ဒီတပါတ် သံလွင်အိပ်မက်မှာတော့ သဘာဝ ဘေးအန္တရာယ်တွေအကြောင်း၊ အဲဒီ သဘာဝ ဘေးအန္တရယ်တွေကို ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အရေးပေါ်အစီအစဉ်တွေအကြောင်း၊ ပြီးတော့ အခုခေတ်မှာ တိုးတက်နေတဲ့ သိပ္ပံပညာကိုတောင် ပြန်လည် အံတုလာပြီဖြစ်တဲ့ ကူးစက်ပြန့်ပွားတတ်တဲ့ ရောဂါ အသစ်အဆန်းတွေ အကြောင်း၊ ရောဂါသည်တွေကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေအကြောင်း ကို အင်တာဗျူးနဲ့ တကွ ဖတ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က စွယ်တော်ရွက်တို့နှင့်အတူ… တဲ့။ ကုန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဒီစကာင်္ပူမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားတဲ့ ဆရာကန်တော့ပွဲတွေ၊ ဆရာ ဆရာမတွေ၊ အတန်းဖေါ်သူငယ်ချင်းတွေနဲ့ တပျော်တပါး ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အချိန်တွေ… အဲဒါတွေ ခေါင်းထဲကိုရောက်နေတုန်း ရေးဖြစ်ခဲ့တဲ့ ဝတ္ထုလေးပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။
စွယ်တော်ရွက်တို့နှင့်အတူ...
ဒီစာတွေ မကျက်ချင်ပါဘူး.. ဒီပုစ္ဆာတွေလဲ မတွက်ချင်ပါဘူး… ခေါင်းတွေ ကိုက်လိုက်တာ… ဟု အသံထွက်ကာ ခပ်ညည်းညည်း ပြောလိုက်မိသည်။ အတူတူ စာကျက်နေကြသော အတန်းဖေါ် သူငယ်ချင်းများက ခေါင်းကြည်သွားအောင် သံပုရာရည် သောက်လိုက်ပါလား ဟု ပြောကြသည်။ တချို့ကတော့ ကော်ဖီ လဘက်ရည် တစ်ခုခု သောက်လိုက်ပါလားတဲ့။ အမှန်က နောက်ဆုံးနှစ် စာမေးပွဲကြီး ဖြေရန် ရက်ပိုင်းသာ လိုတော့သည်။ အချိန်များများ စာကျက်လေ ခေါင်းတွေက ပြင်းထန် ဆိုးရွားစွာ ကိုက်လေလေ လွန်ခဲ့သော တစ်နှစ်ကျော်ကျော် လောက်မှ အစပြုခဲ့သော ခေါင်းကိုက် ဝေဒနာသည် ဒီနှစ်ပိုင်းအတွင်းမှာတော့ အချိန်တိုင်း၊ နေ့တိုင်းလိုလိုမှာ ကိုက်နေတော့သည်။ ထိုခေါင်းကိုက်ဝေဒနာ အကြောင်းကို သူတို့ နားလည်အောင် ဘယ်လိုပြောပြရပါ့။ ခံစားဖူးမှ သိနိုင်မည်လေ။
ခေါင်းတွေ ကိုက်လာတိုင်း ဘာစပရို၊ ပါရာဆီတမော၊ အက်စပရင် ဆေးတွေလဲ စုံလှပြီ… သက်သာလှ တခဏသာ…။ အကြောအားကောင်းစေရန် နျူရိုဘီယံ ဆေးပြားများ သောက်သေးသည်။ ဘာမှ ထူးထူးခြားခြားမရှိ… ကြာတော့ စိတ်ပျက်ကာ ဘာဆေးမှ မသောက်ချင်တော့…။ ရှုဆေးတချို့ တခါတခါ ရှုကြည့်သည်။ တခါတခါ နားထင်မှာ ဆေးပလာစတာ ဖြူဖြူလေးတွေ ကပ်ထားကြည့်သည်။ နည်းနည်းတော့ သက်သာသလို ရှိသည်။ စာကျက်ရသောကြောင့် စိတ်ရှုပ်မှုနှင့် ခေါင်းကိုက်သောကြောင့် စိတ်ညစ်မှုတို့ ပေါင်းစပ်ကာ ဆံပင်ထူထူတွေကို ခပ်တိုတို ညှပ်ထားလိုက်သည်။ ထိုအခါ ပုံပန်းမကျလှသော ဆံပင်တိုတိုနှင့် သာမန်ရွက်ကြမ်းရေချို မျက်နှာနှင့် နားထင်မှ ဆေးပလာစတာ ဖြူဖြူနှင့် အချိုးမပြေ ပိန်ရှည်ရှည် စက်မှုအင်ဂျင်နီယာ ကျောင်းသူတယောက်၏ ရုပ်ပုံကို မှန်ထဲမှာ ကြည့်မိသောအခါ ခေါင်းကိုက်နေသည့်ကြားမှ အသံထွက်အောင် ဟားတိုက် ရယ်မောပစ်လိုက်မိသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။
အပြည့်အစုံကို ဒီမှာ ဆက်ဖတ်နိုင်ပါတယ်…။
Can't open thanlwin.com at office sis.. So excited to read the rest of your story.. Have to wait till evening.. :(
ReplyDeleteဖတ်ပြီးစိတ်မကောင်းလိုက်တာ
ReplyDeleteနဂိုကတဲက ငိုချင်လျက်လက်တို့
ကျေးဇူးပါမမ။
ပို.စ်နဲ.တိုက်ရိုက်မသက်ဆိုင်ပေမဲ့ နည်းနည်းတော့ရေးပါရစေ ..
ReplyDeleteမသက်ဝေ အရင်ကပို.စ် Daily Dislikes ထဲမှာလည်း ခေါင်းမကြာခဏကိုက်တယ်လို. သတိထားမိပါတယ် ၊
(MRI)Magnetic resonance imaging သွားပြီး ရိုက်ကြည့်ဖို.အကြံပြုပါရစေ ..
SingHealth Polyclinics ကိုသွားပြီး GP က ဘယ်ဆေးရုံကိုသွားချင် သလဲဆိုပြီး
referral letter ထုတ်ပေးပါတယ် ၊ အစိုးရဆေးရုံ SGH, TTSH တို.မှာ (MRI)လုပ်ရင် စင်ကာပူ ၃၅၀ မှ ၄၅၀ ၀န်းကျင်လောက်ပဲ ကျပါတယ် ၊ ပုဂ္ဂလိကဆေးရုံမှာဆိုရင် consulation Fees, MRI ရိုက်ခက ပိုကျမယ်ထင်ပါတယ်၊ SGH အထူးကု ဆရာဝန်ပြသခက စင်ကာပူဒေါ်လာ ၂၉ ပဲကျပါတယ်၊ တစ်ချို.ကတော့ ပုဂ္ဂလိကဆေးရုံကို ပိုပြီးနှစ်သက်ပါတယ် ၊ ကျွန်တော်ကတော့ သက်သာတဲ့ အစိုးရဆေးရုံကိုပဲရွေးပါတယ် ၊ သိတဲ့အတိုင်းပဲ နည်းနည်းတော့ တန်းစီရပါတယ် ၊
ကျွန်တော်ကိုယ်တွေ.သွားခဲ့ဖူးသူမို. သိသမျှကို မျှဝေပေးတာပါ ၊ မကြာခဏ ခေါင်းကိုက်တတ်ရင် ဆေးမီတိုထက်ကုသတာထက် ရောဂါအဖြစ်မှန်ကို သိရင် ကုသတာပိုလွယ်မယ်လို.ထင်ပါတယ် ...
ညီမ ပွင့်မြူးဇင်.. အိမ်ကျမှ အေးအေးဆေးဆေး ဖတ်ပါနော်.. ကျေးဇူး...
ReplyDeleteညီမမွန်... စာလာဖတ်တာ ကျေးဇူးနော်... ပျော်စရာမကောင်းတဲ့ အကြောင်းအရာအတွက်တော့ ဆောရီးပါ...
ကိုဇက်...
ဟုတ်.. အခုလိုအကြံပေးသွားတာ ကျေးဇူး အများကြီးတင်ပါတယ်။ အမျိုးသားနဲ့ တိုင်ပင်ပြီး စစ်စရာရှိတာ စစ်ပါ့မယ်... ဆေးရုံတွေ ဆေးခန်းတွေကို ကြောက်တတ်တာက ခက်နေတာဗျ...။
စွယ်တော်ဆုတောင်း
ReplyDeleteပိုးမျှင်တွေကင်းပြီး လင်းလက်တဲ့ ကျောင်းတော်ကြီး ပြန်ရှင်သန်လာဖို့အတူ... ဆုတောင်းရင်း ကြိုးစားနေဆဲပါ
♫ ♫ စွယ်တော်ရွက်တချို့ လက်တို့ ရယ်ကြ ငါ့ကို...♪♪♪
ReplyDeleteတူးတူးရေးပြီး ဗစ်တာခင်ညို ဆိုတဲ့ သီချင်းစာသားလေးလို စွယ်တော်တွေကို ပျော်စေချင်လိုက်တာ...
သံလွင်မဂ္ဂဇင်းမှာ မနေ့ကတည်းက ဖတ်လိုက်ပါတယ်၊
ReplyDeleteစကားလုံးသိပ်သိပ်သည်းသည်း နိုင်အောင်သုံးနိုင်တယ်၊ အဲဒီလို စာရေးနိုင်တဲ့အစွမ်းကို ချီးကျူးမိပါတယ်၊
ခင်မင်လေးစားလျှက်
သနားပါတယ်ကွယ်... ဇာတ်နာလေးတစ်ပုဒ်..း(
ReplyDeleteသွားဖတ်လိုက်တယ်..၊ ကျနော်က စက်မှုကျောင်းသား မဟုတ်ခဲ့ပေမယ့် ကျောင်းနားမှာ နေခဲ့ပြီး တချိန်လုံး ဝင်ထွက်သွားလာခဲ့လို့ ကျောင်းကြီးကို သံယောဇဉ် ရှိပါတယ်၊ ဆွေးမြေ့အိုဟောင်းနေတဲ့ စာသင်ခန်းတွေကို ဖြတ်သွားရင်း အပြင်က လှမ်းမြင်ရတာတောင် စိတ်ထဲမှာ တကယ်မကောင်းဘူး၊ ကြေကွဲစရာတွေ ထင်ဟပ်ပြနေတဲ့ ပြဒါးသုတ် မှန်ဝတ္ထုတိုလေးပါပဲ....။
ReplyDeleteI wish one day we (all of us who are living from my left to right,from my front to back, from Myanmar to oversea) will be together right under RIT Main building. Then, talk each other, call your name and my name, laughing together..
ReplyDeleteIt's coming....on the way... Lately we will win.
Keep it up. Do not give up...
ငိုချင်စရာ..
ReplyDeleteပေါက်
သွားဖတ်ခဲ့ပြီးပြီ.... ကျန်ရစ်ခဲ့သူမိသားစုရော ထွက်ခွာသွားသူရော ဇာတ်ကောင်တွေအားလုံး သိပ်သနားဖို့ကောင်းတယ်....
ReplyDeleteမျက်ရည်ကျမိပါတယ်
ReplyDeleteရင်ထဲကလဲဆို့လာတယ်
နွေးအေးကသံဘူးသောက်ချင်တယ်
စွယ်တော်ရွက်တွေလည်း ခြောက်သွေ့ ကံကော်ပန်းတွေလည်း ညိုးနွမ်းလို့
ReplyDeleteလွမ်းစရာတွေကြားက သနားစရာဇာတ်လမ်းလေးပါ
မရေ... နှစ်သစ်မှာ အလုပ်များနေလို့ လာနှုတ်ဆက်တာ နောက်ကျသွားတယ်။ ပျော်ရွှင်ကျန်းမာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေနော်။
ReplyDeleteချစ်ခင်စွာ
ညီမဇွန်
ဒီတစ်ခေါက်ပြန်တော့ ကျောင်းထဲ မရောက်ခဲ့ဘူး ... မကြည့်ရက်ဘူး၊ မကြည့်ချင်ဘူး ...
ReplyDeleteမလေး ပရင့်ထုတ်ပြီး ဖတ်တယ်..
ReplyDeleteရင်ထဲနင့်အောင် ရေးဖွဲ့တတ်တယ်နော်..
ခင်မင်လျှက်..
မလေး
အသည်းနုတော့ နိုချင်တာပေါ့ မမရာ.. :((
ReplyDeleteကျန်းမာရေး ဒေါင်ဒေါင်မည်ပါစေ မရေ..
ချစ်တဲ့
အရေးအသားမိုက်တယ် ... ဖတ်နေရင်းနဲ. သဇင် နဲ. ဂြီဟောလ်ရဲ. စာမေးပွဲတွေဆီပြန်ရောက်သွားမိတယ် ... ကျောင်းကြီးကိုလွမ်းတယ် ...
ReplyDeleteစွယ်တော်ရွက်တွေထဲ ပူးဝင်စီးမျောနေတဲ့ ဝိညာဉ်တွေက စွယ်တော်တွေ နုပျိုလန်းဆန်းလာမယ့် တနေ့ ကို မျှော်လင့်ရင်း... မျှော်လင့်ရင်းနဲ့ ... သက်ဝေရေ.... ထပ်ဖတ်တော့လဲ ငိုမိပြန်တယ်... တစစီကြေကွဲလို့ ... အိပ်မက်တွေမှ မဟုတ်ခဲ့တာနော်...
ReplyDeleteကြိုက်လွန်းလို့ နောက်တခေါက်လာဖတ်တယ်မမ။သနားတာကတော့တားမရဘူး။
ReplyDeleteခုမှတရေးနိုးတယ်မပြောနဲ့ဦး ..။
ReplyDeleteဒီပို့စ်လေးကိုဖတ်မလို့ ခေါင်းအရမ်းကိုက်နေလို့ အိမ်ယူသွားဖတ်မယ်...။
ခင်တဲ့
မိုးငွေ့
သူသေဆုံးခါနီး အနားမှာ ကျောင်းနဲ့ပတ်သက်တာတွေ လာပြောနေတဲ့ သူငယ်ချင်းတွေနဲ့... အသက်ထွက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ ကျောင်းကိုစွဲလမ်းချစ်ခင်စိတ်ကြောင့် ကျောင်းမှာပဲ ဘဝသစ်သွားဖြစ်ရပုံတွေက အရမ်းအဓိပ္ပါယ် ပြည့်ဝပြီး ကြေကွဲစရာလည်း သိပ်ကောင်းပါတယ် အစ်မသက်ဝေ...
ReplyDeleteခုတလော ငယ်ငယ်ရွယ်ရွယ်တွေ ကြိုးစားနေတုန်း ခုလိုတက်ကျိုးရတဲ့ အကြောင်းတွေ မကြာခဏ တွေးမိနေတုန်း အနှစ်သာရရှိတဲ့ ဒီစာကို ဖတ်ရတာ ပိုပြီးသံဝေဂရဖြစ်မိပါတယ်...