ဒီလိုအချိန်မှာ မိတ်ဆွေ ကဗျာဆရာတယောက်က ချစ်စရာ ကဗျာလေးတပုဒ် ရေးပြီး အမှတ်တရ ပေးလာပါတယ်…။ ကဗျာလေးရဲ့ နာမည်က အိပ်မက်ထဲက ည တဲ့…။ ဖတ်ကြည့်ပါအုံး…။

အိပ်မက်ထဲက ည
ဟောဒီဘဝက
အမှောင်နဲ့ အလင်း ရှင်သန်ခြင်းဆိုတာလေ…
ည
ခရီးထွက်ခဲ့တဲ့ည
လရောင်ထဲမှာ အရိပ်ရှာတဲ့ည
မီးတတို့ရရင် ဝမ်းသာတဲ့ည
အသက်မရှုနိုင်ပဲ နားစွင့်တဲ့ည
အသွင်သာကွဲပြီး ရင်ကွဲတာတူတဲ့ ညတွေ...
ငါ ရထားတဲ့ တပိုင်းတစ ဟောဒီညတွေကို
ငိုနေသူတွေလဲ ဝေမျှ လိုနေသူတွေလဲ ဝေမျှ
ငါ့မှာရှိတာ နေ့နဲ့ ညပါပဲ…
ဟောဒီမှာ ကိုယ်ရေးကိုယ်တာည
အခုမှ အဆန်းလုပ်ပြီး သက်ကြီးခေါင်းချချိန်
ငါ့မှာ ချိန်ကွင်းမရှိတော့ပါဘူး
အာရုံဦးနဲ့အတူလျှောက်
ရောက်တဲ့ နေရာ တခါတလေနား
ငါ့ကိုယ်ပေါ်မှာ တွားသွားနေတဲ့ လမ်းတွေဟာ
မင်းရဲ့လိပ်စာကို ရှာဖွေနေကြလေရဲ့
ငါ့ရဲ့အထီးကျန်ညတွေအတွက် လမင်းရဲ့လိပ်စာ ရှာဖွေနေကြလေရဲ့...
ည
တည်ကြည်တဲ့ နှလုံးသားမှာ ရူးချင်လဲ ရူးလို့မရ
လှည့်စားလို့ မရတဲ့ နှလုံးသား
ဝယ်ထားပြီး လွှင့်ပစ်ရတဲ့ ပန်းသီးခြင်းတွေရဲ့ည
ခေါင်းကိုက်ခြင်းသာ အဖတ်တင်တဲ့ ဝိုင်ပုလင်းတွေနဲ့ည
သွေးထဲက တမ်းတခြင်းတွေ ကောလက်စထရောကျဆေး သောက်မရ
အိပ်ဆေးနဲ့ကျော်မရ
ဝန်ခံရမဲ့ အသဲကွဲအောင်ချစ်တဲ့ ညတွေ...
ည
မင်း မရှိတဲ့ ညအကြောင်း မေးရင်
ကိုယ်ကောင်းကောင်း မဖြေနိုင်ခဲ့
အလင်းနဲ့ အနားသတ်ညတွေ
ဘဝကို ဆန့်ပေးတဲ့ည မရချင်တော့ပါဘူး
ကူးမယ်ဆို ကူးတော့ ရူးအောင်လွမ်းတဲ့ ညတွေ…
ည
လသာတဲ့ ည ကြယ်စုံတဲ့ ည
ဆေးပေါင်းခတဲ့ ည
ဘယ်လိုည ဖြစ်ဖြစ် ချစ်သူ မရှိမှတော့
ငါ့ ကိုယ်ရေး ကိုယ်တာ ညတွေ အကုန်
လုံခြုံတဲ့ ခွက်ထဲကိုထည့်
အတူဆုံတဲ့နေ့မှ
တထောင့်တညဆက်ပြီး
ရင်ငွေ့မီးလှုံ တိမ်တွေစုန်စီး အိပ်ကြမယ်…
မှတ်ချက် ။ ။ သူ ရေးပေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ကို ဒီမှာ ဖတ်လို့ရပါတယ်။ အလုပ်တွေ များတဲ့ကြားက အချိန်ယူပြီး ရေးပေးခဲ့တဲ့ ကဗျာဆရာကို ကျေးဇူး အထူး (အထူး) တင်ပါတယ်…။
အိပ်မက်ထဲက ညမှာတောင် အထီးကျန်တဲ့ လူတယောက်ရဲ့ ကဗျာကို လာပြီး မျက်စိနဲ့ နားထောင်သွားတယ်... ဒီလိုညမျိုး ကြုံဖူးတယ်။ ခုတော့ ရင်ခွင်ပင်လယ်ထဲ လက်ပစ်မကူး floating bed နဲ့ မျောအိပ်လိုက်ဦးမယ် အမ သက်ဝေ ရေ...
ReplyDeleteလမင်း ရဲ့ လိပ်စာရရင် တို့လဲ လိုချင်လို့....:)
ReplyDeleteကဗျာလေး ကောင်းတယ်..
အိပ်မပျော် တဲ့ ညပေါ့...း)
ကောင်းတယ်လို့ ဘဲပြောရတာ အားနာပါတယ်။ ဒီထက်ကောင်းတဲ့စကားလုံးလေးတွေရှိရင်ပြောချင်ပါတယ်။
ReplyDeleteအလင်းနဲ့ အနားသတ်ညတွေ
ReplyDeleteဘဝကို ဆန့်ပေးတဲ့ည မရချင်တော့ပါဘူး
ကူးမယ်ဆို ကူးတော့ ရူးအောင်လွမ်းတဲ့ ညတွေ…
သိပ်လှတာပဲ.............
ဓာတ်ပုံကလည်း လှ ကဗျာကလည်းကောင်းး
ReplyDeleteအစ်မရေ အင်္ဂလန်သတင်းလေးမျှပါအုံး ကျနော် မနက်စောစော အလုပ်ဆင်းရတော့ ညပိုင်းပွဲတွေမကြည့်ရ အလုပ်မှ အိပ်ပျော်မှာစိုးလို့း)
သူကမှ နှစ်ကျပ်ခွဲနဲ့ အလုပ်ဖြစ်နေသေး..
ReplyDeleteဒီမှာဖြင့်..စာတကြောင်းတောင် ဖြောင့်အောင်မရေးနိုင်ဘူး
စိမ်းမြမြ ညအလှ ဓာတ်ပုံလေးကို သဘောကျတယ်။
ReplyDeleteအဲဒီကဗျာဆရာရေးတဲ့ ကဗျာတွေကို ဖတ်ရတာ တိမ်တွေကိုစီးရသလိုပါပဲ ။
အိပ်ချင်မူးတူးဖတ်သွားတယ် မမ
ReplyDeleteလိပ်စာရှာနေတယ်နော်၊ဖုံးနံပတ်လဲပါ..
ReplyDelete:)
kaka sent off this morning ;-(
ReplyDeleteအစ်မသက်ဝေတို့ ကံကောင်းပုံများနော်။ ပို့စ်အသစ်မရေးဖြစ်တာတောင် ဘလော့မှာတင်ဖို့ ကဗျာလက်ဆောင်ပေးသူနဲ့ဘာနဲ့။ ဇွန်တို့က ကိုယ်ရေးကိုယ်တင်မှ ရမှာဆိုတော့ ဒီရက်ပိုင်းအတွင်း ပို့စ်တွေကျဲဦးမယ် မရေ။ :D
ReplyDeleteကဗျာရော၊ ပုံလေးရော ကောင်းတယ်။ အရင်ကဗျာထက် ခုကဗျာကို ပိုကြိုက်တယ်လို့ ပြောပေးပါ။
တိုက်အောက်က ညပုံလေးနဲ့  ပီပြင်တဲ့ ကဗျာဆရာရဲ့ညကြောင့် သက်ဝေရေ နေ့ ခင်းကြောင်တောင်ကြီး ညကောက်ဖြစ်လိုက်သလိုပါပဲ... (အိမ်ကလူလဲ သက်ဝေနဲ့ ရောဂါတူ ကမ္ဘာဖလားကြောင့် ညဘက်တွေမှာ မြူးကြွနေသလောက် မနက်ဖက်ဆို ပြောလို့ ဆိုလို့ မကောင်းဘူးသက်ဝေရေ)
ReplyDeleteအိပ်ဆေးနဲ့ကျော်မရ
ReplyDeleteဝန်ခံရမဲ့ အသဲကွဲအောင်ချစ်တဲ့ ညတွေ...
အမလေးဟဲ့ .. စိတ်ညစ်နေရတဲ့ အထဲ သူက တမှောင့်။
ခင်လျက်
မင်းဒင်
ငါ့ရဲ့အထီးကျန်ညတွေအတွက် လမင်းရဲ့လိပ်စာ ရှာဖွေနေကြလေရဲ့...
ReplyDeleteကောင်မလေးက လကမ္ဘာမှာ နေတာလား..
ဟဲဟဲ.. နောက်တာနော်..
ကဗျာလာဖတ်သွားကြသူများနှင့် မှတ်ချက်ရေးခဲ့ကြသူများ အားလုံးကို ကဗျာဆရာရဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ...။
ReplyDeleteကဗျာလေးက ကောင်းလိုက်တာ။ ဒီလိုပဲ ပြောတတ်တော့တယ်။
ReplyDeleteအမ... ဓါတ်ပုံလေးကလဲ လှ... ကဗျာလေးကလဲ လှ....
ReplyDeleteမမခင်ဦးပြောသလိုဘယ်လိုပြောရမှန်းမသိတော့ဘူး..။ ကောင်းတယ်
ReplyDeleteလို့ပဲပြောတော့မယ်..။
အဆင်ပြေပျော်ရွှင်ပါစေနော်မသက်ဝေ..။
လာခဲ့တဲ့အတွက်ကျေးဇူးကမ္ဘာပါ.....
ခင်တဲ့
သဒ္ဓါ