Monday, August 18, 2008

တနင်္လာနေ့ 

ဒီနေ့ 
တနင်္လာနေ့ 
စိတ်ဓါတ်တွေ သူ့ အလိုလိုနေရင်း
ဆေးခြယ်ထားတာက
တိမ်တွေလို အပြာရောင် လှလှ…။

လေးလံလှတဲ့ ဖိစီးမှုတွေရဲ့ ဝေးရာ
ဘယ်လိုမှ ရှောင်ကွင်းလို့ မရတဲ့အဆုံး
Panadol တစ်လုံးကို ကော်ဖီပူပူနဲ့  အတူတူ မျိုချ
ဝေေ၀၀ါးဝါး စိတ်တွေကို ကြိုးစားစုစည်း
အာရုံကို တည်ငြိမ်အောင်ထား
အင်း… လုပ်ငန်းကို စမှ.. စမှ…။

လွတ်မြောက်ရာလမ်း
ဘယ်မှာရယ် မှန်းလို့ မမြင်သေးသမျှ
ရွေးစရာမရှိ တဲ့ တနင်္လာနေ့ တွေမှာ
ဒီအတိုင်းသာ ကြိုးစားပမ်းစား
သည်းခံပေအုံးတော့ပေါ့…။

8 comments:

  1. ဒီလိုနဲ့..
    နေ့ကိုနေ့စား
    နေ့ရက်များကို
    ခက်ခဲစွာကျော်ဖြတ်ရင်း
    သောကြာကိုရောက်ပြန်တော့
    အပျော်ပြုံးတွေနဲ့
    အိမ်အပြန်မှာ
    အားမာန်အပြည့်ဖြင့်
    ဘလော့တကာ လိုက်၍လည်မည်။
    တပတ်စာအဝတ်တွေ စုကာလျှော်မည်။
    သွားစရာတွေ အကုန်သွားမည်။
    ပျော်စရာ အချိန်ပြည့် မို့
    အချိန်ဆိုတာ ဘယ်လိုကုန်မှန်း မသိတော့ပီ
    ဒီလိုနဲ့ပဲ..
    မနက်ဖန်ဆို တနလာင်္ရောက်ပြန်ပီ..
    ဟင်း..ကနဲ သက်ပြင်းချလို့...

    အမရဲ့ ကဗျာ ဆက်ပြန်ဖတ်ပါ။

    :P

    ReplyDelete
  2. I hate MONDAY လို့သာ အော်ပစ်လိုက်ချင်တယ်။ တနင်္လာနေ့ဆိုရင် အလုပ်မသွားချင်တာ ရောဂါများလား မသိဘူး.. :D

    ReplyDelete
  3. monday blues blues..
    but i'm sure..when friday come, it will be cheery red red..bright and happy :D

    hope ur tuesday better one naw

    ReplyDelete
  4. တနင်္လာနေ့ ကပဲ သောကြာနေ့ ဖြစ်ဖို့  အစပျိုးခဲ့တာပေါ့ သက်ဝေရေ… ၄ ရက်ပဲ လိုတော့တယ်… အားတင်းထား….

    ReplyDelete
  5. တို့ သမီးမူကြိုသူကလေ see you Monday လို့ သူ့ တီချယ်ပြောမယ့်နေ့ ကိုပဲရောက်ချင်
    နေတာတဲ့။ အဲဒါက သောကြာနေ့ ညနေမှာပြောနေကျစကားမို့ လို့ ။ ကျောင်းအတော်
    သွားချင်ပုံရတယ်နော်။

    ReplyDelete
  6. လေးမလဲ တနလာင်္နေ့ ဆို အလုပ်သွားချင်ဘူး.. သွားချင်ဘူး လို့  ညည်းညူရင်း သွားနေရတယ်..။

    ReplyDelete
  7. ကဗျာရေးတော်တဲ့ မြတ်နိုး.. သက်ဝေရဲ့  ဟိုမရောက် ဒီမရောက် ကဗျာတိုလေးကို ဆက်ရေးပေးတာ ကျေးဇူးပါ။

    မမခင်ဦး... သောကြာနေ့ အကြောင်း ရေးထားတယ်..။

    နုရေ... တူတူဘဲနော်..။

    Dilo ရေ.. ဒီလိုနဲ့ ဘဲ တပတ် တပတ်.. အချိန်တွေ ကုန်နေရတာပါဘဲနော်..။

    တန်ခူး.. ရှိသမျှရက်တွေတိုင်း အားတင်းထားရပါတယ်..။ ကိုယ့်ဘလော့ဂ်လေးမှာ ပိုစ့် မှန်မှန်မတင်နိုင်တာသာ ကြည့်ပါတော့..။

    ရီရေ.. သမီးလေးက လူလည်လေးပေါ့...။ ချစ်စရာ..။

    လေးမရေ... မတွေ့ တာ ကြာလို့ .. သတိတော့ရနေပါလျှက်နဲ့  လူက လေးမရဲ့  အိမ်ကလေးကို မရောက်ဖြစ်ဖူး...။

    လာလည်ကြသူများ အားလုံး ကျေးဇူးပါ...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...