာဘဲ..
    အန်တီသက်ဝေရဲ့အရေးအကွန့်တွေသိပ်ကောင်း
    ..... :)

    ReplyDelete
  12. မသက်ဝေရဲ့ ဘလော့ကိုနေ.တိုင်းလာဖတ်ဖြစ်ပါတယ်၊ မသက်ဝေရေးတဲ့ စတိုင်က မြင့်နေလို. ကျွန်တော့်လို ပေါ့ပေါ့စား၊ပေါ့ပေါ့သွားတဲ့သူက ဘာကိုကွန်မန်.ရေးရမှန်း မသိဖူးဖြစ်နေပါတယ်၊

    ချွေးမလောင်း ရှာဖွေရာမှာ မသက်ဝေနဲ. အခန်.မသင့်ပဲ ပြိုင်ဘက်ဖြစ်သွားပေမဲ့ အမြဲတမ်းခင်မင်လျက်ရှိပါကြောင်း၊

    ခင်တဲ့

    ZZZ

    ReplyDelete
  13. တစ်ခါတစ်ခါဆိုသလိုပဲ အက်ဆေးတွေက ကောင်းကိုကောင်းနေတော့တာ....။ မိန်းကလေးရဲ့ ဆုံးဖြတ်ချက်ပြတ်သားပုံလေးကြိုက်တယ်...။

    ReplyDelete
  14. ကိုယ်ကလည်း မှန်တယ်ထင်တယ်
    ကိုယ့်လုပ်ရပ်ကလည်း ကိုယ့်ကိုယ်ကိုရော၊ အများကိုပါ ထိခိုက်မှုမရှိရင် လုပ်သင့်တယ်။ အစ်မသက်ဝေထုံးစံအတိုင်း ရေးသွားတာလေးက စာဖတ်ရင်းဆွဲခေါ်သွားတာ ခံလိုက်ရတယ်။ အဆုံးသတ်လေးမိုက်တယ်။

    ReplyDelete
  15. သနားပါတယ် ....
    မညားရင် စိတ်ထဲမှာ မကောင်းဘူး .. ဟီးး
    ကိုယ့်ဟာကိုယ်ပဲ ဖြည့်တွေးလိုက်တော့မယ်နော် .. :D

    ReplyDelete
  16. http://www.eastwindburma.net/bur/index.php?option=com_content&view=article&id=969:2011-02-20-15-24-04&catid=71:2010-12-26-16-06-19&Itemid=415

    မြေလျှိုးလို့ မိုးပျံဂူအောင်းလို့ နေသော်လည်း

    အတိတ်ကံဆိုး ကြုံလာတိုးက

    နွားခြေရာနောက် လှည်းဘီးလျှောက်သို့

    လွတ်ရိုးထုံးစံမရှိပြန်ဘူး
    ဆဒမ်ဟူစိန် ငူငူလေးထိုင်

    သေနတ်ကိုင်လို့ သေနေတဲ့ ကဒါဖီပုံရိပ်
    အတိတ်သင်ခန်းစာ မြင်အောင်ကြည့်ကြစမ်းပါ

    လူမိုက်ဆိုတာ ဂျိုပါပြီးသားမို့

    လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ

    စမ်းစစ်ကြည့် အနိုင်ယူခြင်းရဲ့ နိဂုံး

    အဆုံးသတ်မှာတော့ လူမိုက်ဆိုတာ

    အရှုံးနဲ့ ပဲသေဆုံးရမှာပါ...

    ReplyDelete
  17. ဖတ်ပြီး သနားတာ... ဘယ့်သူ့မှန်းတော့ မသိဘူးး)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...