Wednesday, December 31, 2008

ဒီဇင်ဘာကို နှုတ်ဆက်ခြင်း

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…

အသစ် အသစ်တွေ ဘယ်လိုပြောင်းပြောင်း
အဟောင်းကိုသာ ချစ်ခင်တွယ်တာစိတ်
ရင်ထဲမှာ အစဉ်အမြဲ ရှိနေတတ်ပေမယ့်
ဒီတကြိမ်တော့ ကိုယ့်ကို ခွင့်လွှတ်ပါလို့ 
လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါရစေ…

ကုန်ခဲ့တဲ့ နှစ်ဟောင်းရဲ့  နေ့ စွဲတွေထဲမှာ
ကိုယ်ဘာတွေ ရရှိခဲ့သလဲ
ကိုယ်ဘာတွေ ဆုံးရှုံးခဲ့သလဲ
ကိုယ်ဘာတွေ တိုးပွားခဲ့သလဲ
ကိုယ်ဘာတွေ ဆိုးရွားခဲ့သလဲ
ကိုယ်ဘာတွေ ချန်ခဲ့နိုင်သလဲ
ကိုယ့်အတွက် ဘာတွေ ကျန်ခဲ့နိုင်သလဲ
….. လဲ
….. လဲ
….. လဲ
ထိုအရာတွေကို အပြန်ပြန် အလှန်လှန်
ဝေဖန်ကာ ဆန်းစစ် ကြည့်ပြန်တော့
အဖြေမှန်ဟာ ကိုယ့်ကို ကွင်းကာရှောင်…
စိမ်းစိမ်းကားကားနဲ့  မသိချင်ယောင် ဆောင်နေလေရဲ့ …။

ဒီလိုဆိုတော့ဖြင့်…
လူသားဆန်ဆန် ကိုယ်ဟန်မဆောင်ချင်တော့ပါ
ဒီနှစ်ဟာ ကိုယ့်အတွက်
ထင်သမျှ အစစမှာ
ဘ၀င်ကျစရာ သဟဇာတ မဖြစ်ခဲ့သမို့ 
နောင်နှစ်မှာ ဆိုတဲ့ မျှော်လင့်ချက်
ကိုယ့်ရင်တွင်း တိုးဝင် ပွေ့ ဖက်
အလုအယက်…

နှစ်သစ်ကို…
ကိုယ်… ကြိုဆိုပါရစေ
ကိုယ်… ရင်ခုန်ပါရစေ
ကိုယ်… မျှော်လင့်ပါရစေ
ကိုယ်… တမ်းတပါရစေ
ကိုယ်…
ကိုယ်…

ဒီဇင်ဘာရေ…
တောင်းပန်ရင်း နှုတ်ဆက်ပါရစေ…
ရာသီစက်ဝန်း တစ်ပါတ်လည်မှာ ပြန်ဆုံကြတာပေါ့နော်…
မျှော်လင့်ခြင်းကို ရင်ခုန်တတ်တဲ့ ကိုယ်
အိပ်မက်အသစ်ကို တမ်းတတတ်တဲ့ ကိုယ်
ကိုယ်ချစ်ရတဲ့ ဒီဇင်ဘာကို
လွမ်းပင်လွမ်းလျက် လွမ်းလက်စနှင့်ပင်
ချန်ရစ်ခဲ့ပါရစေတော့…

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…


16 comments:

  1. အစ်မ
    နှစ်ဟောင်းက ကောင်းကျိုးချမ်းသာ တွေကို နှစ်သစ်မှာ ပြန်လည် အသုံးချနိုင်ပါစေ။
    ကြုံတွေ့ခဲ့တဲ့ အဆိုးတွေ၊ အဆင်မပြေမှုတွေကို သင်ခန်းစာအဖြစ်နဲ့ ပြန်လည်ပြုပြင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ .. ..
    လေးစားလျက်
    http://winzaw-mdy.blogspot.com

    ReplyDelete
  2. သည်လိုပဲ ဒီဇင်ဘာကို နှုတ်ဆက်ရင်း အသက်တွေလည်း ကြီးသည်ထက် ကြီးလာခဲ့ရပါပေါ့...း)

    ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ် ဖြစ်ပါစေဗျာ...

    ReplyDelete
  3. မမသက်လုံးရေပေါ်..
    အဲလေ..
    မမသက်ဝေ..နှစ်သစ်မှာပျော်ရွှင်ပါစေ..

    ReplyDelete
  4. အစ်မသက်ဝေရေ...တစ်နှစ်ကုန်လို့ တစ်နှစ်ကူးပြီနော်၊နှစ်သစ်မှာ မျှော်လင့်ထားတာမှန်သမျှ ပြည့်စေလို့ ဆန္ဒပြုပါတယ်..။

    ReplyDelete
  5. သက်ဝေရေ..
    ကဗျာလေးဖတ်ပြီးပိုလွမ်းသွားပါကြောင်။

    ReplyDelete
  6. အဆင်ပြေ ချောမွေ့တဲ့
    မင်္ဂလာနှစ်သစ် ဖြစ်ပါစေ.. အမသက်ဝေ

    ReplyDelete
  7. သက်ဝေ
    ဒီဇင်ဘာကို ဒီနှစ်အတွက် အတူ နှုတ်ဆက်သွားတယ်။
    ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေနော်။

    ခင်မင်တဲ့-

    ReplyDelete
  8. မမသက်ဝေနဲ့အတူ ဒီဇင်ဘာကို လက်ပြ နှုတ်ဆက်လိုက်ပြီ..
    ပျော်ရွှင် ကျန်းမာ နှစ်သစ် မင်္ဂလာ..ပါ မမတို့ မောင်နှံရေ..

    ReplyDelete
  9. မသက်ဝေ ပျော်ရွှင်သော နှစ်သစ်ဖြစ် ပါစေ။

    ReplyDelete
  10. မမသက်ဝေရေ.. ဒီဇင်ဘာကို မနှုတ်ဆက်ချင်ပဲ နှုတ်ဆက်ခဲ့ရပြီ.. ဒီတော့ နှစ်သစ်ကို ပျော်ရွှင်စွာပဲ ကြိုဆိုလိုက်ရအောင် အမရေ..
    Happy New Year 2009!!!

    ReplyDelete
  11. သက်ဝေ အလိုကျ လှပသော နေ့သစ်ကို
    ချစ်သောသူနှင့်အတူ ကြည်နူးစွာ ကြိုဆိုနိုင်ပါစေ...

    ReplyDelete
  12. When you're lonely, I wish you Love!
    When you're down, I wish you Joy!
    When you're troubled, I wish you Peace!
    When things seem empty, I wish you Hope!
    Have a Happy New Year!

    ReplyDelete
  13. Happy New Year! (Better late than never :P)

    ReplyDelete
  14. လာလည်တာကျေးဇူးပါ။ နှစ်သစ်မှာ ပို့စ်အသစ်တွေ အများကြီး တင်နိုင်ပါစေ။

    ReplyDelete
  15. Happy New YEar, မသက်ဝေ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...