Monday, February 23, 2009
ပန်းသီးပုံပြင်
ရုံးမှာ နေ့တိုင်း နေ့တိုင်း ပန်းသီးစားတတ်တဲ့ ကိုယ့်ကို ဘေးက လုပ်ဖေါ်ကိုင်ဖက်တွေက အမြဲ စကြတယ်။ An Apple A Day, Keeps A Doctor Away လားတဲ့။ သူတို့က ကိုယ့်အမျိုးသားကို ဆရာဝန်မှန်း သိနေကြတာကိုး…။
အခုတလောတော့ ခေါင်းကလဲ နေ့စဉ် နေ့တိုင်း ခပ်ကိုက်ကိုက်ဆိုတော့ ရင်ပြည့်လို့များ ခေါင်းကိုက်တာလား… ပန်းသီးစားတာသိပ်များရင် အစာမကြေဖြစ်တတ် ရင်ပြည့်တတ်သလား... ဆိုတာ သိချင်တာနဲ့ တပတ်လောက် ပန်းသီးမစားပဲ နေကြည့်နေတာ…။
ဒီတော့လဲ သူတို့က မေးကြပြန်ပါတယ်…။ ဘာလို့ ပန်းသီး မစားတော့တာလဲတဲ့…။
As A Doctor is Cute, Forget the Fruit လားတဲ့…။
ကိုယ်လဲ အရှည် အရှည်တွေ ပြန်ဖြေမနေချင်တာနဲ့ ပြုံးပြုံးလေးပဲ နေ နေလိုက်ပါတယ်…။
ဟင်… ဘာလဲ… ဘာလဲ…
ကိုယ့်ရဲ့ ဒေါက်တာက တကယ် Cute ဖြစ်သလား လို့ မေးလိုက်တာလား… ဟုတ်လား…။
ဟင့်အင်း.. ပြောပြနိုင်ပါဘူး… ဘာလို့ပြောပြရမှာလဲ....
မကျေနပ်ရင် အသေသာ သတ်လိုက်… ပြောဘူးဆို ပြောဘူးပဲ…။
(၂၃-၀၂-၂၀၀၉ အတွက် အမှတ်တရ)
23 comments:
  1. ရှည်ရှည်မန့်ရမလား၊တိုတိုမန့်ရမလား။
    အတည်မန့်ရမလား၊
    စိတ်ထဲရှိသလိုမန့်ရမလားဟင်
    တကယ်မေးတာပါ။ စိတ်ညစ်လွန်းလို့။
    ကိုကိုဒေါက်တာက ခရု.အဲလေ cuteဖြစ်မှာပါ။
    ReplyDelete
  2. ကိုကိုဒေါက်တာ အသဲထဲက ဝေဒနာ။ ဟိဟိ။ လာရှိတ်တာ မဟုတ်ဘူးနော် အမသက်ဝေ။ အမသက်ဝေကိုယ်စား ဆိုပြတာပါ။ ၂၃ အတွက် အမှတ်တယဆို ဘာအတွက်လဲ ဟင်။ ပန်းသီးပုံပြင်ရှိခဲ့လို့လား ပြောပြပါ။ ခရုဖြစ်လား ပြောပြပါ။ အနုနည်းနဲ့မေးတာပါ။ အမသက်ဝေတို့ကို အင်ဂျင်နီယာစုံတွဲထင်နေတာ။
    ReplyDelete
  3. ပြောပြပါလား....ငှင်.....
    သိချင်ယုံလေးပါ....။
    sin dan lar
    ReplyDelete
  4. ဖတ်ပြီး လူ့သဘောကို ပြုံးသွားတယ်.. ပန်းသီးစားတော့ တမျိုး မစားပြန်တော့ တမျိုး..
    အိမ်ထောင်ကျပြီးပြီးချင်း ကိုယ်ဝန်ရှိရင် မျက်ခုံး ပင့်ခံရပြီး ကြာလို့ ကလေးမရရင်လည်း မျက်ခုံး ပင့်ကြပြန်တယ်... အဒေါ်တယောက် ပြောဖူးတာလေ... မလွတ်တဲ့ ဒွတ်ခ
    ReplyDelete
  5. ~~~အို ဒေါက်တာတိုတို~~ခေါင်းထဲကဝေဒနာ~~တိုဒေါက်တာ~ မသနားရင်လေ ကုသဖို့ခက်လိမ့်မယ်~~
    ReplyDelete
  6. ဒေါက်တာ အဝေးဖြစ်မှာစိုးလို့ ပန်းသီးမစားတော့တာလား စဉ်းစားစရာ...။
    တိုးတိုးတိတ်တိတ် အမှတ်တယလေးလား...။
    အော်..မသိပါဘူး..ကိုကိုဒေါက်တာတစ်ယောက်လုံုး ဘေးနားရှိနေတဲ့ဟာ ကိုယ်တွေက သက်ဝေ ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီး ကိုယ်ထင်ရာ ကိုယ်ဝင်ပြောနေမိတာ ပြန်ရီသွားရပြီ။ :)
    ReplyDelete
  7. အော... အော... သီချင်းဆိုချင်လို့ထင်တယ်...
    နောက်ခံ တီးလုံးတွေ တီးပေးမယ်လေ...
    သည်မှာ အိပ် မရတာ ဘာကြောင့်လဲ...
    သည်မှာ ခေါင်းကိုက်တာ ဘာကြောင့်လဲ...
    ...း)
    ReplyDelete
  8. သြော်..ဒါကြောင့်သူကဆေးခန်းသွားပြဖို့ ကိုနည်းနည်းမှ ဆန္ဒ မရှိတာကိုး.. :P
    ReplyDelete
  9. အော်.. မမသက်ဝေရဲ့ တိုတိုက ဆရာဝန်ကြီးကိုး.. အဟိ.. ကောင်းလိုက်တာ... အပေါ်က လူတွေ ရဲ့ comment တွေ ဖတ်ပြီး ရုံးမှာ ကျိတ်ရီရတယ် မရေ.. ဟွန့် ဒီကတော့ ကိုယ့်မမ ခေါင်းကိုက်နေတယ် ဆိုပြီး နည်းလမ်းတွေ ပေးလို့... အခုတော့ ပြောခဲ့တာ တလွဲတွေဆိုတော့ အခွက်တွေတော့ ရှဲကုန်ပါပြီ... :D ကိုယ့်မမကို အသေတော့ မသတ်ရက်ပါဘူး.. ဒီလိုပဲ ချော့မေးမှာပေါ့.. :P
    ReplyDelete
  10. ဒါကြောင့်အသေခံပြီးအိမ်မှာကုတ်ကပ်နေနေတာကိုး၊
    ဘောပေါပြီ ဘောပေါက်ပြီ။
    ReplyDelete
  11. အော်- သူက..ဒါမျိုးတွေလဲ တတ်သည်ကိုး။း)
    သတိပေးချက်- ပန်းသီးကို အိပ်ကာနီး မစားရ။ နင်တတ်သည်။
    ReplyDelete
  12. တိုတိုဒေါက်တာက ကျူသလားဟင် :)
    ReplyDelete
  13. ပန်းသီးရဲ့
    အတ္ထုပ္ပတ္တိကို
    နားလည်သဘောပေါက်ပြီးသားမို့
    စိတ်ညစ်အောင် မမေးတော့ပါဘူး။
    ၂၃-၂-၂၀၀၉ ရက်က ရုံးဖွင့်ရက်ကြီးနော်
    လေးစားလျက်
    ReplyDelete
  14. ကိုကိုဒေါက်တာ cute ဖြစ်သလား သိချင်ကြရင် တန်ခူး တိုးတိုးလေးပြောပါမယ်…
    စအဲဒီနေ့ က ရီးစားသက်တမ်းနှစ်ပတ်လည်လား မင်္ဂလာနှစ်ပတ်လည်လား တခုခုတော့ ဖြစ်လိမ့်မယ်… ဘာကျွေးမှာလဲ…
    ReplyDelete
  15. မသက်ဝေပြောမှ ပန်းသီးစားချင်လာပြီ..
    မသက်ဝေကို အမှတ်မမှားပါဘူး..
    ယုံပါ..
    ReplyDelete
  16. ပြောလို့ မဖြစ်ဘူးလေ။ :D အစ်မတို့ ဇနီးမောင်နှံ ထာဝရပျော်ရွှင်ပါစေ။
    ReplyDelete
  17. (၂၃-၀၂-၂၀၀၉ အတွက် အမှတ်တရ)
    ဘာပါလိမ့်။
    ReplyDelete
  18. ဆရာကတော့်ပန်းသီးလေးကပျော့လား၊မာလား ဟင်။
    ReplyDelete
  19. ပန်းသီးဖီလင်ဆိုတာ ဒါမျိုး နေမှာ..
    ReplyDelete
  20. ခေတ်သစ် ပန်းသီးပုံပြင်လေးပါတကား။
    ReplyDelete
  21. ပန်းသီးက ဘာကြောင့် ဇာတ်လမ်းတွေကို
    ပေးပါလိမ့်နော်။
    လှကလဲလှသေး။
    ReplyDelete
  22. ပြောဘူးလား..
    ပြောဘူးဆို မေးတော့ဘူး...
    cute ဖြစ်လားလို့  မေးမိရင်
    ဟင့်အင်း..
    charming လို့  ဖြေမယ့်သဘောရှိတယ်...။
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...