သစ်ပင် ပန်းပင် စိမ်းစိမ်းစိုစိုနဲ့ ပန်းခြံလေးမှာ ညနေတိုင်း စာအုပ်တအုပ် ကော်ဖီတခွက်နဲ့ ကျွန်မ လာထိုင်နေကျ… အဲဒီညနေက မိုးအုံ့နေမှန်း သိသိကြီးနဲ့ လာခဲ့မိတာ…။ ထီးဆောင်လေ့မရှိသူတယောက်မို့ မိုးစက်မိုးပေါက်တွေ ကျလာတော့ အမိုးလေးရှိတဲ့ နေရာကို အပြေးလာပြီး မိုးခိုရတယ်။ ကံကောင်းစွာနဲ့ အမိုးလေးအောက်မှာ ထိုင်စရာ နေရာ တနေရာ ရခဲ့တယ်…။ ကိုယ့်လို မိုးခိုနေတဲ့ သူတွေလည်း ရှိနေတယ်။ မိုးခိုနေရင်း လက်ထဲက စာအုပ်ကို ဖွင့်ဖတ်မယ် အလုပ်မှာ စကားသံတခု နားထဲကို စူးစူးရှရှ ထိုးဖေါက် ၀င်ရောက်လာခဲ့တယ်။
“ဒီမှာရှင့်… ဒီမှာ… ခုနက ပြောလက်စ စကား ဆက်ရအုံးမယ်… ကျွန်မပြောနေတာ ရှင်ကြားရဲ့လား… နားထောင်နေရဲ့လား… သေသေချာချာ နားထောင်စမ်းပါရှင်…”
မျက်လုံးထောင့်ကနေ အသာ ခိုးကြည့်လိုက်တော့ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားတဲ့ လူလတ်ပိုင်း အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်… ကြည့်ရတာ လင်မယား နှစ်ယောက် ဖြစ်ပုံရပါတယ်။ ပြီးတော့ ကျွန်မလိုပဲ ဒီနေရာမှာ လာခိုရင်း မိုးအတိတ်ကို စောင့်နေကြပုံပါ…။
“ဒီမှာ ကျွန်မကိုယ်ပေါ်မှာ ကျွန်မ အမုန်းဆုံးနေရာ တနေရာရှိတယ် အဲဒါ ဘယ်နေရာ ဖြစ်နိုင်လဲ သိလား…”
ဘုရားရေ…. ကျွန်မ စိတ်ထဲကနေ ဘုရား တ လိုက်မိပါတယ်…။
“မေးနေတယ်လေ… မေးနေတာ ဖြေပါအုံး… ရှင်နဲ့ စကားပြောရရင် ဒီလိုချည်းပဲ… ဘာမေးမေး ဘာပြောပြော သိသလိုလို မသိသလိုလိုနဲ့… ပြီးတော့ တယောက်တည်း စကားပြောနေရသလိုလို… စကားမပြောတတ်တဲ့ သူတယောက်နဲ့ စကားပြောနေရသလို… ဘေးကလူကိုလည်း အားနာပါအုံး… ခက်များ ခက်ရချည်ရဲ့ရှင်…”
“ဒီမယ်… ကျွန်မကိုယ်ပေါ်မှာ ကျွန်မ အမုန်းဆုံးနေရာက လည်ပင်း ရှင့်… လည်ပင်း… သိရဲ့လား…”
ဘုရားရေ… ဒုတိယအကြိမ် ကျွန်မ ဘုရား တ မိပါတယ်။ လည်ပင်းဆိုပါလား… လည်ပင်းဆိုတာ အသက်အန္တရာယ်နဲ့ အနီးဆုံး၊ တခု တခု လုပ်ကြံဖို့ အလွယ်ကူဆုံး နေရာ မဟုတ်လား… ရုပ်ရှင်တွေထဲမှာ လူဆိုးတွေ ချကြ နှက်ကြတဲ့အခါ လည်ပင်းညှစ်သတ်တဲ့ အခန်းတွေမှာ မျက်လုံး အပြူးသားနဲ့ လျှာကြီး ထွက်ပြီး သေသွားတဲ့ ဇာတ်လိုက်တွေကို ကျွန်မ မြင်ယောင်မိတယ်။ ဒီမိန်းမ ဘာများ လုပ်တော့မလို့ပါလိမ့်…။
“ရှင် ဘာဖြစ်လို့ ကျွန်မကို မျက်လုံး အပြူးသားနဲ့ ပြန်ကြည့်နေရတာလဲ… ကျွန်မပြောနေတာ နားမလည်လို့လား…။ ဟောဒီမှာလေ… လည်ပင်း… တွေ့သလား… အဲဒီလည်ပင်းကို ကျွန်မ အမုန်းဆုံးရှင့်…”
ပြောပြောဆိုဆိုနဲ့ အဲဒီမိန်းမ သူ့လည်ပင်းကို သူ ပွတ်နေတာ မျက်လုံးထောင့်ကနေ မြင်နေရတယ်… စိတ်ထင်လို့ပဲလား မသိ… တချက်တချက်မှာ လည်ပင်းကို သူ့လက်နဲ့သူ ညှစ်လိုက်သယောင်ယောင်…။ ကိုယ့်ကိုယ်ကိုယ်တော့ လည်ပင်းကို ညှစ်ရင်း သေကြောင်းမကြံတတ်ရာ… လို့ တွေးနေမိတယ်…။
“မေးချင်လည်း ပွင့်ပွင့်လင်းလင်း ပြန်မေးလိုက်ပါလားတော်… မိန်းမရေ… ဘာဖြစ်လို့ မင်း လည်ပင်းကို မင်း မုန်းရသလဲ လို့ ပြန်မေးလိုက်ပါတော်… အခုတော့ တကတည်းမှပဲ…။ မပွင့်တပွင့်၊ မလှုပ်မယှက်နဲ့ ကျွန်မကို အထူးတဆန်း ပြန်ကြည့်နေရတယ်လို့…။ မှန်း… ရှင့်လည်ပင်းရော… ဘယ်လိုနေသလဲ…”
အဲဒီမိန်းမ လက်ကလည်း မြန်လိုက်တာ လွန်ပါရော… ဘေးနားက အမျိုးသားရဲ့ လည်ပင်းကို မြင်ရဖို့ ရှပ်အင်္ကျီကော်လာစကို ဆွဲဖယ်နေတာ ရိပ်ကနဲ လှမ်းတွေ့လိုက်တယ်။ စိတ်ထဲမှာလည်း ထင့်သွားတယ်။ ကျွန်မ လိုအပ်ရင် ကူညီစရာရှိရင် ကူညီဖို့အတွက်… လက်ကိုင်ဖုန်းကို ခပ်တင်းတင်း ကိုင်ထားရင်း အသင့်အနေအထားနဲ့ ကိုယ်ကို ခပ်မတ်မတ် ပြင်ပြီး ထိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲ နားထဲကို စကားသံတွေ ရောက်လာခဲ့ပြန်တယ်…။
“အင်း… ရှင့်လည်ပင်းကတော့ သူလို ကိုယ်လို လည်ပင်း ပါပဲ… ဘာမှ သိပ်မထူးခြားလှပါဘူး…”
အမျိုးသမီးရဲ့ ကောက်ချက်ချ စကားအဆုံးမှာ ကျွန်မ နည်းနည်း စိတ်သက်သာရာ ရသွားတယ်။ သူလို ကိုယ်လို လည်ပင်း ဆိုတဲ့စကားကိုတော့ တအား စိတ်ဝင်စားပေမယ့် ကျွန်မ မော့မကြည့်ရဲဘူး…။ ကျွန်မရော ဘယ်လို လည်ပင်းမျိုးကို ပိုင်ဆိုင်နေပါသလဲ…။ အိတ်ထဲမှာ အသင့်ပါလာတဲ့ လေးထောင့် ပေါင်ဒါဘူးထဲက မှန်ကို ထုတ်ကြည့်ချင်စိတ်ကို ချိုးနှိမ်ရင်း ဆက်ပြောလာမယ့် စကားသံကို အာရုံစိုက်နေမိတယ်…။
“ဒီလိုရှင့်… မိန်းမတွေရဲ့ အသက်ကို မှန်းချင်ရင် လည်ပင်းကို ကြည့်ရတယ် တဲ့…။ လည်ပင်းတွေကတော့ အမျိုးအစား အများကြီးရှိတာပေါ့တော်…”
ဗုဒ္ဗေါ… သူ့စကားအဆုံးမှာ အခုနက တွေးနေတဲ့ အသက်အန္တရာယ်အကြောင်း ဘာညာတွေအားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး ကျွန်မ အရမ်းရယ်ချင်သွားတယ်…။ သို့သော်လည်း နှုတ်ခမ်းကို နာနာကိုက်လို့ မရယ်မိအောင် ကြိုးစားရင်း ဆက်ပြောလာမယ့် စကားတွေကို နားစွင့်နေလိုက်တယ်။
“ကြက်ခြေထောက်တွေလို အရစ်အရစ်ထနေတဲ့ လည်ပင်း၊ ဆင်နှာမောင်းလို ကြီးမား တုတ်ခိုင်နေတဲ့ လည်ပင်း၊ အဆီတထပ် အသားတထပ်နဲ့ ဘူဇွာလို ၀နေတဲ့ လည်ပင်း၊ အရေပြားတွေ ရော့ရဲ ပျော့တွဲကျနေတဲ့ လည်ပင်း၊ အသားအရေတွေ သွေ့ခြောက်ပြီး ပတ်ကြားအက်နေတဲ့ လည်ပင်း၊ ပိန်ညောင်ညောင် အရိုးဂေါက်ဂက်နဲ့ ပုလွေရိုးလို လည်ပင်း… မဲတူးတူး ညစ်ထေးထေး လည်ပင်း… အမလေး ပြောရရင် ဆုံးမှာကို မဟုတ်ဘူး…။ အဲဒီလိုလည်ပင်းတွေကို ကြည့်ပြီး မိန်းမတွေရဲ့ အသက်ကို မှန်းလို့ရတာတဲ့… ရှင် သိရဲ့လား…”
ကျွန်မ အသက်ရှူဖို့ ခဏ မေ့သွားတယ်။ ပြီးတော့ အိတ်ထဲက ပေါင်ဒါဘူးလေးကို အသာ စမ်းနေမိတယ်… ကျွန်မ မှန် အရမ်းကြည့်ချင်နေပြီ…။
“မိန်းမတယောက် မျက်နှာက မိတ်ကပ်ကောင်းကောင်းနဲ့ ဖုံးထားလို့ ဘယ်လောက်ပဲ နုနေ လှနေပေမဲ့ အဲဒီလို လည်ပင်းတွေ ရုပ်ပျက်နေပြီဆိုရင်… ဒါမှမဟုတ် လည်ပင်းတွေကို လူမမြင်အောင် တနည်းနည်းနဲ့ ဖုံးကွယ်လာပြီဆိုရင်… အဲဒီမိန်းမဟာ အသက်လေးဆယ်ထဲ ၀င်စ ပြုနေပြီတဲ့ရှင့်… သိရဲ့လား… နောက်ပြီးတော့ မိန်းမတွေကလည်း မျက်နှာလေးပဲ လူမြင်ကောင်းရုံ လိမ်းခြယ်ကြတာ လည်ပင်းကျ ဘယ်သူမှ ကောင်းကောင်း ဂရုစိုက်ကြတာ မဟုတ်ဘူး… မျက်နှာက ဖွေးဖွေးရေးရေး… နှုတ်ခမ်းနီ ပါးနီတွေ ခြယ်လို့… လည်ပင်းကျ ညစ်ထပ်ထပ်နဲ့… လည်ပင်းနဲ့ မျက်နှာ အရောင်တွေ ကွာနေတာ အတော်ကို ကြည့်ရ ရုပ်ဆိုးတာရှင့်…”
ဒီတခါတော့ ကိုယ့်ကိုယ်ကိုယ်ထက် အဲဒီမိန်းမရဲ့ လည်ပင်းကို ကြည့်ချင် မြင်ချင်စိတ်က ပိုများနေပြန်တယ်။ တွေးနေတုန်းမှာ အဲဒီမိန်းမက ပြောပြောဆိုဆိုနဲ့ သူ့မှာ အသင့်ပါလာတဲ့ ပုဝါ ခပ်ပါးပါးတစကို ထုတ်ယူပြီး လည်ပင်းမှာ ရော့တိ ရော့ရဲ ပတ်ချည်လိုက်တယ်…။ သူ့လည်ပင်းကို ကျွန်မ တွေ့မြင်ခွင့် မရလိုက်ဘူး…။ ပြီးတာနဲ့ ထိုင်နေရာကနေ ဆတ်ကနဲ ထရပ်ရင်း သူ့အမျိုးသားကို “လာ… သွားကြစို့… မိုးတိတ်နေပြီ…” လို့ ပြောလိုက်တယ်။ အေးစက်စက် မျက်နှာသေနဲ့ ကိုအ၀ှာလည်း ထိုင်ရာက ထပြီး ပုဝါစ တလွင့်လွင့်နဲ့ မိန်းမနောက်ကို လိုက်သွားတယ်…။ ဟုတ်တယ်… အပြင်ဖက်မှာ မိုးကလည်း စဲသွားပြီ…။
သူတို့နှစ်ယောက် ထွက်သွားတာကို လိုက်ကြည့်နေရင်း ကျွန်မ ရယ်ချင်စိတ်တ၀က်နဲ့ ကျန်ခဲ့ပေမဲ့ အိတ်ထဲက မှန်ကို ထုတ်ကြည့်ဖို့ မရဲဘူး ဖြစ်နေပြန်တယ်…။ စိတ်ထဲမှာတော့ မိန်းမနဲ့ ယောက်ျား မတူညီကြတဲ့ သဘာဝရယ်… သူ ပုံဖေါ်သွားတဲ့ လည်ပင်းတွေ အကြောင်းရယ် ကျန်ရစ်ပြီး လက်တဖက်က ကိုယ့် လည်ပင်းကို အသာ စမ်းရင်း… ပါလာတဲ့ ပေါင်ဒါဘူး ဖွင့်ပြီး လည်ပင်းကို ပွတ်လိမ်းရတော့မလို… အခုချက်ခြင်း ပုဝါတွေပဲ ပြေးဝယ်ရတော့မလို… မျက်နှာလိမ်းတဲ့ မိတ်ကပ်အရည်တွေပဲ ထပ်ဝယ်ရတော့မလို… ယောက်ယက်ခတ် အတွေးတွေနဲ့…။
သေချာတာကတော့ အပြန်လမ်းမှာ ကျွန်မ ပုဝါ တစ်ထည် (မဖြစ်မနေ) ၀ယ်ဖြစ်ပါလိမ့်မယ်…။
ဘာဖြစ်လို့ဆို ကျွန်မအသက်က လေးဆယ်ကို အတော်လေး စွန်းနေခဲ့ပြီကိုး….။
မှတ်ချက် - 2013 August - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။
ဟင့်...တစ်နေ့ကပဲ အဲ့လိုစည်းဖို့ ပုဝါတစ်ထည် ၀ယ်ခဲ့မိရဲ့..။ အဆီတထပ် အသားတထပ်နဲ့ ဘူဇွာလို ၀နေတဲ့ လည်ပင်းထဲများ ပါနေလေရော့မလား...
ReplyDeleteတွေးရင်း လည်ပင်းလေးကို ယောင်ယမ်း လက်နဲ့အုပ်လိုက်မိပါရဲ့... :)
ပုဝါတစ်ထည် လက်ဆောင်ပေးမယ် နော် :D
ReplyDeleteI like ur writing Ma Ma Thet Wai :)
ReplyDeleteပုဝါလေးတလွင့်လွင့်ဖြစ်နေပြီလားအမ။
ReplyDeleteရုပ်ရှင်မင်းသမီး ခင်ယုမေက သူ့လည်ပင်းက အရေးအကြောင်းတွေ ကာကွယ်ဖို့ ပုဝါလေး စည်းတာက စတိုင်တခုလို ဖြစ်သွားတယ်လို့ ကြားဖူးတယ်။
ReplyDeleteမေသန်းနုလဲ အသက် သိပ်မကြီးခင်ကတည်းက လည်ပင်းမှာ အရစ်လေးတွေ ပေါ်နေတာ သတိထားမိတယ်။
မိန်းကလေးတွေရဲ့ လည်တိုင်ကျော့ရှင်းလေးတွေကို သဘောကျမိပေမယ့် ကိုယ့်လည်ပင်းကိုယ် သတိမထားမိတာ အမှန်ပဲ အမသက်ဝေရေ ... ။ အမပြောမှ ကိုယ့်လည်ပင်းကိုယ် မှန်ကြည့်ရင် သတိထားကြည့်ရအုံးမယ်။ :)
That lady ~~ Ma KOM ? :) If I am not wrong, you mentioned that Ma KOM used to wear scarf :)
ReplyDeleteတရာကျပြီးကောက်သွားပါတယ် :)
ReplyDeleteအခန်းမီး ထဖွင့်ပြီး ကိုယ့်လည်ပင်းကိုယ် ပြန်ကြည့်ချင်တာဆိုတာ ဘာပြောကောင်းမလဲ ..ဟို ၂ ယောက်နိုးမစိုးလို့သာ...
ReplyDeletePifpif
တမီး ကကော ဘာလည်ပင်းလဲ သိဘူးး
ReplyDeleteသူသူ
အဲ... ဇွန့်လည်ပင်းက အရစ်တွေက နဂိုကတည်း ထင်ရှားပါဘိနဲ့ လေးဆယ်ကျော်ရင် ဘယ်လိုများ နေမလဲ မသိဘူး။ မမစာဖတ်နေရင်း မမြင်ရသေးတဲ့ ကိုယ့်လည်တိုင်ရဲ့ အနာဂတ်ကို ကြိုတင်မှန်းဆ မြင်ယောင်ကြည့်မိသွားတယ်။ :D
ReplyDeleteရေးထားပုံလေး ကြိုက်တယ် အစ်မ။း))
တထည် မက အဆင့်သင် ရှိပါတယ်
ReplyDeleteရွှေစင်ဦး
အနော့်လည်ပင်းလည်း ကြက်ခြေထောက်လား ဆင်နှာမောင်းလား
ReplyDeleteအဆီတထပ် အသားတစ်ထပ်လား
ဝက်ဆိုတော့ကာ.....
သေချာတာကတော့ အဆီတထစ် အသားတစ်ထစ်ပဲ
ဖြစ်မှာပါလေ....:D
ပုဝါတွေဝေမယ် ဝေမယ် မီးမီးဝယ်သိမ်းထားတာ အများကြီး ခုတော့မလိုအပ်သေးဘူးပေါ့
ReplyDeleteအော်ပြောဖို့မေ့သွားတယ် Yoga ကစားပါ အသက်အရွယ်တော်တော်ကြီးတဲ့အထိ လည်ပင်အရေအကြောင်းမပေါ်ဘူး လည်ပင်းလေ့ကျင့်ခန်းရှိတယ်...။ ပါးကို အားကုန်ဖေါင်းထားပြီး အပေါ်ကို မော့နိုင်သလောက်မော့ကြည့် လေးငါးစက္ကန့်လောက်ပေါ့ ပြီးရင် မေးစေ့ကို ရင်ဘတ်နဲ့ထအောင်အောက်ပြန်ငုံ့ချ အဲဒါမျိုး တစ်နေ့ကို ဆယ်ကြိမ်လောက်လုပ်နိုင်ရင် အိုကေပြီ အစ်မ
ReplyDeleteI really like this writing style.
ReplyDeleteIt is so entertaining.
By the way, I like " pa war" especially after arriving in the US.
May be it is because I wanna hide my neck or that the weather is cold, or both.
Iora
ရေးပုံလေးလှလိုက်တာ. ဇရာကို လည်ပင်းနဲ့ ပုံဖော်သွားတာ. ဒီပို့ စ်ဖတ်ပြီး အပြင်ထွက်တိုင်းပုဝါလေးပတ်သွားရမလားလို့ စဉ်းစားမိတော့တယ်. သက်ဝေအတွက် တထည်ပိုဝယ်ခဲ့မယ်နော်.
ReplyDeleteရေးးးးးးးးး ပုဝါ လက်ဆောင်ပေးမဲ့သူတွေရော... ပုဝါတွေ အများကြီး ပိုင်တဲ့သူတွေရော တွေ့ရပြီ... ပျော်စရာကြီး...
ReplyDeleteအခုလို ဘလော့လောကကြီး အေးစက်စက် ဖြစ်နေချိန်မှာ
စာလာဖတ်ကြတာ ကော်မန့်လေးတွေ ရေးသွားကြတာ တကယ်ကျေးဇူးတင်ပါတယ်...
စာဆက်ရေးဖို့လည်း အားတက်မိပါတယ်... Love you all... :-)
မိန်းကလေးတော်တော်များများ
ReplyDeleteအသက်ကို တော်တော်လေး ဂရုစိုက်ကြတယ်နော် အစ်မ
အင်း ... ဘယ်မိန်းမတွေများ လည်ပင်း ပဝါပတ်ထားလဲ
လိုက်ကြည့်ရဦးမယ် ... ပဝါပတ်ထားလို့ကတော့
သတ်မှတ်လိုက်ပြီ ဘယ်လောက်နုနု အသက်လေးဆယ်ပဲ
ဟဲဟဲ ... အမေနေ့မှာ ပျော်ရွှင်ပါစေဗျာ
ပုဝါကို ဘာကြောင့်ကြိုက်မှန်း ကိုယ့်ကိုယ်ကို မသိခဲ့ဘူး
ReplyDeleteဒီစာလေးဖတ်မိတော့မှ ဘာကြောင့်ကြိုက်တယ်ဆိုတာ အဖြေပေါ်တော့တယ်
ပုဝါတွေထပ်ဝယ်ဦးမှပါလေ :)
ဆက်ရေးနော်။အားပေးတယ်။
ReplyDeleteအိုင်အိုရာ
ရွှေလည်တိုင်..ကိုကွယ် အနမ်းလေးပေးချင်တယ်
ReplyDeleteရင်ခုန်စရာသနပ်ခါးနံ့ လေးတွေနဲ့ ...........
ရွှေလည်တိုင်..ကိုကွယ် အနမ်းလေးပေးချင်တယ်
ReplyDeleteရင်ခုန်စရာသနပ်ခါးနံ့ လေးတွေနဲ့ ...........