Sunday, August 19, 2012

White Cane


စာဖတ်သူများ မိတ်ဆွေများနဲ့ သူငယ်ချင်း ညီအကို မောင်နှမများကို White Cane ဆိုတဲ့ Online Library လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဒီ Library လေးကို မျက်မမြင် ကိုအေးချမ်းသူနဲ့ အတူ သူ့ရဲ့ အွန်လိုင်းသူငယ်ချင်း မဖူးပြည့်စုံတို့က စတင် တည်ထောင်ထားပါတယ်…။ ဒီ Library လေးကို အမြင်အာရုံချို့ယွင်းနေကြတဲ့ လူငယ် လူရွယ်တွေအတွက် ရည်ရွယ်ပါတယ်။ အဲဒီ Library လေးနဲ့ ပတ်သက်လို့ White Cane Online Library ကို စတင် ဖန်တီးသူ မဖူးပြည့်စုံက အခုလို ပြောပြခဲ့ပါတယ်…။

“တချို့ မြို့နဲ့ နီးတဲ့ မျက်မမြင်ကျောင်းတွေမှာ စာဖတ်ပေးတဲ့ volunteer တွေ ရှိပေမယ့် တချို့ အလှမ်းဝေးတဲ့ နေရာတွေမှာ Volunteer က မရှိသလောက်ဘဲဆိုတော့ ကလေးတွေကို စာဖတ်ပေးမယ့်သူ မရှိပါဘူး။ အမြင်အာရုံ ချို့ယွင်းနေတယ်ဆိုတာ့ တဖက်မှာ အသိဥာဏ်ကလည်း တော်တော်လေး နိမ့်နေပါတယ်။ ဆယ်တန်းလို့သာ ဆိုတယ်… တချို့ ကိစ္စတွေမှာ သာမန် ငါးတန်း ခြောက်တန်း ကလေးလောက်တောင် မသိတာမျိုးတွေလည်း ဖြစ်နေပါတယ်။ အဓိက ကတော့ စာဖတ်နည်းလို့ လို့ ယူဆပါတယ်…။

နောက်ပြီး စိတ်မကောင်းစရာက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပါ။ ဆရာတွေ ဆရာမတွေကတော့ စေတနာအပြည့်နဲ့အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေကြပါတယ်။ သို့ပေမယ့် ကိုယ့်နိုင်ငံရဲ့အခြေအနေကြောင့် သာမန်လူတွေတောင် အလုပ်ရဖို့ခက်ခဲနေတဲ့အတွက် မျက်မမြင်တွေအတွက် အလုပ်အကိုင်လမ်းက မရှိသလောက်ပါပဲ။ သူတို့ကို ကျောင်းတွေမှာ အနှိပ်နဲ့ ကြိမ်ထိုး သင်ပေးပါတယ်။ မျက်မမြင် အနှိပ်ဆိုတာက ဘယ်မှာများ တွင်ကျယ်ပါသလဲ။ နောက် ကြိမ်ထိုးဆိုတာကလဲ ခေတ်ကုန်သွားပြီ။ တော်တော်ကြိုးစားတဲ့သူမှ ဂျပန်မှာ သုံးလ လေးလ စသည်ဖြင့် အနှိပ်ပညာတို့၊ ကွန်ပျူတာပညာတို့ သင်ကြရပါတယ်။ နောက် ကျောင်းမှာ ဆရာ (သို့မဟုတ်) ဝန်ထမ်းပြန်လုပ်ကြရပါတယ်…။ ဒီလိုအခွင့်အရေးတွေကလည်း တကယ်တော့ ကျေင်းသား တရာမှာ ခြောက်ယောက် ခုနှစ်ယောက်ပဲ ရရှိနိုင်တာပါ။ သာမန် ကျောင်းသားကတော့ အလုပ်ရရင်ရ မရရင်တော့ ဒီလိုပဲ ဝေဝေဝါးဝါးနဲ့ ပြီးသွားကြတာပါ။ တချို့ဆို ဒီထက် ဆိုးတဲ့ အခြေအနေတွေ ရောက်သွားတတ်ကြပါတယ်…။ တကယ်ကို ဝမ်းနည်းစရာပါ…။


အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်က အများကြီး လုပ်ပေးနိုင်သေးတာ မဟုတ်ပေမယ့်လည်း သူတို့လေးတွေ အသိဥာဏ်လေး ပိုမိုပွင့်လင်း လာစေဖို့အတွက် ကိုယ့်ဖက်က ကူညီနိုင်တာကတော့ စာဖတ်ခြင်း တမျိုးသာ ဖြစ်ပါတယ်… အဲဒီလို ရည်ရွယ်ချက်နဲ့ White Cane ကို အစပြုထားပါတယ်…”


ပြည့်ပြည့်စုံစုံကို ဒီနေရာ မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...။

ဒါကြောင့် အခု ဒီပိုစ့်ကို လာဖတ်ကြတဲ့ စာဖတ်သူမိတ်ဆွေ သူငယ်ချင်းတွေထဲမှာ စာကူဖတ်ပေးနိုင်မယ့် စေတနာရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်။ အပန်းမကြီးဘူးဆိုရင် တနေ့ တနေ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေထဲက မိနစ်အနည်းငယ်လေး သူတို့အတွက် စာဖတ်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။ နေ့စဉ် ကိုယ်ဖတ်နေကျ စာတွေထဲက သတင်းတပုဒ်ဖြစ်ဖြစ်၊ ဆောင်းပါး တပုဒ် ဖြစ်ဖြစ်၊ ဝတ္ထုတပုဒ်ပဲဖြစ်ဖြစ် မိမိနှစ်သက်ရာ (သို့) ကောင်းနိုးရာရာ တခုခုကို အသံထွက် ဖတ်ပေးကြမယ်ဆိုရင် White Cane Library ကနေ ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံ ကြိုဆိုချင်ပါတယ်…။

ဒီနေရာ မှာ အသံဖိုင်လ်အတွက် အကူအညီပေးနိုင်မယ့် အချက်တချို့ကို ရေးထားပါတယ်…။

ကိုယ်ဖတ်ပြီးတဲ့ အသံဖိုင်တွေကို
မဖူးပြည့်စုံရဲ့ အီးမေးလ် asonepyezone2@gmail.com ကို ဖြစ်စေ၊ ကျွန်မရဲ့ အီးမေးလ် thetwai.blog@gmail.com ကို ဖြစ်စေ…  ပို့ပေးကြပါလို့ White Cane Admin များရဲ့ ကိုယ်စား ကျေးဇူးတင်စွာနဲ့ တောင်းခံလိုက်ပါတယ်…။

Breaking News - အခုလောလောဆယ်မှာ တွေ့ရတဲ့ပြဿနာကတော့ အသံဖိုင်လ်တွေဟာ File Size သိပ်ကြီးနေတဲ့အတွက် Email နဲ့ ပို့ရတာ အဆင်မပြေတဲ့ ပြဿနာပါ… ဒီအတွက် Media Fire, Drop Box, File Den စတဲ့ Online Storage တခုခုမှာ Upload လုပ်ပြီးမှ Link ပေးလာခဲ့ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်…။



11 comments:

  1. တိုက်ဆိုင်လိုက်တာ။ တလောကမှ audio book တွေ ကို စိတ်ဝင်စားပြီး.. ဈေးကွက်နဲ့ အသုံးဝင်ပုံကို လေ့လာကြည့်နေမိတာ။ ဒီမှာက.. audio book တွေ က..တော်တော်ဈေးကွက်ရှိတယ်။ သိချင်တာ..ဘယ်လိုလူတွေ အတွက်လည်းပေါ့.လူကြီး တွေတင်လား လို့ ထင်နေမိတာ.. ခုမှ တကယ့် လိုအပ်နေတဲ့ကွက်လပ် (ဈေးကွက်မဟုတ်တဲ့ ကွက်လပ် )ကို မြင်လိုက်သိလိုက်ရတယ်။ ကျမ ဆက်သွယ် ပြီး ပါဝင်ကူညီ လိုက်အုံးမယ်..ကျေးဇူးပဲ မသက်ဝေ

    ReplyDelete
  2. ဖတ်ပေးချင်ပါတယ် အမသက်ဝေ ...
    ညီမလဲ ကဗျာတွေ ၀တ္ထုတွေကို အသံထွက် ဖတ်ရတာ ၀ါသနာပါတယ်။ ခုလိုမျိုး အသုံးဝင်မယ်ဆိုရင် ပိုပြီး ကူညီပေးချင်ပါတယ်။
    အသံသွင်းပြီးရင် ပို့ပေးလိုက်ပါမယ်။
    မျှဝေတဲ့အတွက် ကျေးဇူးပါ ... ။

    ReplyDelete
  3. ကြိုးစားဖတ်ပေးပါ့မယ် အသက်း)

    ReplyDelete
  4. ဒေါ်သက်ဝေရဲ့အလင်းရောင်အစီအစဉ်တွေကို
ိုအားပေးနေပါတယ်

    ReplyDelete
  5. တစ်ဖက်တစ်လမ်းက တတ်နိုင်သလောက် တစ်တပ်တစ်အား ပါဝင်ကြတာပေါ့ အစ်မရေ..

    ReplyDelete
  6. အဘိဓမ္မာ အသင်းကြီး
    Dhamma Audiobooks
    ဒီနေရာကို လက်ဆင့်ကမ်း ဒါနပြုပါတယ်။

    ReplyDelete
  7. မမသက်ဝေ
    တတ်နိုင်တာထက် ကြိုးစားပေးပါ့မယ်.။ အသံသွင်းတာတို့ဘာတို့ ဘယ်လိုလုပ်ရလဲဆိုတာအရင်လေ့လာလိုက်မယ်နော်မမ..။ (နည်းပညာချို့တဲ့လို့..)
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  8. အင်မတန် ကောင်းမွန်တဲ့ အစီအစဉ်လေးပါပဲ မသက်ဝေ..၊ တတ်နိုင်သလောက်လည်း ပါဝင်ချင်ပါတယ်၊ ပေးထားတဲ့ လင့်ခ်တွေကို သွားကြည့်ပြီး လုပ်ပေးနိုင်ဖို့ ကြိုးစားကြည့်ပါ့မယ်..၊ အခုလို မျှဝေတာလည်း ကျေးဇူးပါဗျာ...။

    ReplyDelete
  9. ဟုတ်ကဲ့ ... အစ်မပြောသလို
    ကိုယ်ရဲ့အချိန်လေး နည်းယူပြီး
    ဖတ်ပေးပါ့မယ်
    ကြိုးစားကြည့်လိုက်ဦးမယ်

    ReplyDelete
  10. Interesting topic. Will try. :D thanks for info.

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...