အနိမ့် အမြင့်
အချိုး အကွေ့
အရောင် အဆင်းခြင်းမတူ…
အပူ အအေး အရိပ်အာဝါသ…
ဘေးပတ်ဝန်းကျင်တွေခြင်း မတူ…
လမ်းသွယ်တွေ ခွဲထွက်ပုံခြင်း မတူ…
ချောမွေ့ခြင်း ကြမ်းတမ်းခြင်းတွေ ကိုယ်စီနဲ့
တန်ဖိုးထားရာ အဆုံးသတ် ပန်းတိုင်တွေ မတူညီကြတဲ့ လမ်းကလေးတွေပါ…
အချိုး အကွေ့
အရောင် အဆင်းခြင်းမတူ…
အပူ အအေး အရိပ်အာဝါသ…
ဘေးပတ်ဝန်းကျင်တွေခြင်း မတူ…
လမ်းသွယ်တွေ ခွဲထွက်ပုံခြင်း မတူ…
ချောမွေ့ခြင်း ကြမ်းတမ်းခြင်းတွေ ကိုယ်စီနဲ့
တန်ဖိုးထားရာ အဆုံးသတ် ပန်းတိုင်တွေ မတူညီကြတဲ့ လမ်းကလေးတွေပါ…



ထူးထူးခြားခြားတွေ မဟုတ်သလို ရှည်ရှည်လျားလျားတွေလဲ မတွေးကြစေချင်ပါ…။ ဒီပုံလေးတွေကိုကြည့်ပြီး အပေါ်မှာရေးခဲ့သလို မတူညီတာလေးတွေကို တွေးမိသွားစေဖို့ပဲ ရည်ရွယ်ပါတယ်…။
လူတိုင်းဟာ ကိုယ်ယုံကြည်ရာ လမ်းမတွေပေါ်မှာ ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းနေကြတာမို့ ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ မတူညီတဲ့ လမ်းတခုပေါ်မှာ လျှောက်နေတဲ့သူတယောက်ကို လမ်းမှားနေတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုပဲ ကိုယ်လျှောက်နေတဲ့လမ်းကို မှားနေတယ်လို့ ပြောလာရင်လဲ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းနေတဲ့လမ်းရဲ့ အမှား အမှန်၊ ကောင်းကျိုး ဆိုးကျိုးတွေတိုင်းဟာ ကိုယ်တိုင်နဲ့သာ သက်ဆိုင်ပါတယ်…။ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ကိုယ်ကိုယ်သာ ရောင်ပြန်ထင်ဟပ်စေပါတယ်…။
အရိပ်အာဝါသကောင်းပြီး ချောမွေ့ဖြောင့်ဖြူးတဲ့ လမ်းကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပြီး သာယာ ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေ…။
လူတိုင်းဟာ ကိုယ်ယုံကြည်ရာ လမ်းမတွေပေါ်မှာ ကိုယ်တိုင် ရွေးချယ် လျှောက်လှမ်းနေကြတာမို့ ကိုယ်လျှောက်နေတဲ့ လမ်းနဲ့ မတူညီတဲ့ လမ်းတခုပေါ်မှာ လျှောက်နေတဲ့သူတယောက်ကို လမ်းမှားနေတယ်လို့ မပြောနိုင်ပါဘူး။ ဒီလိုပဲ ကိုယ်လျှောက်နေတဲ့လမ်းကို မှားနေတယ်လို့ ပြောလာရင်လဲ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်းနေတဲ့လမ်းရဲ့ အမှား အမှန်၊ ကောင်းကျိုး ဆိုးကျိုးတွေတိုင်းဟာ ကိုယ်တိုင်နဲ့သာ သက်ဆိုင်ပါတယ်…။ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ကိုယ်ကိုယ်သာ ရောင်ပြန်ထင်ဟပ်စေပါတယ်…။
အရိပ်အာဝါသကောင်းပြီး ချောမွေ့ဖြောင့်ဖြူးတဲ့ လမ်းကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပြီး သာယာ ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေ…။
လမ်းဆိုတာ ချောမွေ့ချင်ချောမွေ့
ReplyDeleteကြမ်းတမ်းချင် ကြမ်းတမ်း လမ်းဆိုထဲက လျှောက်ရတော့မှာပေါ့နော့် ကျနော်တို့တွေ လမ်းတွေအများကြီးလျှောက်ခဲ့ဖူးတယ် လမ်းတွေလျှောက်နေဆဲ လမ်းတွေအများကြီးလည်း ဆက်လျှောက်ရအုံးမယ် ။
ဒီပုံထဲက လမ်းကလေးကိုတော့ ချစ်သူနဲ့ တူတူ လျှောက်ချင်စမ်းလိုက်ပါဘိ သို့သော်လည်း မရှိတာကခက်တယ် :P
ကိုယ့်ကိုကိုယ်သာ လို့ ဖြစ်မယ်ထင်ရဲ့
ReplyDeleteအနေထိုင်မတတ်သူတဦး
မှန်တယ်ဗျို့. . .
ReplyDeleteကိုယ့်လမ်းကိုယ့်ဖာသာပဲ လျှောက်ရမှာ. .
ဒီည အင်္ဂလန်ပွဲနော် အမ။ တဝက်ပဲ ကြည့်ရမယ် ထင်တယ်ဗျာ :(
ဒီကဗျာလေး သတိရသွားတယ်
ReplyDeleteRobert Frost (1874–1963). Mountain Interval. 1920.
1. The Road Not Taken
TWO roads diverged in a yellow wood,
And sorry I could not travel both
And be one traveler, long I stood
And looked down one as far as I could
To where it bent in the undergrowth;
Then took the other, as just as fair,
And having perhaps the better claim,
Because it was grassy and wanted wear;
Though as for that the passing there
Had worn them really about the same,
And both that morning equally lay
In leaves no step had trodden black.
Oh, I kept the first for another day!
Yet knowing how way leads on to way,
I doubted if I should ever come back.
I shall be telling this with a sigh
Somewhere ages and ages hence:
Two roads diverged in a wood, and I—
I took the one less traveled by,
And that has made all the difference.
လမ်းကလေးမှာ လူရှင်းတုန်း ဘောလုံးကန်ပလိုက်မယ်..
ReplyDeleteခုတော့ အင်္ဂလန်နဲ့ ပွဲကြည့်လိုက်ဦးမယ်...
အစ်မပြောလို့ ရှည်ရှည်ဝေးဝေး သိပ်မတွေးတော့ပါဘူးလေ။ ပုံတွေကြည့်ပြီး လမ်းလျှောက်ချင်စိတ်တော့ အရမ်းပေါ်သွားတယ်။
ReplyDeleteမပန်ရဲ့ကဗျာလေးလည်း ဖတ်သွားတယ်။
ဓာတ်ပုံရိုက် လွှတ်ကောင်းလာပါလား..
ReplyDeleteမချီးကျူးပဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။ (ပြုံးပြုံးကြီး ဖတ်ပါရန်)
မရဘူး။ နာ လျှောက်တဲ့လမ်းမှ အမှန် :)
ReplyDeleteအရိပ်အာဝါသအေးတဲ့ လမ်းကပဲ လျှောက်ရမယ့်ခရီးကို လျှောက်လှမ်းချင်တယ်၊
ReplyDeleteဪ... ရွေး ချင်တိုင်းရွေးလို့ရဦးမှကို...မမ ရဲ့
ReplyDeleteအမ အပေါ်ဆုံးကပုံအကြိုက်ဆုံး...
ReplyDeleteလမ်းမှန်ကိုရွေးနေပါတယ်..( မန့်လို့မရပါ...ဒီမှာပဲ အော်ခဲ့သည်။။)
ReplyDeleteပေါက် ပြောသလို ပဲ...း)
ReplyDeleteလမ်းကလေးဓါတ်ပုံတွေကို လာကြည့်သွားကြသော သူများအားလုံးနဲ့ ရေးထားခဲ့ကြတဲ့ မှတ်ချက်များ အတွက် ကျေးဇူးတင်ပါတယ်...
ReplyDeleteချိုသင်းနဲ့ ညီမလေးက ဓါတ်ပုံတွေလှတယ်လို့ ပြောလို့ တအား သဘောတွေကျနေတယ်... (တားမရဘူး... ရိုက် အုံး မှာ ...)
ပြီးတော့ အမြဲသိမ်းထားချင်စရာ ကဗျာလက်ဆောင်အတွက် ပန်ပန့်ကိုလဲ ကျေးဇူးပါ... စီဘောက်စ်က မှတ်ချက်လေးတွေကို ဒီနေရာမှာ ကော်ပီ ပေ့စ် လုပ်ပေးသွားတဲ့သူကိုလဲ ကျေးဇူးပါ...း))
“ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ကိုယ်ကိုယ်သာ ရောင်ပြန်ထင်ဟပ်စေပါတယ်…။”
ReplyDeleteဒီစကားကို သဘောကျတယ်။ ကိုယ့်ရွေးချယ်မှုတွေဟာ ကိုယ့်ကို ပြန်ပြီး ထုဆစ်နေတဲ့ သဘော။
ကျနော်ကြားဖူးတဲ့ အကုသိုလ်လုပ်တယ်ဆိုရင်လည်း အဲသည် အကုသိုလ်ကံဟာ နွားရဲ့နောက်ကို လှည်းဘီးက ထပ်ချပ်မကွာလိုက်သလို လိုက်တယ်ဆိုတဲ့ အဆိုနဲ့လည်း အံဝင်ခွင်ကျမှုရှိတယ်။
ဒါထက်....ဓာရဏပရိတ်မှာ “ဉာဏ်တော်လျှင် ရှေ့သွားရှိသော” ဆိုတဲ့ အဓိပ္ပါယ်လေးကိုလည်း နှစ်ခြိုက်မိပါတယ်။ (ဗုဒ္ဓဟာ) ဘာမဆို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ တွေးတောကြံဆပြီးမှ လုပ်တဲ့သဘောလို့ သဘောပေါက်ပါတယ်။
ကျနော်တို့ ပုထုဇဉ်အများစုကတော့ အနေနဲ့ကတော့ ကိစ္စတော်တော်များများမှာ ဒေါသ၊ မောဟ၊ လောဘ အစရှိတဲ့ အကုသိုလ်စေတသိက်တွေ ရှေ့သွားရှိသော၊ ခံစားမှုကို ရှေ့တန်းတင်သော အမှုကိစ္စတွေကို မသိလိုက်မသိဘာသာဖြစ်ဖြစ်၊ သိသိကြီးဖြစ်ဖြစ် ပြုတတ်ကြတာ များပါတယ်။ အကုသိုလ်အနည်းအများအလျောက် သက်ဝေပြောသလို ရွေးချယ်မှုလမ်းအသီးသီးက ကွာသွားပြီပေါ့။
အရိပ်အာဝါသကောင်းတဲ့ လမ်းကလေးတွေကို ရွေးချယ်လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရဦးပါမယ်။
မလျှောက်ဘူးတဲ့ လမ်းဆိုရင် လမ်းပြမြေပုံလေးတွေက အရေးကြီးပါတယ်။ ဒါပေမယ့် လမ်းပြမြေပုံလေးတွေမှာလည်း ချောက်ထဲကို ညွှန်ပြတဲ့ လမ်းပြမြေပုံမျိုးလေးတွေ ခေတ်စားနေတာလည်း ရှိတယ်ဆိုတော့.... သတိတမံ၊ ဉာဏ်မြေကတုတ်နဲ့ စဉ်းစားရွေးချယ်ကြပါမှ တော်ကာကျမယ်လို့ တွေးတောမိပါကြောင်း။း-)
ကွန်မင့်ရှည်ကြီးတွေ ရေးတာ ခေတ်စားနေတဲ့ခေတ်ဖြစ်တဲ့အလျောက် ခေတ်မီမီ ကမ္ဘာကြီးထဲတွင် တန်ပြန်ယောင်္ကျားဘသားပင် လုပ်လိုက်ရပါတယ်။
မန့်မလို့ဝင်လာတာ.. မျက်စိကိုနောက်တယ်.. ဇာဂနာပြောသလို နေရာတကာ ..သူ့အခွက်ကြီးပဲ
ReplyDeleteကိုပေါရေ...
ReplyDeleteခေတ်မီတဲ့ ကွန်မန့်ရှည်ကြီးအတွက် ကျေးဇူးတင်ပါတယ်...
ကျွန်တော်လဲ ခေတ်နဲ့ အညီ ကွန်မန့်ရှည်ရှည်တွေ ရေးနိုင်ဖို့၊ ပြီးတော့ ဘလော့ဂ်မှာ ပြန်တင်နိုင်ဖို့ ကြိတ်ကြံနေပါတယ်... (ဟမ်... ပြောလိုက်မိပြီ...)
အမည်မသိရေ...
စိတ်တွေ ဒီလောက် မကြီးရဘူးလေ...
Relax... Relax...း))
ပုံတွေ ကြည့်လို့ကောင်း ။
ReplyDeleteပန်းပွင့်လေးတွေ ကျနေတယ်နော်...ကွန်ပြူတာနဲ့ လုပ်ထားတာလားမသိဘူး တဲ့...ကိုဧရာက
ReplyDeleteပြုံးပါ ပျော်ပါ သက်ဝေရေ
(အဲ့လူကြီး မျက်လုံးမှုန်လေ၊ မသီတာလည်း ပိုလှလေ)
မမသက်ဝေ....ရိုက်ထားလိုက်တဲ့ ဓါတ်ပုံလေးတွေက လှလိုက်တာ :)))
ReplyDeleteအဲဒီလို လမ်းလေးတွေမှာ လမ်းလျှောက်ရတာကို သိပ်သဘောကျတာပဲ။ အဲဒီ Pasir Ris Green ကိုရောက်ခဲ့ဘူးတယ်။ လျှောက်ခဲ့ဘူးတယ်။ ဒါပေမယ့် မမတွေးသလို မတွေးမိခဲ့ဘူး။
ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း
ပုံထဲကလမ်းလေးကတော့ လျှောက်ချင်စရာပဲဗျို့...။ လူတိုင်းဒီလိုလမ်းမျိုးဘ၀အတွက် ရွေးချယ်နိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...။
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
သူငယ်ချင်းရဲ့ အယူအဆကို ထောက်ခံပါသည်။
ReplyDeleteအရိပ်အာဝါသ ကောင်းတဲ့ လမ်းကလေးတွေပဲ ရွေးလျောက်ချင်ပါသည်။ အပူထဲက လာခဲ့ရသည်ကိုး။
အဲဒီလမ်းလေးတွေ မြင်ဘူးနေသလိုပဲ ... east coast လား ... west coast လား ...စဉ်းစားလို့မရဘူး ...
ကိုဘလူးစကိုင်း... ကျေးဇူးဗျို့... ကျေးဇူး... ကျေးဇူး...း))
ReplyDeleteမသီတာ... ကိုဧရာက မျက်စေ့မှုန်တာ မဟုတ်... မျက်စေ့သိပ်ကောင်းတာပါ... ကိုယ်တောင် ကိုယ့်ဟာကိုယ် ပန်းပွင့်တွေ မမြင်မိဘူး... ဟီးဟီး... ဓါတ်ပုံလေးတွေ ကြည့်ပေးတာ ကျေးဇူးအများကြီး တင်ကြောင်း ပြောပေးပါ...း))
ညီမ အင်ကြင်းနဲ့ မိုးငွေ့... မှတ်ချက်လေးတွေအတွက် ကျေးဇူးပါ... မှန်ကန်သော သာယာဖြောင့်ဖြူးသော လမ်းလေးတွေပေါ်မှာ လျှောက်လှမ်းနိုင်ကြပါစေ...
သူငယ်ချင်း ဒေါ်ဆွီတီ... ထောက်ခံမဲအတွက် ကျေးဇူး... ပုံလေးတွေကို Pasir Ris Green မှာ ရိုက်ခဲ့ပါတယ် ဆိုတာကို ကျော်ဖတ်သွားပြီး East Coast လား West Coast လား စဉ်းစားနေတော့တာကိုး...း))
ဟီး ... ဟီး ... Pasir Ris Green ဆိုတာကို လုံးလုံး မတွေ့ဘူးဗျာ ... မှုံနေပြီကိုး ... ညက်စေ့က ...း)))
ReplyDeleteမမသက်ဝေ..
ReplyDeleteပထမဆုံးအကြိမ်လာရောက်လည်ပတ်ပြီးစာတွေဖတ်သွားပါတယ်..။
လင့်ချိတ်ခွင့်ပြုပါနော်..။
ခင်တဲ့
သဒ္ဓါ
မသက်ဝေ လမ်းကလေးက အေးချမ်းလိုက်တာ။
ReplyDeleteဓာတ်ပုံလေးတွေ သိပ်လှတယ် အမ။ ပြက္ခဒိန်တို့ ပိုစတာတို့တောင် လုပ်လို့ရတယ်။ တကယ့် ပရိုလက်ရာပဲ။
ကိုယ်ယုံကြည်ရာလမ်းပေါ်လျှောက်နေကြတဲ့ လူတိုင်းထဲမှာ ညီမတော့ မပါဘူးထင်တာပဲ။ ဒီလမ်းကို လျှောက်ကိုလျှောက်ရမယ်လို့ အတင်းတွန်းတင် ခံလိုက်ရတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ လျှောက်နေရတဲ့ဘ၀။ တခုတော့ရှိတယ်။ အဲဒီလိုလျှောက်လို့ တခုခုဆိုးကျိုးဖြစ်လာရင် ကိုယ့်အပြစ်ကလွတ်တာပေါ့။
မသက်ဝေ ပို့စ်ရဲ့ မူရင်းရည်ရွယ်ချက်လေးတော့ ပျောက်သွားပြီလား မသိဘူး။ ဆောရီး အမရေ။ မလုပ်ချင်တာတွေ လုပ်နေရတာမို့ :P
အေးချမ်းတဲ့လမ်းကလေးကိုဘဲ အမြဲလျှောက်ချင်တယ်... ပုံထဲကလိုပေါ့
ReplyDeleteကွန်မန့် ၈၀ ကျော် ထမင်းပွဲကြီး လာရှာတာပါ...
ReplyDeleteအစားအသောက်မို့ နောက်ကျသွားမှာစိုးလို့ပါ... ဟီး
တွေ့လဲ မတွေ့ဘူး
ကုန်သွားတာလား မသက်ဝေ