ကာတွန်း တင်အောင်နီရဲ့ နာမည်ကြီး ပြာဂလောင် ပြာလချောင် ကာတွန်းထဲက ချစ်စရာ အပိုင်းလေး တခုပါ။
ပြာဂလောင်နဲ့ ပြာလချောင်တို့ ညီအစ်ကို နှစ်ယောက်ကို သူတို့ မေမေ ခင်ချောဆွိက ခဏခဏ ဆူတတ်တယ်လေ… တနေ့မှာ သူတို့အိမ်က ဘီဒိုပေါ်မှာ (သူတို့ယူလို့ မမှီအောင်) တင်ထားတဲ့ ပုလင်းတလုံးကိုတွေ့လို့ အမွှာညီနောင်နှစ်ယောက် သိချင်ဇောနဲ့ ယူကြည့်လိုက်တဲ့အခါ ပုလင်းမှာ ရေးထားတာက “ဆူဆေး” တဲ့…။
သူတို့စိတ်ထဲမှာ မေမေ ဒီဆေးတွေသောက်ပြီး တို့ကို ခဏခဏ ဆူ ဆူနေတာကိုး... ဒီဆေးမရှိရင်တော့ဖြင့် မေမေ တို့နှစ်ယောက်ကို ဆူနိုင်မှာ မဟုတ်တော့ဘူး လို့ တွေးတာ…။ ဒီလိုနဲ့ နှစ်ယောက်သား တိုင်ပင်ပြီး အဲဒီ ဆူဆေးပုလင်းကို ယူပြီး သောက်ရေအိုးထဲ သွန်ချ လိုက်ကြသတဲ့…။ ဒီအခါမှာ သောက်ရေအိုးဟာ ဆူဆေးရဲ့ အရှိန်ကြောင့် တခဏအကြာမှာ ပူဖေါင်းလေးတွေထွက်ပြီး ဆူလာတော့တာပေါ့…။
ဒီအခါမှာ သူတို့က ခေါင်းလေးတွေ တညိတ်ညိတ်နဲ့… “ကြည့်စမ်း… ဒီဆေးက တော်တော်စွမ်းတာကိုး... မေမေ ငါတို့ကို ဆူသလား မဆူသလား... အခု ဒီသောက်ရေအိုးကြီးတောင် ပွစိပွစိနဲ့ ဆူနေပါရောလား…” လို့ ကောက်ချက်ချလိုက်ကြတယ် တဲ့…။
အခုတလော အလုပ်တွေ ပင်ပန်းတာရယ်၊ နေကလဲ ကောင်းကောင်း မကောင်း၊ ခေါင်းကလဲ နေ့စဉ်ရက်ဆက်ဆိုသလို ကိုက်နေတာမို့ လူက အလိုလိုနေရင်း စိတ်တွေ တိုနေပါတယ်။ ဒီတော့ ဘာပြောပြော ဘာလုပ်လုပ် စိတ်တိုတာက အရင် ဖြစ်နေတော့တာ…။ ပြီးတော့ ဒီရက်တွေမှာ စိတ်နဲ့ မတွေ့တာတွေ၊ စိတ်နဲ့ မတွေ့စရာတွေကလဲ ပြောမပြတတ်အောင် တကယ်ကို များမှများ…။ ဒီတော့ ဟိုလူ့ ဆူ၊ ဒီလူ့ ဆူလဲ လုပ်မိပါတယ်။
ချစ်ရတဲ့ သူငယ်ချင်း တယောက်ကိုလဲ ဒီရက်တွေမှာ စိတ်တိုင်းမကျတာနဲ့ ခဏခဏ ဆူပူ အပြစ်တင်နေမိလို့ သူက “မင်း ဆူဆေးများ သောက်ထားသလား…” လို့ မေးလာပါတယ်။ အဲဒီအခါမှာ တခုခုဆို ရုတ်တရက် စိတ်တိုဖို့သာသိပြီး လွယ်လွယ်နဲ့ အဓိပ္ပါယ် မပေါက်တတ်တဲ့၊ အလွန် နားဝေးတတ်တဲ့၊ ပြင်ပ ဗဟုသုတ နည်းပါးပြီး သိထား ဖတ်ထားသမျှကိုလည်း အလွယ်တကူ မေ့ မေ့ပစ်တတ်လွန်းတဲ့ ကိုယ်က “ဘာ... ဆူဆေး ဟုတ်လား… ဘာ ဆူဆေးလဲ ဟင်…” လို့ ပြန်မေးရတာပေါ့။ ဒီအခါမှာ သူက အပေါ်က ပြာဂလောင် ပြာလချောင် ဇာတ်လမ်းလေး ပြောပြသွားတာပါ။ သူပြောတော့ ရယ်လိုက်မိတာ ပါးတောင် နာသွားတယ်…။ စိတ်ထဲမှာလဲ နဲနဲပေါ့ပါးသွားပြီး ငါ့ အခြေအနေ တော်တော်ဆိုးနေတာပါလား ရယ်လို့… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်မြင်လာပါတယ်…။ (ဟေ့... နောက်ကို မဆူတော့ဘူးနော်... အိုကေ...)
အမှန်ကတော့ ကိုယ် ဆူဆေး မသောက်ထားပါဘူး၊ သောက်စရာလဲ မလိုပါဘူး။ ကိုယ့်အတွက် ဆူဆေးလဲ တကယ် မလိုအပ်ပါဘူး။ ကိုယ် ဘယ်သူ့ကိုမှလဲ မဆူချင်ပါဘူး။ ဖြစ်လာသမျှ ကြုံလာသမျှတွေကို ဘယ်လောက်ပဲ စိတ်တိုင်းမကျ ဖြစ်နေသော်လည်း အတတ်နိုင်ဆုံး အပြုံးမပျက် မြိုသိပ်ထားနိုင်ပြီး နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းချင်ပါတယ်။
ဒါပေမယ့် ရနိုင်မယ်ဆိုရင် ကိုယ် တခုတော့ လိုချင်မိတယ်။
မျက်စေ့ရှေ့မှာ နေ့စဉ် မြင် ကြား တွေ့ သိ နေရတဲ့ အမြင်မတော် အကြားမတော် အသိမတော်တဲ့ အရာတွေကို လျှစ်လျှူရှုနိုင်တဲ့ ဆေးလေးကိုပါ…။ ကိုယ်ဟာ ပုထုစဉ် လူသားတယောက်ပီပီ လောကီရေးရာတွေကို ဖယ်ခွာ ချန်ထားပြီး ရုန်းထွက်သွားဖို့ ဆိုတာ (အခု လောလောဆယ်မှာ) တကယ်ပဲ မဖြစ်နိုင်သေးပါဘူး။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ ကိုယ်မနှစ်သက်တာတွေကို မျက်စေ့မှိတ်ပြီး လျှစ်လျှူရှု ဥပက္ခာ ပြုထားနိုင်အောင်သာ ကြိုးစားရတော့မှာပေါ့။ ဒါကြောင့် အဲဒီလို အရာရာကို လျှစ်လျှူရှုနိုင်တဲ့ ဆေးမျိုး ရနိုင်မယ့်နေရာလေးများ ရှိခဲ့ရင်၊ သိခဲ့ရင် ပြောပြပေးစေချင်ပါတယ်…။ ပြောပြပေးတဲ့သူကို ကျေးဇူးမမေ့ပါဘူး...။
*** စိတ်နောက်နောက်ဖြင့် ထင်ရာ ရေးလိုက်မိပါသည်။ လာဖတ်ကြသူများကို အားနာစွာဖြင့် ကျေးဇူးတင်နေပါမည်။ ကောင်းသော သောကြာနေ့ပါ…။

သက်ဝေရေ… တန်ခူးကတော့ မနေ့ က ဆူဆေးတကယ်သောက်လိုက်ရတယ်… ဗီတာမင်စီကိုပြောတာပါ… အဲဒီဆူဆေးလဲမကယ်နိုင်တော့ ဒီနေ့ အန်တီဘိုင်ရောတစ်နဲ့ နှစ်ပါးသွားရပြန်ရော… သက်ဝေပြောတဲ့ လျစ်လျူုရှုဆေးလေး တို့ လဲသောက်ချင်လိုက်တာ… ဆေးတွေ့ ရင် လက်တို့ လိုက်ဦးနော်…
ReplyDeleteသူငယ်ချင်း သက်ဝေရေ...ငါလည်း စိတ်တွေ အသားကုန် ပိန်းနေတယ်ဟ...။ တရားမှတ်...တရားမှတ်...ဒါမှမဟုတ်...သတိပဋ္ဌာန်လေး ဖြစ်ဖြစ် လုပ်နေကြည့်ပါလား...ဘုရားဆေးကမှ ကယ်နိုင်လိမ့်မယ်၊ စိတ်ကို စိတ် နဲ့ပဲ ဆေးကြောရသတဲ့.....
ReplyDelete:) သူတို့ထက် ပိုပြီး ကိုယ်က ပြန်ဆိုးလိုက်ရင်. ဆူစရာမလိုတော့ဘူးပေါ့။
ReplyDeleteသူတို့ကတောင် ကိုယ့်ကို ပြန်ဆူချင်အုံးမယ်။
ဥပမာ.အရက်တစ်ပုလင်းသောက်ရင် နှစ်ပုလင်းပြန်သောက်ပြလိုက်။
စာမကျက်ရင် ဆူမယ့်အစား ကိုယ်က ဟင်းမချက်ပဲ နေပစ်လိုက်..
(တစ်ခုခုဆို ဆင်းစရာအိမ်လဲ လိုရမယ်ရ ရှာထားအုံး။ဟီးဟီး)
mm
အသာလေး ချောင်တချောင်မှာ ကုတ်နေမှ
ReplyDeleteဆူနေတယ်း(
သက်ဝေရေ...
ReplyDeleteငန်ပြာရည်ထွက်ဝယ်ပါလား။
ဆူချင်စိတ်ကို မရှိလောက်အောင် ခြေကုန်လက်ပန်း ကျသွားတုန်းက လျစ်လျူရှုဆေး သောက်စရာ မလိုလိုက်ဘဲ ပစ်ထားလိုက်နိုင်ဖူးတယ် အမသက်ဝေရေ....
ReplyDeleteမဟာစည် ဆရာတော် ဘုရားကြီး ဟောတဲ့ မဟာသမယ သုံးသုတ် တရားတော် စာအုပ်လေး ဖတ်ဖူးလား။ ညီမတော့ အဲ့တရားတော်နဲ့ ဥပေက္ခာ ပါရမီ ဖြည့်ဆည်းနေတယ် အမရေ။ အပြန်အလှန် ဖတ်လွန်းအားကြီးလို့ စာအုပ်တောင် နွမ်းနေပြီ။
စိတ် စိတ် စိတ် စိတ်လျှော့ စိတ်လျှော့ :DDD
ReplyDeleteကျွန်တော်ဘာမှ မသိဘူး
ReplyDeleteငံပြာရည် ထွက်ဝယ်တာ..
ကိုTZA ပို့စ်ထဲက စကားလုံး ယူသုံးပါသည်
:)
Super Thet Wai....
ReplyDeleteThat's OK.. :)
:cool:
ReplyDelete"ဆူဆေး" မကြိုက်သူ သက်ဝေအတွက် "ရှူဆေး" အညွှန်းပေးလိုက်မယ်။ အဆက်အသွယ်ကောင်းရင်တော့ သိပ်ဈေးမကြီးဘူး။ ပစ္စည်းမှန်ဖို့ပဲလိုတယ်။ သူက တကယ်စွမ်းတယ်။ အားလုံးကို လျှစ်လျူရှုနိုင်တယ်။ တည့်တည့်ပြောရင် လူတွေသိကုန်မှာစိုးလို့ စောင်းစောင်းလေးပြောလိုက် မယ်။ Dry Medicine လို့ခေါ်တယ်။ ရှူဆေး..ရှူဆေး။ လူကြုံကောင်းရင် ထည့်ပေးလိုက်ဦးမယ်။ (သက်ဝေ ပျော်ပါစေ)
ReplyDeleteဆူဆေးလည်းမလိုဘူ ရှူဆေးလည်းမလိုဘူး ကြည့်မရတဲ့သူ ကိုးလိုးကန့်လန့် ဖြစ်နေသူမှန်သမျှကို မေတ္တာသာ ပို့ပေးပါ မသက်ဝေ ကြာလာရင် လစ်လျူရှုနိုင်သွားလိမ့်မယ်။
ReplyDeleteအပြုံးပန်းကို လာဆူပါ အမသက်ဝေရယ်၊
ReplyDeleteအဆူခံချင်လို့။
မျက်နှာလှလှလေးက ဘယ်လို ဖြစ်နေမလဲလို့ တွေ့ချင်လို့ပါ။
:)
စိတ်အပန်းပြေ ရုပ်ရှင်သွားကြည့်လိုက်.. :)
ReplyDeleteI wish... :)
ReplyDeleteWhich one?....
အမရေ အဲ့သလို ဖြစ်လာရင် မမြင်ယောင် မကြားယောင် မပြောတတ်ယောင် ဆောင်နေလိုက်တယ် ဒါမှ မဟုတ်လည်း တယောက်တည်း ထွက်သွားပြီး ကော်ဖီဆိုင် သွားထိုင်လိုက်တယ် :) ဒေါသများရင် ရုပ်ရင့်မြန်တယ်ဆိုလို့ :)
ReplyDeleteမယ်သက်ရေ..ကိုကြီးကျောက်ကတော့ ဆူဆေး မဟုတ်ပဲ စူဆေး ဖြစ်နေတယ်...တခါတလေ အလုပ်ပင်ပန်းလို့ ကိုယ့်မျက်နှာစူပုတ်နေတာ မနဲသတိထားနေရတယ်
ReplyDeleteအဟဲ မေ့ဆေး သောက်လိုက်ပါ့လားဟင်
ReplyDeleteဆူစရာတွေ မေ့ သွားအောင်
ခင်မင်စွာဖြင့်