Tuesday, July 17, 2012

H-A-L-L-U-C-I-N-A-T-I-O-N

ထိုနေ့က ဆရာဝန်ဆီရောက်သွားခဲ့သည်။
ဆရာဝန်နှင့် တွေ့ချိန်တွင် ဆရာဝန်က ဘာဖြစ်သလဲ ဟု မေးပါသည်။
နားကြပ်ဖြင့် ရင်ဘတ်ကို ထောက်ကာ စမ်းသပ်တော့အံ့ဆဲဆဲ ဆရာဝန်ကို ဟိုး… ဟိုး… ဆရာ… ခဏနေပါအုံး… ကျွန်တော် ပြောပြပါရစေ… ဟု တောင်းပန်ကာ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြရန် လည်ချောင်းကို အနည်းငယ် ရှင်း… အသက်ကို ဝအောင် ရှုသွင်းကာ ဒီလိုပါ ဆရာ… ဟု စကား စ လိုက်သည်။

-          ကျွန်တော် မြင်နေရတယ်
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့ဆီကို လာနေကြတယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ကြားနေရတယ်
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့ကို လာပြောနေကြတယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ထွက်ပြေးရတော့မယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့နောက်ကနေ လိုက်လာနေကြပြီ…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော့ကို ဆေးကုပေးပါ ဆရာ…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ဆရာ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး…
-          - - - - - - - - - - - -
-          - - - - - - - - - - - -


စကားအဆုံးတွင် ဆရာဝန်က ခေါင်းကို ဖြေးညှင်းစွာ ယမ်းလိုက်သည် (ဟု ထင်သည်)

ပါးစပ်မှ တစုံတခုကို ရေရွတ်လိုက်သည် (ဟု ထင်သည်)

နားထဲမှာ အသံတခု ကြားလိုက်သည် (ဟု ထင်သည်)

ထိုအသံသည် အင်္ဂလိပ်စာလုံး တခုဖြစ်သည် (ဟု ထင်သည်)

ထိုစကားလုံးသည်  H-A-L-L-U-C-I-N-A-T-I-O-N  ဖြစ်လိမ့်မည် (ဟု ထင်သည်)



14 comments:

  1. ဒန်တယ် ဒန်တယ် လွှတ်ဒန်တာ မမး))

    ReplyDelete
  2. ကျေးဇူး ညီမ... ဒီလို ဒန်တဲ့ ကော်မန့်မျိုးပဲ ဖတ်ချင်နေတာ (ဟု ထင်သည်)

    ReplyDelete
  3. ဒန် ဒန် ဒန်


    Super Dan

    ReplyDelete
  4. အစ်မသက်ဝေ...
    ဒန်များကို နှစ်သက်သည်...
    ဒန်စာများ လိုက်လံရှာဖွေဖတ်သည်...
    သို့သော် ကိုယ်တိုင်က မဒန်တတ်ပေ...
    ထို့ကြောင့် အစ်မသက်ဝေ၏ ဒန်ချက်ကို ဖတ်ရှုအားပေးသွားပါသည်။

    ( Comment ရေးရင်နဲ့တောင် ကိုယ့်ကိုယ်ကို ဒန်သလိုလို ခံစားလာရတယ်:)

    ReplyDelete
  5. အဲဒါပဲ ညီမ... အဲဒါပဲ... အဲဒါပဲ...
    အမလိုချင်တာလဲ အဲဒါပဲ... (ဟု ထင်သည်) :D :D :D

    ReplyDelete
  6. ပိန်းတယ်ပြောလည်း ခံပါ့မယ် မသက်ရေး))
    ဘာကိုဆိုလိုတာလည်းဆိုတာ သိသေးဘူးကွယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဒန် မှ ဒန် .ဒန်တန်တန် ဘဲ မမ ရေ...:D

    ReplyDelete
  8. ဒန် မှ ဒန် .ဒန်တန်တန် ဘဲ မမ ရေ...:D

    ReplyDelete
  9. ပထမတော့ ကိုယ့်ကိုယ်ကို hallucinate ဖြစ်နေတယ် အောက်မေ့တာ..၊ မျက်စိကိုပွတ်၊ အသက်ကို ပြင်းပြင်းရှူ၊ ပြူတင်းပေါက် အပြင်ဖက်က မြင်ကွင်းစိမ်းစိမ်းတွေကို ငေး..၊ ပြီးမှ တစ်ခေါက် ပြန်ဖတ်တယ်၊ အဲဒါမှ ပိုဆိုးသွားရော...၊း)

    ဤစာစုများသည် ပို့စ်မော်ဒန်လော? မော်ဒန်ပို့စ်လော? ဟုခေါင်းကုတ် စဉ်းစားရင်း ထိုဇတ်ကောင် သွားခဲ့သော ဆရာဝန်၏ လိပ်စာကို တောင်းချင်စိတ်များ ဖြစ်သွားမိခဲ့သည် (ဟု ထင်သည်)။း))

    ReplyDelete
  10. ကျွန်တော် တော်တော်ပိန်းတယ် ထင်ပါတယ်
    ဘာလိုဆိုလိုသလဲ နားမလည်ပါခင်ဗျာ
    သူများတွေကတော့ ဒန်နေတာတာပဲ
    ကျွန်တော်လည်း ဒန်ချင်ပါတယ်ဗျာ

    ReplyDelete
  11. ( ဟု ) ထင်သည်

    ReplyDelete
  12. ဆဌမ အာရုံရနေတာများလား.. ဒန်တယ်ဗျာ..တကယ်ဒန်တယ်...း))

    ReplyDelete
  13. ဒန်တန့်တန်(ဟုထင်သည်) :P

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...