Thursday, September 25, 2008

ပထမဆုံးများ

အခုတပါတ်မှာလဲ အလုပ်တွေ အရမ်းရှုပ်နေလို့  ရေးလက်စတွေ လက်စသပ်မရ ဖြစ်နေတုန်း ကိုအောင်သာငယ် Tag ထားတဲ့ ပထမဆုံးများကို အရင်ရေးပြီး တင်လိုက်ပါတယ်။ မကြာခင်ကမှ ကောက်ရခဲ့တဲ့ အကိုကြီး ကိုအောင်သာငယ်ကို လေးစားတာက တစ်ကြောင်း၊ သူပစ်ဖူးတဲ့ ဟိုသေနတ်ကြီးကို ကြောက်တာကလဲ တစ်ကြောင်းပေါ့လေ…။

အမှန်ကတော့ ပထမဆုံးများ ဆိုတဲ့ ခေါင်းစဉ်က တွေးစရာ ရေးစရာတွေ အတော်ကျယ်ဝန်းတဲ့ ပိုစ့်ခေါင်းစဉ်ပါ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ရေးချင်ပေမယ့် အဲဒီလိုသာ ရေးနေရင် တော်တော်နဲ့  ဘလော့ဂ်ပေါ် တင်တဲ့ဆီ ရောက်မှာ မဟုတ်တော့တာကြောင့် လောလောဆယ်အတွက်တော့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။ နောက် အချိန်ရတာနဲ့  နောက်ဆက်တွဲ ပထမဆုံးများ ဆိုပြီး ဆက်ရေးပေးပါ့မယ်နော်…။

(အခုဘဲ ကိုအောင်သာငယ် ဆီရောက်ခဲ့တယ်။ သူ့ ဆီမှာ ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး ပိုစ့်အသစ်တွေ့ ခဲ့တယ်..။ ဟီဟိ.. )

ပထမဆုံးတက်ရသည့် ကျောင်း - မူကြို ၄ (ကြောက်အားလန့် အားနဲ့  နေ့ တိုင်း ငို ငိုနေသောကြောင့် မေမေက ဆက်မထားလိုတော့ သဖြင့် တစ်လလောက်သာ တက်လိုက်ရပါသည်။)


ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (ခ) (သူငယ်တန်း - ၃ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်ခင်ရွှေ

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မင်းမင်း (နာမည်အရှည်တော့ မပြောပါရစေနဲ့  .. ဟီဟိ)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဆင့်ဆင့်အောင် (သူနဲ့ အဆက်အသွယ်တွေ ပြတ်နေတာ ကြာလှပေါ့..။ ခု သူ ဘယ်ကမ္ဘာမှာ ရောက်နေသလဲဆိုတာကို စုံစမ်းဆဲ…)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဂျာနယ်ကျော် မမလေး ရဲ့  သူမ

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ဘယ်သွားနေလဲ မောင်ရေခဲ... ဘုရားပွဲကို လှည်းနဲ့  ဆို…

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း တုန်းက ရခဲ့တဲ့ ပထမဆု

ပထမဆုံး စီးရသော ဘတ်စ်ကား - နံပါတ် ၁၆ လိုင်းကား (၇ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့  အတူ တင်တင်အေး မုန့် ဟင်းခါးစားဖို့  မြေနီကုန်းဈေးကို အိမ်ကမသိအောင် သွားရင်း ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း
- စိုင်းထီးဆိုင်ရဲ့  ဘီးနံပါတ် OK ၀၁၂၂ L (ငယ်ငယ်တုန်းက အမြဲကြားရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်ရဲ့  သီချင်းက အများဆုံးပါဘဲ။ ကြားရသမျှထဲမှာ ဘာလို့ မှန်းမသိ အဲဒီသီချင်းလေးကို ခဏခဏ ဆိုနေဖြစ်ပါတယ်)


ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
- ကိုင်ဇာ မေဆွိ ရဲ့ တူနှစ်ကိုယ် တိုင်းပြည်။ မှတ်မှတ်ရရ အလွန်လိုချင်ခဲ့လို့  မုန့် ဘိုးတွေစုပြီး ၀ယ်ဖြစ်တဲ့ အခွေလေးပါ။ အဲဒီတုန်းက သီချင်းခွေ (ကက်ဆက်ခွေ) တစ်ခွေကို ကာဗာပါရင် ၂၅ ကျပ်၊ ကာဗာ မပါရင် ၂၃ကျပ်ခေတ်ပါ..။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - West Life (သူတို့ လေးတွေက ချောတယ်မဟုတ်လား...)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
- တစ်ခါက တစ်ဘဝ (ကျော်ဟိန်း ၊ ခင်သီတာထွန်း) - ၄ တန်း စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့ မှာ မြို့ နယ်ဆုရလို့  ဖေဖေ နဲ့  မေမေ က လိုက်ပြတာ…။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - မှန်းကြည့်ကြပေါ့...။ ဘ၀လက်တွဲဖေါ် မှာရေးထားတယ်လေ...။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - အဖြေပေးတုန်းက ခေါင်းပဲညိတ်ပြခဲ့တယ်… ။ စာရေးပျင်းတာကြောင့် နောက်ပိုင်းကျတော့လဲ ဖုန်းနဲ့ ပဲ စကားတွေ ပြောကြတာပေါ့… ယုံ…။

ပထမဆုံး ကဗျာ -
မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ) - ၁၉၉၉

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မန္တလေး

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - စကာင်္ပူ (၁၉၉၅ မှာ မိသားစုနဲ့  အလည်လာခဲ့တုန်းက... အဲဒီတုန်းက အလည် နှစ်ပါတ်လာတာ ဆိုတော့ ရသမျှ မုန့် ဘိုးတွေနဲ့  ဈေးတွေဝယ်၊ ပျော်လဲပျော်.. စည်းကမ်းတကျ သန့် ရှင်း သေသပ်တဲ့ ဒီနိုင်ငံလေးကိုလဲ တော်တော်သဘောကျ နှစ်သက်ခဲ့မိပါတယ်။ အခုတော့လား... ထွက်ပြေးစရာ ပြေးပေါက်ရှာနေတုန်းပါဘဲ...။)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - မရှိ.. အဟိ

ပထမဆုံး သောက်ဖူးသော အရက် - ရှိမှ ရှိဘဲ.. အဟဲ

ပထမဆုံး ချက်ဖူးသော ဟင်း - ကန်ဇွန်းရွက် နဲ့  မှိုကြော် (မေမေတို့  ခရီးသွားနေတုန်း အိမ်မှာ အဖိုးနဲ့  အိမ်စောင့် ကျန်ခဲ့တုန်းက ရမ်းသမ်းချက်ခဲ့တာပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - ဘုရား.. ဘုရား… ကြောက်လိုက်တာ… သေနတ်ဆိုရင် ပစ်ကြည့်ဖူးဖို့  ဝေးစွ.. ကျိုက်ထီးရိုးက ၀ါးသေနတ်တောင် မရှိခဲ့ဖူးပါ…

ပထမဆုံး ဘလော့ပို့စ် -
Sweet December (လွန်ခဲ့တဲ့ နှစ်အတော်ကြာက ရေးထားခဲ့တာပါ။ ဘလော့ဂ် စလုပ်တော့ ကိုယ့် ဘလော့ဂ်ပေါ်မှာ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို မြန်မြန် မြင်ချင်ဇောနဲ့  စ စချင်း တင်ခဲ့တဲ့ ပိုစ့်လေးပါ။ အခုပြန်ဖတ်ကြည့်တော့ စပ်ဖြဲဖြဲနဲ့ ရယ်စရာ၊ ရှက်စရာ...။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
- ၁၀ တန်းတုန်းက နေအုပ် (စိန်ပေါ) မှာ English တက်တုန်းက (မိဘမေတ္တာ ပိုစ့်ထဲက သူငယ်ချင်းနဲ့  အတူ) ကျူရှင်ပြေးပြီး မြို့ ထဲမှာ ဟိုလျှောက် ဒီလျှောက် ဟိုဟာဝယ်စား ဒီဟာဝယ်စား လုပ်ခဲ့ဖူးတယ်။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
- ပန်ဒိုရာ (မိုက်မှမိုက်...)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
-
လေနုအေး ပိုင်ရှင် တန်ခူး (လူချင်းမသိသေးပေမယ့် စွယ်တော်ရိပ်မှာ အတူတူခိုခဲ့ကြတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သူတွေချင်းမို့  စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရင်းနှီးခင်မင်နေမိပါတယ်...)


တစ်လက်စထဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဆက် Tag ပါရစေ...။

- တန်ခူး (လေနုအေး)


- နုစံ


- မသီတာ (Sonata-Cantata)


- မြတ်နိုး


- ယုဝရီ


- ကိုဇနိ + မဇနိ (အိုးဝေ)


- မမ ခင်ဦးမေ


ကဲ... ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါး ပါဘဲ... ရေးပေးကြနော်...။


* * * * * * * * * * * *


13 comments:

  1. အာ- သူငယ်တန်းမှာ..သူက..ပထမ ရတယ်ကွာ- အီစကိုက..ဒုပဲရတယ်.. တေက်..နာတယ်..တမှတ်ကြောသွားတယ်။ ပြန်ပြိုင်မယ်- သူငယ်တန်းစာ နဲ့။

    ReplyDelete
  2. မသက်ဝေရေ... ပထမဆုံး ဖတ်ရသော စာအုပ်မှာ ဂျာနယ်ကျော်မမလေးလို့ပါတယ်နော်.. ကျနော်လည်း အဲဒီစာအုပ်ပဲ ဖတ်ခဲ့ဖူးတာ မှတ်မိနေသေးတယ်.. ကျန်တာတွေကတော့ ၀ါးတားတားပါပဲ မရေ.. ကြိုးစားရေးကြည့်မယ်နော်.. ပထမဆုံးများဆိုတော့ အများကြီးပဲပေါ့.. အင်း.. လာမယ်ကြာမယ်ပေါ့ အမရေ.. စိတ်ရှည်ရှည်လေးသာ စောင့်ပေးနော်.. :P

    ReplyDelete
  3. မသက်ဝေ ပထမဆုံးကြည့်မိတာ ပန်ဒိုရာ့ဘလော့ဆိုတော့ မျက်လုံးပြူးသွားတယ်။
    အမာခံပရိဿတ်ကို လက်ဆောင်တွေ ပေးဦးမှပါပဲ။

    ReplyDelete
  4. အမရေ ရေးလိုက်ပေါ့...
း)
    မေ့တာကများတယ်အမရယ်

    ReplyDelete
  5. Tag တယ်ဆိုလို့ အပြေးရောက်လာတာပါ ဒေါ်သက်ဝေရေ။ ရေးပေးဖို့ ရာ memory ကို
    ပြန်ခေါ်လိုက်ဦးမယ်နော်။ သတိတရ tag ခြင်းကို ကျေးဇူးတင်မိကြောင်းပါ။
    စကားမစပ် မသက်ဝေ သူငယ်တန်းတုန်းကရခဲ့တဲ့ ပထမဆုက ဘယ်အတန်းအတွက်လဲ
    ဟင်။ မူကြိုအတွက်ဖြစ်ရမှာ။ ဘာလို့ လဲဆိုတော့ သူငယ်တန်းမှာ ပထမရရင် တစ်တန်း
    ရောက်မှ ဆုပေးပွဲတက်ရတာလေ။ ချက်ချင်း တန်းပေးလိုက်တာမျိုးတော့ကြားဖူးသေးဘူး။
    အဟဲ ခင်လို့ စတာနော်။ မသိချင်ဟန်ဆောင်ပြီးမေးနေတာ.။

    ReplyDelete
  6. သက်ဝေရေ ရေးပေးတာ ကျေးကျေးပါနော်

    မရေးပေးလည်း ဟိုသေနတ်နဲ့ မပစ်ပါဘူး၊
    အဲ သေနတ်က အဘတို့ကို ပစ်ဖို့

    နောက်ဆက်တွဲကို စောင့်နေမယ်း)

    ReplyDelete
  7. သက်ဝေရေ… ရေးပြီးပြီနော်…
    သက်ဝေရဲ့ ပထမဆုံးရင်းနှီးရတဲ့ ဘလော့ဂါဖြစ်ရလို့  အတိုင်းမသိ ၀မ်းသာမိတယ်… တို့ လဲ တူတူပဲ… တို့ ကတော့ သက်ဝေက တို့ သူငယ်ချင်း တယောက်ယောက်များ ဖြစ်နေမလားလို့  ထင်နေတုန်းပဲ… ပထမဆုံးနောက်ဆက်တွဲတွေလဲ မျှော်နေမယ်နော်…

    ReplyDelete
  8. ama, i cannot see anything ,coz no myanmar font in here.

    Plz understand to me. I cannot write that u tag to me.
    I will write later.
    :(

    ReplyDelete
  9. သက်ဝေရေ ရေးပြီးပြီ
    မပြည့်မစုံမို့ စိတ်ဆိုးနဲ့နော်။ (အသက်က စကားပြောပြီလေ)

    ReplyDelete
  10. ပထမဆုံး ရည်းစားနာမည် ကျန်ခဲ့တယ်။ :P

    ReplyDelete
  11. အကြွေးဆပ်ပီးကြောင်းးးးးးးးး

    ReplyDelete
  12. ပထမဆုံးချက်ဖူးတာ ကန်စွန်းရွက်နဲ့ မှိုကြော်တဲ့။ မျက်လုံးမှေးပြီး ပုံဖော်ကြည့်သွားတယ်။ မဆိုးဘူး။ ညနေကျရင် ကြော်စားမယ်။
    ပထမဆုံးစီးဖူးတဲ့ ဘတ်စ်ကားကြီးလဲ တူသွားပြီ။

    ReplyDelete
  13. ကေ... စာတွေမေ့ကုန်ပြီ ကေရဲ့ .. ပြီးတော့ တို့ တွေ ငယ်ငယ်က သင်ခဲ့ရတဲ့ စာတွေနဲ့ လဲ မတူတော့ပြီလေ..။

    နုရေ... နုရေးထားတာလေးကို ဖတ်ပြီးပါပြီ၊
    စိတ်ဝင်စားစရာလေး... မအားတဲ့ကြားက ရေးပေးတာ ကျေးဇူးပါ။

    ပန်ပန်... ယုံဘူးလား... တကယ်ပြောတာပါ...။ ဒါနဲ့  စကားမစပ်... လက်ဆောင်ဆို... ဘယ်မှာလဲ... ဟီးဟီး

    ကိုဇနိ + မဇနိ... ရေးထားတာ ဖတ်ပြီးပါပြီ Tag ပြီး တစ်လလောက်နေမှ Comment ပြန်နိုင်တဲ့ အခြေအနေကို စိတ်မရှိကြပါနဲ့ နော်...။ ရေးပေးတာ ကျေးဇူးအထူးပါ။

    ရီ... ပျောက်နေတာ တော်တော်ကြာ... စာမေးပွဲ ဖြေနိုင်ရဲ့ လား..

    အကိုကြီး ကိုအောင်သာ... ဒါဆိုရင် တော်သေးတာပေါ့နော်...။ မီးမီးက ကြောက်နေတာ... ဟီးဟီး..

    တန်ခူးရေ... အင်း.. ဖြစ်နိုင်တာပေါ့... သူငယ်ချင်း တစ်ယောက်ယောက်။ စက်မှု တစ်ကျောင်းတည်းထွက်တွေဘဲ...။ :-P

    မြတ်နိုးလေး... အိုကေ... အိုကေ...။ ရေးထားတာလဲ ဖတ်ပြီးပါပြီ...။ နှိုင်းမတုလောက်အောင် သိုင်းခရုပါနော်...။

    မသီတာ... ဘယ်နှယ့်ကြောင့် စိတ်ဆိုးရမှာလဲ ရေးပေးတာကို ကျေးဇူးတွေတင်နေသေးတာ...။ အသက်.. အင်း.. တော်တော်တော့ကြီးနေကြပြီနော်...။

    လင်း... တစ်ယောက်ထဲလားမေးတော့... ဒီတစ်ယောက်ထဲပါ... ယုံနော်... ဂယ်ပါ ဂယ်ပါ...။

    ချိုသင်း... မှို ကန်ဇွန်း ကြော်စားပြီးပြီလား...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...