Monday, April 4, 2011

Daily Likes

Daily Likes ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီမငယ် ရွှန်းမီက တက်ဂ်လာပါတယ်…။ ကိုယ်ကြိုက်တာတွေကို ရေးရမှာ ပျော်တာကြောင့် အခုလို ခပ်မြန်မြန်လေး ချရေးဖြစ်ပါတယ်။ ညီမ ရွှန်းမီရဲ့ Format အတိုင်းပဲ လိုက်ရေးပါတယ်…။

• မနက် အိပ်ရာကနိုးနိုးချင်းမှာ ကော်ဖီနံ့လေး မွှေးနေတာကို ကြိုက်တယ်…

• ဆိုးလိုက်ရင် ထင်ထင်ရှားရှားကြီး ဖြစ်မနေတဲ့ အညိုဖျော့ဖျော့ နှုတ်ခမ်းနီကို ကြိုက်တယ်…

• သီချင်းကျယ်ကျယ်ဖွင့်ပြီး ကားမောင်းရတာကို ကြိုက်တယ်…

• တယောက်တည်း အေးအေးဆေးဆေး တွေးနေရတာကို ကြိုက်တယ်…

• စာရေးတာ၊ စာဖတ်တာနဲ့ ဓါတ်ပုံရိုက်တာ၊ ရိုက်ပြီးသား ဓါတ်ပုံတွေကို ပြန်ကြည့်ရတာကို ကြိုက်တယ်…

• Collection ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်နဲ့ လုပ်ရပ်ကို ကြိုက်တယ်…

• ရှပ်အင်္ကျီ အကွက်တွေကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရတာကို ကြိုက်တယ်…

• ရေမွှေးနဲ့ ပိုက်ဆံအိပ်တွေကို ကြိုက်တယ်…

• အိပ်ရာပေါ်မှာ ဖတ်လက်စ စာအုပ်တွေ ပြန့် ပွ ကျဲနေတာကို ကြိုက်တယ်…

• လူတွေကြားထဲ မထင်မရှား နေရတာကို ကြိုက်တယ်…

• အသက်ကြီးပြီး လူကြီးဖြစ်လာတာကို ကြိုက်တယ်… (သိပ်ကြိုက်တယ်…)

• ဆီမပါတဲ့ စားစရာတွေကို ကြိုက်တယ်…

• အေးအေးဆေးဆေး အချိန်ဆွဲနေပြီး Last Minute မှ လုပ်ရတာကို ကြိုက်တယ်…

• အားအားရှိတိုင်း လက်ဆေးရတာကို ကြိုက်တယ်…

• ညဥ့်နက်နက်မှ အိပ်ရတာကို ကြိုက်တယ်…

• လူတရပ်လောက် မြင့်တဲ့ Sound Box တွေကို ကြိုက်တယ်…

• မေမေ ဖေဖေ လို့ ခေါ်ရတာကို ကြိုက်တယ်…

• ဘဝမှာ ကိုယ့်အရှေ့ကနေ မားမားမတ်မတ်ရပ်တတ်တဲ့သူတယောက် ရှိနေတာကို ကြိုက်တယ်…

• တယောက်ယောက် အပြင်သွားတိုင်း “မုန့်ဝယ်ခဲ့နော်..” လို့ မှာရတာကို ကြိုက်တယ်…

• ကိုယ်လုံးခပ်ဝဝနဲ့ လေယာဉ်ပျံကြီးတွေ တိမ်ထဲကို ခေါင်းမော့ပြီး တရှိန်ထိုး တက်သွားတဲ့အချိန်ကို ကြိုက်တယ်…

• သနပ်ခါးတုံးကို သွေးပြီး လိမ်းရတာကို ကြိုက်တယ်…

• လွင့်လွင့်ပျူးပျူး နေရာကျယ်ကျယ်မှာ အသက်ဝဝ ရှုရတာကို ကြိုက်တယ်…

• ကိုယ်ရောက်နေတဲ့ လက်ရှိ နေရာနဲ့ အခြေအနေ၊ ပြီးတော့ ဘာကိုမဆို အကောင်းဘက်က တွေးတတ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ကျေနပ်နှစ်သက်နေမိတဲ့ အဖြစ်ကို ကြိုက်တယ်…

တကယ်တော့ အရာရာကို အကောင်းဘက်က ကြည့်မြင်တတ်တဲ့သူတယောက်အတွက် လောကကြီးမှာ ကြိုက်ချင်စရာတွေက တော်တော်များပါတယ်…။ ဒီပိုစ့်လေး ရေးခွင့်ရလို့ ညီမ ရွှန်းမီကို ကျေးဇူးတင်တယ်…။

တက်ဂ်ပိုစ့်တွေ ရေးပြီးတိုင်း စာရေးဖေါ်တချို့ကို ဆက်တက်ဂ်ရတာကိုလည်း ကြိုက်တဲ့အတွက် ကိုအောင်သာငယ်၊ ကိုအောင် (ပျူနိုင်ငံ)၊ ကိုသားငယ်၊ ကိုကြီးကျောက် နဲ့ ကိုညီလင်းသစ် ရယ်… စာမရေးတာကြာနေတဲ့ ကိုပေါ နဲ့ ကလူသစ် ရယ်ကို တက်ဂ်ပါတယ်…။ ပြီးတော့ ညီမ ပန်ပန် နဲ့ ကေ၊ သူငယ်ချင်း တန်ခူး၊ တီတီဆွိ၊ စုချစ်၊ သိင်္ဂီ၊ ချစ်ကြည် နဲ့ ညီမ Rose of Sharon၊ Rose (အမှတ်တရ နေရာလေး တခု)၊ Sunny၊ မိုးပန်းချီ၊ ဆုမြတ် နဲ့ စုလတ် တို့ကို တက်ဂ်ပါတယ်…။ ကြိုက်တာတွေ အများကြီး ရှာဖွေ တွေ့ရှိနိုင်ကြပါစေ…။



စာကြွင်း - ကိုယ် ကြိုက်တာတွေ ပြောပြီးတော့ ကိုယ် မကြိုက်တာတွေကိုလည်း ပြောပြချင်လို့ Daily Dislikes ကို ဆက်ရေးနေပါတယ်…။


30 comments:

Anonymous said...

မမသက်ဝေ ကြိုက်တာတွေထဲက တစ်ချို့အချက်လေးတွေနဲ့ နဲ့ အကြိုက်ချင်းတူလို့...ဖေ့ဘွတ် ထဲကလို....လိုက်လေး လုပ်ချင်ပေမယ့်...လုပ်လို့ မရလို့ မချင့်မရဲလေး ဖြစ်သွားတယ်.....

မကြိုက်တာတွေကိုလဲ စိတ်ဝင်စားတယ်း)

နောင့်

Anonymous said...

Looking forward to read the "Dislikes" too, MaMa.
Mon Petit Avatar

rose of sharon said...

(အရာရာကို အကောင်းဘက်က ကြည့်မြင်တတ်တဲ့သူ တစ်ယောက်အတွက် လောကကြီးမှာ ကြိုက်ချင်စရာတွေက တော်တော်များပါတယ်)... အဲဒါလေးကို သဘောကျတယ်အမ :)

ဆုမြတ်မိုး said...

ူlast မိနစ်မှာ ဖုတ်ပူမီးတိုက်လုပ်ရတာတော့အကြိုက်တူတယ်တီသက်ရယ်..ဟီး

ချစ်တဲ့
ဆုမြတ်

Nay Nay Naing said...

အင်း.. နောက်ဆို အပြင်ကပြန်လာတိုင်း မုန့် ဝယ်ခဲ့မယ်နော်

ချစ်ကြည်အေး said...

သက်ဝေက ကလေးပဲ ဒါတွေ ကြိုက်တုန်းပေါ့
တို့တော့ တနေ့ တနေ့ ကြိုက်တာတွေက လက်ချိုးရေလို့ရတယ်..... မကြိုက်တာတွေ အရင်ရေးရရင် ကောင်းမည်လား...:))

ကလူသစ် said...

အလုပ်ထွက်ပြီး အိမ်မှာ နှပ်နေရတာနဲ့ မအားပါဘူးဆိုမှ တဂ်ပြန်ပြီ :(

Nyi Linn Thit said...

စာအုပ်တွေ ပြန့်ကျဲနေတဲ့ အိပ်ရာပေါ်မှာ ညဥ့်နက်မှအိပ်၊ လူတရပ်လောက် မြင့်တဲ့ sound box ကြီးက သီချင်းသံ တွေနဲ့ နိုးလာ၊ ကော်ဖီနံ့ သင်းသင်းလေးကလည်း နှာခေါင်းဝမှာ သင်းလို့... ...၊း)

“ကိုယ်လုံးခပ်ဝဝနဲ့ လေယာဉ်ပျံကြီးတွေ...”ဆိုတဲ့ အသုံး လေးကို ရယ်မော သဘောကျသွားတယ်ဗျို့...။

Vista said...

မမကြိုက်တာ အနော်လည်းကြိုက်တယ်
အကျွေးရှိလို့ သိပ်မလာရဲ ဘူး .. မျက်နှာအောက်ချလာရတယ် ဟင့်။

Anonymous said...

း) ကော်ဖီနံ့မွှေးနေတာကို ကြိုက်တယ်။
ကော်ဖီရေမွှေး..ထုတ်ရင်..ကောင်းမယ်လို့တောင် တွေးနေတယ်။

mm

အင်ကြင်းသန့် said...

အေးအေးဆေးဆေး အချိန်ဆွဲနေပြီး Last Minute မှ လုပ်ရတာကို ကြိုက်တယ်…

ညဥ့်နက်နက်မှ အိပ်ရတာကို ကြိုက်တယ်… :)))

ရွှေပြည်သူ said...

“တယောက်တည်း အေးအေးဆေးဆေး တွေးနေရတာ၊ စာရေးတာ၊ စာဖတ်တာနဲ့ ဓါတ်ပုံရိုက်တာ၊ ရိုက်ပြီးသား ဓါတ်ပုံတွေကို ပြန်ကြည့်ရတာ၊ လူတွေကြားထဲ မထင်မရှား နေရတာ၊ အသက်ကြီးပြီး လူကြီးဖြစ်လာတာ၊ ညဥ့်နက်နက်မှ အိပ်ရတာ”... အဲဒါတွေအားလုံး ညီမလည်း ကြိုက်တယ် အစ်မသက်ဝေး))

သနပ်ခါးတုန်းသွေးပြီး လိမ်းထားရင် ကြည့်ရတဲ့သူ မျက်စိအေးနေမှာပဲလို့ တွေးမိတယ်...

“Daily Dislikes” တွေကိုလည်း ဖတ်ဖို့စောင့်နေပါတယ် အစ်မး)

Sunny said...

အခုလောလောဆယ် Dislikes တွေ များနေတယ် မမသက်ဝေရယ်.. Likes တွေကို ပြန်စဉ်းစားရဦးမယ်.. :)

ပန်းချီ said...

မမရဲ့ အကြိုက်တွေဖတ်ပြီး တစ်ဟိဟိ လုပ်နေတုန်း ကိုယ့်နာမည်ကြီးတွေ့တော့ သွားများတောင်ဖြီး သွားပေါ့မမရေ...

ရေးကိုရေးဦးမှာ..ချစ်ခင်စွာတဂ်တဲ့ အတွက်ကျေးဇူးကမ္ဘာနော် မမ..

p.s ညနက်နက်မှအိပ်ရတာကိုကြိုက်တာချင်းတူနေဘီ..အဲဒါ ပန်းချီ့ ဖေးဘရိတ် :D

ချစ်တဲ့...

မောင်မျိုး said...

ကျနော်လည်း ခဏခဏ လက်ဆေးတယ်း)

Angelhlaing(May everybody be happy and healthy! said...

မမရေ အကြိုက်လေးတွေ အားပေးသွားလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ဝက်ဆလူး said...

ကြိုက်တယ် အန်တီ60 များဘူလဲဆိုတာ သိမှာပေါ့ ခစ်ခစ်

ညီမလေး said...

အကြိုက်တွေ အများကြီးတူတယ်။။။ ဒီဟာလေးကို ဖတ်မိမှ ကိုယ့်ဟာကိုယ်လဲ စဉ်းသားမိ သတိထားမိတာတွေ ရှိလာလို့ ဒီတက်ဂ်ပိုစ့်ကိုလည်း သေချာပေါက်ရေးဖြစ်မယ်ထင်ပါတယ်..း))

ကိုအောင်(ပျူနိုင်ငံ) said...

ရေးမယ် အမ၊ သူများတွေ ဘယ်လိုရေးလဲ
ဆိုတာ လိုက် လေ့လာတုန်း ... ဟီး

rose said...

ရို့စ် ကို သတိတရနဲ့ တဂ်လို့ ကျေးဇူး ချစ်မ သက်ဝေ။ ရေးမယ်နော်။ အစ်မသက်ဝေ ကြိုက်တာလေးတွေ ရို့စ်နဲ့လည်း တူတယ်။ ဒီ အချက်လေးတွေပေါ့။ "တယောက်တည်း အေးအေးဆေးဆေး တွေးနေရတာကို ကြိုက်တယ်" "လူတွေကြားထဲ မထင်မရှား နေရတာကို ကြိုက်တယ်"

★Craton said...

း)

မောင်လေး said...

နောက်ဆုံးမိနစ်မှလုပ်ရတာကို ကျွန်တော်လည်းကြိုက်တယ်
:))))

ကျောက်ကြိုက် said...

ကျောက်အကြိုက် ကိုတော့ ပြန်လာမှရေးတော့မယ်.ငါ့နှမရေ..ခု Las Vegas သွားမှာမို့.. ၁၃ ရက်နေ့မှ ပြန်ရောက်မယ်..

း) said...

အပြင်ကပြန်လာရင် ဘာမုန့်ဝယ်လာရမှာလဲ ပြော...သက်ဝေက ကလေးဆိုတော့ ချောကလက်စားမှာပေါ့... ချောကလက်ဝယ်လာခဲ့မယ်နော် အိမ်မှာ လိမ်လိမ်မာမာနေခဲ့ ဟုတ်ပြီလား...

Hmoo said...

အားလုံးတူတယ်....ကဲ...ဘာပြောမလဲ
:)

ShwunMi- said...

မသက်ဝေ ကြိုက်တာလေးတွေက အနုပညာဆန်ဆန် ကဗျာဆန်ဆန်လေးတွေ..
ကိုယ်ရောက်နေတဲ့ လက်ရှိ နေရာနဲ့ အခြေအနေ၊ ပြီးတော့ ဘာကိုမဆို အကောင်းဘက်က တွေးတတ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ကျေနပ်နှစ်သက်နေမိတဲ့ အဖြစ်ကို ကြိုက်တယ်… ဆိုတာလေးကို အကြိုက်ဆုံး..

ကြိုက်နှစ်သစ်တဲ့ အရာတွေအကြောင်း တွေးပြီး စိတ်ချမ်းသာသွားတယ်ဆိုတော့ ဝမ်းသာရပါတယ်..
ပျော်ရွှင်ပါစေ မသက်ဝေ =)

Kay said...

ရေမွှေးမွှန်တာ မကြိုက်..( သုံးတော့သုံးတယ်လေ..နောက်တခါ မပေးပဲ နေမှာစိုးလို့..)း)
နှုတ်ခမ်းနီ ဖျော့ဖျော့ မကြိုက်..( ပန်ပန် နောက်တခါ ဆင်ခြင်နိုင်အောင်လို့.. )
သနပ်ခါးတုံး အသစ် မကြိုက်..( အပွေးမြင် အပင်သိ အောင်)

ခုလို..သူများကို ဂွဂလန့် တိုက်ရတာ ကြိုက်..

ဟိ.. ရေးပေးမယ်နော်.. ၂ ခု အကြွေး..
ခရက်ဒစ် ကဒ် အသစ် လဲ လိုက်အုံးမယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်ဖီ ရေမွှေးကြိုက်တာချင်းတော့ တူတယ်။
ကျန်တာ တော်တော်များများလည်း တူပါတယ်။ အစ်မ သက်ဝေ စာရေးတာလေးကလည်း ချစ်စရာလေး
ဒါလေးလည်းကြိုက်တယ်..
အကောင်းမြင်တယ်ဆိုတဲ့ စိတ်လေးကိုလည်း ကြိုက်တယ်..

PAUK said...

ဂျင်းဘောင်းဘီနဲ့ ကော်ဖီ ကြိုက်တယ်နော်။

ဇွန်မိုးစက် said...

မရေ... စာကြွေးတွေ မရှင်းရသေးလို့ လာမမန့်ဖြစ်တာ ခွင့်လွှတ်ပါ။ ခုလောလောဆယ်တော့ တဂ်ကြွေးလေးတစ်ပုဒ် ရေးလိုက်ပြီ၊ လာဖတ်ပေးနော်။း)