Wednesday, February 6, 2008

ကူညီကြပါအုံး

ဒီနေ့  တကယ်ကို စိတ်ညစ်စရာကောင်းတဲ့ နေ့ ပါဘဲ။
မနက်က ဖုန်းနဲ့ ပေးထားတဲ့ Alarm ကအသံမမြည်တော့ အိပ်ရာထတာ နောက်ကျ ရုံးချိန် မမှီမှာစိုးလို့  ကမန်းကတန်း အပြေး၊ လမ်းမှာ ခါတိုင်း တွေ့ နေကျ ဆက်ရက် အကောင်ကလေးတွေ အားလုံး တစ်ကောင်ချင်းစီ တစ်ကောင်ချင်းစီ ဟိုငေးဒီငေးနဲ့ တွေတွေ ဝေဝေ၊ အရင်နေ့ တွေကဆို အမြဲတမ်း နှစ်ကောင် သုံးကောင် တွဲလို့ တွေ့နေကျ...။ ဒီနေ့ တော့ ဘာကြောင့်များ အခုလို အဖေါ်ကွဲနေကြပါလိမ့် လို့ တွေးလို့မှ မဆုံးခင် စီးနေကျ ရထားတစ်စီး လွတ်သွားတော့တယ်။ ကဲ... စောင့်ပေအုံးတော့ နောက်ထပ် လေးမိနစ်...။



တော်သေးရဲ့  ရုံးကားတော့ မှီသေးသား . . .
ဒီလိုနဲ့  ရုံးကားပေါ်ရောက် မြင်နေကျ လုပ်ဖေါ်ကိုင်ဖက်အချို့ ရဲ့ ပျင်းရိလေးကန်နေတဲ့ မျက်နှာတွေ... အော် သိပြီ သိပြီ... Holiday Mood က စနေပြီပေါ့။ မနက်ဖြန် ကစပြီး တရုတ်နှစ်သစ်ကူး အတွက် ရုံးပိတ်ရက် ငါးရက်ရမယ်လေ...။ ပျော်သည် ပျော်သည် ပေါ့။ ပြီးတော့ ရုံးကိုရောက်၊ ဆယ်မိနစ်လောက် ဟိုယောင်ဒီယောင်လုပ်၊ ကော်ဖီဖျော် E mail စစ် ပြီးတော့ ကိုယ့် Blog လေးကိုဖွင့်ကြည့်၊ အဲဒီမှာ ပြဿနာက စတော့တာပါဘဲ။ C Box မှာ ဘာမှ မမြင်ရတော့ဘူး။ ရလိုရငြားနဲ့ ဟိုလုပ် ဒီလုပ် လုပ်ကြည့်ပေမယ့် ဘယ်လိုမှ မရတော့။ သေပြီ ဆရာ...

မနက်တိုင်း Blog လေးဖွင့်ပြီး C Box လေးထဲက သူငယ်ချင်းလေးတွေ ရဲ့  နှုတ်ဆက် စကားလေးတွေနဲ့  ပျော်စရာ နေ့ သစ်တစ်နေ့ ကို အစပြုနေကျ၊ အခုတော့ ဘယ်နှယ့်လုပ်ရပါ့။ အင်း... ဆက်ရက်နှစ်ကောင်တွဲလေးတွေ မတွေ့ ခဲ့ရလို့ ဘဲဖြစ်ရမယ်။ One for Cry… Two for Joy… လေ။



ကိုယ့်ရဲ့  C Box ကလေးပြန်ရဖို့  အမျိုးမျိုး ကြိုးစားပေမယ့် မအောင်မြင်။ ရလိုရငြား C Box WebSite ထဲကိုဝင် Control Panel ကိုသွားပြီး HTML တွေကို Copy & Paste လုပ်တာလဲ မရ။ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေတာ သေချာနေပြီ။ ဘယ်လိုမှလုပ်လို့ မရတဲ့ အဆုံး E Mail Account တစ်ခု အသစ်ဖွင့်ပြီ့း  C Box အသစ် ပြန်လုပ်လိုက်တယ်။ ဒါပေမယ့် အဲဒါ လဲမရ။ ဆိုးလိုက်တာ...

ဒါကြောင့် စိတ်ညစ်ညစ်နဲ့  ဒီ Post လေးကိုထိုင်ရေးနေတာ...။ နားလည်တတ်ကျွမ်းတဲ့ သူငယ်ချင်းလေးတွေဆီက အကူအညီ အကြံပေးစကားလေးတွေ မျှော်နေပါတယ်နော်။ C Box မရှိပေမယ့် ဒီ Post လေးရဲ့  Comment မှာ ရေးပေးခဲ့ကြပါနော်။ ကျေးဇူးတွေ အထပ်ထပ် ကြိုပြီး တင်ထားနှင့်ပါတယ်နော်။ ကူညီကြပါအုံး...


9 comments:

  1. စီဘောက်ပျောက်သွားတယ်ဆို
    လာလည်တာမသိမှာစိုးလို့
    ကော်မန့်ရေးသွားပါတယ်။
    ကျွန်တော် ဆီလာလည်ပေမယ့်
    အသစ်မရေးနိုင်သေးလို့ အားနာနေမိတာ။

    ReplyDelete
  2. စီဘောက်ရသေးဘူးလား။
    လာလည်တယ်နော်။
    အသစ်တွေကိုမျှော်လင့်နေပါတယ်။

    ReplyDelete
  3. စီဗုံးကို ဘယ်သူယူသွားလဲ?

    ReplyDelete
  4. သက်ဝေရေ cbox အရင်အကောင့်ကနေ code ယူပြီးပြန်ထည့်ကြည့်ပါလား... ကျနော်ဖြစ်ဘူးတာကတော့ မပြင်ပဲထားလိုက် တာနောက်နေ့တော့ပြန်ကောင်းနေတယ် :P ကိုယ့်ဆီမှာမမြင်ပေ မယ့်သူများစက်မှာမြင်ချင်မြင်မှာပေါ့ ထပ်ထည့်ကြည့်ပါဦး..

    ReplyDelete
  5. သက်ဝေရေ ဆိုက်ဘားတစ်ခုလုံးပျောက်နေတာနော် စီဘောက်တစ်ခုတည်းမဟုတ်ဘုး တန်းပလိတ်ကို ပျင်လိုက်တယ်ထင်တယ် wide အရမ်းကျယ်သွားလို့ထင်တာပဲ

    ReplyDelete
  6. CBoxလေးနေကောင်းသွားပြီပေါ့။ ဘာလို့လဲမသိဘူး...သက်ဝေCBoxမှာ တို့ခုထိမြန်မာfontတိုက်ရိုက်မြင်ရသေးဘူး။ Ms Word ထဲမှာ Cut and Pasteလုပ်ပြီးZawgyiပြောင်းကြည့်မှမြင်ရတယ်။

    ReplyDelete
  7. အိမ်ဝေးသူ... စီဘောက်ကလေးက သက်ဝေရဲ့  မကျွမ်းကျင်တဲ့ နည်းပညာအောက်မှာ အလူးအလဲပါဘဲ...

    လင်းရေ.. တကယ်ပါဘဲ။ သက်ဝေရဲ့  စီဘောက်ကလေးက တစ်နေ့ ရွှေ တစ်နေ့ ငွေ..

    ကိုသားငယ်ရေ.. ညကဘဲ (မတတ် တတတ်နဲ့ ) ပြန်ပြင်ထားလိုက်ပါပြီ.. ကျေးဇူးနော်..

    တန်ခူး.. ပြန်လာကြည့်လှည့်ပါအုံး.. မြင်ရပြီလားဟင်...

    သိပ်ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေ အားလုံး.. ကျေးဇူး အထူး..။

    ReplyDelete
  8. သက်ဝေ.. လာလည်တာ Cbox ပျောက်မှုနဲ့တိုးလို့ ဘယ်လိုအကြံပေးရမှန်းမသိတာနဲ့.. မသိဘူးလို့ပဲ ပြောခဲ့လိုက်တယ်နော်.. :P :D

    ReplyDelete
  9. သက်ဝေရေ လာလည်သွားတယ် ဖတ်သွားတယ်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...