အခုတလော အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်မစားဖြစ်တာ ကြာပြီ…။ ဒီတပတ်တော့ မေမေ ရန်ကုန်ကပို့လာတဲ့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ပုဇွန်ကြော်တွေ ကြောင့် ဟင်းချက်စားဖို့ရာ အကြောင်းဖန်လာပါတယ်…။ ဒီတော့ စိတ်အား လူအား တိမ်ပြာပြာ နေ့တနေ့ ဆန်းဒေးလေးမှာ ပုဇွန်လေးတွေကို ကြက်သွန်အနီ ကြက်သွန်အဖြူ ဆီသတ်ပြီး ပြန်ကြော်… အဲဒီပုဇွန်ကြော် တချို့နဲ့ ချဉ်ပေါင်ရွက်မွှေ နဲ့ မျှစ်နဲ့ကို ရောကြော်… ငြုတ်သီစိမ်း ထည့်… ပြီးတော့ နဲနဲ စပ်မယ့်ဟင်းတွေမို့ အစပ်ပြေအောင် အရွက်စိမ်း ကြော်ချက်တခုချက် ဖြစ်ပါတယ်…။
ထမင်းစားဖို့ ခူးခတ်နေရင်း တစုံတခုကို သတိရသွားပြီး စားတော့မယ့် ဆဲဆဲလူတွေကို ဟိုး…….. စတော့ပ် လို့ အကျယ်ကြီးအော်… အိပ်ခန်းထဲကို အပြေးဝင်… လက်စွဲတော် နှစ်ကျပ်ခွဲကို ယူ… အချိန် သုံးမိနစ်လောက်ယူပြီး ဓါတ်ပုံနဲ့ မှတ်တမ်းတင်ပါတယ်…။ စိတ်ကူးတုန်းကတော့ စားစရာတွေ လုပ်ပေးလိုက်တဲ့ မေမေ့ကို ပြန်ပြမလို့ပါ… ရှုမငြီးတဲ့ ချစ်သမီးလေးရဲ့ လက်စွမ်း… ဘာညာ သာရကာတွေ ရေးပြီးတော့ပေါ့လေ…။
ဒီလိုနဲ့ စားသောက်ပြီး အနားယူနေရင်း မီးပူတိုက်ရမှာတွေရှိနေတာကို အသာမေ့ထားပြီး မျက်နှာစာအုပ်ကို လက်ကရောက်သွားတယ်… ဖြစ်ချင်တော့ စားစရာတွေ တင်ထားတဲ့ စာမျက်နှာတချို့ကို ရောက်အသွားမှာ… ခေါင်းထဲက မီးလုံးလေး ဖျတ်ကနဲ လင်းသွားတယ်…။ ဒီတခါလဲ အိပ်ခန်းထဲကို အပြေးဝင်… လက်စွဲတော် နှစ်ကျပ်ခွဲထဲက မှတ်ဥာဏ်ပြားလေးကို ယူ… ဒီလိုနဲ့ သူများတွေလိုမျိုး မျက်နှာစာအုပ်မှာ တင်စရာ တည်ခင်းဧည့်ခံစရာ ဟင်းပွဲလေး ရခဲ့တယ်…။

ဒါတင်မက သူတို့တွေ ချက်ကြ ပြုတ်ကြ စားကြတုန်းက ကိုယ့်ကို မစားရ ဝခမန်း တက်ဂ်ထားကြတဲ့ သူတွေ အားလုံးရော… ကိုယ်က စားစေချင်တဲ့ သူတွေ အားလုံးကိုပါ ကဲ… လာပြီကွ ဆိုပြီး တက်ဂ်လိုက်တယ်…။ တက်ဂ်တာမှ ကိုယ်က သေသေချာချာ တွေးတော စဉ်းစားပြီး တက်ဂ်တာပါ…။ ဥပမာ… ကျန်းမာရေး လိုက်စားတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့နေတဲ့သူတွေကို အရွက်ကြော်ချက်ဟင်း၊ မမခင်ဦးမေတို့ အကိုကြီး ကိုအောင်သာငယ်တို့ကိုတော့ လူကြီးတွေမို့ လေးလေးစားစားနဲ့ ပုဇွန်ဟင်း၊ မောင်ငယ် ညီမငယ်တွေ ကိုတော့ လူငယ်ကြိုက် ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်ကြော်… စသဖြင့် ရွေးချယ်ပြီးတော့ကို တက်ဂ်တာပါ…။

အဲ… အဲဒီလို တက်ဂ်ပြီး တမိနစ်တောင်မခြား ကော်မန့်တွေ ဝင်လာပါတော့တယ်…။ ထိပ်ဆုံးက ကျွန်တော်ကတော့ ပန်ပန် ဖြစ်ပါတယ်… သူကလဲ သူချက်တဲ့ ဟင်းစပ်ကို အခုလို ရေးပြပါတယ်…။ (ဘုရားရေ… စားချင်စရာ ကောင်းလှပါဘိ…)
Pandora ပန်ဒိုရာ
တို့အိမ်မှာက ကြက်သားဗူးသီး၊ ငါးကြော်၊ မြင်းခွာရွက်သုတ်၊ ချဉ်ပေါင်ဟင်း၊ ငါးပိထောင်း…
ဒီလိုနဲ့ သူ့နောက်မှာ တောက်လျှောက်တက်လာကြတဲ့ ကော်မန့်တွေ၊ ပြီးတော့ တယောက်နဲ့ တယောက် အပြန်အလှန် ရေးကြတာတွေနဲ့ တခဏအတွင်းမှာ စုစုပေါင်း ကော်မန့် ၆၀ ကျော်သွားပါတယ်…။ ကိုယ်လဲ မော်နီတာကို မျက်နှာက မခွာနိုင် တချိန်လုံး ပါးစပ်မပိတ်နိုင်အောင်ကို ရယ်နေရတော့တာ... တကယ့်ကို တနင်္ဂနွေ အပျင်းပြေပါပဲ…။
အဲဒီ့အကြောင်းကို မမခင်ဦးမေက သူ့ပိုစ့်မှာ ထည့်သွင်း ရေးသားလိုက်တဲ့အခါမှာ အဲဒီထမင်းပွဲနဲ့ ကော်မန့် ၈၀ ကျော်ကို ပြပါလို့ ကော်မန့်မှာရော စီဘောက်စ်မှာပါ မေးလာကြပါတော့တယ်…။ ဒါကြောင့် တောင်းဆိုထားကြတဲ့ သောတရှင်များကို ချစ်ခင်စွာနဲ့ ဒီပိုစ့်လေးကို ရေးပါတယ်...။ ပိုစ့်သိပ်ရှည်သွားမှာစိုးလို့ ကော်မန့်တွေ အကုန်လုံးတော့ ကူးမရေးနိုင်တော့ပါ…။ ပျော်စရာကော်မန့်တချို့တဝက်ကို လူစုံအောင် ရွေးပြီး တင်လိုက်ပါတယ်…။ အချို့က နာမည်ရင်းတွေ နာမည်ဖျားတွေနဲ့ဆိုတော့ ကော်မန့် မှာပါတဲ့ နာမည်တွေကို ဒီအတိုင်းပဲ တင်လိုက်ပါတယ်…။ သူ ဘယ်သူ ဘယ်ဝါ ဆိုတာသိချင်ရင် တိုးတိုးတိတ်တိတ် မေးနိုင်ပါတယ်…။ ကာယကံရှင် ခွင့်ပြုရင် ပြောပြပါ့မယ်…။
Khaing Su Latt
မမသက်ဝေရဲ့ အပျင်းပြေ တနင်္ဂနွေက မီးမီးကို ရန်စနေသလိုပဲး(
အဲ့ဒါတွေအားလုံး ကြိုက်တယ်ဆိုမှ ၊ ချက်လဲချက်တတ်ဘူး ဆိုနေမှ ဟီးးးးးးးးးး
ရက်စက်ချက်တော့ ကန်းကုန်ပဲ T.T
MaMon Mon
အကုန် စားချင်တယ်။ ဒါနဲ့ အမ ဘောလုံးပွဲမကိုက်ဘူးလား။ :P
Myo Aung
ကနေ့တော့ အပျင်းပြေ မိုးအေးတာနဲ့ ရခိုင်မုန့်တီချက်စားတယ်ဗျာ
May Lay
ပုချွန်ဆိတ်လေးတွေ စားချင်လိုက်ထှာ ဒီမှာပုချွန်တွေကအရသာမရှိဘူးး((
မက် မွန်
တို့အိမ်မှာ ငါးမုန့်ကြော်ကို ယိုးဒယားစတိုင်လ်ချဉ်စပ်လေး ကြော်တယ်။ မှိုနဲ့မုန်ညင်းကြော်၊ ဗမာရမ်းဟင်းချို…
Khin Oo May
ပုဇွန်တစ်ထုတ်လုံးအသုံးချနည်း. (မနာလိုသူတစ်ဦး)
ဆီများတယ် ရေဝပ်တယ်။ ခြောက်တယ် ညှင်းညှင်း…
ဘာကင်မရာနဲ့ ရိုက်တယ်ဆိုတာ ထည့်ပြောမှ ပြည့်စုံမယ်
(စေတနာရှိသယောင် တွန်းပို့သူ)
Thet Wai
ဝိတ်ချနေတဲ့သူ၊ ဝိတ်ချသင့်တဲ့သူနဲ့ ကျန်းမာရေး လိုက်စားသင့်တဲ့သူတွေကို အရွက်ကြော်ချက်မှာ Tag ထားတယ်... အပွက်တော့ ခံရတော့မယ်ထင်တယ်...း))
Khin Oo May
ကွိုင်ဘဲ ခေတ်မှီအောင်ဝင်ပြောဦးမှ..
ပုဇွန် မုန်လာဥ ဒန့်ဒလွန် ပဲပြားပဲ့ပင်ပေါက် ကန်ဇွန်းဥ ဝယ်ပြီး ညက မအိပ်သောကြောင့် ခေါင်းကိုက်ပြိး မချက်တနိုင်သေးရွေ့ ပလာတာဝယ်စားပြီး မလေးထမင်းဖြင့် ညားသွားသူ။
ပန်ဒိုရာက မြန်မာသွေးများတယ်။ ကိုကိုဒီဘီက.. အင်း.. ဘယ်သူချက်တာလဲ
မွန်ကတော့တီလုပ်သွေး နည်းနည်းပါပုံဘဲ။ ဗမာရမ်းဟင်းချိုဆိုတာ ဘာလဲ။ ငါမုန့်ကြောက်က ငါးမုန့်ကြော်ပေါ့ ဘယ်လိုချဉ်စပ်ဖြစ်သွားတာလဲ ။ ပန်ဒိုရာ ဟင်းကို ထပ်ခါတစ်လဲလဲဖတ်နေမိတယ်။
မက် မွန်
ဒေါ်ဒေါ်ခင်ဦးထုံ.. တရုတ်သွေးတစ်စက်မှ မပါတာ။ ဒီတစ်ခါ စိတ်ရှည်ရှည်ထား ရှင်းပြမယ်။ စာရွက်သွားယူပြီး သေချာမှတ်နော်။ tom yam ကို ဗမာစတိုင်လ်နဲ့ချက်တော့ ဗမာရမ်းပေါ့လေ.. သို့သော် ရမ်းချက်တာမို့ ဗမာရမ်း။ ငါးမုန့်ကြော် ချဉ်စပ်ဆိုတာ ဒီလိုမျိုးပြောတာပါ။ http://thestar.com.my/archives/2009/7/15/central/m_13fish.jpg
ဂွမ်း ပုံ
ယနေ့ကား ကြာသပတေးနံ ခေတ်စားသောနေ့ ဖြစ်တော့သကိုး၊ ပုဇွန်ဆီပြန်၊ ပုဇွန်ချဉ်ပေါင်မျှစ်ကြော်၊ အရွက်ကြော်ချက်မှာလည်း ပုဇွန်တွေ့တယ်။ အဲဒါ ဗူးညွန့်တွေလား အစ်မ..။
Thet Wai
ဂွမ်းပုံ... အင်း... ပုဇွန်တွေ လွှမ်းမိုးနေတယ်နော်... အရွက်စိမ်းက China Puay Leng ဆိုတဲ့ အရွက်ပါ.. နူးညံ့တယ်... Hot Pot ထဲ ထည့်စားကြတာ တွေ့ဖူးတာပဲ...း))
Khin Oo May
မသိပါဘူး ငါးမုန့်ကြော်ချဉ်စပ်ဆိုတော့သိတဲ့အတိုင် တဂျွမ်းရျွမ်း ကိုက်စားရတဲ့ ပါပလာလို့ ငါးမုန့်ကြော်မှတ်လို့ အဲဒါကို ဘယ်လိုချဉ်စပ်ချက်မှာလဲစဉ်းစားလို့ကို မရတာ။ စူပါထုံ..။
ကောင်း ကင်
အိမ်မှာ အသုတ်စုံ လုပ်တယ်.. ပြာ ဗိုက်အောင့်နေလို့ အစပ်တွေ စားလို့ မရသေးလို့..း(
ကိုကိုဒီဘီ တို့ မုန့်တီတောင် သွားမစားနိုင်ဘူး..
Thet Wai
အိမ်ဝေးတာ နာတယ် ပြာရယ်... (အလဲ့... မိုက်နေရော...)
Khin Oo May
အီတလီကောင်လေးတွေကတော့ချောတတ်တယ် ဘယ်အချိန်လဲသက်ဝေ. နီးရင်လက်တို့ပေးပါ။ အသက်ကြီးလာတော့ဂလိုပေါ့. ကြက်အိပ် ကြက်နိုး. ပန်ဒိုရာပျောက်သွားတယ်။ မျှော်လိုက်ဦးမယ်။
မက် မွန်
ပန်ဒိုရာ.. အိုင်စီးယူ... အဲလိုနှုတ်ဆက်ရမယ်။ အခု ငှက်သွားဖမ်းနေတယ် ထင်တယ်။
Thet Wai
ပန်ပန်... ဖဘမှ သင့်ကို အလိုရှိသည်... ရောက်ရာအရပ်မှ အမြန်ပြန်လာပါ....း))
Steve Evergreen
ဟင်းတွေက decent ဖြစ်တယ်
Aung Tha Nge
ဟေး... တို့ ဆီမှာတော့ ... ဒန်ပေါက်... မုန့်ဟင်းခါး... ဝက်သားတုတ်ထိုး... အုန်းနို့ခေါက်ဆွဲ... နဲ့... အင်းသားဟင်း... ကွယ့်... ညည်းတို့တွေကို... သနားတယ်...း) ဒီဇွီဘီ သတင်းထောက်ကြီး ကိုယ်တိုင် ချက်တာကွယ့်...
Aung Tha Nge
လောဆယ် ... အုန်းနို့ခေါက်ဆွဲ စားနေသကွယ်... ကင်မရာ ပျောက်နေလို့... ဒါ့ပုံတော့ ရိုက် မပေးလိုက်ဘူး... ပဲကျော်ကလည်း ကောင်းမှ ကောင်း...း) ဝက်သားတုတ်ထိုးတွေတော့ ကျန်နေသေးတယ်... စားချင်ရင် ပြော... ဝက်တကောင်လုံးကို တုတ်ထိုး လုပ်ထားတာကွယ့်... နှာခေါင်းတောင်ပါတယ်... မှတ်ကရော...
Khin Min Zaw
အပျင်းပြေတနင်္ဂနွေ ဆိုပေမယ့် တို့ကတော့ ချင်းမိုင်မှာ အပျင်းမပြိုင်ပဲ ခွေခေါက်ကာ နေတာပဲ။ သူများချက်ကျွေးတာတွေ စားလို့။ (ငါးပတ်မွှေ၊ ဆူးပုတ်ရွက်ခတ်တဲ့ ပဲဟင်းချို၊ ကန်ဇွန်းရွက်ကြော်၊ ငါးပိရည် ကိုယ်တိုင်ဖျော် နဲ့ သရက်သီးစိမ်းတို့စရာ)

(ဟမ်းးး ဘာရမလဲ)
Moon Lay
ဟင်... နောက်ကျသွားပြီ တနင်္ဂနွေနေ့တောင် ကုန်တောင်မယ်..
ခုပဲ သူများကလေးမွေးနေ့မှာ ကြက်သားပလာတာ သွားစားပြီး ပြန်လာပါတယ်.. မီတဲ့နေရာက လိုက်တာ
Thet Wai
အမ မခင်မင်းဇော်..... ငါးပတ်မွှေ...း((
မွန်းလေး... မီရာ အချစ်နဲ့ လိုက်ခဲ့ပါ...း))
ရွှေ သန့်
အကုန်ကြိုက်... အကုန်ကြိုက်... :))
Nan Thandar Soe
တဂ်ထားတဲ့အတွက် ကျေးဇူးပါ မမသက်ဝေ။း)
@မက်မွန်... အီတလီအားပေးတာခြင်းတူလို့ add ထားတယ်နော်။း) အီတလီပွဲကြည့်ပြီး နောက်နေ့ MC ယူမလား စိတ်ကူးနေတယ်။ ဟဲ...ဟဲ..။ :D
@မမKOM, အီတလီကောင်လေးတွေ ချော၍ အားပေးခြင်း မဟုတ်ပါ။ အားပေးမိတဲ့အသင်းက ကစားသမားတွေ ချော၍ နေခြင်းသာ ဖြစ်ပါသည်။ ;)
Khin Oo May
ငါးပတ်မွှေ...း(( ရနံသစ်မှာရတယ် ဘာမှ အားမငယ်နဲ့သက်ဝေ အစ်မ ဝယ်စားနေကျ.
ဆူးပုတ်ရွက်နဲ့ပဲလဲ မြန်မာဆိုင်မှာရှိတယ်။ သရက်သီးစိမ်းလဲရှိတယ် အိမ်မှာမရှိတာတစ်ခုဘဲ။
ဘရက်ဒယ်ကနေဆင်းခဲ့ပါ ဘတုတ်ကို… ကောင်းကင်
သွေးတွေတော့ တိုးတော့မှာပဲ ATN…
ကြက်သား ပလာတာ.. အိမ်း…
Naw Phaw
ကျန်းမာရေး လိုက်စားသင့်တဲ့သူ စာရင်းထဲပါသွားတာ ကျေးဇူးပါနော်...

ချဉ်ပေါင်ကြော်နဲ့ ပုဇွန်အိုးကပ်လေး မိုက်တယ်... အရွက်ကြော်ချက်ကတော့ ကျန်းမာရေးအတွက်ပေါ့နော်...
Thet Wai
ဟုတ်တယ် ပြာပြာ... West ကို ပြောင်းလာခဲ့ပါ...
အဲ.. ပလုတ်တုတ်... Rose ကို နေရာချပေးတာ မှားတွားဘီ... နောက်တခါကျ သေသေချာချာ ကြည့်ပြီးချပါ့မယ်...
Avo Ca Do
အမသက်ဝေ ကြိုက်တယ် တီကွန် ဒါကြိုက်တဲ့ထဲပါတဲ့ အစားစာဖြစ်နေလို့ပါ ဟီးး
အားကျမခံပြန်ကြွားသွားမယ် ဒီနေ့ nasi lemak ၀ယ်စားတယ်
Khaing Su Latt
မမသက်ဝေရဲ့ အပျင်းပြေ တနင်္ဂနွေက စည်ကားလိုက်လေခြင်းး)
Mae Win Naing
နှိပ်စက်တယ်.. အဲ့ဒီပုဇွန်ဆိတ်က my favourite food!! ပို့ပေးပါ မမသက်ဝေ
Thet Wai
အခုလောလောဆယ်တော့ ဓါတ်ပုံလေးပဲ ကြည့်ထားပါ မေ... အခါအခွင့်သင့်တာနဲ့ လေဟုန်စီးပီး လာပို့ပေးမယ်... ဟုတ်ပြီလား...း))
Nan Thandar Soe
ညီမ ချဉ်ပေါင်ကြော် ကြိုက်တာ ဘယ်လိုများ သိသနော်။
နေ့လည်က မှိုကင်စားရတယ်။ ညနေ ကြက်သားသုပ်နဲ့ ကြာဇံဟင်းခါး.. ခုပဲစားပြီးတယ်။း)
Moe Cho Thinn
အစားအသောက်စုံအောင် ချက်စားတာ ဘာမှ မပြောကြပါနဲ့တော့...။
ဘဲဥသမားကို ကြင်နာပါ။ :(
Victor Feng
message မဟားဒယားဝင်လာလို့ လန့်တောင်သွားတယ်..
လက်စသတ်တော့ သူကိုး.. ညှင်းညှင်း
Pe Ti
အမကတော့လုပ်ပြီ... ကန်စွန်းရွက်ကိုမှ တက်ရတယ်လို့... :P
နောက်တခါဆို လှမ်းသာခေါ်လိုက် ၅မီနစ်အတွင်းအရောက်လာမယ် :P
Vistaz Aung
ဗိုက်ဆာဒယ်
Pandora ပန်ဒိုရာ
ဟီး.. အလိုရှိနေတာ အခုမှသိတယ်... ကုန်တွားပီ.. ချောဒီး…
ကဲ… အပျင်းပြေ တနင်္ဂနွေ… သက်ဝေရဲ့ ထမင်းပွဲ အကြောင်းကတော့ ဒါပါပဲ…။ နောင်ကိုလဲ အခါအခွင့်သင့်လေတိုင်း (ထမင်းဟင်း သေသေချာချာ ချက်စားဖြစ်လေတိုင်း) အခုလို တနင်္ဂနွေ အပျင်းပြေလေးတွေ လုပ်ပါအုံးမယ်…။ မျက်နှာစာအုပ်မှာ တပျော်တပါး အားပေးခဲ့ကြတဲ့ ကွန်မန့်ပိုင်ရှင်များကို ကျေးဇူးအများကြီး တင်ပါတယ်…။ မျက်နှာစာအုပ်မှာ မရှိလို့ အားမပေးလိုက်ရတဲ့ အပေါင်းအသင်းတွေကိုလဲ ဒီတခါတော့ ဒီနေရာမှာ တက်ဂ်ပြီး ဧည့်ခံကျွေးမွေးတယ်လို့ သဘောထားပေးပေါ့နော်… ။

ချစ်ခင်စွာဖြင့်
facebook မှာ နောက်ကျပေမယ့် ဒီမှာ ကျနော် အရင်လာစားတယ် ပိုတာတွေ ချိုင့်ထဲထည့်သွားတယ် နောက်ကျတဲ့သူတွေ ပန်းကန်တွေသိမ်းလိုက်တော့နော့်း)
ReplyDeleteအန်ကယ်အောင် ၊ ဂျီတော် ခင်ဦးမေ တို့လို လူကြီးတွေကိုမရိုမသေပြောသွားတာ ဟိဟိ
ဒီတခါတော့ ဖူးလ်ဗားရှင်းနဲ့ နှိပ်စက်တယ်ပေါ့လေ....
ReplyDeleteသြော်.... အပြစ်ကင်းတဲ့ ချစ်တနင်္ဂနွေလေးဟာ
ReplyDeleteချစ်ခြင်းတွေ မဝေနိုင်ဘဲ
မျှစ်ဟင်းတွေ ပေကုန်ရပြီပေါ့လေ...
(လေးမွန်၊ ထွေးမွန်တို့ ဦးလေး မောင်မောင်ဇာရဲ့ ဒိုင်ကြောင်လေးကို အခါအခွင့် သင့်လို့ ထုတ်သုံးလိုက်ပါတယ်။)
ချဉ်ပေါင်ရွက်နဲ့ မျှစ်နဲ့ကြော်တာဟာ တကယ်တော့ ဘယ်အချိန်စားစား ခံတွင်းကို မြိန်စေတဲ့ ဟင်းတခွက်ပါပဲ။ အတွေးနဲ့တောင် သွားရည်ယိုစေပါတယ်။ သို့စင်လျက် ဓါတ်ပုံ တကူးတက ရိုက်ကူးပြသကာ နှိပ်စက်တတ်သော အကြင် သက်ဝေအား သိပ္ပံမောင်ဝ လေသံနှင့် ဆိုရသော် “အလွန်ညစ်သော သက်ဝေ ပါတကား” ဆိုရမယ် ထင်ပါရဲ့ ။း-)
ရေးနေရင်း တံတွေးကိုတောင် ဂလုကနဲ မျိုချလိုက်မိပါတယ်။း-)
အကျယ်ကြီးပါခင်ဗျာ
ReplyDeleteြ မဟုတ်ပါ
ထပ်မံ မနေတတ်မထိုင်တတ်သူတဦး
ကျေးဇူးတင်ဖို့ မလိုပါ
မောင်မျိုး... ပိန်ပိန်လေးဆိုတော့ ဝလာအောင် များများစားသွားပါ...
ReplyDeleteချစ်ကြည်... အဟဲ.. တခါတလေပါ... နှိပ်စက်တယ်လို့ မမြည်အောင် တကယ်ချက်ကျွေးပါ့မယ်... တရက်လောက် ချိန်းပါ...
ကိုပေါရေ... လေးမွန် ထွေးမွန်တွေ ခုထိ မမေ့သေးပဲကိုး...
အိမ်ချင်းနီးရင် ချဉ်ပေါင်ကြော် လာပို့ပေးပါတယ်... အပျံသင်သွားတဲ့ ခိုလေးရဲ့ နေရာလေးကို ကြည့်ရင်းနဲ့ပေါ့...း))
အနေအထိုင်မတတ်သူရေ...
သေသေချာချာ စဉ်းစားပြီးမှ မှားရေးလိုက်တာ... အဟိ...
ကျေးဇူးကတော့ တင်ပါရစေ... ဒါမှလဲ ခေတ်မှီမှာ မဟုတ်ထား...
ကိုပေါ ကြားရင်တော့ အလွန်ညစ်သော သက်ဝေ ကနေ
အလွန်ညစ်ပြီး အလွန်ခေတ်မှီချင်သော သက်ဝေ လို့ နာမည်ပေးမယ် ထင်ရဲ့နော်...း))
မကျေနပ်ဘူးကွ... ဘယ်ုတုန်းက ချက်မှန်းလဲ မသိ..
ReplyDeleteမပါရလို့.. ငိုနေတယ်..း((
နောက်တခေါက်ထပ်ငေးခွင့်ရသွားတာပေါ့... သွားရည်နောက်တခေါက်ထပ်ကျအောင် လုပ်တယ်...
ReplyDeleteဓာတ်ပုံကို သေချာပုံကြီး ချဲ့ ကြည့်သွားပါတယ်။ ၃ခါ ပုံကြီးချဲ့ ကြည့်ပါတယ်။ ၃ခါ သွားရေကျသွားပါတယ်။
ReplyDeleteအိမ်မှာ ချဉ်ပေါင်ရွက်ရော ပုဇွန်တွေရောရှိတယ်။ မနက်ဖြန် အဲဒီ့ပုံထဲက အတိုင်း တူအောင်ကို ကြော်စားဦးမှာ ...မရဘူး ... စိတ်ကြီးတယ် ...း)
အပျင်းပြေ တနင်္ဂနွေ အကြောင်းကို. . .
ReplyDeleteအဟုတ်ထူး တဲ့ ဗုဒ္ဓဟူးနေ့မှာ လာဖတ်သွားတယ်ဗျာ. . .
ရှလွတ်. . . .တောက် . . .တောက်. . .
အော... မသက်ဝေရဲ့ နာမယ်ကျော် ထမင်းပွဲဆိုတာ ဒီလိုကိုး...
ReplyDeleteတွေ့ခွင့်ရတာ ကျေးဇူးတင်ပါတယ်...
စားခွင့်ပါရရင် ပို ကျေးဇူးတင်ပါမယ်...
ချဉ်ပေါင်ရွက်မျှစ်ကြော်၊ တကယ်စားရရင်ကောင်းမယ်၊
ReplyDeleteအားကျမခံ ဒီ တနင်္ဂနွေမှာ မုန့်ဟင်းခါး ချက်စားမှာ . ..ငါးကြင်းဆီသတ်တွေကို ရန်ကုန်က သယ်လာတယ်။ အိမ်နီးရင်တော့ မသက်ဝေ စားဘို့ လာပို့ချင်သား ... စေတနာတွေ ...
ReplyDeleteကွန်မန် ၈၀ ကျော်တဲ့ အစ်မသက်ဝေရဲ့ ပို့စ် ကိုဖတ်ချင်လိုက်ရတာ
ReplyDeleteဖတ်ရတော့မှ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ် မှန်းသိရတော့တယ်
ချက်စားရမှာပျင်းလို့၊သိပ်လည်းမချက်တက်လို့ ခေါက်ဆွဲပြုပ်စားနေတာ
တပတ်ကျော်ပြီ။အဲဒီဟင်းတွေစားချင်လိုက်တာ.... E.......
စားချင်ရင်ချက်ပေါ့။
ReplyDeleteပုဇွန်ကြော် ချဉ်ပေါင်ကြော်
ReplyDeleteပုဇွန်ကြော် ချဉ်ပေါင်ကြော်
ပုဇွန်ကြော် ချဉ်ပေါင်ကြော်
တရားမှတ်နေတာပါ မသက်ဝေ ။
အဟာရပစယောဟောတုတဲ့ ရှိတာလေးနဲ့ပဲ အဟာရ ဖြစ်ရုံ မှီဝဲပါတယ်။ ဒီလို ဟင်းကောင်းတွေနဲ့ဆို ထမင်းတအားစားပြီး ရှတ်ကီရာလို မလှပဲ နေမှာစိုးလို့။
မအယ်
ကုန်သွားပီ ပေါ့ နော်...
ReplyDeleteဖဘမှာတင်တာမတွေ့လိုက်ဘူး..
ReplyDeleteချဉ်ပေါင်ကြော်စားချင်တယ်..
အရွက်ကြော်လည်းကျန်သေးလား..
ပေါက်
ဒီတစ်ပတ်အဖို့ ကိုဂျီး ခမျာ အဲဒီဟင်းတွေနဲ့ပဲ ၇ ရက် ၇ လီ စားရရှာတာ ဘယ်သူမှ မသိဘူး.. ဘီတူမှ မတိဘူး.. ဟိဟိ
ReplyDeleteအဟင့် နောက်ကျသွားပြီ။ ကုန်ပြီလားဟင်။
ReplyDeleteမမရေ....ထမင်းစားချိန်လာဖတ်တာ။ ဟင်းမကောင်းတာနဲ့ အတော်ပဲ။ ပုံကိုတစိမ့်စိမ့်ကြည့်ပြီး ထမင်းစားလိုက်တယ်း))
ReplyDelete(ဒါနဲ့ မမရေ မျက်နှာစာအုပ်က မမသက်ဝေနဲ့ ဒီမမသက်ဝေနဲ့ တစ်ယောက်တည်းဆိုတာ ခုမှ သေသေချာချာ သိတော့တယ် .... တုံးချက်း))
သက်ဝေ...
ReplyDeleteလှသော သက်ဝေ...
ရေးတဲ့စာတွေတင် လှတာမဟုတ်
ဟင်းချက်ထားတာလဲ လှတာပါပဲလား...
စားချင်တယ်....
များပြီ မမသက်ဝေ
ReplyDeleteမချစ်တော့ဘူး
အိုး... မရဘူး...ပြန်ချက်ပေး... အားပေးတဲ့သူတွေများတော့ တို့ လဲလာရော ကုန်ပြီ.... အသစ်ချက်ပေးနော်...နော်လို့ 
ReplyDeleteဘလော့က ပုံကပိုလှတယ်
ReplyDeleteအလှအပ ခံစားတတ်သူ
ဘာတွေတုန်း..
ReplyDeleteပုံ/ ခေတ်နောက်ကျနေသူ တစ်ဦး
Nice dispatch and this mail helped me alot in my college assignement. Gratefulness you seeking your information.
ReplyDelete