Monday, February 9, 2009

ပထမ တစ်ခွက်

ဒီနေ့ တနင်းလာနေ့မှာ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ အလုပ်သွားကြရမယ့် အပေါင်းအသင်းတွေအတွက် စိတ်ပျော်ရွှင်စရာ ပုံပြင်လေး တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်…။
ဒီ ပုံပြင်လေးကို မေမေ့ဆီက ကြားခဲ့ရတာပါ။

ဟိုးရှေးရှေးတုန်းက မြို့ကြီးသားတစ်ယောက်ဟာ ဆောင်းရာသီ အားလပ်ရက် တချို့မှာ သူငယ်ချင်းများရှိရာ ရှမ်းပြည်က တောင်ပေါ်မြို့လေးတစ်ခုကို အလည်သွားသတဲ့။ အဲဒီ တောင်ပေါ်မြို့လေးဟာ နွေရာသီ အချိန်တွေမှာတောင် နေရောင်မမြင်ရပဲ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ရာသီဥတုက အလွန်ကို အေးတာတဲ့…။

မြို့လေးကိုရောက်တော့ ရာသီဥတုက ထင်ထားတာထက်တောင် ပိုပြီးအေးနေတာမို့ အနွေးထည်တွေ အထပ်ထပ်နဲ့ နေရတာတဲ့။ ဒီလိုနဲ့ ရောက်ပြီး သုံး ရက်လောက်အထိ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ သွားလာ လည်ပတ်၊ ဒေသစာတွေ စားသောက်ရင်း အလွန် ပျော်ရွှင်နေတာပေါ့။ ဒါပေမယ့် ပြဿနာက သိပ်အေးလွန်းတဲ့ ရာသီဥတုကြောင့် သူ တစ်ရက်မှ ရေမချိုးဖြစ်သေးဖူးတဲ့လေ…။ သုံးရက်မြောက်နေ့မှာတော့ သူ့စိတ်ထဲမှာ ရေ ချိုးချင်စိတ် ဖြစ်လာတာပေါ့။ ဒါနဲ့ ဘာဘဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အေး အေး.. နောက်တစ်နေ့ကျရင်တော့ ရေကို ချိုးဖြစ်အောင် ချိုးမယ်လို့ စိတ်ဆုံးဖြတ်လိုက်သတဲ့…။

နောက်နေ့ မနက်အိပ်ရာကနိုးတော့ ရေချိုးမယ်ဆိုပြီး အိမ်ရှေ့က ရေတိုင်ကီတွေရှိရာ နေရာကို လျှောက်လာခဲ့တယ်…။ အိမ်အောက်မှာ အိမ်ရှင် အဖွားအိုက သူ့ကိုတွေ့တော့ “အော်.. အော်.. သား ရေချိုးမလို့လား” လို့နှုတ်ဆက်တယ်တဲ့။ သူကလဲ “ဟုတ်ကဲ့ အဖွားရေ… ချမ်းတော့ချမ်းတယ် ဒါပေမယ့် ချိုးလိုက်မလားလို့” လို့ ပြန်ဖြေလိုက်တယ်။ ဒီအခါမှာ အဖွားအိုက “အေး… အေး… ပထမတစ်ခွက်ပဲ ချမ်းတာပ…” လို့ ရှမ်းသံခပ်ဝဲ၀ဲနဲ့ ပြောပြီး အိမ်ပေါ်ပြန်တက်သွားသတဲ့…။

ဒီတော့ကာ မြို့ကြီးသား ကိုလူလည်က အဖွားအိုရဲ့ “ပထမတစ်ခွက်ပဲ ချမ်းတာပ…” ဆိုတဲ့ စကားကို သေသေချာချာ ပြန်စဉ်းစား… ပြီးတော့ ဟုတ်ပြီ ဆိုပြီး ကိုယ်ပေါ်ကို ရေလောင်း မချိုးခင်မှာ ရေတိုင်ကီထဲက ပထမဆုံး ရေတစ်ခွက်ကို ခပ်ယူပြီး ခပ်လှမ်းလှမ်းကို သွန်ပစ်လိုက် သတဲ့ကွယ်…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲ…။
ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

18 comments:

  1. ဟေ့ အဲဒါ ရန်ကုန်သားမဟုတ်ဘူး.

    ReplyDelete
  2. ဘယ်မြို့သားလဲ မသိဘူး။

    ReplyDelete
  3. ပုံပြင်လေးကို သဘောကျသွားပါတယ်။
    ရှမ်းပြည်မှာ စောစောရေထချိုးရင်
    တစ်နေကုန် မအေးတော့ဘဲ နေလို့ကောင်းတယ်။
    ညနေမှာရေချိုးရင် တစ်ညလုံး ပြန်မနွေးတော့ဘူး..
    ပိုပိုအေးလာတယ်။
    ပုံပြင်လေးအတွက် ကျေးဇူးပါ။

    ReplyDelete
  4. အဲ... ရေနွေးမရှိဘူးလား။
    mm

    ReplyDelete
  5. :D

    ကျနော်ကတော့ တောင်ကြီးဘက် သွားရင် ရေနွေးနဲ့ပဲ ချိုးတယ် အမ။ အချမ်းကြောက်တယ်.. ရေအေးနဲ့သာဆို ချိုးဖြစ်မှာကို မဟုတ်တော့ဘူး... :D

    ReplyDelete
  6. သက်ဝေရေ… တင်္နလာနေ့ က ပထမတခွက်ပေါ့…
    ပထမတခွက် အိုကေရင် အပျင်းကြောလေးပြေပြီး နောက်နေ့ တွေ ဆက်အိုကေသွားရော…
    ပျော်စရာပုံပြင်လေးအတွက် ကျေးဇူးပါ… မျက်လုံးလေးတွေကျယ်သွားပြီ…

    ReplyDelete
  7. ရာသီဥတုတွေ ဖောက်ပြန်နေတော့ လူတွေလဲ အူကြောင်ကြောင်ဖြစ်ကုန်ပြီထင်ပါ့။ လှည့်ကွက်လေးက လှပါတယ်ဗျာ။

    ReplyDelete
  8. ဟားဟား မီယာလည်း အဲ့သလိုတွေးနေတာ။

    ReplyDelete
  9. yes some time we have language problem,

    ReplyDelete
  10. Thanks,I miss every thing for your good story

    ReplyDelete
  11. ခစ်ခစ်.. အပေါ်ဆုံးက ဂျီးဒေါ်ပြောတာထောက်ခံ၏ ရန်ကုန်သားမဟုတ်စ်စ်..း)

    ReplyDelete
  12. ပထမတစ်ခွက်လို့ ခေါင်းစဉ်တွေ့တော့ သောက်စရာလားလို့ ဟီးဟီး (၀ါသနာ)

    ReplyDelete
  13. ပထမတစ်ခွက်ဆိုလို့
    မသက်ဝေတော့ သောက်ကုန်ပြီ အောက်မေ့တာ။
    ဆေး....ဆေး။
    ဟိုတစ်နေ့က ခေါင်းကိုက်တယ်ဆိုလို့လေ။

    ReplyDelete
  14. သက်ဝေပြောတာ ရယ်ရင်း ဟိုးးးးးအရင်တုန်းက ကျိုက်ထီးရိုးမှာ ရေချိုးရတာကို ပြန်သတိရမိတယ်။ ငယ်ငယ်တုန်းက ဟားခါးမှာနေတုန်းကတော့ တပတ်တခါတောင် ရေချိုးဖြစ်ရဲ့လားမသိ..:P အဲ..အခုအဖွားပြောသလို ပထမတခွက်ပဲ ချမ်းမှန်းမှ မသိခဲ့တာ...:D

    ReplyDelete
  15. ဟေး...။ ဒါမှတို့ မြို့ကြီးသားကွ...။ တေတာပဲ....။ :(

    ReplyDelete
  16. ရန်ကုန်သား မဟုတ်တာ သေချာတယ်...

    နောက်သေချာတာက
    ကြပ်ပြေးနေပြည်တော်သားပဲ ဖြစ်ရမယ်

    အဲမှာနေတဲ့သူတွေက ဦးနှောက် မရှိဘူး ကြားဖူးတာပဲ

    သူများတွေပြောတာနော်... အင်တာနက်ထဲက ဘလော့တွေမှာ ဖတ်ရတာ...း)

    ReplyDelete
  17. မှတ်ထားမယ်နော်... ချမ်းရင် ပထမတစ်ခွက် အရင် ခပ်သွန်လိုက်မယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...