အရင်တပါတ်က တင်ပေးထားတဲ့ စကားဝါမြေ ပိုစ့်လေးမှာပါတဲ့ သီချင်းတွေကို နားထောင်ပြီး မှတ်ချက်လေးတွေ ချန်ခဲ့တဲ့ သူငယ်ချင်းလေးတွေကို ကျေးဇူးအကြီးကြီး တင်ပါတယ်နော်။
အဲဒီ မှတ်ချက်တွေထဲမှာ သီချင်းတွေကို မနှစ်သက်တဲ့သူတွေရှိသလို အရသာတစ်မျိုးနဲ့  နားထောင်လို့ ကောင်းပါတယ်လို့  ပြောသူတွေလဲရှိတာကြောင့် ကျန်နေတဲ့ သီချင်းတွေကို အခု ထပ်တင်ပေးလိုက်ပါတယ်။
ဘာဘဲဖြစ်ဖြစ် အပျင်းပြေ နားထောင်ကြည့်ကြပေါ့နော်…။
ရွှေညာသူ ရွှေညာသား
မမ မန်းကေသီ
ပန်းကမ္ဘာ မျှော်စင်
မမ ပုသိမ်သူ
တောင်ပြာတန်းက ချစ်ရက်တွေ
မောမြေ မောအလှ မောနှမ
သီချင်းဆက် (၁)
သီချင်းဆက် (၂)
အခု ဒီသီချင်းတွေ အားလုံးရဲ့  (စကားဝါမြေ တစ်ပုဒ် ကလွဲလို့ ) တေးရေးဆရာကတော့ ကိုလေးလွင် ဖြစ်ပါတယ်။
သက်ဝေရဲ့  ဘလော့ဂ်မှာ သီချင်းတွေတင်တာ ဒါ ပထမဆုံး အကြိမ်ပါဘဲ။ အမှန်အတိုင်းပြောရရင် အခုလို သီချင်းတွေကို ဘလော့ဂ်မှာတင်ရတာ နဲနဲတော့လန့်တယ်။ မူပိုင်ခွင့်တို့  Copy Right တို့  ကို လန့် တာပါ။
ဒါပေမယ့်လဲ ကိုယ်တိုင်နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေထဲက အနည်းငယ် ထူးခြားမှု၊ ဆန်းသစ်မှု ရှိတဲ့ သီချင်းလေးတွေကို (ကောင်းသည်ဖြစ်စေ.. ဆိုးသည်ဖြစ်စေ…) သူငယ်ချင်းတွေနဲ့  မျှဝေခံစားလိုတဲ့ စိတ်ဆန္ဒကလေးနဲ့  တင်ပေးထားတာပါ။ အခုလို သီချင်းတွေတင်ထားတာဟာ ဘယ်သူ့ ဘယ်သူမှ မထိခိုက်၊ ဘာမှလဲ ဆိုးဆိုးရွားရွား အပြစ်တင်ပြောဆိုစရာ မရှိလောက်ဘူး လို့ တော့ မျှော်လင့်ပါတယ်...။ အကယ်၍ အဆင်မပြေတာများ ရှိခဲ့ရင်လဲ ထောက်ပြ ပြောဆို ဝေဖန် အကြံပြုကြစေလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျနော် အရင် post က အခြားကွန်မန့်တွေဖတ်ပြီးသွားပြီ
ReplyDeleteသူတို့ပြောတာလည်း ဟုတ်တာပဲဗျ.. ပညာရလို့ သူတို့လည်း ကျေးဇူးတင်ပါတယ်
အခုလည်း ဒေါင်းလုပ်လုပ်ပြီးနားထောင်လိုက်ဦးမယ်
သီချင်းတွေတင်ပေးတာ ကျေးဇူးတင်ပါတယ်
:d
ReplyDeletekyite lo download cha p yuu twar p sis yae
သက်ဝေရေ… မကြိုက်ဘူးဆိုပေမယ့် စိတ်တော့ဝင်စားတယ်… ဒီသီချင်းကို ဘယ်လိုများထွင်ဦးမလဲပေါ့… သီချင်းကြိုက်တဲ့ တို့ အမျိုးသားကို ပေးနားထောင်လိုက်မယ်… ဘာပြောမလဲလို့ …
ReplyDeleteအမရေ.....
ReplyDeleteသီချင်းလေးတွေက ကောင်းပါတယ်.....နောက်ပိုင်း တီထွင်မှုကို လက်သင့်မခံလို့တော့မရဘူးဗျ.....နို့ဆိုရင် သီချင်းဟောင်းလည်း နားထောင်မယ့်လူလည်းရှိမှာ မဟုတ်တော့ဘဲ အားလုံး အဟောင်းဆိုင်ချည်းပဲ ရောက်ကုန်တော့မယ်....
သီချင်းတွေအားလုံးထဲမှာတော့ ရွှေပုပ္ပါးသီချင်းကိုတော့ အကြိုက်ဆုံးပဲဗျ........