Thursday, May 8, 2014

ကကြိုးနှစ်ဆယ့်တစ်

ဘလော့ဂါ အိန်ဂျယ်လှိုင် ဒုတိယမြောက် စီစဉ်ထုတ်ဝေ တဲ့ ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝတ္ထုတိုများ စုစည်းမှု) စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကကြိုးနှစ်ဆယ့်တစ် မှာ ကျွန်မအပါအ၀င် စာရေးသူ ဘလော့ဂါ (၂၁) ဦး ပါဝင် ရေးသား ထားပြီး AMK Creation က လှပသေသပ်စွာ ဖန်တီးပေးထားပါတယ်။ အနုပညာပန်းများ ခြံရံထားတဲ့ စာရေးသူ မောင်နှမများရဲ့ နှလုံးသား ပဲ့တင်သံများနဲ့အတူ ဘဝ ရသ အစစ်များကို ခံစားကြရမယ် ဆိုတာ ယုံကြည်တယ်လို့ စီစဉ်သူ ညီမ အိန်ဂျယ်က ပြောပြပါတယ်။


ဒီစာအုပ်လေးမှာ ကျွန်မ ၀တ္ထုတို တစ်ပုဒ် ပါပါတယ်။ ၀တ္ထုလေး နာမည်က မေ့လျော့ခံ… ပါ။
ဘ၀မှာ ကိုယ့် အတ္တနဲ့ ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ပဲ အခါများစွာမှာ နှုတ်ဆိတ်၊ မြိုသိပ်ပြီး ထိန်းချုပ်နေခဲ့တဲ့ အချိန်တွေ များလာတဲ့အခါ မိန်းမသားတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ သဘာဝနဲ့ ခံစားချက်တွေကို ပတ်ဝန်းကျင်က နားမလည်နိုင်၊ မမြင်နိုင်တော့ပဲ လျှစ်လျှူရှုခံ၊ မေ့လျော့ခံရတဲ့ အမျိုးသမီးတစ်ယောက်၊ မိန်းမ သဘာဝနဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို တွန်းလှန်ချင်ပေမဲ့ တကယ်တမ်းမှာ သူဟာ အများနည်းတူ မိန်းမပီသပြီး စိတ်နှလုံး နွေးထွေး နူးညံ့တဲ့ မိန်းမသားတစ်ယောက်သာ ဖြစ်တယ် ဆိုတာ နားလည်လက်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို အတတ်နိုင်ဆုံး ပီပြင်အောင် ပုံဖေါ်ရေးဖွဲ့ထားပါတယ်။

ဒီစာအုပ်လေးကို မေလ ၇ ရက်နေ့ မှာ စတင်ထုတ်ဝေမှာဖြစ်ပြီး မေလ ၈ ရက်မှာ မြန်မာ့ခေတ်က တာဝန်ယူ ဖြန့်ချီမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ Ocean ၊ Lion City ၊ Taw Win, Asia Light စတဲ့ နေရာများမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ နေပြည်တော် စတဲ့ မြို့များကိုတော့ နောက် ၅ ရက်လောက်နေရင် ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။ ချစ်ခင်ရတဲ့ စာဖတ်ပရိသတ်တွေအားလုံး "မိုင်တိုင်နှစ်ဆယ်" တုန်းကလိုပဲ "ကကြိုးနှစ်ဆယ့်တစ်" ကိုလည်း လှိုက်လှိုက်လှဲလှဲ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

3 comments:

  1. မနေ့က စီးတီးမတ်ရောက်လို့ သွားချောင်းကြည့်သေးတယ် မတွေ့သေးဘူး အားပေးမယ် အစ်မ...။အမှတ်တရလက်မှတ်လေးပါထိုးပေးရင်သိပ်ကောင်းမယ် သာမီးဆီမှာမမသက်ဝေလက်မှတ်မရှိသေးဘူး

    ReplyDelete
  2. အောင်မြင်မှုတွေအတွက် အရမ်းပျော်ရွှင်ဂုဏ်ယူမိပါတယ်သက်ဝေ. သက်ဝေလက်ရာ ကကြိုးလေးလဲဖတ်ချင်မိတယ်.

    ReplyDelete
  3. ကကြိုးနှစ်ဆယ့်တစ်တော့ ခြောက်ကြိုးကဝေနဲ့ တွေ့တော့မယ်။ (ဂစ်တာတီးရင်း ဖတ်မယ်လို့ ပြောတာပါ။)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...