Monday, February 2, 2009

ပျော်စရာ သီချင်းများ

အရင်ပိုစ့်မှာ မပျော်လို့ သီချင်းတွေဆိုခဲ့တာကို အားပေးပြီး အတူတူ သီချင်းလိုက်ဆိုသွားကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..။ အဲဒီနေ့ က အချိန်မရလို့ သီချင်းလင့်ခ်တွေ မတင်လိုက်ရဘူး။ အခု အဲဒီသီချင်းတွေကို အပျင်းပြေ နားထောင်လို့ရအောင် တင်ပေးလိုက်ပါတယ်။

သီချင်းလင့်ခ်တွေတင်ဖို့  သီချင်းတွေကို Upload လုပ်မယ်လဲဆိုရော ပထမဆုံး ဆိုမိတဲ့ ဇော်ဝင်းထွတ် သီချင်းကို အိမ်မှာရှာတာ ရှာတာ... “ဘယ်လိုရှာရှာ မတွေ့ တော့ဘူး“ ဖြစ်သွားတယ်။ နောက်နေ့ တွေကျမှ သေသေချာချာ ထပ်ရှာကြည့်ပါအုံးမယ်…

ဒုတိယတစ်ပုဒ် ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ ဓါတ်ပြားဟောင်းတစ်ချပ် ကတော့ ရှာလို့တော့ဖြင့် တွေ့ ပါရဲ့… သူ့ ရဲ့ CD က ခိုးကူးလို့ မရအောင် လုပ်ထားတဲ့ Protected CD ဖြစ်နေပြန်တယ်။ ဒါနဲ့ ပဲ Upload လုပ်လို့ မရ… စိတ်လျှော့လိုက်ရတယ်။

မေဆွိရဲ့ အတ္တ ကိုတော့ မေဆွိ ဗားရှင်းနဲ့  မတွေ့ သေးဘူး။ လောလောဆယ်မှာ အဆင်သင့်ရှိနေတဲ့ ချောစုခင် ရဲ့ အတ္တ ကိုပဲ တင်ပေးလိုက်ပါတယ်…။ နားထောင်ကြည့်နော်။


“ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ ရောက်လာပြီ… အချစ်ကလေးရယ်… တံခါးဖွင့်တော့ကွယ်… “
ဆိုတဲ့
ခင်မောင်တိုး ရဲ့ တံခါးဖွင့်ပါ သီချင်းလေးကတော့ ကိုယ်အမြဲတမ်း နှစ်နှစ်သက်သက် နားထောင်နေကျ သီချင်းလေးမို့  လွယ်လင့်တကူပဲ တင်လို့  ရခဲ့ပါတယ်…။ စိတ်တွေမပျော်တဲ့အချိန်မှာ လာလည်ဖို့  တံခါးဖွင့်ပေးကြမယ်လို့  ဆိုလာတဲ့ ညီမလေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်…။

နောက်တစ်ပုဒ်က မေဆွိရဲ့
လူတွေသိလေ ပိုကောင်းလေ တဲ့…။ တေးရေးသူက ကိုင်ဇာပါ။ သေသေချာချာ ပြန်တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် က သီချင်းလေး… ကလေးဆန်ပေမယ့် အလွန် ချစ်စရာကောင်းတဲ့ သီချင်းလေးပါ…။

နောက်တစ်ပုဒ်ကတော့ ဇော်ဝင်းထွတ်ရဲ့ ရှင်သန်ခြင်း ပါ။
လှပတဲ့ နေ့ သစ်တွေထဲမှာ အတူတူ ဆက်လက် ရှင်သန်ဖို့  အားအင်တွေပေးတဲ့ သီချင်းလေးတစ်ပုဒ်မို့ နားထောင်လို့ ကောင်းသလို လိုက်ဆိုလို့ လဲ အလွန်ကောင်းတဲ့ သီချင်းလေးပါ…။

ဒီသီချင်းလေးတွေအပြင် အခုတလော အိမ်မှာ နားထောင်ဖြစ်နေတဲ့ သီချင်းလေးတွေကိုလဲ တင်ပေးလိုက်ပါတယ်။ တူးတူး၊ စိုးလွင်လွင်၊ ဆောင်းဦးလှိုင်၊ မေဆွိ၊ မီမီဝင်းဖေ၊ အောင်ရင်၊ ခင်မောင်တိုး၊ ပိုးဒါလီသိန်းတန်၊ ဗဒင်၊ မိုးသက်တင် တို့ရဲ့ဟိုးတုန်းက သီချင်းဟောင်းလေးတွေပါ။


တူးတူး - မိဆိုး

တူးတူး - သူ

စိုးလွင်လွင် - ငယ်ငယ်တုန်းကထက် ပိုချစ်မယ်

စိုးလွင်လွင် - လွယ်အိပ်အနီလေး

စိုးလွင်လွင် - ရိုးမြေကျ (ကောင်မလေး)

ဆောင်းဦးလှိုင် စည်သူလွင် အဲလက်စ် - အချစ်ကိုဦးစားပေးခဲ့သူ

မေဆွိ - နှုတ်စကားကြားမှ ယုံလိုသူ

မေဆွိ - ဘီးနံပါတ် OK 0122L

မီမီဝင်းဖေ - တိတ်တခိုး အချစ်

မီမီဝင်းဖေ - အိမ်မက်ထဲက ရထားကြီး

ပိုးဒါလီသိန်းတန် - အင်းလျားမှ ဆုံစို့ ကွယ်

အောင်ရင် - ရင်ခုန်သံ

ခင်မောင်တိုး - ဝေးခဲ့ပြီ ပန်းခရမ်းပြာ

ခင်မောင်တိုး - ၀တ်မှုန်

ဗဒင် - နေရာ

မိုးသက်တင် - ၀ါဆို

ကိုယ်နဲ့  အသက်အရွယ် မတိမ်းမယိမ်း ရှိကြသူတွေကတော့ ကြားဖူးပြီးသား နှစ်သက်ပြီးသား သီချင်းလေးတွေဖြစ်မယ်လို့  မျှော်လင့်ပါတယ်။ အလုပ်တွေများပြီး စိတ်တွေ မပျော်တဲ့အချိန်တွေမှာ သီချင်းလေးတွေ နားထောင်ရင်း စိတ်ပျော်ရွှင်နိုင်ကြပါစေ လို့  ရည်ရွယ် ဆုတောင်းလိုက်ပါတယ်။

လင့်ခ်တွေကို Download လုပ်လို့ မရ၊ နားထောင်လို့ မရတဲ့ သီချင်းများရှိခဲ့ရင်လဲ ပြောပါနော်။ နားထောင်ချင်တယ်ဆိုရင် E Mail နဲ့ ပို့ ပေးပါ့မယ်...။


16 comments:

  1. အသက်အရွယ် မတိမ်းမယိမ်း ပါပဲ...ငှဲငှဲ..၊
    အောင်နိုင်တို့၊ မွန်းအောင်တို့ သီချင်းတွေတော့
    myanmarmp3.net မှာ ရှာမတွေ့ဘူး...၊
    မသက်ဝေဘယ်မှာ တွေ့မိလဲ...။

    ReplyDelete
  2. mediafire နဲ့တော့ ဒေါင်း လို့ မရခဲ့ပါဘူး။ နေပါစေ။ ရှိပြီးသား သီချင်းတွေမို့ပါ။
    တကူးတကတင်ပေးလို့ ကျေးဇူး၊ ပင်ပန်းသွားပြီ။ juice လေးသောက်ပါအုန်း .. ..

    ReplyDelete
  3. သက်ဝေဆိုတလေးဘဲ နားထောင်ချင်တာ။

    ReplyDelete
  4. သီချင်းတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါသက်ဝေ.. ငယ်ငယ်က လိုက်အော်ခဲ့တဲ့ OK0၁၂၂L သီချင်းလေးကို မေဆွိပြန်ဆိုလေး ဒေါင်းလုပ် ယူသွားပါတယ်။

    ReplyDelete
  5. အိမ်ပြန်ရောက်မှ ဟဲလိုက်ဦးမယ်... တူးတူးရဲ့ မိဆိုးကို.. (ရုံးကနေ မန့်နေလို့) စလုံးရောက်ရင် ကာရာအိုကေ ဆိုဖို့ လှမ်းခေါ်လိုက်မယ်နော်

    ReplyDelete
  6. မမသက်ဝေ..တူးတူးသီချင်း ၂ ပုဒ်စလုံးကြိုက်တယ်.. အခုလည်း အဲဒီသီချင်း ၂ ပုဒ်ကိုပဲ ခဏခဏ နားထောင်နေတာ.. တူးတူးသီချင်းတွေကို ရှာနေတာ.. အခု မှ ရတော့တယ်...ကျေးဇူးအမရေ.... ကျန်တဲ့သီချင်းတွေလည်းဖြေးဖြေးချင်း download လုပ်ပြီး နားထောင်ဦးမယ်... :)

    ReplyDelete
  7. တိတ်တခိုးအချစ်ထဲက ဝေးခဲ့တဲ့ ပန်းခရမ်းပြာကို ခံစားသွားတယ်။ :)

    ReplyDelete
  8. မခင်ဦးမေ ပြောတာ ဟုတ်တယ်...

    သက်ဝေ ဆိုပြီး ဘလော့ပေါ်တင်...

    ဒါနဲ့ စကားချပ်။ ။
    မွန်းအောင် ၄ ခွေလုံး အီစကို့ ဆီမှာ ရှိတယ်...
    ဒါပေသည့် တိပ်ခွေတွေ ဖြစ်နေတယ်...း(
    ဘီလိုလုပ်ရမလဲ အကြံ ထုတ်လိုက်ဦးမယ်...း)

    ReplyDelete
  9. အိပ်မက်ထဲက ရထားကြီးက ထူးအိမ်သင် ဆိုထားတာ အကြိုက်ဆုံးပဲ။ ဘယ်အခွေထဲလည်းတော့ မသိဘူး။

    ReplyDelete
  10. အခု အလုပ်များနေလို့။ အားမှ သီချင်းတွေ တရစပ် လာဟစ်တော့မယ်။ မတားနဲ့နော်။
    အိပ်မက်ထဲက ရထားကြီးက pyin za gan တေးစုထဲက..
    အစ်မမှာ ရှိတယ်.. ztလိုချင်ရင် ပို့ပေးမယ်။
    mm

    ReplyDelete
  11. ဘော်ဘော်တွေမို့ ထင်တယ်… သက်ဝေလက်ဆောင်ပေးထားတဲ့ သီချင်းတွေ အကုန်ကြိုက်…

    ReplyDelete
  12. သီချင်းအချို့ကို လာယူသွားပါတယ်။ ကျွန်တော်လည်း အဲဒီသီချင်းတွေ ကြိုက်တယ်။ ဒါကြောင့် အဖိုးကြီးလို့ တချို့က ခေါ်ကြတယ်ဗျ။ အဟား...

    ReplyDelete
  13. အစ်မရေ့..မိုးသက်တင်ရဲ့ ၀ါဆို ဆိုတဲ့သီချင်းလေ..
    သိပ်ကြိုက်..။ဒါမဲ့ ခုတော့နားထောင်လို့မရဘူး..:(

    ReplyDelete
  14. သီချင်းလေးတွေနားထောင်လို့ကောင်းပါတယ်ဗျာ...
    ကျေးဇူးအများကြီးတယ်နော်

    ReplyDelete
  15. ကျေးဇူးပြု၍ မြန်မာပြည်သိန်းတန်(စုံတောမြိုင်)အခွေကိုလည်းတင်ပေးပါါါဦး.

    ReplyDelete
  16. တူးတူးမေဆွိ nonstop album ရှိရင် ရချင် ပါသည

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...