Thursday, February 14, 2008

ရင်ခုန် အိပ်မက်

နေ့ သစ် တစ်ခုရဲ့ အစ…
အေးမြတဲ့ နှင်းစက်တွေနဲ့ 
လှေခါးထစ်ကလေးတွေပေါင်းများစွာ…။

ရင်ခုန်ဖွယ်ရာ…
အရောင်နက်နက် ကျောပိုးအိတ်ကလေး တစ်လုံး
အဲဒီ အိတ်ကလေးထဲမှာတော့
နှင်းဆီပွင့် နီနီရဲရဲလေးတစ်ပွင့်ကို ကိုင်ထားတဲ့
ချစ်စရာ မီးခိုးရောင် အမွေးပွပွ ပွပွနဲ့ 
ဝက်ဝံရုပ်လေး သေးသေးလေး တစ်ကောင်
ချောကလက်နဲ့ လုပ်ထားတဲ့ ကိတ်မုန့် လေးတစ်လုံး
ပြီးတော့…
လက်မှတ် ထိုးမထားရသေးတဲ့
အနီရောင် ပို့ စ်ကဒ် လေးတစ်ခု…။















နေ့ သစ် တစ်ခုရဲ့ အလယ်…
နွေးထွေးတဲ့ နေခြည်တွေရယ်နဲ့ 
မရေတွက်နိုင်တဲ့ စကားလုံးပေါင်း များစွာ…။

လွမ်းဆွတ်ဖွယ်ရာ….
တိုးတိတ် ညှင်သာ သီချင်းသံများ…
တူညီ ရင်ခုန်သံတွေကိုယ်စီ…
နူးညံ့လှပသော အပြုံး…
သိမ်မွေ စွာဖြင့် နက်နဲသော
ချိုသာစွာဖြင့် ခိုင်ကြည်သော
ကိုယ်စီ ချစ်ခြင်းများစွာ...။














နေ့ သစ် တစ်ခုရဲ့ အဆုံး…
မှောင်ရီရီ ညနေခင်း ဆည်းဆာ…
ကုန်လွယ်လွန်းတဲ့ နာရီ မိနစ် စက္ကန့် ပေါင်းများစွာ…။

အိမ်အပြန်…
လေးလံသော ခြေလှမ်းများ…
ဘယ်တော့မှ မမေ့နိုင်တော့မယ့်
ကြည်နူးစရာကောင်းသော်လည်း
ကြေကွဲဖွယ်ရာ ဂတိစကားများ…
ရင်နှင့်မမျှသော အလွမ်းများ…
မျှော်လင့်ထားကြတဲ့
တစ်နေ့ နေ့ ကိုရောက်ဖို့ …
ရင်ခုန်အိပ်မက် များစွာ…။













ဘာတွေဘဲဖြစ်ဖြစ်…
တို့  နောက်တစ်ခါတော့ ထပ်တွေ့ ဖြစ်ကြမှာပါနော်…။

* * * * * * * * * * * * * * * * * * * * * *



4 comments:

  1. ရင်ခုန်အိပ်မက်လေးကချိုလိုက်တာ။ အမြန်ဆုံးနောက်တစ်ခါတော့ ထပ်တွေ့ ဖြစ်ပါစေ။ လှပသောချစ်သူများနေ့ဖြစ်ပါစေ။ btw...သူငယ်ချင်းလေးအဖြစ်အသိအမှတ်ပြု linkပေးတာကျေးဇူးနော်။

    ReplyDelete
  2. စီဘောက်မရှိလို ဒီမှာပဲပြောတော့မယ် လာလည်ပါတယ်အမရေ...

    ReplyDelete
  3. hey sis!
    wat a lovely blogsite u have..
    nice poems too..

    oh and u share the same likeness for me-to-you bears naw!

    i will try to visit this site often :D

    good day

    ReplyDelete
  4. Ummm...love is never Old & Forever..
    I believe now..:)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...