Tuesday, January 22, 2013

မိုင်တိုင် နှစ်ဆယ်

ဖြတ်သန်းခဲ့ပြီးသော မိုင်တိုင်များစွာတွင် အချို့သည် အမှတ်တမဲ့မျှဖြင့် မေ့မေ့လျော့လျော့နှင့် ကွယ်ပျောက်သွားတတ်ကြပြီး၊ အချို့သည် အထင်ကရအဖြစ် ဘဝတွင် ထင်ထင်ရှားရှား ကမ္ဗည်းတွင် ကျန်ရစ်နေတတ်ကြသည်...


ဟုတ်ပါတယ်... မိုင်တိုင် နှစ်ဆယ် လို့ အမည်ရပါတယ်…။
ဒီစာအုပ်လေးကို ဘလော့ဂါ အိန်ဂျယ်လှိုင်က တာဝန်ယူ စီစဉ်ပြီး AMK Creation က လှပ သေသပ်စွာ ဖန်တီး ပုံဖော်ပေးခဲ့ပါတယ်... ။ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေ ဘလော့ဂါ အယောက် နှစ်ဆယ် ပါဝင်ရေးသားထားကြတဲ့ အွန်လိုင်း ရသ ဝထ္ထုတို စာအုပ်ကလေးပါ။ ဒီနေ့ ဇန်န၀ါရီလ ၂၂ ရက် မှာ စာပေလောက (၅) စာအုပ်တိုက် ကနေ စတင် ဖြန့်ချီမှာဖြစ်ပါတယ်။ ဒီ မိုင်တိုင် နှစ်ဆယ် စာအုပ်လေးဟာ ကျွန်မတို့ တယောက်ချင်းစီအတွက် အမှတ်တရ စိုက်ထူဖြစ်တဲ့ မိုင်တိုင်လေး တခုလည်း ဖြစ်ပါတယ်…။

ဒီစာအုပ်လေးမှာ ကျွန်မ အပါအ၀င် မိတ်ဆွေ ဘလော့ဂါများ ဖြစ်ကြတဲ့ မြစ်ကျိုးအင်း၊ အိမ့်ချမ်းမြေ့၊ သတိုး၊ မြသွေးနီ၊ ကိုဇော်၊ သက်တန့်ချို၊ ခင်လေးငယ် ဗညားရှိန်၊ ချော(အစိမ်းရောင်လွင်ပြင်)၊ မောင်ရေချမ်း၊ မိုးပန်းချီ၊ နေပိုင်၊ မြတ်မွန်၊ လက်ဝဲ၊ မြတ်ပန်းနွယ်၊ ကိုကိုးအိမ်(မန္တလေး)၊ ဂျွန်မိုး၊ အလင်းသစ် နဲ့ အိန်ဂျယ်လှိုင် တို့ ပါဝင် ရေးသားထားကြပါတယ်…။ စာဖတ်ပရိသတ်တွေ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…။

အဲဒီစာအုပ်ထဲမှာ ပါတဲ့ ကျွန်မရဲ့ ၀တ္ထုလေးနာမည်က ထာဝစဉ် ပါ။ အဲဒီစာလေးကို ရေးဖြစ်စေဖို့ စေ့ဆော်တဲ့ စိတ်ကူး အတွေးတချို့ကို မေတ္တာလက်ဆောင် ပါးလိုက်ပါတယ်…။

“လူတိုင်း လူတိုင်းဟာ ကိုယ်စီ ဘ၀တွေမှာ အပြစ် ကင်းစင်ပြီး လှပ ဆန်းကြယ်တဲ့ ချစ်ခြင်းမျိုးကိုသာ အလိုရှိကြ တောင့်တကြစမြဲ ဖြစ်ပေမယ့် တခါတရံမှာ ကိုယ်တိုင် ကြိုတင် မမြင်နိုင်တဲ့၊ မျှော်လင့်မထားတဲ့ တထောင့် တနေရာကနေ သူ့အလိုလို ဖြစ်ပေါ်လာတတ်တဲ့ ချစ်ခြင်းမျိုးတွေ၊ ကြိုဆို လက်ခံယူလို့ မရပဲ ငဲ့ညှာ ထောက်ထား ထိန်းချုပ်စရာတွေ ပြည့်နှက်နေတတ်တဲ့ ချစ်ခြင်းမျိုးတွေ အပြင် လူချင်း မနီးစပ်နိုင်သော်လည်း နှလုံးသားထဲမှာ ထာဝစဉ် နွေးထွေးစွာ အမြစ်တွယ် ရှင်သန်နေနိုင်တဲ့ လေးနက်တဲ့ ချစ်ခြင်းမျိုးတွေ ရှိနေတတ်တာကို တွေးမိတဲ့ အချိန်မှာ ဒီဝတ္ထုလေးကို ရေးဖြစ်ပါတယ်…”




16 comments:

  1. အမှတ်တရ အတူတကွ စိုက်ထူဖြစ်ခဲ့သော မိုင်တိုင်လေးတွေ အတွက် ဝမ်းသာကြည်နူးမိရပါတယ်မမရေ.. :) <3

    ReplyDelete
  2. အစ်မသက်ဝေရေ.. စာမြည်းလေးကြည့်ပြီး အစ်မရဲ့ ”ထာဝစဉ်”လေးဖတ်ချင်လို့ပါ။ ဘယ်နားမှာ ရှာဖတ်ရမလဲပြောပေးပါနော်..း)

    ReplyDelete
  3. ထာဝစဉ် ဟာ မသက်ဝေရေးသမျှထဲမှာ အသက်အပါဆုံး အနှစ်သက်ဆုံးပါ

    ReplyDelete
  4. how can I order .. Thet Wai

    ReplyDelete
  5. ဝတ္ထုလေးကို ရေးဖြစ်တဲ့ စိတ်ကူးလေး ဖတ်ရတာနဲ့တင် ဒါဟာ မဖတ်ရမချင်း ရေအဆုံး၊ ကုန်းအနှံ့ မတွေ့တွေ့အောင် ရှာဖတ် ရတော့မယ် ဝတ္ထုတစ်ပုဒ်ဆိုတာ သေချာသွားပြီ...၊း)

    စိုက်လိုက်တဲ့ မိုင်တိုင်လေးတွေ ခိုင်မြဲပါစေလို့လည်း ဆန္ဒပြုပါတယ်။

    ReplyDelete
  6. ဘယ်မှာများရှာဖတ်ရပါ့မလဲ အစ်မတော်ရယ်
    ဖတ်ချင်လှပါပြီ :)

    ReplyDelete
  7. ဘယ်မှာများရှာဖတ်ရပါ့မလဲ အစ်မတော်ရယ်
    ဖတ်ချင်လှပါပြီ :)

    ReplyDelete
  8. ဘယ်မှာ ဖတ်ရမလဲဟင်။ ဖတ်ချင်တယ်။

    ReplyDelete
  9. ဖတ်ချင်လှပြီ မမရေ...

    ReplyDelete
  10. အရမ်းဖတ်ချင်လာဘီနော် စာအုပ်က လက်ထဲမရောက်သေးဘူး....။

    ReplyDelete
  11. ဤပို့စ်ဖတ်အပြီးတွင် အကျွန်ုပ်သည် အိတ်ထဲတွင် ဆောင်ထားလတံ့သည်မှာ ၂ရက်သာ ရှိသေးသည့် မိုင်တိုင်နှစ်ဆယ်စာအုပ်အား ထုတ်ယူပြီးသကာလ “ထာဝစဉ်” ဆိုသည့် အက်ဆေးချိုချိုလေးအား တဖန် ထပ်၍ ဖတ်မိချေသည်တမုံ့... :)

    ReplyDelete
  12. သက်ဝေရေ.........
    စကာင်္ပူ ဘယ်မှာ ဝယ်လို့ရနိုင်မလဲ သိချင်တယ်...

    ReplyDelete
  13. အားပေးစကားများအတွက် မိုင်တိုင်နှစ်ဆယ်ရဲ့ ကိုယ်စား ဝမ်းသာ ကျေးဇူးတင်ပါတယ်...

    လောလောဆယ်တော့ ဖတ်ချင်တဲ့သူတွေ မှာချင်တဲ့သူတွေကို ဘယ်မှ ရနိုင်တယ်ဆိုတဲ့ သတင်း မပေးနိုင်သေးပါဘူး... ပြည်ပဖြန့်ချီရေးကတော့ နည်းနည်းတော့ စောင့်ရလိမ့်အုံးမယ် ထင်ပါတယ်... သိသိချင်း ပြောပါ့မယ်နော်...း-)

    ReplyDelete
  14. ဖတ်နေပြီ မမ
    အခုပြောသေးဘူး
    နောက်မှ သေချာပြောမယ်
    နည်းနည်းတော့ စောင့်နော်
    :) ;)

    ReplyDelete
  15. တနေ့ညက အိပ်ရာဝင်ခါနီး ဖတ်လိုက်တယ် မမ။ သိပ်ကောင်းတာပဲ...။ ခုည နောက်တစ်ခေါက် ထပ်ဖတ်ဦးမယ်။

    ဟက်ပီးဟောလီးဒေးနော်း))

    ချစ်ခင်စွာ
    ညီမဇွန်

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...