Friday, October 18, 2013

လှတစ်မျက်နှာ သန့်စင်စရာ…

မမ လှလှ ညီမ လှလှ များအတွက် လှသည်ထက် လှစေဖို့ ကျွန်မ လက်ရှိ သုံးနေတဲ့ မျက်နှာသန့်စင်တဲ့ ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ကျွန်မကို အဲဒီပစ္စည်းလေးနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ ချစ်သူငယ်ချင်း ချောချော ပါ။ သူ သုံးနေတာ အတော်လေး အဆင်ပြေတယ်၊ ကောင်းတယ်လို့ ပြောပြပြီး သူကိုယ်တိုင်ပဲ ယူအက်စ်ကနေ မှာပေးပါတယ်။ အဲဒါကတော့ Clarisonic Skin Cleansing Product တွေထဲက Clarisonic Mia 2 ဆိုတဲ့ ပစ္စည်းလေးပါ။


ပြောရရင်တော့ မျက်နှာကို ပွတ်တိုက် ဆေးကြောတဲ့ မော်တာတပ် သွားပွတ်တံ အကြီးစားပါပဲ…။ ကိုယ် ကြိုက်တဲ့ မျက်နှာသစ် ဆပ်ပြာ အခဲ၊ အရည်၊ Foam ဘယ်လိုမျိုးနဲ့မဆို တွဲပြီး သုံးလို့ရပါတယ်…။ တခုပဲ… သဲဆပ်ပြာလို Facial Scrub တွေနဲ့တော့ တွဲသုံးလို့ မရဘူး…။

Clarisonic ကို ကျွန်မ သုံးဖြစ်တာ သုံးလ ကျော်ပါပြီ။ သာမန်အတိုင်း မျက်နှာသစ်တာထက် အဆပေါင်းများစွာ မျက်နှာကို သန့်စင်သွားစေတယ်လို့ ခံစားရတယ်…။ မျက်နှာပေါ်က ကိုယ် မမြင်နိုင်တဲ့ ချေးညှော်တွေကို အကုန်သန့်စင်သွားစေပြီး အသား အရည် ပိုမို ချောမွေ့ တင်းရင်းပြီး အရောင်လည်း လင်းလာပါတယ်…။ မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ တော်ရုံ အစက်အပျောက် အညို အမည်းလေးတွေ၊ ဆားဝက်ခြံ လို့ ခေါ်ကြတဲ့ အစက်တွေကိုလည်း အချိန်အတိုင်းအတာ တခုအတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီ Brush လေးနဲ့ တစ်ရက်ကို တစ်ကြိမ် မျက်နှာသစ်ဖို့ အချိန် တစ်မိနစ်ပဲ လိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း နဖူးကို စက္ကန့် ၂၀၊ နှာခေါင်းနဲ့ မေးစေ့ တွေကို စက္ကန့် ၂၀ နဲ့ ပါး တစ်ဖက်ကို ဆယ်စက္ကန့်စီနဲ့ စက္ကန့် ၂၀… စုစုပေါင်း တစ်မိနစ်ပါ…။




အဲဒီပစ္စည်းကို http://www.clarisonic.com/ မှာ Online ကနေ တဆင့် ၀ယ်လို့ရပါတယ်။ စကာံပူမှာတော့ Sephora မှာ ၀ယ်လို့ရပါတယ်…။ ဈေးလည်း အရမ်း မများပါဘူး…။ နောက်ပြီး မိန်းကလေးတွေတင် မဟုတ် ယောက်ျားလေးတွေလည်း သုံးလို့ရပါတယ်…။ ထိပ်က Brush Head ကိုတော့ သုံးလ တစ်ခါ လဲနိုင်ရင် ပိုကောင်းပါတယ်…။ အဲဒီ Brush Head အပိုလေးတွေကိုလည်း Sephora မှာပဲ ၀ယ်လို့ရပါတယ်…။

ကိုယ်နှစ်သက်တဲ့ ပစ္စည်းမျိုး၊ ကိုယ်တိုင် သုံးကြည့်လို့ အဆင်ပြေတဲ့ ပစ္စည်းမျိုးကို ကိုယ် ချစ်သူ ခင်သူတွေပါ သုံးစွဲစေချင်တဲ့ စေတနာနဲ့ ဒီပိုစ့်ကို ရေးသား မျှဝေပါတယ်…။


12 comments:

  1. ကျေးကျေးမမ...

    ReplyDelete
  2. အရောင်လေးက ချစ်စရာလေး...သူများတွေကို ဝေမျှတဲ့ သက်ဝေတယောက် ဒီထက်မက ပိုမိုနုပျို လှပ ပါစေ... :)

    ReplyDelete
  3. Thanks, interesting.
    If you have time, pls also write info about make-up brand you used.

    ReplyDelete
  4. မျက်နှာ ကလိ တာဆိုစိတ်ဝင်စားတယ်.. ၃ လပဲ ရှိသေး..ညွန်းတယ်..၅ လလောက်မှ မသက်ဝေဆီ လှမ်းမေးပြီး သုံးကြည့်တော့မယ်း)

    ReplyDelete
  5. သက်ဝေ မျက်နှာလေးက နဂိုကို ချောမွေ့ နေတာ. ဈေးသိပ်မကြီးဘူးဆိုပေမယ့် ဘယ်လောက်လဲဟင်. ကိုယ့်အတွက်ဆို ဈေးကကြီးရင်ကြီးနေမှာ.

    ReplyDelete
  6. I saw in their website $150.00.

    ReplyDelete
  7. အဲဒါက ကောင်းတယ်လို့  နာမည်ကြီးတယ်... ဈေးလဲကြီးလို့  ညီမကတော့ ဈေးသက်သာတဲ့ Olay Pro-X Advanced Cleansing System ကို သုံးတယ်..:)

    ReplyDelete

  8. Sephora မှာ တစ်ခုကို စလုံး ၂၁၅ ပါ... ယူအက်စ်ကနေ မှာလိုက်တာ (သူငယ်ချင်း ၃ ယောက် အတွက် ၃ စုံ) Tax ရော Postage ရော ဒီမှာ Tax နဲ့ GST ပေးရတာနဲ့ရော Paya Lebar Post Office မှာ သွားရွေးရတာနဲ့ရော... တခုကို ၂၈၀ လောက် ကျသွားတယ်... ဒီတော့ စလုံးမှာဆို ဟိုကို လှမ်းမှာမနေပဲ ဒီမှာ ၀ယ်တာက ကိုယ့်ဆီ ပစ္စည်းလည်း ချက်ချင်းရောက် ချက်ချင်း သုံးရတာပေါ့။ သူ့ Website မှာ ရေးထားတဲ့ $150 ဆိုတာက US$ ပါ...။

    ReplyDelete
  9. ခုလို မျှဝေပေးတာ ကျေးဇူးပါ

    ReplyDelete
  10. ကျေးဇူးပါနော် မမ။ မယ်လည်း မျက်နှာသစ်ဆေးကောင်းကောင်း လိုက်ရှာနေတာ။ :)

    ReplyDelete
  11. ဝယ်ပြီးသွားပြီ…
    ဒါပေမယ့် ခု စသုံးမှ မေးစရာတွေ့ လို့ အမသက် ကိုဘဲမေးမယ်နော်…
    Brush ကို တခါသုံး ပြီးတိုင်းဖြုတ်ဆေးရမှာဟုတ် …အဲတော့ အဲဒီ ဖြုတ်တဲ့ တတ်တဲ့နေရာကကြာလာရင် ချောင်တာ ပျက်တာ ဖြစ်လွယ်မှာပေါ့နော်...
    ပြီးတော့ သုံးတိုင်းမှာ Brush အနောက်ထဲကိုလည်းရေတွေ ဝင်ဝင်သွားတော့ စက်ကို dry အနေအထားဖြစ်အောင် နေ့စဉ်ဘယ်လိုထိန်းသိမ်းတယ် ဆိုတာလေး ပြောပြပေးပါလားဟင် …
    ကျေးဇူးပါ အမ…

    ReplyDelete
  12. ညီမရေ... Brush ကို တစ်ခါသုံးပြီးတိုင်း တစ်ခါ ဖြုတ်ဆေးဖို့ မလိုပါဘူး... သုံးထားတာ သုံးလကြာမှ တစ်ခါ လဲရမှာပါ... အမကတော့ သုံးပြီးရင် ရေကို စင်အောင် ခါ... ပြီးရင် မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် တစ်ရှူးထူထူလေး ခေါက်ထားတဲ့အပေါ် တင်ထားလိုက်တာပါပဲ... သူ့ဟာသာ ရေခြောက်သွားပါတယ်...း-)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...