တနေ့လုံး အချိန်တွေကုန်သွားတာကို လက်ထဲမှာ နာရီရှိနေရက်နဲ့ မကြည့်ဖြစ်ဖူး။
ဒီနေ့အတွက်တော့ အစိမ်းရောင် အစက်ကလေးက ကိုယ့်ကို ကောင်းကောင်း အနိုင်ယူ စိုးမိုးထားလေရဲ့။ သတိထားမိချိန်မှစကာ အမြဲတမ်း လိုလို အစိမ်းရောင် အစက်ကလေး တစ်ခု အနေဖြင့်သာ တွေ့ရတတ်သော သူတယောက်မို့ အစိမ်းရောင် အစက်ကလေးလို့ သူ့ကို လွယ်လွယ်ကူကူ ခေါ်ခဲ့မိသည်လေ…။
ကိုယ်နဲ့ အဲဒီ အစိမ်းရောင်လေးရဲ့ အကြောင်းကို မှတ်မိသမျှ ပြန်တွေးကြည့်နေမိတယ်…။ မထင်မှတ်ပဲ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားကြပြီး နောက်ပိုင်းမှာ သူပြောလေ့ရှိတဲ့ စကားက ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်နဲ့ ကိုယ်တို့ နှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာက ပြောင်းပြန် အချိုးကျတယ် တဲ့။ ဟုတ်တယ်နော်… သိပ်မှန်တာပဲ။ တိုတောင်းတဲ့ အချိန်ကလေး အတွင်းမှာ အကြောင်းပြချက် တစုံတရာ မရှိပါပဲနဲ့ အဲဒီ အစိမ်းရောင် အစက်ကလေးတခုဟာ ကိုယ့်ရဲ့အနားကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာခဲ့တာ…။ ပြီးတော့ ဟိုးအရင် အနှစ်နှစ် အလလ ကထဲက ပေါင်းသင်းလာခဲ့ရတဲ့ ငယ်ပေါင်းတွေပမာ တရင်းတနှီး ခင်မင်သွားလိုက်ကြတာ...။
ကိုယ်နဲ့ အဲဒီ အစိမ်းရောင်လေးရဲ့ အကြောင်းကို မှတ်မိသမျှ ပြန်တွေးကြည့်နေမိတယ်…။ မထင်မှတ်ပဲ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားကြပြီး နောက်ပိုင်းမှာ သူပြောလေ့ရှိတဲ့ စကားက ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်နဲ့ ကိုယ်တို့ နှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာက ပြောင်းပြန် အချိုးကျတယ် တဲ့။ ဟုတ်တယ်နော်… သိပ်မှန်တာပဲ။ တိုတောင်းတဲ့ အချိန်ကလေး အတွင်းမှာ အကြောင်းပြချက် တစုံတရာ မရှိပါပဲနဲ့ အဲဒီ အစိမ်းရောင် အစက်ကလေးတခုဟာ ကိုယ့်ရဲ့အနားကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာခဲ့တာ…။ ပြီးတော့ ဟိုးအရင် အနှစ်နှစ် အလလ ကထဲက ပေါင်းသင်းလာခဲ့ရတဲ့ ငယ်ပေါင်းတွေပမာ တရင်းတနှီး ခင်မင်သွားလိုက်ကြတာ...။
လောကကြီးမှာ နေ့စဉ်နေ့တိုင်းလိုလို တွေ့မြင်ကြုံဆုံနေရတတ်တဲ့ လူသားအချင်းချင်း ပြိုင်ဆိုင် ငြင်းဆန် ရန်လိုမှုတွေ၊ အလို လောဘ ကြီးမားမှုတွေ၊ တယောက်နဲ့ တယောက် မနာလို ငြူစူမှုတွေ၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှု ကွဲပြားမှုတွေ၊ လူအချင်းချင်း ကဲ့ရဲ့ စကားတင်း ဆိုမှုတွေ အားလုံးနဲ့ ဝေးကွာတဲ့ အေးချမ်းတဲ့ ကမ္ဘာလေး တခုမှာ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းအဖြစ် ရင်းနှီး ခင်မင်ခွင့်ရခဲ့တယ်။
တကယ်ဆိုရင် အဲဒီ အစိမ်းရောင်လေးနဲ့ ကိုယ်နဲ့က တော်တော် အလှမ်းဝေးပါတယ်။ ဝေးဆို ကမ္ဘာ တဖက်ခြမ်းစီမှာ ရှိနေကြတာလေ...။ အစိမ်းရောင် အစက်ကလေး ဘယ်အချိန်ကစပြီး ကိုယ့်အနားကို ရောက်လာတယ် ဆိုတာ ကိုယ်တိုင် သေသေချာချာ မသိလိုက်တဲ့ အချိန်မှာပဲ သူက အနားမှာ နီးကပ်စွာ၊ ငြိမ်သက်စွာ…။ တနေ့မှာတော့ အစိမ်းရောင်လေးက ကိုယ့်ကို ဘာကြောင့် သူ့ကို ခင်တာလဲလို့ ပြုံးစစနဲ့ မေးခွန်းထုတ်လာခဲ့တယ်…။ အဖြေမရှိတဲ့ မေးခွန်းတခုဖြစ်နေတဲ့ အတွက် ကိုယ်လဲ သူ့ကို ပြုံးသာ ကြည့်နေလိုက်မိတယ်…။ :-) ဒီလိုမျိုးလေးပေါ့...။
သူကိုယ်တိုင်လဲ ကိုယ်နဲ့ ခင်မင်ရင်းနှီးချိန်တွေ တော်တော်ကြာလာတဲ့အထိ ဘာကြောင့်လဲ ဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းတခုသာ ပိုင်ဆိုင်သတဲ့…။ ကိုယ်ကရော… အတူတူပဲပေါ့…။
သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်ဆီမှာ နီးနီးကပ်ကပ် ရင်းနှီးစွာ ခင်မင်ရမယ့် သူငယ်ချင်း အပေါင်း အသင်းတွေ မရှိလို့လဲ မဟုတ်ဘူး…။ ချစ်ခင် တွယ်တာစရာ အဖေါ်ကောင်းတွေ မရှိလို့လဲ မဟုတ်ဘူး။ အားကိုးစရာ တိုင်ပင်စရာ မိတ်ဆွေတွေ မရှိလို့လဲ မဟုတ်ဘူး…။ ပြီးတော့ ကိုယ်က လူတစ်ယောက်ကို လွယ်လင့်တကူ ရင်းနှီးကျွမ်းဝင်တတ်တဲ့ သူတယောက်လဲ မဟုတ်ပြန်ဘူး။ စကားလုံးတွေ အများကြီးကို ဖေါ်ဖေါ်ရွေရွေပြောဆိုပြီး လူတွေထဲမှာ သွက်သွက်လက်လက် ဝင်ဆန့်တဲ့ သူတယောက် မဟုတ်ခဲ့တာလဲ အသေအချာ။ ဒီလိုအခြေအနေမျိုးတွေ ကြားက ကိုယ်တို့ နှစ်ယောက်ရဲ့ ခင်မင်မှုက တဆိတ်တော့ဖြင့် ထူးဆန်း အံ့သြစရာ ကောင်းနေပြန်တယ်…။
ကိုယ်တို့နှစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ တဖက်စီမှာ ရှိနေကြတာကြောင့် ကိုယ့်ရဲ့ နေ့တွေဟာ သှု့ အတွက်တော့ မှောင်မိုက်တဲ့ ညတွေ ဖြစ်နေတော့တာပေါ့…။ ဒါကြောင့် တနေ့တနေ့မှာ အစိမ်းရောင် အစက်ကလေးကို တွေ့ရတဲ့ အချိန်က သိပ်တော့ မများလှပါဘူး။ သို့သော်လည်း တွေ့ရသမျှ အချိန်တွေတိုင်းမှာ ရောက်တတ်ရာရာ စကားတွေ အများကြီး ပြောရင်း ပျော်ရွှင်ကြတယ်။ တယောက်ကို တယောက် အပြန်အလှန် မေးခွန်းတွေ ထုတ်ကြတယ်…။ ပေါက်ကရ အဖြေတွေ ကြားရင် ရယ်ကြတယ်…။ မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ ဘာသီချင်းတွေ ကြိုက်သလဲ… ဘယ်ရုပ်ရှင်မင်းသမီးကို သဘောကျသလဲ… ဘာ အားကစားနည်း ကို ကြိုက်သလဲ.. ဒီနေ့ ဘာစားမှာလဲ… ဘယ်သွားမှာလဲ... အစရှိတာမျိုးတွေပေါ့…။ နောက်ပြီး ဘယ်တော့မှ ထမင်းကို မက်မက်မောမော မစားချင်တတ်တဲ့ ကိုယ့်ကို အစိမ်းရောင် အစက်လေးက ထမင်း အတင်းစားခိုင်းတတ်တယ်။ ကော်ဖီတွေ တအားသောက်တတ်တဲ့ ကိုယ့်ကို (ရန်သူ အဖြစ်ခံပြီး) ကော်ဖီလဲ လျှော့သောက် ခိုင်းတတ်သေးတယ်။ ပြီးတော့ မကြာခဏ ခေါင်းကိုက်တတ်တဲ့ ကိုယ့်ကို ခေါင်းကိုက်ပျောက်ဆေး တွေလဲ အတင်း ညွှန်းတတ်သေးတာမျိုး...။ ရယ်စရာတခု ပြောပြရရင် ဟိုတနေ့က တယောက်ကို တယောက်တွေ့ဖူး မြင်ဖူးကြအောင် ဓါတ်ပုံပြကြမလားလို့ နှစ်ယောက်လုံး ပြိုင်တူ စဉ်းစားမိကြတယ်...။ အဲဒီတော့ သူက ဘာပြောလဲ သိလား.. မျက်နှာမြင်ရင် အခင်အမင်ပျက်သွားမှာ စိုးလို့ မပြကြေး မကြည့်ကြေး တဲ့...။ ကဲ... ကြည့်ပါဦး… ဘယ်လောက် ပွင့်လင်းပြီး ဟာသမြောက် ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးလဲ လို့…။
သူ့အကြောင်းကို ကိုယ် ဘာမှ အများကြီး မသိသလို ကိုယ့်ကိုလဲ သူက ဘာတွေမှ အများကြီး မေးလေ့မရှိဘူး။ သူ ဘာလဲ ဆိုတာ ကိုယ် မသိချင်သလို သိဖို့လဲ လိုအပ်လိမ့်မယ်လို့ နဲနဲမှ မယူဆမိပါဘူး။ ဒါကြောင့်မို့ မေးလဲ မေးဖို့ မကြိုးစားမိဘူး။ သူပြောပြတာမှန်သမျှ ကိုယ် နားထောင်ပြီး သူကလဲ ကိုယ်ပြောပြသ၍သာ နားထောင်တယ်။ အချိန်တော်တော်များများမှာ ကိုယ်က နားထောင်သူ သက်သက်လဲ ဖြစ်နေတတ်သေးတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုမှာ တယောက်ရဲ့အကြောင်းကို တယောက်က ဘယ်လောက် အတိုင်းအတာအထိ၊ ဘယ်နှစ်ရာခိုင်နှုံး အထိ သိရမယ်ဆိုတဲ့ သတ်မှတ်ချက်မှ မပါတာ။ အရာရာဟာ ကိုယ်တို့ နှစ်ယောက်ကြားမှာ ပေါ့ပေါ့ပါးပါးပါပဲ…။ ဘယ်လောက် လွတ်လပ်ပြီး ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ နော်…။
အစိမ်းရောင် အစက်ကလေးရေ…
ဘာတွေပဲဖြစ်ဖြစ် ကိုယ်တို့ ရဲ့ ခင်မင်မှုကို ကိုယ် လေးလေးစားစား တန်ဖိုးထားပါတယ်…။ ပြီးတော့ နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ တယောက်ကို တယောက် ရင်းနှီး ခင်မင်သွားကြရအောင်လေ.. နော်။ ကမ္ဘာကြီးမှာ နှင်းဆီဖြူတွေ ဖွေးဖွေးလှုပ်အောင် ပွင့်ဝေလာတဲ့ တနေ့နေ့မှာတော့ ကိုယ်တို့သူငယ်ချင်း နှစ်ယောက် လောကကြီးရဲ့ တစ်ထောင့် တစ်နေရာမှာ ပျော်ရွှင်စွာ တွေ့ဆုံနိုင်တန်ကောင်းရဲ့ လို့ ကိုယ် လှိုက်လှိုက်လှဲလှဲ မျှော်လင့် ဆုတောင်းနေပါတယ်…။
(Online မှ တဆင့် ရင်းနှီး ခင်မင်ခဲ့ရသော သူငယ်ချင်းများကို ချစ်ခြင်းအားဖြင့် အမှတ်တရ ရည်ညွှန်း ရေးသားပါသည်။)
ကမ္ဘာကြီးမှာ နှင်းဆီဖြူတွေ ဖွေးဖွေးလှုပ်အောင် ပွင့်ဝေလာတဲ့ တနေ့နေ့မှာတော့ ကိုယ်တိုင်နှပ်ထားတဲ့ ကော်ဖီဖျော်သောက်ရင်း Pet လေးဆော့ရအောင်နော် မသက်ဝေ။
ReplyDelete:)
ရေးထားပုံက ချစ်စရာ
ReplyDeleteဒီပို့စ်ကိုကြိုက်တယ်
Romantic Green ..Ma Thet Wai..
ReplyDeleteSuggestion..when all are gray hair on my head..
is more beautiful than..all white rose :)
မသက်ဝေ.. အစိမ်းရောင်အစက်ကလေးလာဖတ်သွားတယ်..တို့ကအစိမ်းရောင်အစက်ကလေးထဲမှာ မပါသေးပေမဲ့ ခင်နေပါတယ်..နောက်ကျရင်တော့ပါလာမှာပေါ့နော်..ဒါပေမဲ့အနီရောင် ကန့်လန့်ဖြတ်ကလေးပဲ တွေ့ရဖို့များတယ်..
ReplyDeleteပို့စ်လေးဖတ်ရတာ တမျိုးလေးပဲ.. online ပေါ်ကနေ အခုလိုသူငယ်ချင်းမျိုးနဲ့ ခင်မင်ခွင့်ရတာ ကံကောင်းတာပေါ့ အမရယ်..
ReplyDelete“ကမ္ဘာကြီးမှာ နှင်းဆီဖြူတွေ ဖွေးဖွေးလှုပ်အောင် ပွင့်ဝေလာတဲ့ တနေ့နေ့မှာတော့ ကိုယ်တို့သူငယ်ချင်း နှစ်ယောက် လောကကြီးရဲ့ တစ်ထောင့် တစ်နေရာမှာ ပျော်ရွှင်စွာ တွေ့ဆုံနိုင်တန်ကောင်းရဲ့”
ReplyDeleteဖတ်လို့ကောင်းလိုက်တဲ့ ပိုစ့်လေးဗျာ..။
လူတိုင်းမှာ အစိမ်းရောင် အစက်ကလေးတွေ ရှိကြရဲ့ ဘာမှ မတောင်းဆို မမျှော်လင့်ကြကြေးဆို ပို ပျော်စရာ..။
အစိမ်းရောင်အစက်လေးကို
ReplyDeleteလှလှပပလေး မှတ်တမ်းတင်ထားတာ
ကြိုက်တယ်။
မြိုးပြောသလိုပါပဲ..မသက်ဝေ..
ReplyDeleteဒါပေမယ့်..ကျနော်ဘယ်တုန်းကမှ
အနီရောင်ကန့်လန့်ဖြတ်မသုံးဖူးသေးဘူး..
ဟိ
ရေးထားတာလေးကချစ်စရာလေး :)
ReplyDeleteစိမ်းသူစိမ်း၊ နီသူနီ၊ ၀ါသူဝါ၊ ပျောက်သူပျောက်၊ ကိုယ်ရောင်ဖျောက်သူဖျောက်... ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေအားလုံးကတော့ ချစ်စရာပါ...
ReplyDeleteမိသားစုဝင်တွေအားလုံး နှစ်သစ်မှာ အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
အစိမ်းရောင် အစက်ကလေး အကြောင်း ဖတ်သွားတယ် အမသက်ဝေ... လူမမြင်ရပေမယ့်လည်း တယောက်နဲ့ တယောက် စကားပြောဖြစ်ရင်း အရင်ထဲက သိခဲ့ဖူးသလိုမျိုး ခံစားရတာလည်း ရှိနိုင်ပါတယ်...
ReplyDeleteအင်တာနက် ကမ္ဘာကြီးထဲက သူငယ်ချင်းတွေ တချိန်မှာ ဆုံကောင်းဆုံနိုင်မှာပါ။
ReplyDeleteနှစ်သစ်မင်္ဂလာပါ မသက်ဝေ။
အစိမ်းရောင် ၀ိုင်းဝိုင်းလေးက ၈ ခုထဲဆိုတော့ ၈ ယောက်ထဲလား .. နည်းတယ်။
ReplyDelete(ချိတ်ချိုးနဲ့ စတာ)
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ .. .. .. .
အမသက်ဝေရေ..
ReplyDeleteရေးတာကိုဖတ်ရင်း ဂျီတော့လေးကို ပြေးမြင်လာတာ
ရေးတတ်တယ် သဘောကျတယ်
း)
မင်္ဂလာနှစ်သစ်မှာ ခေါင်းကိုက်ပျောက်ပြီး ပျော်ရွှင် ကြည်နူးနိုင်ပါစေ
သက်ဝေရဲ့ အစိမ်းရောင်အစက်ကလေးထဲမှာ တို့ တော့ပါဘူးနော်... ဘာလို့ လဲဆိုတော့ အပြင်မှာလဲ မြင်ဖူးရင်းနှီးသူတွေမိုလား… ဒါပေမယ့် သက်ဝေလိုမျိုး အစိမ်းရောင်အစက်လေးတွေနဲ့  သံယောဇဉ်တွယ်တတ်သူမို့  ကိုယ်စားပြောနေသလို ဖတ်လို့ ကောင်းလိုက်တာသက်ဝေရေ…
ReplyDeleteအင်း..ခံစားချက်ချင်းတူကြလို့ ဒီပို့စ်လေးဖတ်လိုက်ရတာ ရင်ထဲထိ ရောက်သွားတယ်..။
ReplyDeleteအွန်လိုင်းမှာ သိကြတဲ့သူငယ်ချင်းတွေ.. ဘလော့ဂ်မှာသိကြတဲ့ မိတ်ဆွေတွေ...အရင်ကတော့ pen-friends တွေလို နေမှာပေါ့နော်..။ စာရေးရင်း စကားပြောရင်း.. သူ့အကြောင်း ကိုယ့်အကြောင်း ဝေမျှကြရင်း..ရင်ဘတ်ချင်းတူတဲ့အခါ စိတ်ချင်းနီးစပ်ကြပါတယ်..။ ဒါကလည်း ဘုရားဟောတဲ့ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဇာတ်တွေ ဖတ်သလို.. အခုဘ၀မှ မဟုတ်..ရှေးရှေးဘ၀တွေတုန်းကလည်း..ဆိုတာတွေ လာမယ်ထင်တယ်နော်...။
ချစ်ခြင်းမေတ္တာဖြင့် လောကကြီးလှပပါစေ သက်ဝေရေ... ကြည်နူးစရာ ပို့စ်လေးပါ..။
တို့လည်း သက်ဝေကို သက်ဝေအနေနဲ့ပဲ သိတာနော်.. ဟဲဟဲ.. တကယ်ပြောတာ..ဒါပေမယ့် ရင်းနှီးနေတာပဲ..ရင်ထဲက...။
သူ့အစိမ်းရောင်ထဲမှာ တို့များလဲ ပါဘူး တန်ခူးရေ ... ဟင့် ... ဒါပေသိ ဖတ်လို့ကောင်းလို့ ဖတ်သွားပါသည် ...
ReplyDeleteချိုသင်းလဲ အစိမ်းရောင် အစက်လေးထဲ ပါဘူး မမရေ။
ReplyDeleteInvisible လုပ်ထားမိလို့။ ဒါကြောင့် ဂျူလိုင်ဒရင်းမ်က ချိုသင်းကို ဂျီပုန်း တဲ့။ ဟာဟ.. အခြောက်နံမည်ကြီးးး
ခင်မင်တဲ့ မမကို စိမ်းစိမ်း နီနီ ပျောက်ပျောက် ခင်ပြီးသား..
အမသက်ဝေ တိတ်တိတ်လေးလာဖတ်သွားတယ်။ တကယ်က အရင်နေ့ကလည်း လာဖတ်ပြီးသားပါ။
ReplyDeleteအစိမ်းရောင် အစက်ကလေးကို ကိုယ်နဲ့ အတူတူ နှစ်သက်စွာ ခံစားသွားကြသူများကို ကျေးဇူး အများကြီး အများကြီးတင်ပါတယ်..။
ReplyDeleteအစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင် အစက်ကလေးများ အားလုံးကို ကိုယ် အစဉ်အမြဲ ရင်းနှီး ချစ်ခင်နေပါမည်...။
နှင်းဆီဖြူတွေ က..တကယ်ပွင့်လို့လား။
ReplyDelete